Truyen3h.Co

Unknown Girl

Part 20

KimFany059

#unicode

"Roseanne. ...စိတ်မပူပါနဲ့ အမတို့ မင်းကို ကူညီပေးမယ်...."

Roseanneရဲ့ အမဝမ်းကွဲတွေဖြစ်တဲ့ Seohyunနဲ့ Yuriမှာ Chaeyoung ပြန်ရောက်ပြီဆိုတဲ့ သတင်းကြားတော့ နန်းတော်ထဲ ပြန်ရောက်နေကြပြီး အခြေအနေကို အကဲခတ်ကာ အခန်းထဲ ငိုနေတဲ့ Chaeyoungကို ချော့နေကြသည်

"ပထမဆုံး Roseanne ဖြစ်လာခဲ့သမျှ အကုန်ပြောပြ "

Yuri တစ်ယောက် Chaeyoungရဲ့ ပခုံးကို ပုတ်ပြီး ပြောတော့ Chaeyoung သက်ပြင်းချပြီး ဖြစ်လာသမျှ ပြောပြလိုက်သည်

"Wow တကယ်ဘဲ ငါရှောခ့်ရသွားတယ် နင့်ရဲ့ သူငယ်ချင်းအနေနဲ့ပြောရမယ်ဆို Lisaက တော်တော်ကို ချောပြီး အရမ်းလှတာဘဲ "

Jieunကပြောတော့ Chaeyoung မှာ Jieunကို မျက်စောင်းထိုးလိုက်သည်

(Jieunက အစေခံဆိုပေမယ့် Chaeyoungက သူ့မိဘတွေ ကွယ်ရာမှာ နင်နဲ့ ငါနဲ့ သုံးနှုန်းဖို့ပြောထားလို့ နင်နဲ့ငါဆိုပြီး သုံးနှုန်းထားခြင်း ဖြစ်သည်)

"သူ နင့်ကို ရှာတွေ့သွားလို့ တော်သေးတယ် ကြည့်ပါအုံး Roseanne တစ်ယောက် ထွားလာလိုက်တာများ"

Seohyunမှာ Roseanne ပြောပြတာတွေနားထောင်ရင်း သူမရဲ့ မျက်ရည်တွေကို သုတ်ပြီး ပြောလိုက်သည်

"သူရော သူ့သူငယ်ချင်းတွေ သူ့အမကပါ Chawကို ကောင်းကောင်းမွန်မွန်နဲ့ဆက်ဆံပေး ဂရုစိုက်ပေးကြတယ်သိလား...ပြောရတာအားနာပေမယ့် အမတို့ကိုလည်း Chaw ချစ်ပါတယ် ဒါပေမယ့် ဒီမင်းသမီးဘဝကို Chaw မမက်မောဘူး.... Lisaနဲ့အတူ လွတ်လွတ်လပ်လပ် နေရတဲ့ဘဝကို Chawပိုမက်မောမိတယ်...."

"ငါ နားလည်ပါတယ် နင်ဘာလုပ်လုပ် နင့်ဆုံးဖြတ်ချက်ကို  Support ပေးမယ် "

"Gomawo Seohyun Unnie "

"အဲ့ဒီဘဝမှာ နင် တော်တော်ပျော်နေတဲ့ပုံဘဲ ...ဒါနဲ့ သူ နင့်ကို နာမည်ပေးထားလား နင်ကအတိတ်မေ့ခဲ့တယ်ဆိုတော့ ..."

"Chaeyoungတဲ့ "

"နာမည်လေးကလှသားဘဲ..."

"Hyeri ဆုံးသွားပြီးနောက် နင်အဆင်မပြေဖြစ်နေတာတွေကြည့်ပြီး ငါအမြဲ စိတ်ပူခဲ့တာ ခု နင်အဆင်ပြေနေပြီဆိုတော့ တော်ပါသေးတယ် "

Yuriရဲ့ စကားကြောင့် Hyeriကို Chaeyoung ခဏလောက် သတိရသွားပေမယ့် သူမနှလုံးသားတစ်ခုလုံးက Lisaဆီမှာလေ....

"အတိတ်မှာ မနစ်မွန်းတော့ဘဲ အနာဂတ်ကို ရင်ဆိုင်ချင်ပြီလေ....ဒဏ်ရာတွေကြား ကိုယ့်ကိုကိုယ် စိတ်ဒုက္ခ ခံနေမယ့်အစား .ကိုယ့်ကို တကယ်ချစ်တဲ့ ကောင်မလေးနဲ့ အနာဂတ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းချင်တယ်....."

