Part 11
#unicode
Chaeyoung အိပ်ရာက နိုးလာတော့ သူမကို စိုက်ကြည့်နေတဲ့ Lisaကို တွေ့ရလေသည်
"ငါ့ကို အဲ့လိုကြီး စိုက်ကြည့်နေတာ ရပ်တော့ "
Lisaကို မျက်စောင်းထိုးကာ Chaeyoung ရန်လုပ်လိုက်သည်
"No မရပ်ဘူးကွာ..."
Lisa ရဲ့ စကားကြောင့် Chaeyoung နှလုံးခုန်မြန်သွားသည်
"နင့်ကို ကြည့်တာ ရပ်စေချင်ရင် ငါ့ကို အခုလို ဖြစ်နေတာကို မဖြစ်အောင် ပြန်လုပ်ပေး"
Lisa ဘာပြောချင်မှန်း Chaeyoung နားမလည်သောကြောင့် အိပ်ရာက ထမယ်လုပ်တော့ Lisa မှာ Chaeyoungကို ဆွဲဖက်သည်
"ခုလိုလေး နေပေးပါ "
Lisaမှာ သူ့ရဲ့ရင်ခွင်ထဲသို့ Chaeyoungကို ဆွဲထည့်လိုက်သည်
"Wow နင် နှလုံးခုန်မြန်နေပါလား Chaeyoung "
"အာ ဖယ်စမ်းပါ "
"မဖယ်ဘူး နင့်ကိုယ်က နွေးလိုက်တာ Chaeyoung ရယ် "
Lisa ပြောပြီး Chaeyoungရဲ့ နဖူးကို နမ်းလိုက်သည်
"အခုကစပြီး ညတိုင်း ငါတို့ အတူတူအိပ်ရအောင် "
Lisaရဲ့ စကားကြောင့် Chaeyoungမှာ မျက်လုံးပြူးသွားသည်
သို့သော်လည်း Lisaရဲ့ ရင်ခွင်ထဲ ထွေးပွေ့မှုထဲ နွေးထွေးတယ်လို့ Chaeyoung ခံစားရသည်
"ဒီလိုလေး အမြဲအိပ်ရအောင်နော် Chaeyoungလေး "
"နင်ဘဲ ငါ့ကို ငြင်းထားပြီးတော့ ရုတ်တရက်ကြီး ဘာထဖြစ်တာလည်း"
"ဟုတ်ပေမယ့် နင်နဲ့အတူ အိပ်ချင်လို့ပါ နင် ငါ့ဘေးနားရှိရင် တကယ် သက်တောင့်သက်သာနဲ့ စိတ်ချလက်ချဖြစ်ပြီး အိပ်ပျော်သွားလို့"
Lisa စကားပြောရင်း Phone မြည်သံကြားရသောအခါ Chaeyoungမှာ သူ့ဖုန်းလာတာသိပြီး စားပွဲခုံပေါ်က သူ့ဖုန်းကို လှမ်းယူပေမယ့် Lisaက အရင် ကောက်ကိုင်လိုက်သည်
မသိလျှင် Lisaက သူမ ချစ်သူပုံစံနဲ့ ဖုန်းခေါ်တဲ့သူကို တစ်ချက်ကြည့်ပြီး ဖုန်းကိုင်ကာ speaker ဖွင့်လိုက်သည်
"Hello Jennie "
"Hello Lisaလား အေး Chaeyoungကို အခုချက်ချင်း ငါ့ဆိုင်ကို လာပို့ပေးပါလား Nayeonက အပြင်ခဏထွက်သွားတဲ့အချိန် ဧည့်သည်တွေ ရောက်လာလို့ "
"ကောင်းပြီ ငါ သူ့ကို လာပို့ပေးမယ် "
Lisaလည်း ပြောရော Chaeyoungမှာ ကုတင်ပေါ်က ထဆင်းကာ သူမ အခန်းထဲ ပြေးဝင်သွားသည်
Chaeyoung ခေါင်းလျှော်ရေချိုးပြီး ထွက်လာတော့ သူမကုတင်ပေါ်တွင် ထိုင်နေတဲ့ Lisaကို တွေ့ရသည်
"ခေါင်းလျှော်ထားတာလား လာ လေမှုတ်ပေးမယ် "
Lisa မှန်တင်ခုံပေါ်က Hair dryerကို ယူလိုက်သည်
ထို့နောက် Chaeyoungကို ထိုင်ခိုင်းပြီး ဆံပင်အစိုတွေကို ခြောက်အောင် လေမှုတ်ပေးနေသည်
"အမှန်တိုင်းပြောရရင် နင့်ကို အလုပ်မလုပ်စေချင်ဘူး Chaeyoung "
"နင့်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာဆိုးလို့ပါ Lisaရ "
"နင့်တစ်ယောက်ကိုတော့ ငါတင်ကျွေးနိုင်ပါတယ် "
"နင့်ကို ကူညီချင်လို့ပါ Lisaရယ် "
Chaeyoung ပြောပြီး နှုတ်ခမ်းနီကောက်ဆိုးလိုက်သည်
"အလုပ်သွားမှာကို ဘာလို့ မိတ်ကပ်တွေ အများကြီး လိမ်းနေတာလည်း "
