Truyen3h.Co

Unknown Girl

Part 9

KimFany059

#unicode

သာယာသော မနက်ခင်းတွင် Chaeyoung တစ်ယောက် အိပ်ရာက နိုးလာလေသည်

အိပ်ရာကနိုးနိုးချင်း ဖုန်းဖွင့်ကြည့်တော့ Lisaဆီက Messageကို တွေ့ရသည်

Lisa ပို့တဲ့ messageကို ဖတ်ပြီး Chaeyoung ပြုံးမိသွားသည်

From Lisa

Hey Good Morning ပါ Chaeyoung. ..ငါ အတန်းရှိလို့ သွားတက်ပေမယ့် မင်းအတွက် မနက်စာလုပ်ပေးထားခဲ့တယ်နော် ...စားပွဲပေါ်မှာလည်း  မင်း အပြင်ထွက် အလုပ်ရှာတဲ့အခါ သုံးဖို့အတွက် ငါ ပိုက်ဆံထားပေးထားတယ်... ဒီ message မြင်ရင် replyလေးတော့ လုပ်ပေးနော် xD

To Lisa

Good Morning ပါ Lisa ကျေးဇူးတင်ပါတယ် ငါ အလုပ်ရှာပြီး ပြန်ရောက်တဲ့အခါ တွေ့မယ်နော်

Lisaဆီ messageပြန်ပို့ပြီးနောက် Chaeyoung မျက်နှာသစ် ရေချိုးပြီး မီးဖိုခန်းထဲ ဝင်သွားသည်

Lisa လုပ်ပေးထားတဲ့ မနက်စာကို Microwave နဲ့ ပြန်နွေးပြီး ထိုင်စားလေသည်

မနက်စာစားပြီး ဧည့်ခန်းဘက်ထွက်လာတော့ မနေ့ညက ဆိုဖာပေါ်က အကြောင်းတွေ မြင်ယောင်လာပြီး Chaeyoungမှာ ရှက်နေသည်

သို့သော်လည်း သူမကသာ ရှက်နေတာ Lisaက ဘာမှမဖြစ်တဲ့ ပုံစံနဲ့ သူမဆီ messageပို့နေတာလားလို့ တွေးမိပြီး Lisaကို စိတ်ဆိုးမိပြန်သည်

သူမကဘဲ Lisaအပေါ် Falling ဖြစ်နေမိတာလား Lisaကရော မနေ့ညက ကိစ္စကို စိတ်ထဲမရှိဘူးလား တွေးရင်း Bus ကားမှတ်တိုင်သို့ Chaeyoung ထွက်လာသည်

ကားပေါ်ရောက်တော့ Lisaများ Message ပြန်ပို့မလားဆိုပြီး ဖုန်းဖွင့်ကြည့်ပေမယ့် Lisaဆီက messageကို မတွေ့ရပေ

Chaeyoungမှာ reply မပြန်လို့ Lisa ကို စိတ်ဆိုးချင်ပေမယ့်လည်း Lisaက အတန်းတက်နေမှန်း သတိရပြီး စိတ်ကို ဖြေလျော့လိုက်သည်

Chaeyoung သူမ အလုပ်လျှောက်ထားတဲ့ coffeeဆိုင်ကို အလုပ်ခန့်မှာလား သွားမေးတော့ ကိုယ်ရေးအချက်အလက် မပြည့်စုံသောကြောင့် မခန့်နိုင်ကြောင်း ငြင်းခံလိုက်ရသည်

Chaeyoung လက်မလျော့ဘဲ တစ်ခြား အလုပ်တွေ လိုက်ရှာပေမယ့် မှတ်ပုံတင်ကတ်မရှိသောကြောင့် ဘယ်သူမှ လက်မခံကြပေ

Chaeyoung စိတ်ပျက်လက်ပျက်နဲ့ ခေါင်းငိုက်ကာ လမ်းလျှောက်နေစဥ် သူမနာမည်ကို တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်သံ ကြားလိုက်ရသည်

"Chaeyoung ...."

Chaeyoung လှည့်ကြည့်လိုက်တော့ Lisaရဲ့ သူငယ်ချင်း Nayeon ဖြစ်နေသည်

"Nayeonပါလား "

"တစ်ယောက်တည်း အပြင်ထွက်လာတာလား "

"အင်း ဟုတ်တယ် Nayeon အလုပ်လိုက်ရှာနေတာ....ဒါပေမယ့် အခုထိ ရှာမတွေ့သေးပါဘူး "

Chaeyoung စိတ်ပျက်လက်ပျက်နဲ့ ပြောတော့ Nayeonမှာ ပြုံးပြီး

"နင် အလုပ်ရှာနေတာလား "

"ဟုတ်တယ် "

"ဒါဆို အတော်ဘဲ ငါနဲ့အတူ Jennieရဲ့  beauty salonဆီ သွားရအောင် '

"ဟို Jennieက ဝန်ထမ်းငှားမှာမို့လို့လားဟင် "

"ဟုတ်တယ် သူ့ဆိုင်မှာ receptionist တစ်ယောက် ပြောရရင် ဧည့်ကြိုတစ်ယောက်လိုနေတာတဲ့ အလုပ်က သိပ်မခက်ပါဘူး ဖုန်းဖြေပေးရမယ် ပြီးတော့ Booking တွေ ချိတ်ပေးရမှာရယ် payment ပိုင်းလက်ခံပေးရမှာရယ်..."

