Part 13
#Unicode
Chaeyoung တစ်ယောက် Lisaကို ရေချိုးခန်းထားပြီး ဒီနေ့တော့ သူမကဘဲ Lisa အတွက် မနက်စာ ပြင်ပေးနေသည်
Lisaက ကူညီပေးရမလား မေးသော်လည်း Chaeyoungက လက်မခံဘဲ Lisaကို ရေသာချိုးခိုင်းသည်
Lisa ရေချိုးပြီး ထမင်းစားပွဲတွင် ထိုင်ကာ Chaeyoung မနက်စာ ပြင် နေတာကို ပြုံးပြီး ကြည့်နေသည်
Chaeyoungမှာ မနက်စာ ပြင်ဆင်ပြီးနောက် ပန်းကန်တွေကို စားပွဲခုံပေါ် ချလိုက်သည်
"အရသာမဆိုးဖို့ မျှော်လင့်ရမယ် "
Chaeyoung မှာ သူမ ပထမဆုံး ပြင်ထားတဲ့ မနက်စာဖြစ်နေလို့ စားမကောင်းမှာကို စိတ်ပူနေသည်
Lisaမှာ Chaeyoung ပြင်ပေးတဲ့ မနက်စာကို စားနေစဥ် Chaeyoungမှာတော့ Lisaရဲ့ တုံ့ပြန်မှုကို စိတ်လှုပ်ရှားစွာ စောင့်နေသည်
Lisaမှာ Chaeyoungကို ကြည့်ပြီး ပြုံးပြကာ လက်မထောင်ပြသည်
"Wow အရမ်းကောင်းတယ် Chae. ...Cooking videoကို ဘယ်နှခါများကြည့်ခဲ့သလည်း တကယ့် chef ချက်ထားတဲ့ အတိုင်းဘဲ ကောင်းလိုက်တာ "
"ဟီး ဆယ်ကြိမ်လောက်ရှိမယ် မှတ်တောင်မမှတ်မိဘူး "
"စိတ်မပူပါနဲ့ တကယ် ကောင်းတာ Chaeရ...."
"ပထမဆုံးအကြိမ်ဆိုတော့ စိတ်ပူမိတာပေါ့ Lisaရယ် ဒါနဲ့ Lisa အကြိုက်ဆုံး ရုပ်ရှင်က ဘာလည်း '
"ဘာလို့လည်း...."
"အပြင်မှာ မိုးရွာနေတာဆိုတော့ အိမ်ထဲမှာ Lisa အကြိုက်ဆုံး ရုပ်ရှင် အတူတူကြည့်ရအောင်လို့လေ "
Chaeyoung က ပြောတော့ Lisaမှာ ပြုံးပြီး Chaeyoungကို စိုက်ကြည့်နေသည်
"ဘာလို့ လူကိုဘဲ တစ်ချိန်လုံး စိုက်ကြည့်နေတာလည်း မနက်စာလည်း စားပါအုံး အေးကုန်တော့မယ်"
"ငါ အကြိုက်ဆုံး ရုပ်ရှင်က Chaeဘဲ သိလား....Chaeရဲ့ လှုပ်ရှားမှုတွေ Chaeရဲ့ စကားပြောဟန် ပြုံးနေတာလေးတွေကို ကြည့်ရတာ အရမ်း သဘောကျတယ် "
Lisaရဲ့ စကားကြောင့် Chaeyoung ရှက်ပြီး မျက်နှာလေးမှာ ခရမ်းချဥ်သီးလေးလို နီရဲလာသည်
မနက်စာ စားပြီးတဲ့အချိန်မှာတော့ Lisaက ပန်းကန်ဆေးဖို့ တာဝန်ယူမယ် ပြောသောကြောင့် Chaeyoungမှာ ဧည့်ခန်းတွင် ထိုင်ကာ အပြင်ဘက်က မိုးရေစက်တွေကို ငေးကြည့်နေသည်