"Customer တွေနဲ့ တွေ့ရမှာဆိုတော့ ငါလှနေမှ ဖြစ်မှာလေ "
"နှုတ်ခမ်းနီက အရမ်းထင်းလွန်းနေတယ် ငါ ဖျက်ပေးမယ် "
Lisa ပြောပြီး ရုတ်တရက် Chaeyoungရဲ့ မျက်နှာကို ကိုင်ပြီး နှုတ်ခမ်းလေးကို နမ်းလိုက်သည်
Lisaရဲ့ အပြုအမူကြောင့် Chaeyoung လန့်ပြီး မျက်လုံးပြူးသွားသည်
"ရပြီ ခုမှ အနေတော်ဖြစ်သွားတယ် "
Chaeyoungကတော့ ရင်တွေ အရမ်းခုန်နေပေမယ့် Lisaက ဘာမှမဖြစ်တဲ့ပုံစံနဲ့ ပြုံးတောင်ပြနေသေးသည်
"အယ် နင့်မိတ်ကပ်တအားများသွားတယ် ထင်တယ် မျက်နှာလေးနီရဲလို့ "
Lisaက စနောက်တော့ Chaeyoung မှာ Lisaကို မျက်စောင်းထိုးပြီး
"အဲ့တာ နင့်ကြောင့်လေ Lisaရဲ့ "
"ဘာလို့လည်း ရှက်နေတာလား..... အယ် ကြည့်ပါအုံး ရှက်နေတာက ချစ်စရာလေး "
ပါးဖောင်းဖောင်းလေးမှာ နီရဲသွားပြီး ရှက်နေတဲ့ Chaeyoungကို ကြည့်ပြီး Lisa အရမ်း အူယားနေသည်
"ငါ့ကို သဘောကျတယ်လို့ နင် ပြောခဲ့တယ်နော် Chaeyoung. ..ကြည့်ရတာ ငါက နင့်ကို ပိုသဘောကျမိနေတယ်ထင်တယ်...."
"ဟင် နင် ဘာပြောလိုက်တာလည်း "
Chaeyoung မှာ Lisaစကားကို သေချာကြားလိုက်ပေမယ့် ထပ်ပြီး ကြားချင်သောကြောင့် မေးလိုက်သော်လည်း Lisaက ခေါင်းခါပြသည်
"အလုပ်နောက်ကျလိမ့်မယ် သွားရအောင် "
*******
Jennieရဲ့ ဆိုင်တွင် Chaeyoung တစ်ယောက် ဖုန်းဖြေလိုက် စာရင်းမှတ်လိုက်နဲ့ အလုပ်များနေသည်
Nayeonကလည်း သိပ်မကြာခင် ပြန်ရောက်လာပြီး Chaeyoungကို ကူညီပေးသည်
နေ့လည်စာစားချိန်ရောက်တော့ Jennieတို့မှာ ဆိုင်ခဏပိတ်ပြီး နေ့လည်စာစားကြသည်
"ဒါဆို ငါ ဖုန်းဆက်တုံးက နင်က Lisaနဲ့တူတူ အိပ်နေတာပေါ့ ဟုတ်လား "
Jennie က ထမင်းစားရင်း မေးလိုက်သောကြောင့် Chaeyoung မှာ Jennieရဲ့ မေးခွန်းကြောင့် ထမင်းတွေ သီးကုန်သည်
"ဟို အင်း Jennie ဖုန်းခေါ်တုံးက အိပ်ရာပေါ် မရှိပေမယ့် သူ့အနားမှာတော့ ရှိပါတယ် "
Chaeyoungမှာ Jennieက စမှာဆိုးလို့ လိမ်ပြောလိုက်သည်
"ဒါဆို ငါ ဖုန်းမဆက်ခင်ကတော့ Lisaနဲ့ အိပ်နေတာပေါ့လေ "
"အာ အိပ်တာတော့ အိပ်တာပေါ့ "
"အယ် ဒါဆို နင်တို့ အတူအိပ်ကြတယ်ပေါ့ မီးရှူးမီးပန်းတွေ မလွှတ်ကြဘူးလား "
Jennieရဲ့ မေးခွန်းကို Chaeyoungမှာ နားမလည်သောကြောင့် အူကြောင်ကြောင် ဖြစ်နေသည်
"ဒီလိုလေ မီးရှူးမီးပန်းတွေ လွှတ်တယ်ဆိုတာ ဖောင်းဒိုင်းတာကိုပြောတာ သိတယ်မလား ဟိုဟာကွာ "
Nayeon ရှင်းပြတာကို နားထောင်ပြီး Chaeyoung အတော်ကြာ စဥ်းစားလိုက်ရသည်
နောက်မှ သဘောပေါက်ပြီး Chaeyoung မျက်နှာလေး နီရဲလာသည်
"အာ အဲ့လိုမဟုတ်ပါဘူး ဒီတိုင်း ငါ သူ့ကို ဖွင့်ပြောပြီး အိပ်လိုက်တာ "
Chaeyoungရဲ့ စကားကြောင့် Nayeonတို့မှာ အံ့သြသွားကြသည်
"ဟင် Lisaကို ဖွင့်ပြောလိုက်တာလား သူက ဘာပြန်ပြောလည်း "
Jennieမှာ သိချင်လို့ မေးတော့ Chaeyoungမှာ ခေါင်းခါပြသည်
"သူက ဘာမှတော့ပြန်မပြောဘူး..."