Nayeonမှာ Chaeyoungကို အလုပ်အကြောင်း ရှင်းပြနေသည်

"ငါ Jennieဆီ နင့်အကြောင်း ဖုန်းဆက်သတင်းပေးလိုက်အုံးမယ် "

"ကျေး ကျေးဇူးတင်ပါတယ် Nayeon "

"ရပါတယ်ဟ လာ ကားပေါ်တက် Jennie ဆိုင် သွားကြစို့...ဒါနဲ့ Lisa ရော "

"ဒီနေ့ သူ အတန်းရှိလို့တဲ့ အတန်းသွားတက်တယ် "

"Aww ဟုတ်သား သူက Law ကျောင်းသူဆိုတာ ငါမေ့သွားတယ်...သူနဲ့ နေရတာ ဘယ်လိုလည်း အဆင်ပြေရဲ့လား "

"ပြေပါတယ် သူလည်း သူ့အလုပ်သူလုပ် Chaeလည်း Chae အခန်းထဲမှာနေတာ..."

"အင်း သူ့Ex ကောင်မလေး သူ့ကို သစ္စာဖောက်သွားပြီးကတည်းက Lisaက မိန်းကလေးဆို ငါတို့က လွဲပြီး ဘယ်သူ့ကိုမှ အယုံအကြည်မရှိခဲ့တာ အခု နင့်ကို လက်ခံထားပြီး အတူနေခွင့်ပါပေးလို့ ငါတို့မှာ အံ့သြလို့ "

"Aww အဲ့တာကြောင့် တစ်ခါတစ်ခါ သူက Chaeကို ဘုနဲ့ဘောက်လုပ်နေတာကိုး "

"တစ်ခါတစ်ခါ သူက ဘုကလန့်ဆန်ပေမယ့် Lisaက သူချစ်တဲ့သူအပေါ်ကို တကယ် နွေးနွေးထွေးထွေးနဲ့ ဂရုစိုက်ပေးတတ်တဲ့ လူကောင်းတစ်ယောက်ပါ "

Nayeon ကားမောင်းရင်း ပြောတော့ Chaeyoungမှာ ခေါင်းညိတ်ပြသည်

"Welcomeပါ Chaeyoungရေ....ငါ့ဆီ အလုပ်လာလျှောက်ပေးလို့ ကျေးဇူးတင်လိုက်တာ.."

Jennieရဲ့ salonထဲ Chaeyoung ဝင်ဝင်ချင်း Jennieမှာ Chaeyoung ကို ဖက်ပြီး ကြိုဆိုလေသည်

"ရပါတယ် Chae ဘယ်မှာ ဘာလုပ်ရမယ်ဆိုတာ ပြောပြနော် ...."

"လုပ်ရမယ့်အရာတွေက လွယ်ပါတယ် Chaeyoungရ ဖုန်းလာရင် ဖြေပေးရမယ် သူတို့ချိန်းတဲ့ appointment တွေ မှတ်ထားပေးရမယ် customer တွေကို အပြုံးနဲ့ ကြိုဆိုဂရုစိုက်ပေးရမယ် ငွေတွေသေချာ ယူပေးရမယ် ဒါပါဘဲ လုပ်နိုင်တယ်မလား "

"ဒါပေါ့ Chae လုပ်နိုင်ပါတယ်...နင်တို့နဲ့ အတူ အလုပ်တွဲလုပ်ခွင့်ရလို့ ပျော်လိုက်တာ ..."

Chaeyoungမှာ သူစိမ်းတွေနဲ့ မဟုတ်ဘဲ Jennieတို့နဲ့ အလုပ်တွဲလုပ်ခွင့်ရလို့ ပျော်နေသည်

"ငါ့ရဲ့  salonက အခုမှ ဖွင့်ခါစမို့ လူတွေတော့ သိပ်မရှိသေးဘူး "

Jennieကပြောတော့ Chaeyoung မှာ စာအုပ်တစ်အုပ်ကို ကောက်ကိုင်ယူကြည့်သည်

"ဟိုလေ Jennie. ..Chaeကို ဒီ Blonde အရောင်လေး ဆိုးပေးလို့ ရလားဟင် "

"အို ရတာပေါ့ လာ အလကားဆိုးပေးမယ် "

"အာ မဟုတ်တာ Chaeမှာ Lisa ပေးတဲ့ ပိုက်ဆံတွေ ရှိပါတယ် "

"အဲ့ပိုက်ဆံတွေကို စုထားလေနော်..အချင်းချင်းဘဲကို အလကားလုပ်ပေးပါရစေ chaeရယ် "

Jennieက ပိုက်ဆံလက်မခံသောကြောင့် Chaeyoung မှာ အလကား ဆံပင်ဆိုးခွင့် ပေးလိုက်ရသည်

ဆံပင်ဆိုးပြီးနောက် မမျှော်လင့်ဘဲ Lisaဆီက ဖုန်းဝင်လာသည်

"Hello "

"Hey မင်း ဘယ်မှာလည်း ညနေရောက်နေပြီ နောက်ကျနေပြီကို ခုထိ အိမ်ပြန်မလာသေးဘူးလား...အလုပ်လိုက်ရှာနေတုံးလား"

"မဟုတ်ပါဘူး Lisaရ...အလုပ်က ရှာတွေ့ပြီ Jennieရဲ့ hair salon မှာ လုပ်နေတာ ခုဘဲ ဆံပင်ဆေးဆိုးနေတာ "

"Hey Chaeyoungက ငါတို့နဲ့အတူရှိနေတယ်နော် လာခေါ်မယ်ဆို မုန့်ဝယ်ခဲ့ "

Lisa ကြားအောင် Jennie အော်ပြောလိုက်သည်

"ကောင်းပြီလေ ဒါဘဲနော် "

