Part 10
#Unicode
"နင်သိလား စည်းတွေကို နင့်ဘက်ကနေ ပိုတားထားလေ ဘာဖြစ်မလည်းဆိုတာ သိချင်လို့ ငါ စည်းကျော်လာမိလေဘဲ "
Chaeyoung ရဲ့ မျက်လုံးကို စိုက်ကြည့်ပြီး Lisa ပြောလိုက်သည်
"ငါ့စကားကြီး ယူမသုံးနဲ့ "
Lisaနဲ့ မျက်လုံးချင်းမဆုံမိအောင် မျက်နှာလွှဲရင်း Chaeyoung ရန်လုပ်လိုက်သည်
"နင့်စကားကို ယူသုံးတော့ ဘာဖြစ်လည်း.... ယူသုံးရုံတင်မဟုတ်ဘူး ငါက တကယ် စည်းကျော်လာပြီနော် "
"ဒါဆို ငါက နင့်ရဲ့တားထားတဲ့ စည်းကို ကျော်လာမယ်ဆိုရင်ရော...."
"အဲ့စည်းကို နင် ကျော်လာစရာမလိုပါဘူး Chaeyoung "
"နင်က ကျော်လာပြီး ငါ့ကျ မကျော်လာနဲ့တဲ့လား နင် တစ်ကိုယ်ကောင်းဆန်တာဘဲ Lisa "
"နင် ငါ့အကြောင်း မသိသေးပါဘူး Chaeyoung "
"အဲ့လိုပြောကြေးဆို နင်ကရော ငါ့အကြောင်း သေချာသိလို့လား Lisa. ..ငါ့အတွေးထဲမှာ နင်က အမြဲနေရာယူထားတယ်ဆိုတာ နင်မသိဘူးမလား "
"အဲ့အတွေးတွေ ခေါင်းထဲက ထုတ်ပစ်လိုက် Chaeyoung "
"တော်ပြီ နင်နဲ့ဆက်ပြီး မငြင်းခုန်ချင်တော့ဘူး ခုန ငါပြောတာတွေ မေ့လိုက်တော့ "
"အင်း အဲ့လိုလုပ်မှ ဖြစ်မယ် မဟုတ်ရင် နင် အားလုံးကို သတိပြန်ရပြီး ဒီက ထွက်သွားတဲ့အခါ ငါ မနာကျင်အောင်လို့...."
"အင်း .....နင်ဘဲ နာကျင်ရမယ်လို့ ထင်နေတာလား Lisa ...နင် နားမလည်ပါဘူး...နင့်အပြုအမူတိုင်းကြောင့် ငါအမြဲ စဥ်းစားစရာတွေ ပေါ်လာပြီး တွေဝေနေခဲ့ရတာ .....ငါ့ခံစားချက်တွေကို ကစားခံလိုက်ရသလို နင်ဖြစ်ဖူးလား..."
"နင် ပြောချင်တာက ငါ နင့်ကို ဂရုစိုက်ပေးတာက နင့်ကို ကစားနေသလို....တော်ပြီ Chaeyoung ငါ နင်နဲ့ စကားထပ်မများချင်တော့ဘူး Good Night "
Lisaမှာ Chaeyoungနဲ့ စကားထပ်မများချင်တော့လို့ စကားစဖြတ်ပြီး Chaeyoungရဲ့ အခန်းထဲက ထွက်သွားသည်
Lisa လည်း ထွက်သွားရော Chaeyoungမှာ တံခါးပိတ်ပစ်ပြီး ကုတင်ပေါ် ပစ်လှဲကာ ခုန ထိန်းထားရတဲ့ မျက်ရည်တွေကို သွန်ချငိုလိုက်သည်
****************
Chaeyoung's POV
"နင့်ကို ငါနဲ့အတူ ခေါ်သွားမယ်လို့ ထင်နေတာလား "
အမျိုးသမီးတစ်ယောက်ရဲ့ အသံကို ငါ့နားထဲ ကြားနေရတယ်
သူ ဘာလို့ ငါ့အပေါ် အဲ့လို လုပ်ရက်တာလည်း...ငါ သူ့အပေါ် ဘာလုပ်မိလို့လည်း.... ငါ အမြဲတမ်း သူ့အပေါ် ကောင်းပေးခဲ့တာလေ....ခုကျ သူက ငါ့ကို လုပ်ရက်လိုက်တာ
"ကျေးဇူးပြုပြီး Chawကို မသတ်ပါနဲ့ ..."
