Truyen3h.Co

မောင်

Part 7

KimFany059

"မောင်"

ဂျီမင်း တီးတိုးခေါ်ကာ ထ ထိုင်လိုက်၏

သူမ ထွန်းထားသော မီးပြာပြာက မှိတ်လျက်သား

သို့ပေမယ့် ခြံထဲက မီးအရောင်ကြောင့် အခန်းထဲမှာ မြင်တော့ မြင်သာသည်

ဂျီမင်း အားမရနိုင်ဘဲ ခုတင်နှစ်ခုကြား စားပွဲပုပေါ်မှာ ရှိနေသည့် မီးတိုင်ကလေးကို ဆတ်ကနဲ လှမ်းဖွင့်လိုက်၏

"မောင်"

မင်ဂျောင်းက ဗီရိုရှေ့ ရပ်နေရာမှ လှည့်ကြည့်သည်

စီးကရက်က ခုထိ ရှိုက်ဖွာနေဆဲ၊ အရင်က မောင်သည် စီးကရက် သောက်တာမဟုတ်

ဂျီမင်း မောင့်ကို ငေးကြည့်ရင်း အံ့သြသွားသည်

ကော်ဇော ပေါ်ချထားသော လက်ဆွဲအိတ်ပျော့တစ်ခုထဲ မင်ဂျောင်းက အဝတ်အချို့ ပစ်ထည့်နေသည်။

“မောင်... ဒါ... ဘာလုပ်မလို့လဲ"

မင်ဂျောင်း စီးကရက်ကိုခဲရင်း

“မအိပ်သေးဘူးလား”

ခပ်ပြတ်ပြတ်ပြန်မေးလိုက်သည်

မှန်ထဲမှတစ်ဆင့် ဆံပင် ဖားလျားဖြစ်နေသော ဂျီမင်း မျက်နှာ ဖြူဖြူလှလှကလေးကို မင်ဂျောင်း  မြင်နေရသည်

ငိုထားမှန်း သိသာနေသော မျက်ဝန်း ကလေးကို မြင်သောအခါ မင်ဂျောင်း  ရင်မှာ ကရုဏာများစွာ သက်သွားမိတော့၏

မျက်မှောင်ကုတ် ခါးထောက်ကာ ဘာဆက်လုပ်ရမည် မသိအောင် ရင်ထဲ နင့်သွားရ၏။

“ဟင့်အင်း. . . ကျွန်မ... မောင့်ကို စောင့်နေတာ"

“မစောင့်နေနဲ့... အိပ်တော့”

“မောင်က ဘယ်လဲ”

“မနက်ဖြန် မနက် ကားနဲ့ ဘူဆန်ကို ခရီးထွက်စရာ ရှိတယ်မို့ ရိကျိုးတို့အိမ်မှာ ဒီညကထဲက လိုက်အိပ်မလို့"

“ဟင်..."

ဂျီမင်း ပါးစပ်အဟောင်းသား ဟသွားရ၏

သူ...သူ ဘယ်လိုလူပါလိမ့် ဘယ်လိုလူစားပါလိမ့်

ရင်ထဲမှာ နာကျင်လာကာ မျက်ရည်တွေ စီးကျလာရ၏

“မောင်... ကျွန်မကို ဘာ မကျေနပ်ဘူးလဲ  ကျွန်မ ဘာလုပ်မိလို့လဲ”

သနားဖွယ် မျက်နှာထားကြောင့် မင်ဂျောင်း ဟက်ကနဲရယ်ပစ်လိုက်သည်

တမင် လုပ်ရယ်ရတာမို့... ကိုယ့် ရင်ထဲမှာလဲ သက်တော့ မသက်သာ နာကျင်ရသည်

“မောင်. . . အဲဒီလိုမရယ်ပါနဲ့ မောင် ဘာရည်ရွယ်ချက်နဲ့ ဘာတွေလုပ်နေတာလဲ”

"ရည်ရွယ်ချက်က ခင်းဗျားဆန္ဒကို ဖြည့်ချင်တဲ့ ရည်ရွယ်ချက်ပါပဲ”

“မောင်... ဘာပြောတာလဲ”

“ရှင်းပါတယ် ခင်ဗျားက အလုပ်ကို အပတ်တကုတ် ကြိုးစားတဲ့ သူဌေးသား တစ်ယောက်ကို လက်ထပ်ချင်တယ် မဟုတ်လား ခုချိန်ကစပြီး အလုပ်ကိုပဲ ကျုပ် အချိန်ပြည့် ကြိုးစား စိတ်နှစ်ထားတော့မယ်"

“ဘာရယ် မောင်  ကျွန်မ ဘယ်တုန်းက ပြောလို့လဲ”

“ဒီမှာ. . . ယုဂျီမင်း  ခင်ဗျားကို ကျုပ် အသက်လောက်ကို ချစ်ခဲ့တယ် ဒါပေမယ့်. . . ခင်ဗျားလဲ ငွေမက်တဲ့ ဂုဏ်မက်တဲ့ မိန်းမထဲကမိန်းမတစ်ယောက်ပဲဆိုတာ သိလိုက်ရကထဲက. . . ကျုပ် လုံးဝ အထင်သေးလိုက်ပြီ ကျုပ် ချစ်ခဲ့တဲ့ မိန်းကလေးဟာ မဖြူစင်ဘူး အဲဒါကို ကျုပ် ရင်အနာဆုံးပဲ. . . ."

