Truyen3h.Co

Unknown Girl

Part 12

KimFany059

#zawgyi






















"ငါ့ကိုလွှတ် Lisa "


"Li. ..."








"Li. ...Lisa. .."

"Yeah Call my name baby "

"အား..."


"နာသွားလားဟင် ဉုံဖွ..."


"လုပ်ချင်တာလုပ်ပြီးမှ ဉုံဖွတဲ့လား ဂျစ်တူးလေးဘဲ "



"နင် ထင်ထားတာထက်တောင် ပို စစ်မှန်ပါသေးတယ် Chaeyoung. .."








**************



"Humm အိပ်ချင်သေးတယ်..."

"မရဘူး ထမှ ဖြစ်မယ်..."

"ဘာလို့လည်း "







"Lisa. .."

"ဟင်... "







#Tbc

#unicode

"ဒီတော့ အဲ့ကောင်နဲ့ စကားပြောနေရလို့ ငါ့ messageကို reply မလုပ်တာပေါ့လေ Chaeyoung "

Lisaမှာ ကားမောင်းရင်း သဝန်တိုတဲ့ လေသံနဲ့ မေးလိုက်သည်

"မဟုတ်ပါဘူး Lisaရယ် ငါ တကယ် မအားလို့ပါ "

"မအားဘူးဆိုလည်း မအားကြောင်း message တစ်စောင်လောက်တော့ ပို့ပေးသင့်ပါတယ် "

"Aww Lisaရယ် ငါက အလုပ်လုပ်နေတာလေဟာ ကိစ္စအကြီးကြီး ဖြစ်အောင် မလုပ်စမ်းပါနဲ့ "

Chaeyoungမှာ သက်ပြင်းချပြီး ပြောတော့ Lisa မှာ ခေါင်းခါရင်း ဘာမှဆက်မပြောတော့ဘဲ  ကားသာဆက်မောင်းနေသည်

အိမ်ကို ပြန်ရောက်တော့ Lisaမှာ ဘာမှမပြောဘဲ ကားပေါ်ကဆင်းပြီး ဆောင့်အောင့်ကာ အိမ်ပေါ်သို့ တက်သွားသည်

Chaeyoung မှာ Lisa နောက်ကို လိုက်သွားပြီး အခန်းထဲ ဝင်တော့မယ့် Lisaလက်ကို လှမ်းဆွဲလိုက်သည်

"နင် သဝန်တိုနေတာလား Lisa "

"မသိဘူးလေ နင်က ဘယ်လိုထင်လို့လည်း Chaeyoung "

"ငါ နင့်ကို သဘောကျတယ်လို့ ပြောထားတာကို နင် သဝန်မတိုသင့်ဘူးလေ Lisaရ "

"ဒါဆို ငါ့ကို ပြော Chaeyoung ...ဆံပင်ညှပ်ဆိုင်မှာ ငါ ဝင်မနှောင့်ယှက်ဘူးဆိုရင် သူက နင့်ကို ဒိတ်ဖို့ခေါ်တာကို လက်ခံမှာလား...."

"ရော် ဘာလို့ လက်ခံရမှာလည်း Lisa ရ...သံသယတွေ မဝင်စမ်းပါနဲ့ "

"သေချာလို့လား....နင်ငါ့ကို သဘောကျတယ်လို့ ပြောတာ အလိမ်အညာတွေလား Chaeyoung... "

"ကျစ် Lisaရာ နင့်ကို အဲ့လို ဖွင့်ပြောဖို့ ငါ ဘယ်လောက်ကြိုးစားခဲ့ရလည်း နင်သိလား....နင်မို့ ငါ့ကို အဲ့လို မေးရက်တယ်...."

Lisaရဲ့ မေးခွန်းကြောင့် Chaeyoungမှာ စိတ်တိုသွားသည်

"Lisa. ..နင် ဘာလို့ နင့် ခံစားချက်တွေကို ငါ့ကို ပြောမပြနိုင်ရတာလည်း နင် ငါ့ကို ကြိုက်လား မကြိုက်လား ရှင်းရှင်းလင်းလင်းပြော ဒါမှ ငါလည်း ငါ့ခံစားချက်ကို ထိန်းလို့ရမှာ "

Chaeyoung ကပြောနေပေမယ့် Lisaကတော့ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်ကာ Chaeyoungကို ကြည့်နေသည်

"ရတယ် နင့်ခံစားချက်တွေကို မပြောချင်ဘူးဆိုလည်း နေ... ငါ "

"ဘာလို့ စိတ်မရှည်နေတာလည်း Chaeyoung. .."