"နင့်ကြောင့် အန်ကယ်နဲ့ အန်တီက ငါ့ကို မုန်းနေတာ နင့်ကို ငါ ဘယ်လောက်မုန်းလည်းဆိုတာ နင်သိလား "
ငါ သူ့မျက်နှာကို ရိပ်ခနဲ မြင်လိုက်ရပေမယ့် အရိုက်အနှက်ခံထားရလို့ မျက်လုံးတွေက ဝေဝါးနေလို့ သေချာမမြင်ရဘူး
"သူ့ကို ခေါ်ထုတ်သွားစမ်း"
သူမရဲ့ အမိန့်ပေးစကားကြောင့် ငါ အကူအညီရလိုရငှား အော်ဟစ်တောင်းနေခဲ့တယ်
"တစ်ယောက်ယောက်ရှိလား ကယ်ကြပါအုံး အား...."
ငါလည်း စပြီး အော်ဟစ်ရော ခြေထောက်တွေအများကြီးက ငါ့ကို ဝိုင်းကန်ကြတယ်
"သေစမ်း နင်သေမှ ငါ အေးအေးချမ်းချမ်း နေရမှာ အဲ့ကောင်မကို ရေထဲပစ်ချလိုက် "
သူမရဲ့ အမိန့်ပေးသံနဲ့အတူ ငါ ရေထဲပြုတ်ကျသွားခဲ့တယ်
"No. ......"
Author's POV
Chaeyoung အိမ်မက်ဆိုးကြောင့် လန့်နိုးလာပြီး ထထိုင်လိုက်ပေမယ့် ခေါင်းက ရုတ်တရက် မူးလာလို့ လဲကျမလိုဖြစ်သွားတယ်
သို့သော် ဘယ်ချိန်ကရောက်နေမှန်းမသိတဲ့ Lisaက အမြန် Chaeyoungကို လှမ်းဖမ်းလိုက်သည်
"Chaeyoung "
"Lisa. ...သူ သူ ငါ့ကို သတ်ဖို့ ကြိုးစားနေတာ "
Chaeyoung မှာ ငိုရင်း Lisaကို ပြောပြနေသည်
"အဲ့တာ အိမ်မက်ဆိုးပါ Chaeyoungရယ် "
Chaeyoung ကို ဖက်ပြီး Lisa နှစ်သိမ့်ပေမယ့် Chaeyoungမှာ ခေါင်းခါလိုက်သည်
အိမ်မက်ဆိုးမဟုတ်ဘူးဆိုတာ Chaeyoung သိတယ်လေ....ခု သတိမေ့နေတဲ့ သူမရဲ့ အပိုင်းအစတစ်ချို့ကို မှတ်ဥာဏ်ကနေ သတိရလာတယ်လေ
"Chaeyoung ခဏနော် ငါ ရေသွားယူပေးမယ်..."
Chaeyoungမှာ ရှိုက်ကြီးတငင် ငိုနေသောကြောင့် Lisa တစ်ယောက် ရေတိုက်ဖို့ မီးဖိုခန်းထဲ ထွက်လာခဲ့သည်
"ရော့ ရေသောက်လိုက်အုံး "
Lisa ပေးတဲ့ ရေကို Chaeyoung သောက်လိုက်သည်
"ငါ့ကြောင့် နင် အိပ်မရရင် တောင်းပန်ပါတယ်နော် "
"ဟင့်အင်း ငါ အခုထိ မအိပ်ရသေးပါဘူး ငါ ရေဆာလို့ အခန်းထဲက ထွက်လာချိန် နင် ယောင်နေတဲ့အသံ ငါကြားလို့ စိတ်ပူပြီး အခန်းထဲဝင်လာစောင့်နေတာ "
Lisa ရဲ့ စကားကြောင့် Chaeyoung ခေါင်းညိတ်လိုက်သည်
Lisaမှာ Chaeyoungကို ကြည့်ပြီး ချောင်းဟန့်ကာ
"အဟမ်း Chaeyoung... ညက ကိစ္စအတွက် ငါတောင်းပန်ပါတယ် ငါ့စကားတွေက တစ်ကိုယ်ကောင်းဆန်လွန်းတယ် "
"ငါ ငါလည်း တောင်းပန်ပါတယ် "
"ဒါဆိုလည်း အိပ်တော့ ညနက်နေပြီ "
"ငါ ကြောက်လို့ ငါနဲ့အတူ အိပ်ပေးပါလား Lisa. ..."