အိမ်တံခါးကို ဆွဲဖွင့်ပြီး အပြင်ထွက်ကြည့်တော့ မိုးရွာနေတာမို့လို့ ကားတစ်စီး လူတစ်ယောက်ကိုတောင် မတွေ့ရဘဲ ရှင်းလင်းနေသည်
မိုးရေစက်တွေကို လက်ဖဝါးနဲ့ခံရင်း စိတ်ထဲ အမည်မသိတဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာသည်
သူမ အိမ်မက်ထဲက မိုးတွေရွာနေတဲ့အချိန် သဘော်ပေါ်က အဖြစ်အပျက်တွေဟာ Chaeyoung အတွက် ကြောက်ဖို့ကောင်းသလို မိုးရေစက်တွေကိုလည်း chaeyoung နှစ်သက်နေမိသည်
ထိုစဥ် ရုတ်တရက် သူမပေါ် အုပ်မိုးကျလာတဲ့ အရိပ်တစ်ခုကြောင့် မော့ကြည့်တော့ Lisaက သူမကို ထီးဆောင်းပေးထားသည်
Lisaကို တွေ့တာနဲ့ Chaeyoungရဲ့ အပြုံးတွေဟာ အလိုလိုဖြစ်ပေါ်လာသည်
"Lisa. .."
" အပြင်မှာ ဘာထွက်လုပ်နေတာလည်း Chaeရ "
"Lisa date လုပ်ရအောင် "
"ဟင်..."
Lisaဆီက အဖြေမရခင် Chaeyoungမှာ Lisa လက်ကို ဆွဲပြီး မိုးရေထဲပြေးသွားသည်
Lisa လက်က ထီးဟာ ပြုတ်ကျသွားတော့ နှစ်ယောက်သား မိုးရေတွေ စိုကုန်သည်
Chaeyoungကတော့ မိုးရေတွေ စို အဝတ်တွေစိုတာလည်း ဂရုမစိုက်ဘဲ Lisa လက်ကိုဆွဲ အော်ဟစ်ပြီး မိုးရေထဲ ပတ်ပြေးနေသည်
Lisaမှာ ပြေးရတာ မောလာလို့ Chaeyoungလက်ကို ပြန်ဆောင့်ဆွဲလိုက်သည်
သူမ ရင်ခွင်ထဲ ရောက်လာတဲ့ Chaeyoungရဲ့ မျက်နှာကို ဆွဲကိုင်ပြီး Chaeyoungရဲ့ နှုတ်ခမ်းလေးကို Lisa တစ်ယောက် နမ်းလိုက်သည်
Chaeyoungလည်း Lisaရဲ့ လည်တိုင်လေးကို ဖက်ပြီး Lisaရဲ့ အနမ်းတွေကို ပြန်လည်တုံ့ပြန်နေသည်
"ငါလေ နင့်ကို ရူးရူးမိုက်မိုက် ချစ်မိနေပြီ Lisaရယ်....."
"မိုးတွေ တအားသည်းလာပြီ လာ...အထဲဝင်ရအောင် အချစ်ကလေး...."
Chaeyoungရဲ့ နှုတ်ခမ်းလေးကို နမ်းပြီး အိမ်ထဲကို ပြန်ခေါ်လာသည်
"ငါ့ဘဝထဲ နင်ဝင်လာတာ ဘယ်လောက်တောင် တန်ဖိုးရှိလည်းဆိုတာ နင်သိလား Chae. ..."
ကုတင်ပေါ်တွင် Chaeyoung ကို သူမရင်ခွင်ထဲ ဖက်ထားပြီး Lisa မေးလိုက်သည်
"အတူတူပါဘဲ Lisaရယ်....နင်သာ မရှိရင် ငါ့ဘဝက မတွေးရဲစရာပါဘဲ "
"နင်က ငါ့အတွက် ဘုရားကပေးတဲ့ လက်ဆောင်လေးပါဘဲ Chae. .."