Lisaနဲ့စကားပြောရင်း Chaeyoung ဖုန်းချလိုက်သည်

Jennieကတော့ ခပ်ပြုံးပြုံးဖြင့် Chaeyoungကို ကြည့်နေသည်

"ဒါ ပထမဆုံးဘဲ "

Jennie ပြောတဲ့ စကားကို Chaeyoung နားမလည်ပေ

"ပထမဆုံး ဆိုတာ ဘာများလည်း "

"Aww Lisaက သူ့အမနဲ့ သူ့သူငယ်ချင်း မိန်းကလေးတွေကလွဲရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ဖူးဘူးလေ "

"Chaeကလည်း Lisaရဲ့ သူငယ်ချင်းဘဲလေ "

"အင်း သူငယ်ချင်း ဆိုပေမယ့် အတူတူနေနေကြတာမလား မကြာခင်မှာ တစ်ယောက်ယောက်က friendshipကို ဖျက်စီးတော့မယ်ဆိုတာ မြင်ယောင်နေပြီ "

"Friendshipကို ဖျက်စီးမယ်ဆိုတာက ဘာပြောတာလည်းဟင် "

Chaeyoungကမေးတော့ Nayeon မှာ ဝင်ဖြေလိုက်သည်

"Jennie ပြောချင်တာ ဒီလိုကွာ နင်တို့ နှစ်ယောက်ထဲက တစ်ယောက်ကတော့ ခံစားချက်တွေ ပေါက်ထွက်လာတော့မှာ...ဘာလို့လည်းဆို ဆွေမျိူးမတော်စပ်တဲ့ အရွယ်ရောက်ပြီးသား လူနှစ်ယောက်က တစ်အိမ်ထဲမှာ အတူနေကြတာလေ အဲ့ဒီတော့ တစ်နေ့နေ့ကျ နင်တို့နှစ်ယောက်ကြားထဲ ဆွဲငင်မှုက တင်းမာစွာနဲ့ ဝင်ရောက်လာတော့မှာ "

Nayeonပြောတာ Chaeyoung နားမလည်သော်လည်း ခေါင်းညိတ်ပြလိုက်သည်

Chaeyoung ဆံပင်အရောင်ဆိုးပြီးနောက် Lisa ရောက်လာသည်

"ဟော ကွက်တိဘဲ Lisa ရောက်လာပြီ  "

ဆိုင်ထဲ ဝင်လာတဲ့ Lisaကို ကြည့်ပြီး Nayeon ပြောလိုက်သည်

"ကျေးဇူးတင်ပါတယ် Jennie ဒီအရောင်လေး Chae အရမ်း သဘောကျတယ် "

Chaeyoung မှာ မှန်ကို ကြည့်ပြီး Blondeဆိုးထားတဲ့ သူမဆံပင်ကို အရမ်းသဘောကျနေလို့ Jennieကို ကျေးဇူးတင်စကားပြောလိုက်သည်

"ရပါတယ် Chaeyoungရ Lisa လာခေါ်နေပြီ နင့်ကို "

"Chaeyoung "

"Lisa. ..ငါ ဘယ်လိုနေလည်း လှလား "

သူ့ဆီကို လျှောက်လာတဲ့ Lisaကို ကြည့်ပြီး Chaeyoung မေးလိုက်သည်

Lisaကတော့ ဘာမှပြန်မဖြေဘဲ Chaeyoungကိုသာ စိုက်ကြည့်နေသည်

"ဟွန့် "

Chaeyoungမှာ Lisaကို ဘာမှပြန်မဖြေသောကြောင့် မျက်စောင်းထိုးလိုက်သည်

"ကဲ Lisaလည်း လာခေါ်ပြီဆိုတော့ ပြန်တော့လေနော် အလုပ်ဆင်းရမယ့်ရက်ကျ ငါ နင့်ဆီ ဖုန်းခေါ်လိုက်မယ် Chaeyoung. ..ဖုန်းနံပါတ်ပေးထားလေ "

"ဟုတ်ပြီ Jennie ထပ်ပြီး ကျေးဇူးတင်ပါတယ် Nayeonကိုရောဘဲ "

"ကဲ ဒါဆို ငါတို့သွားပြီနော် Jennie နဲ့ Nayeon ရေ"

Lisaတို့မှာ Nayeonတို့ကို နှုတ်ဆက်ပြီး ဆိုင်ထဲက ထွက်လာသည်

ကားပေါ်သို့ Lisaရောက်တော့ ခါးပတ်ပတ်နေတဲ့ Chaeyoungကို စိုက်ကြည့်နေသည်

"Chaeyoung. ..ဒီဆံပင်အရောင်လေးနဲ့ မင်းက အရမ်းလိုက်တာဘဲ "

"ဟွန့် ခုနမေးတုံးကကျ မဖြေဘဲ မမေးမှ လာဖြေတယ် သွား "

Lisaကို Chaeyoungက ရန်လုပ်ကာ မျက်စောင်းထိုးလိုက်တော့ Lisaမှာ  သဘောကျပြီး ရယ်လေသည်

အိမ်ပြန်လမ်းတွင် Chaelisaတို့ နှစ်ယောက် တိတ်ဆိတ်နေပြန်သည်

ထိုသို့ တိတ်ဆိတ်နေတာကို Chaeyoung မုန်းသည်

"အဟမ်း....ဟိုလေ Chaeyoung. ..မနေ့က ကိစ္စအတွက် မင်း အဆင်မပြေဖြစ်သွားရင် ငါ တောင်းပန်ပါတယ်နော် "