"မီးဖွင့်အိပ်လေ "
"ဒါဆို နင့်အခန်းထဲ ငါလာအိပ်မှာ Lisa "
"ငါ့စည်းကို ကျော်...."
"ကျော်တော့ ဘာဖြစ်လည်း အိပ်မှာဘဲ "
Chaeyoung ပြောပြီး သူမ ခေါင်းအုံးကို ယူကာ Lisa အခန်းဘက် ထွက်သွားသည်
Lisaမှာ သက်ပြင်းချကာ Chaeyoung နောက်ကို လိုက်သွားသည်
Lisaမှာ Chaeyoungကို ကျောပေးပြီး အိပ်တော့ Chaeyoung စိတ်မကောင်းဖြစ်သွားတယ်
ဆယ့်ငါးမိနစ်အကြာမှာတော့ Chaeyoungမှာ Lisa အိပ်ပျော်သွားတယ် ထင်ပြီး Lisa နောက်ကျောလေးကို ကြည့်ရင်း ရေရွတ်လိုက်သည်
"ငါ နင့်ကို သဘောကျနေတာ နင်သိရင် ကောင်းမှာဘဲ Lisa ရယ် "
Chaeyoung ရေရွတ်ရင်း ရုတ်တရက် Lisaက သူမဘက်ကို လှည့်လာလို့ လန့်သွားတယ်
သူမကို စိုက်ကြည့်နေတဲ့ Lisaကြောင့် Chaeyoung အနေရခက်သွားတယ်
"ဟို နင် နင်မအိပ်သေးဘူးလားဟင် "
"မအိပ်သေးပါဘူး ခုန ဘာပြောလိုက်တာလည်း Chaeyoung "
"ဘာမှမပြောပါဘူး "
Chaeyoung လိမ်ပြောပေမယ့် Lisaမှာ ပြုံးပြီး
"ငါ အကုန်ကြားပြီးသားပါ နင် ဟန်ဆောင်မနေနဲ့တော့ "
". ..."
Lisaရဲ့ စကားကြောင့် Chaeyoung ရှက်ပြီး မျက်နှာလေးနီရဲလာသည်
"ငါ့ကို သဘောကျနေတာ ဘယ်လောက်ကြာပြီလည်း Chaeyoung "
Lisa မှာ သူမ မျက်လုံးကို စိုက်ကြည့်ပြီး မေးနေသောကြောင့် Chaeyoung ပို ရှက်နေသည်
သို့သော် Lisaကို ထပ်ပြီး လိမ်မထားချင်သောကြောင့် အမှန်တိုင်းပြောဖို့ တွေးလိုက်သည်
"မသိဘူး ဒါပေမယ့် နင့်အကြောင်းတွေဘဲ ငါအမြဲ တွေးနေမိကတည်းက နင့်ကို ငါ သဘောကျနေမှန်း သိခဲ့ရတယ်...."
Chaeyoung ဝန်ခံပြောပြီး ရှက်လို့ Lisaကို ကျောပေးဖို့လုပ်စဥ် Lisaမှာ Chaeyoung ကို ဆွဲဖက်ကာ သူမရင်ခွင်ထဲ ထည့်ပြီး ဖက်ထားလေသည်
#Tbc
မနက် ၁နာရီကနေ ၉နာရီထိ အင်တာနက်ဖြတ်ပြီး CDM လုပ်တဲ့သူတွေကို လိုက်ဖမ်းမယ်လို့ပြောကြတယ် ပြီးတော့ တင့်ကားတွေ ရေကားတွေပါ တွေ့နေရတော့ အားလုံးသတိထားကြပါနော် ထောင်ထွက် ဆေးသမား မီးကွင်းရန်တွေလည်း သတိထားကြပါနော် Fighting Generation Z တွေရေ
#zawgyi
"နင္သိလား စည္းေတြကို နင့္ဘက္ကေန ပိုတားထားေလ ဘာျဖစ္မလည္းဆိုတာ သိခ်င္လို႔ ငါ စည္းေက်ာ္လာမိေလဘဲ "
Chaeyoung ရဲ႕ မ်က္လုံးကို စိုက္ၾကည့္ၿပီး Lisa ေျပာလိုက္သည္
"ငါ့စကားႀကီး ယူမသုံးနဲ႕ "
Lisaနဲ႕ မ်က္လုံးခ်င္းမဆုံမိေအာင္ မ်က္ႏွာလႊဲရင္း Chaeyoung ရန္လုပ္လိုက္သည္
"နင့္စကားကို ယူသုံးေတာ့ ဘာျဖစ္လည္း.... ယူသုံး႐ုံတင္မဟုတ္ဘူး ငါက တကယ္ စည္းေက်ာ္လာၿပီေနာ္ "
"ဒါဆို ငါက နင့္ရဲ႕တားထားတဲ့ စည္းကို ေက်ာ္လာမယ္ဆိုရင္ေရာ...."