လှည့်ထွက်သွားတော့မယ့် Chaeyoungကို Lisa ဆွဲဖက်လိုက်သည်

"ငါ့ကိုလွှတ် Lisa "

Chaeyoungက ရုန်းနေပေမယ့် Lisaကတော့ Chaeyoung ကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်

"Li. ..."

Chaeyoung စကားကို ဆုံးအောင်မပြောလိုက်ရ....Lisaရဲ့ နူးညံ့တဲ့ နှုတ်ခမ်းတစ်စုံက Chaeyoungရဲ့ နှုတ်ခမ်းပေါ်ကို ကျရောက်လာလို့ Chaeyoungလေးမှာ မျက်လုံးပြူးသွားသည်

Lisaရဲ့ နူးညံ့တဲ့ အနမ်းတွေကြောင့် Chaeyoung ဗိုက်ထဲ လိပ်ပြာတွေ ပျံဝဲသွားသလို ခံစားရသည်

Lisaမှာတော့ Chaeyoungကို ဖက်ပြီး နမ်းရင်း သူမရဲ့ အခန်းထဲသို့ ခေါ်သွားသည်

Chaeyoungရဲ့ အခန်းထဲတွင် Lisaတို့ အနမ်းတိုက်ပွဲ ပြင်းထန်နေသည်

Chaeyoung မှာ Lisaရဲ့ လည်ပင်းကို ဖက်ပြီး အနမ်းတွေကို ပြန်လည်တုံ့ပြန်နေသလို Lisaရဲ့ လျှာလေးဟာလည်း Chaeyoungရဲ့ ခံတွင်းထဲ မွှေနှောက်နေသည်

အနမ်းတိုက်ပွဲ ပြင်းထန်လာတဲ့အခါ Lisaမှာ Chaeyoungကို ကုတင်ပေါ်သို့ တွန်းချလိုက်သည်

ထို့နောက် Chaeyoung ပေါ်သို့ Lisa တက်ခွပြီး ဖြူဖွေးချောမွတ်လှတဲ့ Chaeyoungရဲ့ လည်တိုင်လေးကို Lisa ဖွဖွလေး နမ်းလေသည်

"Li. ...Lisa. .."

"Yeah Call my name baby "

"အား..."

Chaeyoungရဲ့ လည်ပင်းကို Lisaက ကိုင်လိုက်သောကြောင့် Chaeyoung moanသံ ထွက်လာသည်

"နာသွားလားဟင် ဥုံဖွ..."

Chaeyoungရဲ့ လည်ပင်လေးကို နှာခေါင်းလေးနဲ့ပွတ်ပြီး Lisa ပြောတော့ Chaeyoung မှာ သဘောကျပြီး ရယ်လေသည်

"လုပ်ချင်တာလုပ်ပြီးမှ ဥုံဖွတဲ့လား ဂျစ်တူးလေးဘဲ "

"နင် သိလား Chaeyoung... နင့်ကို ငါ ချစ်မိနေပြီ....ဒါကြောင့်မို့ ငါတစ်ယောက်တည်းကိုဘဲ သဘောကျပြီး ချစ်ပေးပါ ..."

"Chaeyoungဆိုတဲ့ ငါကလေ..... ငါ့မျက်လုံးထဲ နင့်တစ်ယောက်ကိုသာ မြင်ပြီး ငါ့နှလုံးသားကလည်း နင်တစ်ယောက်တည်းကိုသာ ချစ်တာပါ Lisa.... ငါတို့ ခံစားချက်တွေက အစစ်အမှန်တွေ မဟုတ်လား.... "

"နင် ထင်ထားတာထက်တောင် ပို စစ််မှန်ပါသေးတယ် Chaeyoung. .."