"ရပါတယ် ငါလည်း နင့်ကို အဆင်မပြေဖြစ်အောင် လုပ်ခဲ့မိတာဘဲ"

"အင်းပါ မင်းကို အဆင်မပြေဖြစ်အောင် လုပ်မိတယ်ဆိုရင် ငါ့ကို ချက်ချင်းပြောနော် "

"အဆင်မပြေဖြစ်တယ်ဆိုတာ မရှိပါဘူး Lisaရ...စိတ်ပူမနေနဲ့ ဒါနဲ့ ပြောရအုံးမယ် နင်က ငါ့ကျ replyလုပ်ဖို့ ပြောပြီး နင်ကျ ဘာလို့ ငါ့ကို reply မလုပ်ရတာလည်း "

"Chaeyoungက ငါ့ Reply ကို မျှော်နေတာလား "

Lisa မှာ Chaeyoungကို ကြည့်ပြီး မျက်ခုံးပင့်ပြပြီး မေးတော့ Chaeyoungက ခေါင်းခါပြသည်

"မစောင့်ပါဘူးနော် ဒါပေမယ့် တစ်စုံတစ်ယောက်ကို reply ပြန်မလုပ်တာ ရိုင်းတယ်ထင်လို့..."

Chaeyoung ပြောရင်း သူမဖုန်းထဲ message ဝင်လာလို့ ဖုန်းဖွင့်ကြည့်လိုက်သည်

"တစ်စုံတစ်ယောက်နဲ့ စကားပြောနေချိန် ဖုန်းကြည့်တာက ရိုင်းတယ်နော် Chaeyoung "

Lisaမှာ သူမကို အာရုံမစိုက်ဘဲ ဖုန်းကြည့်နေတဲ့ Chaeyoungကို ပြောလိုက်သည်

"နင်က ငါ့ကို replyမှ မလုပ်တာ ဒီတော့ replyလုပ်မယ့်သူနဲ့ message ပို့တာ ဘာဖြစ်လည်း "

"မင်းကို reply မလုပ်မိတာလေးကို ဘာလို့ အရမ်းစိတ်ဆိုးနေရတာလည်း "

"နင်က ငါ့ကို ကစားနေသလိုဘဲ "

"ရော် ငါ မအားလို့ပါဟ "

"ဒါဆိုလည်း နင် မအားကြောင်း ငါ့ကို စာလေးတော့ ပို့သင့််တယ်လေ "

"ငါ မပို့မိတောင် မင်းက ထပ်ပို့လို့ရတာဘဲကို "

"Tonyက အဲ့လို message ဆက်တိုက်ပို့တာ မကြိုက်ဘူးတဲ့ "

"ငါက Tonyလား သူ မကြိုက်တိုင်း ငါက မကြိုက်စရာလား...ဟမ် "

Lisa အသံက ဒေါသသံပါသွားသောကြောင့် Chaeyoung ငြိမ်သွားတယ်

အိမ်ပြန်ရောက်တဲ့ထိ Chaelisaတို့မှာ တစ်ယောက်ကို တစ်ယောက်စကားမပြောပေ

အိမ်ရှေ့လည်းရောက်ရော Chaeyoungမှာ ကားအပေါ်က အရင်ဆင်းသွားသည်

Chaeyoung အခန်းထဲဝင်ပြီး ကြိုးနဲ့စည်းတားနေစဥ် Lisaကလည်း သူ့အခန်းထဲ မဝင်ဘဲ Chaeyoung အခန်းထဲ ရောက်လာသည်

"စည်းကျော်မလာနဲ့ ငါ စည်းတားထားတယ် Lisa ..ငါ့ခွင့်ပြုချက်မရှိဘဲ.... "

Chaeyoung စကားမဆုံးသေး Lisaမှာ ကြိုးတွေကို ဆွဲဖြုတ်ပြီး Chaeyoung အခန်းထဲ ဝင်လာသည်

ထို့နောက် Chaeyoungကို နံရံဘက် ဆောင့်တွန်းပြီး Chaeyoungရဲ့ လက်နှစ်ဖက်လုံးကို Lisa ချုပ်လိုက်သည်

"နင်သိလား စည်းတွေကို နင့်ဘက်က ပိုတားထားလေ ဘာဖြစ်မလည်းဆိုတာ သိချင်လို့ ငါ စည်းကျော်လာမိလေဘဲ "

Chaeyoung ရဲ့ မျက်လုံးတွေကို စိုက်ကြည့်ပြီး Lisa ပြောလိုက်သည်

Happy birthday ပါ Lisaရဲ့ Rosiepoopလေးရေ🎂

Heroတို့ရေ မနက်ဖြန်အတွက် Fighting💪

#Zawgyi

သာယာေသာ မနက္ခင္းတြင္ Chaeyoung တစ္ေယာက္ အိပ္ရာက နိုးလာေလသည္

အိပ္ရာကနိုးနိုးခ်င္း ဖုန္းဖြင့္ၾကည့္ေတာ့ Lisaဆီက Messageကို ေတြ႕ရသည္

Lisa ပို႔တဲ့ messageကို ဖတ္ၿပီး Chaeyoung ၿပဳံးမိသြားသည္

From Lisa

Hey Good Morning ပါ Chaeyoung. ..ငါ အတန္းရွိလို႔ သြားတက္ေပမယ့္ မင္းအတြက္ မနက္စာလုပ္ေပးထားခဲ့တယ္ေနာ္ ...စားပြဲေပၚမွာလည္း  မင္း အျပင္ထြက္ အလုပ္ရွာတဲ့အခါ သုံးဖို႔အတြက္ ငါ ပိုက္ဆံထားေပးထားတယ္... ဒီ message ျမင္ရင္ replyေလးေတာ့ လုပ္ေပးေနာ္ xD