"အဲ့စည္းကို နင္ ေက်ာ္လာစရာမလိုပါဘူး Chaeyoung "
"နင္က ေက်ာ္လာၿပီး ငါ့က် မေက်ာ္လာနဲ႕တဲ့လား နင္ တစ္ကိုယ္ေကာင္းဆန္တာဘဲ Lisa "
"နင္ ငါ့အေၾကာင္း မသိေသးပါဘူး Chaeyoung "
"အဲ့လိုေျပာေၾကးဆို နင္ကေရာ ငါ့အေၾကာင္း ေသခ်ာသိလို႔လား Lisa. ..ငါ့အေတြးထဲမွာ နင္က အၿမဲေနရာယူထားတယ္ဆိုတာ နင္မသိဘူးမလား "
"အဲ့အေတြးေတြ ေခါင္းထဲက ထုတ္ပစ္လိုက္ Chaeyoung "
"ေတာ္ၿပီ နင္နဲ႕ဆက္ၿပီး မျငင္းခုန္ခ်င္ေတာ့ဘူး ခုန ငါေျပာတာေတြ ေမ့လိုက္ေတာ့ "
"အင္း အဲ့လိုလုပ္မွ ျဖစ္မယ္ မဟုတ္ရင္ နင္ အားလုံးကို သတိျပန္ရၿပီး ဒီက ထြက္သြားတဲ့အခါ ငါ မနာက်င္ေအာင္လို႔...."
"အင္း .....နင္ဘဲ နာက်င္ရမယ္လို႔ ထင္ေနတာလား Lisa ...နင္ နားမလည္ပါဘူး...နင့္အျပဳအမူတိုင္းေၾကာင့္ ငါအၿမဲ စဥ္းစားစရာေတြ ေပၚလာၿပီး ေတြေဝေနခဲ့ရတာ .....ငါ့ခံစားခ်က္ေတြကို ကစားခံလိုက္ရသလို နင္ျဖစ္ဖူးလား..."
"နင္ ေျပာခ်င္တာက ငါ နင့္ကို ဂ႐ုစိုက္ေပးတာက နင့္ကို ကစားေနသလို....ေတာ္ၿပီ Chaeyoung ငါ နင္နဲ႕ စကားထပ္မမ်ားခ်င္ေတာ့ဘူး Good Night "
Lisaမွာ Chaeyoungနဲ႕ စကားထပ္မမ်ားခ်င္ေတာ့လို႔ စကားစျဖတ္ၿပီး Chaeyoungရဲ႕ အခန္းထဲက ထြက္သြားသည္
Lisa လည္း ထြက္သြားေရာ Chaeyoungမွာ တံခါးပိတ္ပစ္ၿပီး ကုတင္ေပၚ ပစ္လွဲကာ ခုန ထိန္းထားရတဲ့ မ်က္ရည္ေတြကို သြန္ခ်ငိဳလိုက္သည္
****************
Chaeyoung's POV
"နင့္ကို ငါနဲ႕အတူ ေခၚသြားမယ္လို႔ ထင္ေနတာလား "
အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အသံကို ငါ့နားထဲ ၾကားေနရတယ္
သူ ဘာလို႔ ငါ့အေပၚ အဲ့လို လုပ္ရက္တာလည္း...ငါ သူ႕အေပၚ ဘာလုပ္မိလို႔လည္း.... ငါ အၿမဲတမ္း သူ႕အေပၚ ေကာင္းေပးခဲ့တာေလ....ခုက် သူက ငါ့ကို လုပ္ရက္လိုက္တာ
"ေက်းဇူးျပဳၿပီး Chawကို မသတ္ပါနဲ႕ ..."