"Aigoo မင်းသမီးလေးက တော်တော်ရင့်ကျက်လာပြီဘဲ "

"Seohyun Unnieနဲ့တူလို့ပါ ...ပြီးတော့ တစ်ခုလောက် အကူအညီတောင်းလို့ရမလား....Nineကိုလေ Lisaကို အကျဥ်းချထားတဲ့ ထောင်မှာ အစောင့်ချပေးလို့ရမလား..."

"ရတာပေါ့..."

"Chaw ကိုလည်း သူမှဲ့တစ်ပေါက်မစွန်းအောင် ကာကွယ်ပေးခဲ့တာ သူ့ကိုလည်း ဘာမှမထိခိုက်စေချင်ဘူး...."

"ဟုတ်ပါပြီကွယ်...."

Seohyunတို့နဲ့ စကားပြောပြီးနောက် Seohyunတို့ ထွက်သွားတော့ ကုတင်ပေါ်တွင် Chaeyoung တစ်ယောက် ပစ်လှဲလိုက်သည်

တံခါးခေါက်သံကြောင့် Roseanne ခဏအိပ်ပျော်ရာက လန့်နိုးလာသည်

တံခါးဖွင့်ကြည့်တော့ Nineကို တွေ့ရလို့ ဘယ်သူမှမတွေ့ခင် Nineကို အခန်းထဲသို့ Chaeyoung အမြန်ခေါ်လိုက်သည်

"Hey နင့်ကောင်မလေးက ငါ့ကို ဒီ video ပို့ခိုင်းလို့ "

Nine သူ့ဖုန်းကိုပေးတော့ Roseanne ယူပြီး ဖွင့်ကြည့်လိုက်တော့ Video ရိုက်ထားတဲ့ Lisaကို တွေ့ရသည်

"Hey Love. ..ငါ ဒီမှာ အဆင်ပြေတယ်...ထင်ထားတာထက် ပိုအဆင်ပြေတာမို့ ငါ့ကို စိတ်မပူနဲ့နော် Chae ချစ်တယ်..."

Lisaရဲ့ Video လေးကြည့်ပြီး မျက်ရည်တွေဝဲလာသည်

ထို့နောက် သူမပြောချင်တဲ့စကားများကို Video ရိုက်ပြီး Nineကို ဖုန်းပြန်ပေးလိုက်သည်

သံကုတင်ပေါ်တွင် စောင်ခြုံလှဲအိပ်ရင်း ဘယ်အချိန် ရောက်နေပြီလည်းဆိုတာ သိချင်လို့ Lisa မေးလိုက်သည်

"Nine ဘယ်အချိန် ရောက်ပြီလည်း "

တော်သေးသည် သူ့တစ်ယောက်တည်း ထောင်ထဲခက်ခဲနေမယ်ထင်တာ Chaeyoungရဲ့ အမဝမ်းကွဲတွေက ကူညီပေးပြီး Nineကို သူမအနား အစောင့်အဖြစ်ထားပေးလို့ Lisa မပျင်းတော့ဘဲ စကားပြောဖော်ရနေသည်

"ညသန်းခေါင်ရောက်ပြီ အော် ဒါနဲ့ အားလုံး အိပ်ပျော်သွားတဲ့အခါ မင်းသမီးလေးက မင်းကို လာတွေ့လိမ့်မယ် Lisa "

"ငါ ဒီမှာ အဆင်ပြေနေကြောင်း သူ့ကို မင်းမပြောပြဘူးလား...သူ ငါ့ကြောင့် တစ်ခုခုဖြစ်မှာ စိတ်ပူတယ် "

"ဟေး ငါလို အခိုင်းအစေက သူ့ကိုတားခွင့်ရှိလို့လား "

"ဆောရီးပါ...ငါ သူ့ကိုစိတ်ပူလို့ရယ် "

"အင်း ငါကတော့ သူ့ သူငယ်ချင်း အနေနဲ့ပြောရရင် ဂုဏ်ယူမိတယ်...အရင်ရည်းစားနဲ့တုံးက သူ့မိဘတွေရဲ့ထိန်းချုပ်မှုအောက် နေခဲ့ရတယ်လေ "

"သူ့ အရင်ရည်းစားကရော..."

"မတော်တဆမှုကြောင့် ဆုံးသွားတယ်ဆိုလား....အဲ့တုံးက ငြိမ်ခံခဲ့ပေမယ့် အခုတော့ မင်းအတွက် သူပြန်တိုက်ခိုက်နေတာမြင်တော့ သူတော်တော် ရင့်ကျက်လာပြီလို့ ငါတွေးမိတယ်...စိတ်မပူပါနဲ့ Jieunရယ် ငါရယ် သူ့အမဝမ်းကွဲဖြစ်တဲ့ မင်းသမီးနှစ်ယောက်က မင်းတို့နှစ်ယောက်ကို လွတ်မြောက်အောင် ကူညီပေးမှာပါ "

"ကျေးဇူးတင်ပါတယ် Nine "

"လွတ်မြောက်ဖို့ ခက်ခဲမယ်ဆိုပေမယ့် ငါတို့အကောင်းဆုံးကြိုးစားပေးပါမယ် "

"ကျေးဇူးတင်စကားကလွဲပြီး ငါ..."