To Lisa

Good Morning ပါ Lisa ေက်းဇူးတင္ပါတယ္ ငါ အလုပ္ရွာၿပီး ျပန္ေရာက္တဲ့အခါ ေတြ႕မယ္ေနာ္

Lisaဆီ messageျပန္ပို႔ၿပီးေနာက္ Chaeyoung မ်က္ႏွာသစ္ ေရခ်ိဳးၿပီး မီးဖိုခန္းထဲ ဝင္သြားသည္

Lisa လုပ္ေပးထားတဲ့ မနက္စာကို Microwave နဲ႕ ျပန္ႏြေးၿပီး ထိုင္စားေလသည္

မနက္စာစားၿပီး ဧည့္ခန္းဘက္ထြက္လာေတာ့ မေန႕ညက ဆိုဖာေပၚက အေၾကာင္းေတြ ျမင္ေယာင္လာၿပီး Chaeyoungမွာ ရွက္ေနသည္

သို႔ေသာ္လည္း သူမကသာ ရွက္ေနတာ Lisaက ဘာမွမျဖစ္တဲ့ ပုံစံနဲ႕ သူမဆီ messageပို႔ေနတာလားလို႔ ေတြးမိၿပီး Lisaကို စိတ္ဆိုးမိျပန္သည္

သူမကဘဲ Lisaအေပၚ Falling ျဖစ္ေနမိတာလား Lisaကေရာ မေန႕ညက ကိစၥကို စိတ္ထဲမရွိဘူးလား ေတြးရင္း Bus ကားမွတ္တိုင္သို႔ Chaeyoung ထြက္လာသည္

ကားေပၚေရာက္ေတာ့ Lisaမ်ား Message ျပန္ပို႔မလားဆိုၿပီး ဖုန္းဖြင့္ၾကည့္ေပမယ့္ Lisaဆီက messageကို မေတြ႕ရေပ

Chaeyoungမွာ reply မျပန္လို႔ Lisa ကို စိတ္ဆိုးခ်င္ေပမယ့္လည္း Lisaက အတန္းတက္ေနမွန္း သတိရၿပီး စိတ္ကို ေျဖေလ်ာ့လိုက္သည္

Chaeyoung သူမ အလုပ္ေလွ်ာက္ထားတဲ့ coffeeဆိုင္ကို အလုပ္ခန့္မွာလား သြားေမးေတာ့ ကိုယ္ေရးအခ်က္အလက္ မျပည့္စုံေသာေၾကာင့္ မခန့္နိုင္ေၾကာင္း ျငင္းခံလိုက္ရသည္

Chaeyoung လက္မေလ်ာ့ဘဲ တစ္ျခား အလုပ္ေတြ လိုက္ရွာေပမယ့္ မွတ္ပုံတင္ကတ္မရွိေသာေၾကာင့္ ဘယ္သူမွ လက္မခံၾကေပ

Chaeyoung စိတ္ပ်က္လက္ပ်က္နဲ႕ ေခါင္းငိုက္ကာ လမ္းေလွ်ာက္ေနစဥ္ သူမနာမည္ကို တစ္စုံတစ္ေယာက္က လွမ္းေခၚလိုက္သံ ၾကားလိုက္ရသည္

"Chaeyoung ...."

Chaeyoung လွည့္ၾကည့္လိုက္ေတာ့ Lisaရဲ႕ သူငယ္ခ်င္း Nayeon ျဖစ္ေနသည္

"Nayeonပါလား "

"တစ္ေယာက္တည္း အျပင္ထြက္လာတာလား "

"အင္း ဟုတ္တယ္ Nayeon အလုပ္လိုက္ရွာေနတာ....ဒါေပမယ့္ အခုထိ ရွာမေတြ႕ေသးပါဘူး "

Chaeyoung စိတ္ပ်က္လက္ပ်က္နဲ႕ ေျပာေတာ့ Nayeonမွာ ၿပဳံးၿပီး

"နင္ အလုပ္ရွာေနတာလား "

"ဟုတ္တယ္ "

"ဒါဆို အေတာ္ဘဲ ငါနဲ႕အတူ Jennieရဲ႕  beauty salonဆီ သြားရေအာင္ '

"ဟို Jennieက ဝန္ထမ္းငွားမွာမို႔လို႔လားဟင္ "

"ဟုတ္တယ္ သူ႕ဆိုင္မွာ receptionist တစ္ေယာက္ ေျပာရရင္ ဧည့္ႀကိဳတစ္ေယာက္လိုေနတာတဲ့ အလုပ္က သိပ္မခက္ပါဘူး ဖုန္းေျဖေပးရမယ္ ၿပီးေတာ့ Booking ေတြ ခ်ိတ္ေပးရမွာရယ္ payment ပိုင္းလက္ခံေပးရမွာရယ္..."

Nayeonမွာ Chaeyoungကို အလုပ္အေၾကာင္း ရွင္းျပေနသည္

"ငါ Jennieဆီ နင့္အေၾကာင္း ဖုန္းဆက္သတင္းေပးလိုက္အုံးမယ္ "

"ေက်း ေက်းဇူးတင္ပါတယ္ Nayeon "

"ရပါတယ္ဟ လာ ကားေပၚတက္ Jennie ဆိုင္ သြားၾကစို႔...ဒါနဲ႕ Lisa ေရာ "

"ဒီေန႕ သူ အတန္းရွိလို႔တဲ့ အတန္းသြားတက္တယ္ "

"Aww ဟုတ္သား သူက Law ေက်ာင္းသူဆိုတာ ငါေမ့သြားတယ္...သူနဲ႕ ေနရတာ ဘယ္လိုလည္း အဆင္ေျပရဲ႕လား "

"ေျပပါတယ္ သူလည္း သူ႕အလုပ္သူလုပ္ Chaeလည္း Chae အခန္းထဲမွာေနတာ..."