"မောင့်...."

“ခင်ဗျားစကား ခင်ဗျား မှတ်မိမှာပေါ့ အိမ်ခြေရာခြေ အတည်တကျ မရှိဘဲ လမ်းမပေါ် သွားနေတဲ့ လူတစ်ယောက်ကို အလွယ်တကူ လက်ထပ်ဖို့ဆိုတာ တော်တော်ကြိုးစား ရမယ့်ကိစ္စ ဆိုတာလေ အလုပ်မရှိတဲ့ လူတစ်ယောက်ကို မယူနိုင်ဘူး ဆိုတာ
ကျွန်မကို လိုချင်ရင် အလုပ်ရှာ ပိုက်ဆံစုပြီး တင့်တင့်တယ်တယ် ထားနိုင်အောင် လုပ်ရမယ် ဆိုတာတွေ..."

“ကျွန်မ ပြောတဲ့အထဲမှာ ဘာအမှားပါလို့လဲ"

“ခင်းဗျားဟာက. . . လူကိုကြည့်တာမှ မဟုတ်တော့တာ ကျုပ်ကို ဒီအခြေအနေနဲ့ တွေ့တော့ လက်ထပ်နိုင်ပါပြီလို့ ချက်ချင်း ဖြစ်သွားရတာ ဘာကြောင့်လဲ မိန်းမဆိုတာ ဒါမျိုးချည်းပဲဆိုတာ သိထားရက်နဲ့ ခင်ဗျားကို မြင်တော့ ကျုပ် ယုံခဲ့မိသေးတယ် သိပ်ကို ရှက်စရာကောင်းပါတယ်”

“ကျွန်မ  အတွက်လဲ မောင့်စကားတွေက သိပ်ကို ရှက်စရာကောင်းနေပြီ မောင်"

ဂျီမင်း တုန်တုန်ယင်ယင် အော်ပြောလိုက်သည်

မင်ဂျောင်း   မျက်ဝန်းတွေ မှေးစင်းကာ ဂျီမင်းကို ကြည့်နေလိုက်သည်

“မောင့်စကားတွေက ကလေးစကားတွေလို ဖြစ်နေပြီမောင်  မောင်. . . ကျွန်မကို နားမလည်ခဲ့ဘူးကိုး ....ကျွန်မ မောင့်ကို... . အေးအေး ဆေးဆေး သေသေချာချာ ရှင်းပြချင်တယ်"

“မလိုပါဘူး ယုဂျီမင်း  မလိုတော့ဘူးရှင် ခင်ဗျား နေချင်တဲ့ တင့်တောင့်တင့်တယ် ဘဝကို အခု ရောက်ပြီဟုတ်တယ် မဟုတ်လား ကျုပ်လဲ ကျုပ်အလုပ် ကျုပ်လုပ် မယ် ခင်ဗျား မိန်းမဟာ အိမ်ခြေရာခြေနဲ့ ဂုဏ်ဒြပ်နဲ့  အလုပ်လက်မဲ့လဲ မဟုတ်ဘူးဆိုတော့ ခင်ဗျား ကျေနပ်ရောပေါ့”

ဂျီမင်း ... အံ့ဩနာကျင်စွာ မင်ဂျောင်း  ကို ကြည့်သည်။

“မောင် မှားနေပြီ ကျွန်မ  စကားတစ်ခွန်းအတွက် ဒီလောက်တောင် သဘောထားသေးပြီး ပုံကြီးချဲ့ရသလား အထန ကောက်ရ သလား မောင်ရယ်"

စိတ်ပျက် အားလျော့စွာ တိုးတိမ်တိမ် ပြောမိ၏

“ဒါဖြင့် ကျွန်မ  စကားကို စိတ်ဆိုး စိတ်နာရက်နဲ့ ကျွန်မကို ဘာဖြစ်လို့ လက်ထပ်ယူခဲ့ရသလဲ မောင်"

မင်ဂျောင်း မျက်နှာ နီရဲသွားတယ်

“မင်းကို ကျုပ် ချစ်မိတာကိုး ချစ်လွန်းလို့ ယူခဲ့တာပေါ့ ဂျီမင်းရာ မင်းဟာ ငါ့မိန်းမပဲ အိမ်မှာ အငြိမ့်သား ထိုင်ပါ အခန့်သား စားပါ လိုချင်တာ ဝယ်ပါ ဖြစ်ချင် တာ လုပ်ပါ မတောင့်မတ မကြောင့် မကြရတဲ့ အခြေ နေထဲမှာ မင်းကို ထားမယ် ပျော်နိုင်အောင် နေပေါ့"