"ဒါပေမယ့် သူနင့်ကို သဘောကျနေတာပါ ..."
"မဟုတ်လောက်ပါဘူး Jennieရယ် "
"ဟို ဆိုင်ဖွင့်လားမသိဘူး "
ဆိုင်ထဲဝင်လာတဲ့ လူတစ်ယောက်ကြောင့် Jennie တို့ အစားအသောက်တွေကို အမြန်သိမ်းလေသည်
"ဟုတ် ဖွင့်ပါတယ် "
"Chaeyoung? "
"Tony"
Jennieတို့မှာ Chaeyoungတို့ တစ်ယောက်နဲ့ တစ်ယောက် သိနေကြလို့ အံ့သြနေကြသည်
"Chaeyoung က ဒီမှာ အလုပ်လုပ်တာလား "
"ဟုတ်တယ် "
"ဟာ မိုက်တယ်ဗျာ ဒါနဲ့ဆို နှစ်ခါရှိပြီနော် ရေစက်လားမသိဘူး ကိုယ့်ကို အသိတစ်ယောက်က ဒီဆိုင်က ဆံပင်ညှပ်တာ လှတယ်ပြောလို့ လာညှပ်တာ Chaeyoungနဲ့ တွေ့မယ်လို့ ထင်တောင်မထားဘူး "
စကားတအားများနေတဲ့ Tonyကို Jennie အမြင်ကတ်လာသည်
"ဆံပင်ညှပ်ဖို့ လာတာမလား လာပါ ဒီကို '
'Aww ဟုတ်...'
Tonyမှာ Jennieဆီက မျက်နှာထားတင်းတင်းနဲ့ပြောခံရလို့ ခေါင်းလေးငုံ့ပြီး ထိုင်ခုံတွင် သွားထိုင်သည်
Nayeonကတော့ ဘယ်သူမှ မရိပ်မိအောင် Lisa ဆီ message ပို့နေသည်
Tony တစ်ယောက် ဆံပင်ညှပ်ပြီးနောက် မပြန်သေးဘဲ Chaeyoungနား ရစ်သီသီလုပ်နေသည်
"ဟိုလေ Chaeyoung လာမယ့် အပတ်ကျ ကိုယ်နဲ့ လျှောက်လည်ပေးလို့ရမလားဟင် "
"မရဘူး "
ရုတ်တရက် ဆိုင်ထဲ ဝင်လာတဲ့ Lisaကြောင့် Chaeyoung တို့ လန့်သွားသည်
"Jennie သူ့ကို ငါ ပြန်ခေါ်သွားမယ် အဆင်ပြေလား မပြေလည်း ဂရုမစိုက်ဘူး လာ Chaeyoung သွားမယ် "
Lisa ဘယ်သူ့အဖြေမှ မစောင့်ဘဲ Chaeyoung လက်ကို ဆောင့်ဆွဲကာ ဆိုင်အပြင်ဘက်ကို ခေါ်သွားသည်
#tbc
#zawgyi
"No မရပ်ဘူးကွာ..."
"ခုလိုလေး နေပေးပါ "
"အာ ဖယ်စမ်းပါ "
"Hello Jennie "
*******
"ဟုတ် ဖွင့်ပါတယ် "
"Chaeyoung? "
"Tony"
"ဟုတ်တယ် "
'Aww ဟုတ်...'
"မရဘူး "
#tbc
Bạn đang đọc truyện trên: Truyen3h.Co