Truyen3h.Co

Unknown Girl

Part 3

KimFany059

#unicode

မနက်မိုးလင်းသောအခါ ကောင်မလေးမှာ အိပ်ရာကနေ နိုးလာသည်

ဘေးနားကို ကြည့်လိုက်တော့ Lisaဆိုတဲ့ ကောင်မလေး ရှိမနေတော့ပေ

အောက်ထပ်ကနေ တက်လာတဲ့ ပိုင်မုန့်အနံ့ကြောင့် ကောင်မလေးမှာ ဗိုက်ဆာလာလို့ ကုတင်ပေါ်က ထလာကာ မျက်နှာသစ်ပြီးနောက်  အခန်းထဲက ထွက်လာသည်

အောက်ထပ်ကိုရောက်တော့ Dinning Roomထဲတွင် Lisaနဲ့ အမျိုးသမီးတစ်ယောက် အတူထိုင်ပြီး မုန့်စားနေတာ တွေ့တော့ ကောင်မလေးမှာ နှုတ်ဆက်ပြီး ဝင်ထိုင်ရမလား အိမ်ပေါ်ဘဲ ပြမ်တက်သွားရမလားဆိုပြီး တွေးနေသည်

အမျိုးသမီးမှာ ကောင်မလေးကို တွေ့တော့ ပြုံးပြီး နှုတ်ဆက်လေသည်

"Hey နိုးလာပြီလား မနေ့က မင်းကို ဆေးကုပေးတဲ့သူက ငါလေ "

Taeyeon ပြောပြီး စားပွဲခုံအောက်ကနေ ကောင်မလေးကို နှုတ်ဆက်ဖို့ Lisa ခြေထောက်ကို ဆောင့်ကန်လိုက်သည်

"အု....Hey ...Good Morning ..."

"ဟုတ် Good Morning ပါ ပြီးတော့ ကျေးဇူးတင်ပါတယ်...."

ကောင်မလေးမှာ ဘာလုပ်ရမှန်းမသိလို့ မတ်တပ်ရပ်ပြီး အူကြောင်ကြောင် ဖြစ်နေသည်

"ဒီမှာ လာထိုင်လေ...လာ "

Taeyeonမှာ သူမဘေးနား လာထိုင်ဖို့ ကောင်မလေးကို ခေါ်လိုက်သည်

ကောင်မလေးမှာ ခေါင်းညိတ်ပြပြီး Taeyeonဘေးနား ဝင်ထိုင်လိုက်သည်

"ကျေးဇူးတင်ပါတယ် "

"Unnieနာမည်က Kim Taeyeonပါ Lisaရဲ့ အစ်မလေ ... မင်းက အတိတ်မေ့တယ်...ကိုယ့်နာမည်တောင် ကိုယ်မမှတ်မိဘူးလို့ Lisaက ပြောတယ် "

Taeyeon ပြောရင်း သူမဘေးနားက ကောင်မလေးကို ကြည့်လိုက်သည်

"ဒါနဲ့ မင်းက တော်တော်လေး လှတာဘဲနော် "

Taeyeonမှာ သူမကို မျက်လုံးအဝိုင်းသားနဲ့ ကြည့်နေတဲ့ ကောင်မလေးရဲ့ မေးစေ့ကို ကိုင်ပြီး ပြောလိုက်သည်

ကောင်မလေးမှာ Taeyeon အပြုအမူကြောင့် ရှက်ပြီး မျက်နှာလေးနီရဲသွားတယ်

"ကျေး ကျေးဇူးတင်ပါတယ် Unnie Taeyeonလည်း တော်တော်လေးကို လှ လှပါတယ် "

"အဟမ်း အချင်းချင်း လှတယ် ဘာညာ အီနေတာ ရပ်ပြီး မနက်စာ ဆက်စားရအောင် "

Lisaမှာ သူ့အစ်မနဲ့ ကောင်မလေး အီစီကလီ ပုံစံဖြစ်နေတာကို ဆက်မကြည့်နိုင်လို့ ချောင်းဟန်လိုက်သည်

ထို့နောက် ကော်ဖီကရားနဲ့ ကော်ဖီခွက်တွေကို ယူပြီး ကော်ဖီငှဲ့ပေးကာ Taeyeonနဲ့ ကောင်မလေးကို Lisa ပေးလိုက်သည်

"ကျေးဇူးတင်ပါတယ် "

ကောင်မလေးမှာ Lisaပေးတဲ့ ကော်ဖီခွက်ကို ယူပြီး ကျေးဇူးတင်စကား ပြောလိုက်သည်

ကောင်မလေး ကော်ဖီကို သောက်နေစဥ် Taeyeonမှာ ကောင်မလေးကို စိုက်ကြည့်နေသည်

"ဘယ်လိုလည်း ကော်ဖီက ကောင်းတယ်မလား "

"ဟုတ်..."