ဂျီမင်း အံ့ဩလှစွာ ငြိမ်သက်နေရတော့သည်

ဒီစကားဟာ ဒီလောက်နာစရာလား မောင်ရယ် ဒီလောက် နာကျင် စရာလား

မှတ်စရာ တေးစရာလား

ဘာ ပြန်ပြောရမည် မသိတော့ဘဲ ဆတ်ဆတ်တုန်နေသည့် နှုတ်ခမ်းကို ကိုက်ကာ အဝတ် ထည့်နေသော သူ့ကို ငေးမောတကြီး ကြည့်နေမိ တော့သည်

“မောင်"

အားငယ်မောလျသံလေးကြောင့် မင်ဂျောင်း လှည့်ကြည့် မိမလို ဖြစ်သွားသည်

သို့ပေမယ့် လှည့်ကြည့်ချင်စိတ်တော့ဖြင့် မရှိ

"မောင် ကျွန်မကို ကြည့်ပါအုံး ကျွန်မ ပြောပြတာတွေ နား ထောင်ပါအုံး"

“နင်းရိကျိုး  အောက်မှာ စောင့်နေတယ်"

"ကျွန်မ ဆင်းပြောလိုက်မယ်"

“ကိုယ့်ဘာသာ အိပ်နေစမ်းကွာ ငါ့ဘာသာ စီစဉ်ပြီး သား"

“မောင်”

“ခေါ်မနေနဲ့ ဂျီမင်း ”

“ ကျွန်မကို ဘာအခွင့်အရေးမှ မပေးတော့ဘူးလား”

“မင်း ဖြစ်ချင်တာ ဖြစ်ပြီးနေမှပဲကွာ ဘာ အခွင့်အရေး လိုချင်တာ ရှိနိုင်သေးလို့လဲ”

သားရေအိတ်ပျော့ကိုဇစ်ဆွဲပိတ်ကာ မင်ဂျောင်းက  ခုတင်ပေါ် လှမ်းပစ်တင်လိုက်သည်

“ကျွန်မက အရုပ်မဟုတ်ပါဘူး မင်ဂျောင်း ရယ် ကျွန်မကို ဒီလောက် အငြိုး အမုန်း ရှိနေပြီဆိုရင် ကျွန်မလေ ကျွန်မ အိမ် ပြန်ပါရစေတော့”

“ဘာပြောတယ်"

မင်ဂျောင်းက ခြေလှမ်းကျဲဖြင့် ဂျီမင်းရှေ့ ရောက်လာသည်

ခေါင်းငုံ့ထားသော ဂျီမင်း မေးစေ့ကို ဆတ်ကနဲ ကြမ်းတမ်းစွာ ဆွဲမော့ လိုက်တာမို့ ဂျီမင်း မျက်နှာကလေး မော့လာရသည်

“ယုဂျီမင်းက ကျုပ်ရဲ့ မယားဖြစ်သွားပြီ ဘယ်တော့မှ အိမ်ပြန်လို့ မရတော့ဘူး ကျုပ် ချစ်ကို ချစ်လို့ ယူထားတာပဲ ကျုပ်ဆီက ထွက်သွားလို့ ဘယ်တော့မှ မရဘူးလို့မှတ်ထားကွ ဘာတွေနဲ့ ရင်ဆိုင်ရ ရင်ဆိုင်ရ နှစ်လောင်းပြိုင်ရင် ပြိုင်သွားပါစေ  အိမ်ပြန်ဖို့ စကားမဟနဲ့"

ဂျီမင်း အံကလေးပင် မကြိတ်နိုင်တော့

ဒါ ချစ်လို့တဲ့လား

သဘောထား သေးသေးနုနုနှင့် စကားကို အကျအနကောက်ကာ ငြိုးမှတ်တေးတတ်သော မာန်ပြင်းလွန်းသော ရက်စက် လွန်းသော လူတစ်ယောက်ကိုမှ မှီ ရွေးချစ်မိခဲ့တာပါလား

ဝမ်းနည်းမှုက ရင်ထဲမှာ ဖော်မပြတတ်တော့ ကိုယ့် အဖြစ်ကို နောင်တ ရ ရမှာလား တွေးမရနိုင်

ဂျီမင်း ငိုတော့ငိုချင်သည်

သို့ပေမယ့် ငိုလို့တောင်မရအောင် ရင်ထဲ ဆို့နင်ကာ အောင့်နေရတော့သည်

ဂျီမင်းနှင့် မင်ဂျောင်း မျက်ဝန်းချင်း ဆုံကြည့် နေမိခြင်းမှာ စက္ကန့်ပေါင်းများစွာ ကြာသွားရပြီးမှ မင်ဂျောင်းက မျက်နှာ စတင်လွှဲလိုက်၏