Lisa ပြောပြီး Chaeyoung ရဲ့ ဆံကေသာလေးတွေကို နမ်းလိုက်သည်
"ဟိုလေ Lisa. ..ငါက နင့်ချစ်သူဖြစ်နေပြီဆိုတော့ နင့်ရဲ့ ချစ်သူတစ်ယောက်အနေနဲ့ နင့်ရဲ့ အတိတ်ကို သိခွင့်ရမလားဟင် "
Chaeyoung သူမရဲ့ အောက်နှုတ်ခမ်းကို ကိုက်ရင်း မေးလိုက်သည်
"ဘာများလည်း "
"နင့်ရဲ့ Ex အကြောင်း Nayeonတို့ ပြောပြဖူးတယ် ဒါပေမယ့် သေချာမသိရလို့လေ ဘာဖြစ်ခဲ့လည်းဆိုတာ သိချင်တာ...."
Chaeyoungရဲ့ မေးခွန်းကြောင့် Lisa သက်ပြင်းချမိသည်
"ပြောရရင် သူ့အတွက် ငါက မလုံလောက်ခဲ့ဘူး ထင်ပါတယ် ..ငါက ဒီ ကျောင်းကို ဝင်ခွင့်ရဖို့ ကြိုးစားနေချိန် သူ့ကို အချိန်မပေးနိုင်ခဲ့ဘူးလေ အဲ့မှာဘဲ သူက သူ့ကို အချိန်ပေးနိုင်တဲ့သူကို ရှာသွားတာ...."
Lisa သစ္စာဖောက်ခံလိုက်ရကြောင်း သိလိုက်ရတော့ Chaeyoungမှာ စိတ်မကောင်းဖြစ်နေသည်
"ဒါကြောင့်မို့ ဟိုအကောင်နဲ့ Chae ဝေးဝေးနေပါနော် "
"အင်းပါ Chaeက သူ့ကို ဒီတိုင်းဘဲ "
"Chaeက သူငယ်ချင်းလို ခင်ပေမယ့် သူက တစ်မျိုးတွေးနိုင်တယ်လေ သူ့ကိုသဘောကျလို့ စကားပြန်ပြောတယ် ထင်မှာပေါ့ "
"အင်းပါ အခုကစပြီး သူ့ကို ရှောင်တော့မယ်နော် "
"ဟုတ်ပြီ Chaeကို ငါ အရင်တွေ့တာမို့ အဆုံးရှုံးမခံနိုင်ဘူး "
"ဟုတ်ပါပြီရှင် Chaeကို Lisa ဘယ်တော့မှ အဆုံးရှုံး မခံရစေပါဘူး "
"Chaeကို ပိုင်ဆိုင်ခွင့်ရတဲ့ ငါက ကမ္ဘာမှာ ကံအကောင်းဆုံး လူသားပါဘဲ "
"မဟုတ်ပါဘူး Lisaကို ပိုင်ဆိုင်ခွင့်ရလို့ Chaeက အားလုံးထက် ကံကောင်းတဲ့သူ ဖြစ်ခွင့်ရတာပါ "
"အရမ်းချစ်တယ် Chae "
Lisa ပြောပြီး Chaeyoungကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်
#tbc
ဒီနေ့ကြားရမြင်ရတဲ့ သတင်းတွေက တကယ် စိတ်မကောင်းစရာ ကြေကွဲစရာ နာကျည်းစရာတွေပါဘဲ 😔 အားလုံးဘဲ မနက်ဖြန် အစစအရာရာ ဂရုစိုက်ကြပါနော် စိတ်ဓာတ်ကျလည်း ပြန်အားတင်းပြီး နီးစပ်နေတဲ့ အောင်မြင်မှု ပန်းတိုင်ကို အတူတူ သွားကြရအောင်
#Zawgyi
#Unicode
"ဘာလို့လည်း...."
"Lisa. .."
"Lisa date လုပ်ရအောင် "
"ဟင်..."
"ဘာများလည်း "
"အရမ်းချစ်တယ် Chae "
#tbc
Bạn đang đọc truyện trên: Truyen3h.Co