"နင့္ေၾကာင့္ အန္ကယ္နဲ႕ အန္တီက ငါ့ကို မုန္းေနတာ နင့္ကို ငါ ဘယ္ေလာက္မုန္းလည္းဆိုတာ နင္သိလား "
ငါ သူ႕မ်က္ႏွာကို ရိပ္ခနဲ ျမင္လိုက္ရေပမယ့္ အရိုက္အႏွက္ခံထားရလို႔ မ်က္လုံးေတြက ေဝဝါးေနလို႔ ေသခ်ာမျမင္ရဘူး
"သူ႕ကို ေခၚထုတ္သြားစမ္း"
သူမရဲ႕ အမိန့္ေပးစကားေၾကာင့္ ငါ အကူအညီရလိုရငွား ေအာ္ဟစ္ေတာင္းေနခဲ့တယ္
"တစ္ေယာက္ေယာက္ရွိလား ကယ္ၾကပါအုံး အား...."
ငါလည္း စၿပီး ေအာ္ဟစ္ေရာ ေျခေထာက္ေတြအမ်ားႀကီးက ငါ့ကို ဝိုင္းကန္ၾကတယ္
"ေသစမ္း နင္ေသမွ ငါ ေအးေအးခ်မ္းခ်မ္း ေနရမွာ အဲ့ေကာင္မကို ေရထဲပစ္ခ်လိဳက္ "
သူမရဲ႕ အမိန့္ေပးသံနဲ႕အတူ ငါ ေရထဲျပဳတ္က်သြားခဲ့တယ္
"No. ......"
Author's POV
Chaeyoung အိမ္မက္ဆိုးေၾကာင့္ လန့္နိုးလာၿပီး ထထိုင္လိုက္ေပမယ့္ ေခါင္းက ႐ုတ္တရက္ မူးလာလို႔ လဲက်မလိုျဖစ္သြားတယ္
သို႔ေသာ္ ဘယ္ခ်ိန္ကေရာက္ေနမွန္းမသိတဲ့ Lisaက အျမန္ Chaeyoungကို လွမ္းဖမ္းလိုက္သည္
"Chaeyoung "
"Lisa. ...သူ သူ ငါ့ကို သတ္ဖို႔ ႀကိဳးစားေနတာ "
Chaeyoung မွာ ငိုရင္း Lisaကို ေျပာျပေနသည္
"အဲ့တာ အိမ္မက္ဆိုးပါ Chaeyoungရယ္ "
Chaeyoung ကို ဖက္ၿပီး Lisa ႏွစ္သိမ့္ေပမယ့္ Chaeyoungမွာ ေခါင္းခါလိုက္သည္
အိမ္မက္ဆိုးမဟုတ္ဘူးဆိုတာ Chaeyoung သိတယ္ေလ....ခု သတိေမ့ေနတဲ့ သူမရဲ႕ အပိုင္းအစတစ္ခ်ိဳ႕ကို မွတ္ဥာဏ္ကေန သတိရလာတယ္ေလ
"Chaeyoung ခဏေနာ္ ငါ ေရသြားယူေပးမယ္..."
Chaeyoungမွာ ရွိုက္ႀကီးတငင္ ငိုေနေသာေၾကာင့္ Lisa တစ္ေယာက္ ေရတိုက္ဖို႔ မီးဖိုခန္းထဲ ထြက္လာခဲ့သည္
"ေရာ့ ေရေသာက္လိုက္အုံး "
Lisa ေပးတဲ့ ေရကို Chaeyoung ေသာက္လိုက္သည္
"ငါ့ေၾကာင့္ နင္ အိပ္မရရင္ ေတာင္းပန္ပါတယ္ေနာ္ "
"ဟင့္အင္း ငါ အခုထိ မအိပ္ရေသးပါဘူး ငါ ေရဆာလို႔ အခန္းထဲက ထြက္လာခ်ိန္ နင္ ေယာင္ေနတဲ့အသံ ငါၾကားလို႔ စိတ္ပူၿပီး အခန္းထဲဝင္လာေစာင့္ေနတာ "
Lisa ရဲ႕ စကားေၾကာင့္ Chaeyoung ေခါင္းညိတ္လိုက္သည္
Lisaမွာ Chaeyoungကို ၾကည့္ၿပီး ေခ်ာင္းဟန့္ကာ
"အဟမ္း Chaeyoung... ညက ကိစၥအတြက္ ငါေတာင္းပန္ပါတယ္ ငါ့စကားေတြက တစ္ကိုယ္ေကာင္းဆန္လြန္းတယ္ "
"ငါ ငါလည္း ေတာင္းပန္ပါတယ္ "
"ဒါဆိုလည္း အိပ္ေတာ့ ညနက္ေနၿပီ "
"ငါ ေၾကာက္လို႔ ငါနဲ႕အတူ အိပ္ေပးပါလား Lisa. ..."