ဂျီမင်းကို ကျောခိုင်းလိုက်ချိန်မှာ ရင်ထဲ လွမ်းဆွတ်ဆွတ် ဖြစ်သွားရတာကို ကိုယ့်ဘာသာ သတိထားမိရင်း အံကို ခပ်ဖိဖိ ကိုက်လိုက်မိ၏

ခုတင်ပေါ်က အိတ်ကို မင်ဂျောင်း  ဆွဲယူသည်

ဘူဆန်ကို သွားစရာကိစ္စက တကယ်ရှိတာ ဖြစ်ပေမယ့် ဒီလောက် ဖုတ်ပူမီးတိုက် ထွက်စရာ မလိုပေ

ရိကျိုးက အကြောင်းစုံသိသူပီပီ ခပ်မဆိတ်သာ နေပေမယ့် ကျန်သူများကြားလျှင် တအံ့တသြ ဖြစ်ကြမှာမလွဲ

ယုတ်စွအဆုံး မေမေပင် မင်ဂျောင်း ခရီးသွားမှာကို မသိသေး

မေမေ့ကို နှုတ်ဆက်လျှင် မေမေ တားမြစ်မှာ သေချာတာမို့ မင်ဂျောင်း မေမေ့ကို ပြောဖို့ မရည်ရွယ်

နာရီကို တစ်ချက် ငုံ့ကြည့်သည်

ဆယ့်တစ်နာရီထိုးပြီ အခန်းထဲမှထွက်ခါနီး သူ့ ခြေအစုံကို ကြိုးတစ်ချောင်း က တုတ်နှာင် ဆွဲသင်ထားသလိုပင် နောင်ဆံ တင်းတင်း ဖြစ်နေရသေး၏

ကွာ ဘာကို နောက်ဆံ တင်းနေရဦးမှာလဲ မိန်းမဆိုတာ ငွေမက် ဂုဏ်မက် ပစ္စည်းမက်တဲ့ အတန်း အစားထဲကပဲ မဟုတ်လား

ငွေပုံပေးခဲ့လျှင် ဘာမှ နောက်ဆံငင်စရာမရှိ ပျော်ပျော် သုံး ပျော်ပျော် ဖြုန်းကာ ပျော်ပျော်သာနေပေါ့ ဂျီမင်းရေ

"မင်ဂျောင်း "

အသံတုန်ကလေးက တိုးခတ်ခတ် ထွက်လာသည်

မင်ဂျောင်းက မျက်မှောင် ကုတ်ကုတ်နှင့် တစ်ချက် လှည့်ကြည့်၏

တင်းတင်းစေ့ထားသော မောင့်နှုတ်ခမ်းတွေကို ကြည့်ရင်း ဂျီမင်း တီးတိုး တောင်းပန်စကား ဆိုလိုက်သည်

“မြန်မြန်တော့ ပြန်လာပါနော်"

မင်ဂျောင်း ထွက်သွားသောအခါ ဂျီမင်း ခုတင်ပေါ် လှဲခွေ ချလိုက်သည်

မောင်ရယ် ကျွန်မ အခြေအနေမှာ တခြား ဘာစကားများ ပြောလို့ ရအုံးမှာ မို့လဲ

မောင့်ကို ရှင်းပြနိုင်ဖို့ မောင် ပြန်လာအောင် စောင့်ရဖို့ သာ ရှိပါတယ်

ကျွန်မက ဟိုတုန်းကတည်းက မောင့်မျက်နှာရိပ်ကို မှန်လို ကြည့်ချစ်ကာ အလျှော့ပေးတတ်ခဲ့သူပါနော် မောင်ရဲ့....

#tbc

#zawgyi

"ေမာင္"

ဂ်ီမင္း တီးတိုးေခၚကာ ထ ထိုင္လိုက္၏

သူမ ထြန္းထားေသာ မီးျပာျပာက မွိတ္လ်က္သား

သို႔ေပမယ့္ ၿခံထဲက မီးအေရာင္ေၾကာင့္ အခန္းထဲမွာ ျမင္ေတာ့ ျမင္သာသည္

ဂ်ီမင္း အားမရနိုင္ဘဲ ခုတင္ႏွစ္ခုၾကား စားပြဲပုေပၚမွာ ရွိေနသည့္ မီးတိုင္ကေလးကို ဆတ္ကနဲ လွမ္းဖြင့္လိုက္၏

"ေမာင္"