"Lisa ငါ သိချင်တာ ရှိတယ်....ငါ့ကို ဘယ်တုံးက နင် သဘောကျသွားတာလည်း....ငါ့ကို သဘောကျတဲ့ပုံစံ နင် တစ်ခါမှမပြဖူးလို့ ငါ သိချင်လို့ "

"နင် လုပ်သမျှ သေးသေးလေးကအစ စိတ်ပူနေရင်းကနေ ချစ်မိသွားတာ Chae. ..."

Chaeyoungရဲ့ ရင်ခွင်ထဲ မျက်နှာလေး အပ်ပြီး Lisa ပြောလိုက်သည်

"ပြီးတော့ ခုနက ကိစ္စအတွက် တောင်းပန်ပါတယ် ငါ သဝန်တိုလွန်းသွားလို့ ..."

"သဝန်မတိုပါနဲ့ Lisaရယ် ငါ နင့်တစ်ယောက်တည်းကိုဘဲ ချစ်တာပါ...."

"အဲ့အပြောလေးတွေကြောင့် ငါ ရူးတော့မယ် Chae. ..နင်မရှိဘဲ ငါ ဘယ်လိုနေရပါ့.....ငါ့ကောင်မလေး ဖြစ်ပေးပါလား Chae. .."

Lisa မေးတော့ Chaeyoung မှာ ခေါင်းညိတ်ပြပြီး Lisaရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်

**************
Lisa အိပ်ရာက နိုးလာတော့ သူမ လက်မောင်းပေါ်တွင် အိပ်ပျော်နေတဲ့ Chaeyoungကို ကြည့်ပြီး ပြုံးလိုက်သည်

Chaeyoung ရဲ့ နဖူးလေးကို Lisa နမ်းလိုက်တော့ Chaeyoung မှာ နိုးလာသည်

"နိုးလာပြီလား အိပ်ပုတ်လေး "

"Humm အိပ်ချင်သေးတယ်..."

"မရဘူး ထမှ ဖြစ်မယ်..."

"ဘာလို့လည်း "

"Chaeနဲ့အတူ အချိန်ဖြုန်းချင်လို့ပေါ့ "

Chaeyoungရဲ့ ပါးဖောင်းဖောင်းလေးကို လက်နဲ့တို့ပြီး Lisa ပြောလိုက်သည်

"အပြင်မှာ မိုးရွာနေတာ မဟုတ်လား '

မိုးရွာတဲ့အသံတွေ ကြားရလို့ Chaeyoung မေးတော့ Lisa ခေါင်းညိတ်ပြသည်

"ဒါဆို အခန်းထဲမှာ အချိန်ဖြုန်းမလား "

Devil smileနဲ့ Lisa ကမေးတော့ Chaeyoungမှာ ခေါင်းခါပြီး Lisaရဲ့ နှာခေါင်းလေးကို ဖွဖွလေး ဆွဲညှစ်လိုက်သည်

"Lisa. .."

"ဟင်... "

"ငါ အရာအားလုံးကို သတိရပေမယ့် ငါ ....ငါ တကယ်ရှိရမယ့်နေရာကို ပြန်မသွားချင်ဘူးဆိုရင်...."

"ငါ့အနားမှာဘဲ နေပေးပါ Chaeyoung. ..."

"ငါ့အိမ်မက်တွေကြောင့် ပြန်မသွားချင်တဲ့အပြင်....ငါ ပြန်သွားတဲ့အခါ နင့်ကို ထပ်မတွေ့ရရင် နင်နဲ့ဝေးသွားရင်ဆိုတဲ့ အတွေးကြောင့် ငါ....မှတ်ဥာဏ်ပြန်ရမှာကိုတောင် ကြောက်နေပြီ Lisaရယ် "

"မကြောက်ပါနဲ့ Chaeရယ်...နင် ဘယ်ရောက်ရောက် ငါ အမြဲ နင့်အနားမှာ ရှိနေမှာ နင့်နောက်ဘဲလိုက်နေမှာ....နင့်အနားကနေ တစ်ဖဝါးတောင် မခွာဘူး ယုံနော်.....  "

Lisa ပြောပြီး မျက်ရည်တွေဝဲနေတဲ့ သူ့ချစ်သူကို ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်သည်

Chaeyoung လည်း အလုံခြုံဆုံးသော Lisa ရင်ခွင်ထဲတွင် သက်ပြင်းချလိုက်မိသည်

#Tbc

Bạn đang đọc truyện trên: Truyen3h.Co