"အင္း သူ႕Ex ေကာင္မေလး သူ႕ကို သစၥာေဖာက္သြားၿပီးကတည္းက Lisaက မိန္းကေလးဆို ငါတို႔က လြဲၿပီး ဘယ္သူ႕ကိုမွ အယုံအၾကည္မရွိခဲ့တာ အခု နင့္ကို လက္ခံထားၿပီး အတူေနခြင့္ပါေပးလို႔ ငါတို႔မွာ အံ့ၾသလို႔ "

"Aww အဲ့တာေၾကာင့္ တစ္ခါတစ္ခါ သူက Chaeကို ဘုနဲ႕ေဘာက္လုပ္ေနတာကိုး "

"တစ္ခါတစ္ခါ သူက ဘုကလန့္ဆန္ေပမယ့္ Lisaက သူခ်စ္တဲ့သူအေပၚကို တကယ္ ႏြေးႏြေးေထြးေထြးနဲ႕ ဂ႐ုစိုက္ေပးတတ္တဲ့ လူေကာင္းတစ္ေယာက္ပါ "

Nayeon ကားေမာင္းရင္း ေျပာေတာ့ Chaeyoungမွာ ေခါင္းညိတ္ျပသည္

"Welcomeပါ Chaeyoungေရ....ငါ့ဆီ အလုပ္လာေလွ်ာက္ေပးလို႔ ေက်းဇူးတင္လိုက္တာ.."

Jennieရဲ႕ salonထဲ Chaeyoung ဝင္ဝင္ခ်င္း Jennieမွာ Chaeyoung ကို ဖက္ၿပီး ႀကိဳဆိုေလသည္

"ရပါတယ္ Chae ဘယ္မွာ ဘာလုပ္ရမယ္ဆိုတာ ေျပာျပေနာ္ ...."

"လုပ္ရမယ့္အရာေတြက လြယ္ပါတယ္ Chaeyoungရ ဖုန္းလာရင္ ေျဖေပးရမယ္ သူတို႔ခ်ိန္းတဲ့ appointment ေတြ မွတ္ထားေပးရမယ္ customer ေတြကို အၿပဳံးနဲ႕ ႀကိဳဆိုဂ႐ုစိုက္ေပးရမယ္ ေငြေတြေသခ်ာ ယူေပးရမယ္ ဒါပါဘဲ လုပ္နိုင္တယ္မလား "

"ဒါေပါ့ Chae လုပ္နိုင္ပါတယ္...နင္တို႔နဲ႕ အတူ အလုပ္တြဲလုပ္ခြင့္ရလို႔ ေပ်ာ္လိုက္တာ ..."

Chaeyoungမွာ သူစိမ္းေတြနဲ႕ မဟုတ္ဘဲ Jennieတို႔နဲ႕ အလုပ္တြဲလုပ္ခြင့္ရလို႔ ေပ်ာ္ေနသည္

"ငါ့ရဲ႕  salonက အခုမွ ဖြင့္ခါစမို႔ လူေတြေတာ့ သိပ္မရွိေသးဘူး "

Jennieကေျပာေတာ့ Chaeyoung မွာ စာအုပ္တစ္အုပ္ကို ေကာက္ကိုင္ယူၾကည့္သည္

"ဟိုေလ Jennie. ..Chaeကို ဒီ Blonde အေရာင္ေလး ဆိုးေပးလို႔ ရလားဟင္ "

"အို ရတာေပါ့ လာ အလကားဆိုးေပးမယ္ "

"အာ မဟုတ္တာ Chaeမွာ Lisa ေပးတဲ့ ပိုက္ဆံေတြ ရွိပါတယ္ "

"အဲ့ပိုက္ဆံေတြကို စုထားေလေနာ္..အခ်င္းခ်င္းဘဲကို အလကားလုပ္ေပးပါရေစ chaeရယ္ "

Jennieက ပိုက္ဆံလက္မခံေသာေၾကာင့္ Chaeyoung မွာ အလကား ဆံပင္ဆိုးခြင့္ ေပးလိုက္ရသည္

ဆံပင္ဆိုးၿပီးေနာက္ မေမွ်ာ္လင့္ဘဲ Lisaဆီက ဖုန္းဝင္လာသည္

"Hello "

"Hey မင္း ဘယ္မွာလည္း ညေနေရာက္ေနၿပီ ေနာက္က်ေနၿပီကို ခုထိ အိမ္ျပန္မလာေသးဘူးလား...အလုပ္လိုက္ရွာေနတုံးလား"

"မဟုတ္ပါဘူး Lisaရ...အလုပ္က ရွာေတြ႕ၿပီ Jennieရဲ႕ hair salon မွာ လုပ္ေနတာ ခုဘဲ ဆံပင္ေဆးဆိုးေနတာ "

"Hey Chaeyoungက ငါတို႔နဲ႕အတူရွိေနတယ္ေနာ္ လာေခၚမယ္ဆို မုန့္ဝယ္ခဲ့ "

Lisa ၾကားေအာင္ Jennie ေအာ္ေျပာလိုက္သည္

"ေကာင္းၿပီေလ ဒါဘဲေနာ္ "