မင္ေဂ်ာင္းက ဗီရိုေရွ႕ ရပ္ေနရာမွ လွည့္ၾကည့္သည္

စီးကရက္က ခုထိ ရွိုက္ဖြာေနဆဲ၊ အရင္က ေမာင္သည္ စီးကရက္ ေသာက္တာမဟုတ္

ဂ်ီမင္း ေမာင့္ကို ေငးၾကည့္ရင္း အံ့ၾသသြားသည္

ေကာ္ေဇာ ေပၚခ်ထားေသာ လက္ဆြဲအိတ္ေပ်ာ့တစ္ခုထဲ မင္ေဂ်ာင္းက အဝတ္အခ်ိဳ႕ ပစ္ထည့္ေနသည္။

ေမာင္... ဒါ... ဘာလုပ္မလို႔လဲ"

မင္ေဂ်ာင္း စီးကရက္ကိုခဲရင္း

မအိပ္ေသးဘူးလား

ခပ္ျပတ္ျပတ္ျပန္ေမးလိုက္သည္

မွန္ထဲမွတစ္ဆင့္ ဆံပင္ ဖားလ်ားျဖစ္ေနေသာ ဂ်ီမင္း မ်က္ႏွာ ျဖဴျဖဴလွလွကေလးကို မင္ေဂ်ာင္း  ျမင္ေနရသည္

ငိုထားမွန္း သိသာေနေသာ မ်က္ဝန္း ကေလးကို ျမင္ေသာအခါ မင္ေဂ်ာင္း  ရင္မွာ က႐ုဏာမ်ားစြာ သက္သြားမိေတာ့၏

မ်က္ေမွာင္ကုတ္ ခါးေထာက္ကာ ဘာဆက္လုပ္ရမည္ မသိေအာင္ ရင္ထဲ နင့္သြားရ၏။

ဟင့္အင္း. . . ကြၽန္မ... ေမာင့္ကို ေစာင့္ေနတာ"

မေစာင့္ေနနဲ႕... အိပ္ေတာ့

ေမာင္က ဘယ္လဲ

မနက္ျဖန္ မနက္ ကားနဲ႕ ဘူဆန္ကို ခရီးထြက္စရာ ရွိတယ္မို႔ ရိက်ိဳးတို႔အိမ္မွာ ဒီညကထဲက လိုက္အိပ္မလို႔"

ဟင္..."

ဂ်ီမင္း ပါးစပ္အေဟာင္းသား ဟသြားရ၏

သူ...သူ ဘယ္လိုလူပါလိမ့္ ဘယ္လိုလူစားပါလိမ့္

ရင္ထဲမွာ နာက်င္လာကာ မ်က္ရည္ေတြ စီးက်လာရ၏

ေမာင္... ကြၽန္မကို ဘာ မေက်နပ္ဘူးလဲ  ကြၽန္မ ဘာလုပ္မိလို႔လဲ

သနားဖြယ္ မ်က္ႏွာထားေၾကာင့္ မင္ေဂ်ာင္း ဟက္ကနဲရယ္ပစ္လိုက္သည္

တမင္ လုပ္ရယ္ရတာမို႔... ကိုယ့္ ရင္ထဲမွာလဲ သက္ေတာ့ မသက္သာ နာက်င္ရသည္

ေမာင္. . . အဲဒီလိုမရယ္ပါနဲ႕ ေမာင္ ဘာရည္႐ြယ္ခ်က္နဲ႕ ဘာေတြလုပ္ေနတာလဲ

"ရည္႐ြယ္ခ်က္က ခင္းဗ်ားဆႏၵကို ျဖည့္ခ်င္တဲ့ ရည္႐ြယ္ခ်က္ပါပဲ

ေမာင္... ဘာေျပာတာလဲ

ရွင္းပါတယ္ ခင္ဗ်ားက အလုပ္ကို အပတ္တကုတ္ ႀကိဳးစားတဲ့ သူေဌးသား တစ္ေယာက္ကို လက္ထပ္ခ်င္တယ္ မဟုတ္လား ခုခ်ိန္ကစၿပီး အလုပ္ကိုပဲ က်ဳပ္ အခ်ိန္ျပည့္ ႀကိဳးစား စိတ္ႏွစ္ထားေတာ့မယ္"

ဘာရယ္ ေမာင္  ကြၽန္မ ဘယ္တုန္းက ေျပာလို႔လဲ

ဒီမွာ. . . ယုဂ်ီမင္း  ခင္ဗ်ားကို က်ဳပ္ အသက္ေလာက္ကို ခ်စ္ခဲ့တယ္ ဒါေပမယ့္. . . ခင္ဗ်ားလဲ ေငြမက္တဲ့ ဂုဏ္မက္တဲ့ မိန္းမထဲကမိန္းမတစ္ေယာက္ပဲဆိုတာ သိလိုက္ရကထဲက. . . က်ဳပ္ လုံးဝ အထင္ေသးလိုက္ၿပီ က်ဳပ္ ခ်စ္ခဲ့တဲ့ မိန္းကေလးဟာ မျဖဴစင္ဘူး အဲဒါကို က်ဳပ္ ရင္အနာဆုံးပဲ. . . ."

"ေမာင့္...."