"မီးဖြင့္အိပ္ေလ "
"ဒါဆို နင့္အခန္းထဲ ငါလာအိပ္မွာ Lisa "
"ငါ့စည္းကို ေက်ာ္...."
"ေက်ာ္ေတာ့ ဘာျဖစ္လည္း အိပ္မွာဘဲ "
Chaeyoung ေျပာၿပီး သူမ ေခါင္းအုံးကို ယူကာ Lisa အခန္းဘက္ ထြက္သြားသည္
Lisaမွာ သက္ျပင္းခ်ကာ Chaeyoung ေနာက္ကို လိုက္သြားသည္
Lisaမွာ Chaeyoungကို ေက်ာေပးၿပီး အိပ္ေတာ့ Chaeyoung စိတ္မေကာင္းျဖစ္သြားတယ္
ဆယ့္ငါးမိနစ္အၾကာမွာေတာ့ Chaeyoungမွာ Lisa အိပ္ေပ်ာ္သြားတယ္ ထင္ၿပီး Lisa ေနာက္ေက်ာေလးကို ၾကည့္ရင္း ေရ႐ြတ္လိုက္သည္
"ငါ နင့္ကို သေဘာက်ေနတာ နင္သိရင္ ေကာင္းမွာဘဲ Lisa ရယ္ "
Chaeyoung ေရ႐ြတ္ရင္း ႐ုတ္တရက္ Lisaက သူမဘက္ကို လွည့္လာလို႔ လန့္သြားတယ္
သူမကို စိုက္ၾကည့္ေနတဲ့ Lisaေၾကာင့္ Chaeyoung အေနရခက္သြားတယ္
"ဟို နင္ နင္မအိပ္ေသးဘူးလားဟင္ "
"မအိပ္ေသးပါဘူး ခုန ဘာေျပာလိုက္တာလည္း Chaeyoung "
"ဘာမွမေျပာပါဘူး "
Chaeyoung လိမ္ေျပာေပမယ့္ Lisaမွာ ၿပဳံးၿပီး
"ငါ အကုန္ၾကားၿပီးသားပါ နင္ ဟန္ေဆာင္မေနနဲ႕ေတာ့ "
". ..."
Lisaရဲ႕ စကားေၾကာင့္ Chaeyoung ရွက္ၿပီး မ်က္ႏွာေလးနီရဲလာသည္
"ငါ့ကို သေဘာက်ေနတာ ဘယ္ေလာက္ၾကာၿပီလည္း Chaeyoung "
Lisa မွာ သူမ မ်က္လုံးကို စိုက္ၾကည့္ၿပီး ေမးေနေသာေၾကာင့္ Chaeyoung ပို ရွက္ေနသည္
သို႔ေသာ္ Lisaကို ထပ္ၿပီး လိမ္မထားခ်င္ေသာေၾကာင့္ အမွန္တိုင္းေျပာဖို႔ ေတြးလိုက္သည္
"မသိဘူး ဒါေပမယ့္ နင့္အေၾကာင္းေတြဘဲ ငါအၿမဲ ေတြးေနမိကတည္းက နင့္ကို ငါ သေဘာက်ေနမွန္း သိခဲ့ရတယ္...."
Chaeyoung ဝန္ခံေျပာၿပီး ရွက္လို႔ Lisaကို ေက်ာေပးဖို႔လုပ္စဥ္ Lisaမွာ Chaeyoung ကို ဆြဲဖက္ကာ သူမရင္ခြင္ထဲ ထည့္ၿပီး ဖက္ထားေလသည္
#Tbc
မနက္ ၁နာရီကေန ၉နာရီထိ အင္တာနက္ျဖတ္ၿပီး CDM လုပ္တဲ့သူေတြကို လိုက္ဖမ္းမယ္လို႔ေျပာၾကတယ္ ၿပီးေတာ့ တင့္ကားေတြ ေရကားေတြပါ ေတြ႕ေနရေတာ့ အားလုံးသတိထားၾကပါေနာ္ ေထာင္ထြက္ ေဆးသမား မီးကြင္းရန္ေတြလည္း သတိထားၾကပါေနာ္ Fighting Generation Z ေတြေရ
Bạn đang đọc truyện trên: Truyen3h.Co