Lisaနဲ႕စကားေျပာရင္း Chaeyoung ဖုန္းခ်လိဳက္သည္

Jennieကေတာ့ ခပ္ၿပဳံးၿပဳံးျဖင့္ Chaeyoungကို ၾကည့္ေနသည္

"ဒါ ပထမဆုံးဘဲ "

Jennie ေျပာတဲ့ စကားကို Chaeyoung နားမလည္ေပ

"ပထမဆုံး ဆိုတာ ဘာမ်ားလည္း "

"Aww Lisaက သူ႕အမနဲ႕ သူ႕သူငယ္ခ်င္း မိန္းကေလးေတြကလြဲရင္ ဘယ္သူ႕ကိုမွ ဂ႐ုမစိုက္ဖူးဘူးေလ "

"Chaeကလည္း Lisaရဲ႕ သူငယ္ခ်င္းဘဲေလ "

"အင္း သူငယ္ခ်င္း ဆိုေပမယ့္ အတူတူေနေနၾကတာမလား မၾကာခင္မွာ တစ္ေယာက္ေယာက္က friendshipကို ဖ်က္စီးေတာ့မယ္ဆိုတာ ျမင္ေယာင္ေနၿပီ "

"Friendshipကို ဖ်က္စီးမယ္ဆိုတာက ဘာေျပာတာလည္းဟင္ "

Chaeyoungကေမးေတာ့ Nayeon မွာ ဝင္ေျဖလိုက္သည္

"Jennie ေျပာခ်င္တာ ဒီလိုကြာ နင္တို႔ ႏွစ္ေယာက္ထဲက တစ္ေယာက္ကေတာ့ ခံစားခ်က္ေတြ ေပါက္ထြက္လာေတာ့မွာ...ဘာလို႔လည္းဆို ေဆြမ်ိဴးမေတာ္စပ္တဲ့ အ႐ြယ္ေရာက္ၿပီးသား လူႏွစ္ေယာက္က တစ္အိမ္ထဲမွာ အတူေနၾကတာေလ အဲ့ဒီေတာ့ တစ္ေန႕ေန႕က် နင္တို႔ႏွစ္ေယာက္ၾကားထဲ ဆြဲငင္မႈက တင္းမာစြာနဲ႕ ဝင္ေရာက္လာေတာ့မွာ "

Nayeonေျပာတာ Chaeyoung နားမလည္ေသာ္လည္း ေခါင္းညိတ္ျပလိုက္သည္

Chaeyoung ဆံပင္အေရာင္ဆိုးၿပီးေနာက္ Lisa ေရာက္လာသည္

"ေဟာ ကြက္တိဘဲ Lisa ေရာက္လာၿပီ  "

ဆိုင္ထဲ ဝင္လာတဲ့ Lisaကို ၾကည့္ၿပီး Nayeon ေျပာလိုက္သည္

"ေက်းဇူးတင္ပါတယ္ Jennie ဒီအေရာင္ေလး Chae အရမ္း သေဘာက်တယ္ "

Chaeyoung မွာ မွန္ကို ၾကည့္ၿပီး Blondeဆိုးထားတဲ့ သူမဆံပင္ကို အရမ္းသေဘာက်ေနလို႔ Jennieကို ေက်းဇူးတင္စကားေျပာလိုက္သည္

"ရပါတယ္ Chaeyoungရ Lisa လာေခၚေနၿပီ နင့္ကို "

"Chaeyoung "

"Lisa. ..ငါ ဘယ္လိုေနလည္း လွလား "

သူ႕ဆီကို ေလွ်ာက္လာတဲ့ Lisaကို ၾကည့္ၿပီး Chaeyoung ေမးလိုက္သည္

Lisaကေတာ့ ဘာမွျပန္မေျဖဘဲ Chaeyoungကိုသာ စိုက္ၾကည့္ေနသည္

"ဟြန့္ "

Chaeyoungမွာ Lisaကို ဘာမွျပန္မေျဖေသာေၾကာင့္ မ်က္ေစာင္းထိုးလိုက္သည္

"ကဲ Lisaလည္း လာေခၚၿပီဆိုေတာ့ ျပန္ေတာ့ေလေနာ္ အလုပ္ဆင္းရမယ့္ရက္က် ငါ နင့္ဆီ ဖုန္းေခၚလိုက္မယ္ Chaeyoung. ..ဖုန္းနံပါတ္ေပးထားေလ "

"ဟုတ္ၿပီ Jennie ထပ္ၿပီး ေက်းဇူးတင္ပါတယ္ Nayeonကိုေရာဘဲ "

"ကဲ ဒါဆို ငါတို႔သြားၿပီေနာ္ Jennie နဲ႕ Nayeon ေရ"

Lisaတို႔မွာ Nayeonတို႔ကို ႏႈတ္ဆက္ၿပီး ဆိုင္ထဲက ထြက္လာသည္

ကားေပၚသို႔ Lisaေရာက္ေတာ့ ခါးပတ္ပတ္ေနတဲ့ Chaeyoungကို စိုက္ၾကည့္ေနသည္

"Chaeyoung. ..ဒီဆံပင္အေရာင္ေလးနဲ႕ မင္းက အရမ္းလိုက္တာဘဲ "

"ဟြန့္ ခုနေမးတုံးကက် မေျဖဘဲ မေမးမွ လာေျဖတယ္ သြား "

Lisaကို Chaeyoungက ရန္လုပ္ကာ မ်က္ေစာင္းထိုးလိုက္ေတာ့ Lisaမွာ  သေဘာက်ၿပီး ရယ္ေလသည္