ခင္ဗ်ားစကား ခင္ဗ်ား မွတ္မိမွာေပါ့ အိမ္ေျခရာေျခ အတည္တက် မရွိဘဲ လမ္းမေပၚ သြားေနတဲ့ လူတစ္ေယာက္ကို အလြယ္တကူ လက္ထပ္ဖို႔ဆိုတာ ေတာ္ေတာ္ႀကိဳးစား ရမယ့္ကိစၥ ဆိုတာေလ အလုပ္မရွိတဲ့ လူတစ္ေယာက္ကို မယူနိုင္ဘူး ဆိုတာ
ကြၽန္မကို လိုခ်င္ရင္ အလုပ္ရွာ ပိုက္ဆံစုၿပီး တင့္တင့္တယ္တယ္ ထားနိုင္ေအာင္ လုပ္ရမယ္ ဆိုတာေတြ..."

ကြၽန္မ ေျပာတဲ့အထဲမွာ ဘာအမွားပါလို႔လဲ"

ခင္းဗ်ားဟာက. . . လူကိုၾကည့္တာမွ မဟုတ္ေတာ့တာ က်ဳပ္ကို ဒီအေျခအေနနဲ႕ ေတြ႕ေတာ့ လက္ထပ္နိုင္ပါၿပီလို႔ ခ်က္ခ်င္း ျဖစ္သြားရတာ ဘာေၾကာင့္လဲ မိန္းမဆိုတာ ဒါမ်ိဳးခ်ည္းပဲဆိုတာ သိထားရက္နဲ႕ ခင္ဗ်ားကို ျမင္ေတာ့ က်ဳပ္ ယုံခဲ့မိေသးတယ္ သိပ္ကို ရွက္စရာေကာင္းပါတယ္

ကြၽန္မ  အတြက္လဲ ေမာင့္စကားေတြက သိပ္ကို ရွက္စရာေကာင္းေနၿပီ ေမာင္"

ဂ်ီမင္း တုန္တုန္ယင္ယင္ ေအာ္ေျပာလိုက္သည္

မင္ေဂ်ာင္း   မ်က္ဝန္းေတြ ေမွးစင္းကာ ဂ်ီမင္းကို ၾကည့္ေနလိုက္သည္

ေမာင့္စကားေတြက ကေလးစကားေတြလို ျဖစ္ေနၿပီေမာင္  ေမာင္. . . ကြၽန္မကို နားမလည္ခဲ့ဘူးကိုး ....ကြၽန္မ ေမာင့္ကို... . ေအးေအး ေဆးေဆး ေသေသခ်ာခ်ာ ရွင္းျပခ်င္တယ္"

မလိုပါဘူး ယုဂ်ီမင္း  မလိုေတာ့ဘူးရွင္ ခင္ဗ်ား ေနခ်င္တဲ့ တင့္ေတာင့္တင့္တယ္ ဘဝကို အခု ေရာက္ၿပီဟုတ္တယ္ မဟုတ္လား က်ဳပ္လဲ က်ဳပ္အလုပ္ က်ဳပ္လုပ္ မယ္ ခင္ဗ်ား မိန္းမဟာ အိမ္ေျခရာေျခနဲ႕ ဂုဏ္ျဒပ္နဲ႕  အလုပ္လက္မဲ့လဲ မဟုတ္ဘူးဆိုေတာ့ ခင္ဗ်ား ေက်နပ္ေရာေပါ့

ဂ်ီမင္း ... အံ့ဩနာက်င္စြာ မင္ေဂ်ာင္း  ကို ၾကည့္သည္။

ေမာင္ မွားေနၿပီ ကြၽန္မ  စကားတစ္ခြန္းအတြက္ ဒီေလာက္ေတာင္ သေဘာထားေသးၿပီး ပုံႀကီးခ်ဲ့ရသလား အထန ေကာက္ရ သလား ေမာင္ရယ္"

စိတ္ပ်က္ အားေလ်ာ့စြာ တိုးတိမ္တိမ္ ေျပာမိ၏

ဒါျဖင့္ ကြၽန္မ  စကားကို စိတ္ဆိုး စိတ္နာရက္နဲ႕ ကြၽန္မကို ဘာျဖစ္လို႔ လက္ထပ္ယူခဲ့ရသလဲ ေမာင္"

မင္ေဂ်ာင္း မ်က္ႏွာ နီရဲသြားတယ္

မင္းကို က်ဳပ္ ခ်စ္မိတာကိုး ခ်စ္လြန္းလို႔ ယူခဲ့တာေပါ့ ဂ်ီမင္းရာ မင္းဟာ ငါ့မိန္းမပဲ အိမ္မွာ အၿငိမ့္သား ထိုင္ပါ အခန႔္သား စားပါ လိုခ်င္တာ ဝယ္ပါ ျဖစ္ခ်င္ တာ လုပ္ပါ မေတာင့္မတ မေၾကာင့္ မၾကရတဲ့ အေျခ ေနထဲမွာ မင္းကို ထားမယ္ ေပ်ာ္နိုင္ေအာင္ ေနေပါ့"