Lisa ထရပ်ပြီး Nineကို ကျေးဇူးတင်စကားပြောမလို့ရှိသေး ဂါဝန်အနက်ရောင်လေးနဲ့ သူမကို ရပ်ကြည့်နေတဲ့ Chaeyoung ကို မြင်ပြီး အရမ်းလှလွန်းလို့ အသက်ရှူရပ်မတတ် ဖြစ်သွားသည်

"Nine အရှေ့မှာ စောင့်ပေးပါလား "

"ဟုတ် မင်းသမီး...."

Nineလည်း ထွက်သွားရော Chaeyoung မှာ သံတိုင်တွေကြားကနေ Lisaရဲ့ မျက်နှာလေးကို ကိုင်လိုက်သည်

"Lisa အဆင်ပြေရဲ့လား သူတို့နင့်ကို ဘာလုပ်သေးလည်း ငါတောင်းပန်ပါတယ်.... ငါ့ကြောင့် ..."

"မဟုတ်တာ Chaeရယ် ငါ့ကိုကြည့်ပါအုံး ငါအဆင်ပြေတယ်ရယ် စိတ်မပူပါနဲ့ နော် "

"သူတို့ နင့်ကိုသတ်ပစ်မှာကို ငါအရမ်းကြောက်နေတာ "

"စိတ်မပူပါနဲ့ သူတို့ငါ့ကို မသတ်လောက်ပါဘူး "

"ငါ နင့်ကို ဒီကနေ အမြန်ဆုံးထုတ်ပေးနိုင်အောင် ကြိုးစားပါမယ် "

"ပြီးရင် ငါတို့နှစ်ယောက်လုံး ထွက်ပြေးကြမယ်လေနော် "

သံတိုင်ကြားကနေ Chaeyoungရဲ့ လက်ကလေးကို နမ်းရင်း Lisa ပြောလိုက်သည်

"ငါ ပြန်ရောက်လာတဲ့ အထိမ်းအမှတ်အနေနဲ့ welcome party လုပ်ကြမှာတဲ့ နင်ရော လာ joinပါလား Seohyun Unnieတို့က ကူညီပေးလိမ့်မယ်...."

"Chae. ..."

"ဟို ငါနဲ့စေ့စပ်ထားတဲ့ မင်းသားရောလာမှာတဲ့....ဒါပေမယ့် စိတ်မပူနဲ့နော် Lisa ငါ့နှလုံးသားထဲမှာ နင်တစ်ယောက်ဘဲ ရှိတာ ငါနင်ကလွဲပြီး..."

"ငါ ယုံပါတယ် Chaeရယ် အလိမ်အညာတွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးထဲမှာ ငါနင်တစ်ယောက်တည်းကိုဘဲ ယုံကြည်တာ သိလား ငါ့ကို နမ်းပါအုံး Chae. ..."

Lisa ပြောပြီး သံတိုင်နား မျက်နှာလေးကပ်ပေးတော့ Chaeyoung တစ်ယောက် Lisaရဲ့ မျက်နှာလေးကို နမ်းလိုက်သည်

"ငါ့ကိုလည်း နမ်းပါအုံး Lisa. .."

Lisaလည်း သူ့ကောင်မလေးရဲ့ ပါးဖောင်းဖောင်းလေးကို နမ်းလိုက်သည်

" ချစ်တယ်နော် ငါ့ကိုစောင့်နေ တူတူထွက်သွားကြမယ် သိလား အခုတော့. ဘယ်သူမှမတွေ့ခင် ..ငါ သွားတော့မယ်နော် ....."

Lisaကို နှုတ်ဆက်ပြီး Chaeyoung အချုပ်ခန်းထဲက ထွက်လာခဲ့သည်

#Tbc

#zawgyi












"Gomawo Seohyun Unnie "


"Chaeyoungတဲ့ "

"နာမည်လေးကလှသားဘဲ..."






"ရတာပေါ့..."


"ဟုတ်ပါပြီကွယ်...."

















"သူ့ အရင်ရည်းစားကရော..."


"ကျေးဇူးတင်ပါတယ် Nine "





"ဟုတ် မင်းသမီး...."










"Chae. ..."








#Tbc

Bạn đang đọc truyện trên: Truyen3h.Co