အိမ္ျပန္လမ္းတြင္ Chaelisaတို႔ ႏွစ္ေယာက္ တိတ္ဆိတ္ေနျပန္သည္

ထိုသို႔ တိတ္ဆိတ္ေနတာကို Chaeyoung မုန္းသည္

"အဟမ္း....ဟိုေလ Chaeyoung. ..မေန႕က ကိစၥအတြက္ မင္း အဆင္မေျပျဖစ္သြားရင္ ငါ ေတာင္းပန္ပါတယ္ေနာ္ "

"ရပါတယ္ ငါလည္း နင့္ကို အဆင္မေျပျဖစ္ေအာင္ လုပ္ခဲ့မိတာဘဲ"

"အင္းပါ မင္းကို အဆင္မေျပျဖစ္ေအာင္ လုပ္မိတယ္ဆိုရင္ ငါ့ကို ခ်က္ခ်င္းေျပာေနာ္ "

"အဆင္မေျပျဖစ္တယ္ဆိုတာ မရွိပါဘူး Lisaရ...စိတ္ပူမေနနဲ႕ ဒါနဲ႕ ေျပာရအုံးမယ္ နင္က ငါ့က် replyလုပ္ဖို႔ ေျပာၿပီး နင္က် ဘာလို႔ ငါ့ကို reply မလုပ္ရတာလည္း "

"Chaeyoungက ငါ့ Reply ကို ေမွ်ာ္ေနတာလား "

Lisa မွာ Chaeyoungကို ၾကည့္ၿပီး မ်က္ခုံးပင့္ျပၿပီး ေမးေတာ့ Chaeyoungက ေခါင္းခါျပသည္

"မေစာင့္ပါဘူးေနာ္ ဒါေပမယ့္ တစ္စုံတစ္ေယာက္ကို reply ျပန္မလုပ္တာ ရိုင္းတယ္ထင္လို႔..."

Chaeyoung ေျပာရင္း သူမဖုန္းထဲ message ဝင္လာလို႔ ဖုန္းဖြင့္ၾကည့္လိုက္သည္

"တစ္စုံတစ္ေယာက္နဲ႕ စကားေျပာေနခ်ိန္ ဖုန္းၾကည့္တာက ရိုင္းတယ္ေနာ္ Chaeyoung "

Lisaမွာ သူမကို အာ႐ုံမစိုက္ဘဲ ဖုန္းၾကည့္ေနတဲ့ Chaeyoungကို ေျပာလိုက္သည္

"နင္က ငါ့ကို replyမွ မလုပ္တာ ဒီေတာ့ replyလုပ္မယ့္သူနဲ႕ message ပို႔တာ ဘာျဖစ္လည္း "

"မင္းကို reply မလုပ္မိတာေလးကို ဘာလို႔ အရမ္းစိတ္ဆိုးေနရတာလည္း "

"နင္က ငါ့ကို ကစားေနသလိုဘဲ "

"ေရာ္ ငါ မအားလို႔ပါဟ "

"ဒါဆိုလည္း နင္ မအားေၾကာင္း ငါ့ကို စာေလးေတာ့ ပို႔သင့္္တယ္ေလ "

"ငါ မပို႔မိေတာင္ မင္းက ထပ္ပို႔လို႔ရတာဘဲကို "

"Tonyက အဲ့လို message ဆက္တိုက္ပို႔တာ မႀကိဳက္ဘူးတဲ့ "

"ငါက Tonyလား သူ မႀကိဳက္တိုင္း ငါက မႀကိဳက္စရာလား...ဟမ္ "

Lisa အသံက ေဒါသသံပါသြားေသာေၾကာင့္ Chaeyoung ၿငိမ္သြားတယ္

အိမ္ျပန္ေရာက္တဲ့ထိ Chaelisaတို႔မွာ တစ္ေယာက္ကို တစ္ေယာက္စကားမေျပာေပ

အိမ္ေရွ႕လည္းေရာက္ေရာ Chaeyoungမွာ ကားအေပၚက အရင္ဆင္းသြားသည္

Chaeyoung အခန္းထဲဝင္ၿပီး ႀကိဳးနဲ႕စည္းတားေနစဥ္ Lisaကလည္း သူ႕အခန္းထဲ မဝင္ဘဲ Chaeyoung အခန္းထဲ ေရာက္လာသည္

"စည္းေက်ာ္မလာနဲ႕ ငါ စည္းတားထားတယ္ Lisa ..ငါ့ခြင့္ျပဳခ်က္မရွိဘဲ.... "

Chaeyoung စကားမဆုံးေသး Lisaမွာ ႀကိဳးေတြကို ဆြဲျဖဳတ္ၿပီး Chaeyoung အခန္းထဲ ဝင္လာသည္

ထို႔ေနာက္ Chaeyoungကို နံရံဘက္ ေဆာင့္တြန္းၿပီး Chaeyoungရဲ႕ လက္ႏွစ္ဖက္လုံးကို Lisa ခ်ဳပ္လိုက္သည္

"နင္သိလား စည္းေတြကို နင့္ဘက္က ပိုတားထားေလ ဘာျဖစ္မလည္းဆိုတာ သိခ်င္လို႔ ငါ စည္းေက်ာ္လာမိေလဘဲ "

Chaeyoung ရဲ႕ မ်က္လုံးေတြကို စိုက္ၾကည့္ၿပီး Lisa ေျပာလိုက္သည္

Happy birthday ပါ Lisaရဲ႕ Rosiepoopေလးေရ🎂

Heroတို႔ေရ မနက္ျဖန္အတြက္ Fighting💪

Bạn đang đọc truyện trên: Truyen3h.Co