ဂ်ီမင္း အံ့ဩလွစြာ ၿငိမ္သက္ေနရေတာ့သည္

ဒီစကားဟာ ဒီေလာက္နာစရာလား ေမာင္ရယ္ ဒီေလာက္ နာက်င္ စရာလား

မွတ္စရာ ေတးစရာလား

ဘာ ျပန္ေျပာရမည္ မသိေတာ့ဘဲ ဆတ္ဆတ္တုန္ေနသည့္ ႏႈတ္ခမ္းကို ကိုက္ကာ အဝတ္ ထည့္ေနေသာ သူ႕ကို ေငးေမာတႀကီး ၾကည့္ေနမိ ေတာ့သည္

ေမာင္"

အားငယ္ေမာလ်သံေလးေၾကာင့္ မင္ေဂ်ာင္း လွည့္ၾကည့္ မိမလို ျဖစ္သြားသည္

သို႔ေပမယ့္ လွည့္ၾကည့္ခ်င္စိတ္ေတာ့ျဖင့္ မရွိ

"ေမာင္ ကြၽန္မကို ၾကည့္ပါအုံး ကြၽန္မ ေျပာျပတာေတြ နား ေထာင္ပါအုံး"

နင္းရိက်ိဳး  ေအာက္မွာ ေစာင့္ေနတယ္"

"ကြၽန္မ ဆင္းေျပာလိုက္မယ္"

ကိုယ့္ဘာသာ အိပ္ေနစမ္းကြာ ငါ့ဘာသာ စီစဥ္ၿပီး သား"

ေမာင္

ေခၚမေနနဲ႕ ဂ်ီမင္း 

ကြၽန္မကို ဘာအခြင့္အေရးမွ မေပးေတာ့ဘူးလား

မင္း ျဖစ္ခ်င္တာ ျဖစ္ၿပီးေနမွပဲကြာ ဘာ အခြင့္အေရး လိုခ်င္တာ ရွိနိုင္ေသးလို႔လဲ

သားေရအိတ္ေပ်ာ့ကိုဇစ္ဆြဲပိတ္ကာ မင္ေဂ်ာင္းက  ခုတင္ေပၚ လွမ္းပစ္တင္လိုက္သည္

ကြၽန္မက အ႐ုပ္မဟုတ္ပါဘူး မင္ေဂ်ာင္း ရယ္ ကြၽန္မကို ဒီေလာက္ အၿငိဳး အမုန္း ရွိေနၿပီဆိုရင္ ကြၽန္မေလ ကြၽန္မ အိမ္ ျပန္ပါရေစေတာ့

ဘာေျပာတယ္"

မင္ေဂ်ာင္းက ေျခလွမ္းက်ဲျဖင့္ ဂ်ီမင္းေရွ႕ ေရာက္လာသည္

ေခါင္းငုံ႕ထားေသာ ဂ်ီမင္း ေမးေစ့ကို ဆတ္ကနဲ ၾကမ္းတမ္းစြာ ဆြဲေမာ့ လိုက္တာမို႔ ဂ်ီမင္း မ်က္ႏွာကေလး ေမာ့လာရသည္

ယုဂ်ီမင္းက က်ဳပ္ရဲ႕ မယားျဖစ္သြားၿပီ ဘယ္ေတာ့မွ အိမ္ျပန္လို႔ မရေတာ့ဘူး က်ဳပ္ ခ်စ္ကို ခ်စ္လို႔ ယူထားတာပဲ က်ဳပ္ဆီက ထြက္သြားလို႔ ဘယ္ေတာ့မွ မရဘူးလို႔မွတ္ထားကြ ဘာေတြနဲ႕ ရင္ဆိုင္ရ ရင္ဆိုင္ရ ႏွစ္ေလာင္းၿပိဳင္ရင္ ၿပိဳင္သြားပါေစ  အိမ္ျပန္ဖို႔ စကားမဟနဲ႕"

ဂ်ီမင္း အံကေလးပင္ မႀကိတ္နိုင္ေတာ့

ဒါ ခ်စ္လို႔တဲ့လား

သေဘာထား ေသးေသးႏုႏုႏွင့္ စကားကို အက်အနေကာက္ကာ ၿငိဳးမွတ္ေတးတတ္ေသာ မာန္ျပင္းလြန္းေသာ ရက္စက္ လြန္းေသာ လူတစ္ေယာက္ကိုမွ မွီ ေ႐ြးခ်စ္မိခဲ့တာပါလား

ဝမ္းနည္းမႈက ရင္ထဲမွာ ေဖာ္မျပတတ္ေတာ့ ကိုယ့္ အျဖစ္ကို ေနာင္တ ရ ရမွာလား ေတြးမရနိုင္

ဂ်ီမင္း ငိုေတာ့ငိုခ်င္သည္

သို႔ေပမယ့္ ငိုလို႔ေတာင္မရေအာင္ ရင္ထဲ ဆို႔နင္ကာ ေအာင့္ေနရေတာ့သည္

ဂ်ီမင္းႏွင့္ မင္ေဂ်ာင္း မ်က္ဝန္းခ်င္း ဆုံၾကည့္ ေနမိျခင္းမွာ စကၠန႔္ေပါင္းမ်ားစြာ ၾကာသြားရၿပီးမွ မင္ေဂ်ာင္းက မ်က္ႏွာ စတင္လႊဲလိုက္၏

ဂ်ီမင္းကို ေက်ာခိုင္းလိုက္ခ်ိန္မွာ ရင္ထဲ လြမ္းဆြတ္ဆြတ္ ျဖစ္သြားရတာကို ကိုယ့္ဘာသာ သတိထားမိရင္း အံကို ခပ္ဖိဖိ ကိုက္လိုက္မိ၏

ခုတင္ေပၚက အိတ္ကို မင္ေဂ်ာင္း  ဆြဲယူသည္

ဘူဆန္ကို သြားစရာကိစၥက တကယ္ရွိတာ ျဖစ္ေပမယ့္ ဒီေလာက္ ဖုတ္ပူမီးတိုက္ ထြက္စရာ မလိုေပ

ရိက်ိဳးက အေၾကာင္းစုံသိသူပီပီ ခပ္မဆိတ္သာ ေနေပမယ့္ က်န္သူမ်ားၾကားလွ်င္ တအံ့တၾသ ျဖစ္ၾကမွာမလြဲ

ယုတ္စြအဆုံး ေမေမပင္ မင္ေဂ်ာင္း ခရီးသြားမွာကို မသိေသး

ေမေမ့ကို ႏႈတ္ဆက္လွ်င္ ေမေမ တားျမစ္မွာ ေသခ်ာတာမို႔ မင္ေဂ်ာင္း ေမေမ့ကို ေျပာဖို႔ မရည္႐ြယ္

နာရီကို တစ္ခ်က္ ငုံ႕ၾကည့္သည္

ဆယ့္တစ္နာရီထိုးၿပီ အခန္းထဲမွထြက္ခါနီး သူ႕ ေျခအစုံကို ႀကိဳးတစ္ေခ်ာင္း က တုတ္ႏွာင္ ဆြဲသင္ထားသလိုပင္ ေနာင္ဆံ တင္းတင္း ျဖစ္ေနရေသး၏

ကြာ ဘာကို ေနာက္ဆံ တင္းေနရဦးမွာလဲ မိန္းမဆိုတာ ေငြမက္ ဂုဏ္မက္ ပစၥည္းမက္တဲ့ အတန္း အစားထဲကပဲ မဟုတ္လား

ေငြပုံေပးခဲ့လွ်င္ ဘာမွ ေနာက္ဆံငင္စရာမရွိ ေပ်ာ္ေပ်ာ္ သုံး ေပ်ာ္ေပ်ာ္ ျဖဳန္းကာ ေပ်ာ္ေပ်ာ္သာေနေပါ့ ဂ်ီမင္းေရ

"မင္ေဂ်ာင္း "

အသံတုန္ကေလးက တိုးခတ္ခတ္ ထြက္လာသည္

မင္ေဂ်ာင္းက မ်က္ေမွာင္ ကုတ္ကုတ္ႏွင့္ တစ္ခ်က္ လွည့္ၾကည့္၏

တင္းတင္းေစ့ထားေသာ ေမာင့္ႏႈတ္ခမ္းေတြကို ၾကည့္ရင္း ဂ်ီမင္း တီးတိုး ေတာင္းပန္စကား ဆိုလိုက္သည္

ျမန္ျမန္ေတာ့ ျပန္လာပါေနာ္"

မင္ေဂ်ာင္း ထြက္သြားေသာအခါ ဂ်ီမင္း ခုတင္ေပၚ လွဲေခြ ခ်လိဳက္သည္

ေမာင္ရယ္ ကြၽန္မ အေျခအေနမွာ တျခား ဘာစကားမ်ား ေျပာလို႔ ရအုံးမွာ မို႔လဲ

ေမာင့္ကို ရွင္းျပနိုင္ဖို႔ ေမာင္ ျပန္လာေအာင္ ေစာင့္ရဖို႔ သာ ရွိပါတယ္

ကြၽန္မက ဟိုတုန္းကတည္းက ေမာင့္မ်က္ႏွာရိပ္ကို မွန္လို ၾကည့္ခ်စ္ကာ အေလွ်ာ့ေပးတတ္ခဲ့သူပါေနာ္ ေမာင္ရဲ႕....

#tbc

Bạn đang đọc truyện trên: Truyen3h.Co