Taeyeon က မေးတော့ ကောင်မလေးမှာ ခေါင်းညိတ်ပြသည်

"အဲ့တာက Baby Lisaဖျော်တာလေ သူက ကော်ဖီဖျော်တာ အရမ်းကျွမ်းတာ "

"Unnieကတော့ မြှောက်နေပြန်ပါပြီ.... ဒါနဲ့ ဟိုတစ်ယောက် မနက်စာစားပြီးရင် ဆေးရုံသွားရအောင်နော် "

Lisa ပြောတော့ ကောင်မလေးမှာ ခေါင်းညိတ်ပြသည်

"ဒါဆို မနက်စာ စားပြီးရင် Unnie အလုပ်သွားတော့မယ်နော်...မင်းကတော့ Baby Lisaနဲ့အတူ ဆေးရုံသေချာသွားပြနော် "

"Baby Lisa? "

ကောင်မလေးမှာ Taeyeonရဲ့ အခေါ်အဝေါ်ကို နားမလည်ဘဲ အူကြောင်ကြောင် ဖြစ်နေသည်

"Aww Baby Lisaဆိုတာ Lisaက Unnieထက် ငယ်လို့ ကလေးလေး ညီမလေး Lisaဆိုပြီး ခေါ်တာ ...အင်း ပြီးတော့ ချစ်သူအနေနဲ့ ခေါ်မယ်ဆို အချစ်ကလေးပေါ့ "

Taeyeon မျက်ခုံးပင့်ပြပြီး ကောင်မလေးကို ရှင်းပြလိုက်သည်

ကောင်မလေးမှာ Taeyeon ပြောတာ နားထောင်ပြီး ခေါင်းညိတ်လိုက်သည်

"Baby Lisa "

ဖူး ဖလူး....

ကောင်မလေးက သူမကို baby lisaလို့ ခေါ်သောကြောင့် Lisaမှာ သောက်နေတဲ့ ကော်ဖီတွေ သီးကုန်သည်

"အာ ငါ့ကို ဒီတိုင်း Lisa Manoban ဒါမှမဟုတ် Lisaလို့ဘဲ ခေါ်ပါ "

"အာ တောင်းပန်ပါတယ် မရည်ရွယ်ပါဘူး "

"အမလေး  သူ့ဘာသာသူ ရှက်ပြီး သီးကုန်တာကို တောင်းပန်စရာမလိုပါဘူး ဒါဆို Unnieကို ခွင့်ပြုပါအုံး အလုပ်သွားတော့မယ်နော် "

Taeyeon မနက်စာစားပြီးနောက် အလုပ်ကို ထွက်သွားတော့ Lisaမှာ သူ့အဝတ်အစားတစ်ချို့ကို ကောင်မလေး ဝတ်ပေးဖို့ ထုတ်ပေးလေသည်

"ရော့ အဝတ်အစားတွေ ကုတင်ပေါ်တင်ပေးထားတယ် ရေချိုးအဝတ်အစားလဲပြီးရင် ထွက်လာခဲ့နော် စောင့်နေမယ် "

Lisaပြောပြီး ကောင်မလေးရဲ့ အခန်းထဲကနေ ထွက်လာသည်

မိနစ်နှစ်ဆယ်ကြာတော့ ကောင်မလေးမှာ အခန်းထဲက ထွက်လာသည်

"အကြာကြီး စောင့်လိုက်ရလား တောင်းပန်ပါတယ်နော် ဟီး "

"ရပါတယ် ဆေးရုံကတော့ ဒီကနဲ့ နည်းနည်းဝေးတယ်ရယ် ကားတော့ တော်တော်စီးရမှာ "

Lisa ပြောပြီး ကောင်မလေး  ကို အိမ်အပြင်သို့ ခေါ်သွားလေသည်

Lisaမှာ ကားတံခါးဖွင့်ပေးပြီး ကောင်မလေးကို ကားပေါ် တက်ခိုင်းသည်

Lisaလည်း ကားပေါ်တက်လာရော ကောင်မလေးမှာ ခါးပတ်ပတ်ပြီးသား ဖြစ်နေသည်

"Humm ခါးပတ်လည်း ပတ်တတ်တယ် မနက်စာလည်းစားနိုင်တယ် သွားဘယ်လိုတိုက် ရေဘယ်လိုချိုးရမလည်းဆိုတာ သိပေမယ့် တစ်ခြားဟာတွေကျ ဘာမှသတိမရဘူးပေါ့ "

"အင်း ဟုတ်တယ်....ငါ ဘယ်လိုဘဲ မှတ်မိအောင် ကြိုးစားပါစေ မရဘူးဖြစ်နေတယ် ရေချိုး သွားတိုက်တာကျ လုပ်နေကျမို့ မှတ်မိတာ ထင်တယ်..... ငါ့နာမည်လေးတောင် ငါစဥ်းစားမရဘူး ဟူး "

ကောင်မလေးမှာ သက်ပြင်းချပြီး ကား ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်လိုက်သည်

"စိတ်မပူပါနဲ့ ဆရာဝန်နဲ့ တွေ့တဲ့အခါကျ အဆင်ပြေသွားမှာပါ...."

Lisa ကားမောင်းရင်း ကောင်မလေးကို နှစ်သိမ့်လိုက်သည်

"နင်ရော ငါ့အကြောင်း ဘာမှမသိဘူးလားဟင် "

"ရော် ငါသာ နင့်အကြောင်း သိရင် နင့်ကို ချက်ချင်း နင့်အိမ် ပြန်ပို့လိုက်မှာပေါ့...."

"ဟူး "

ထိုစဥ် Lisa ဆီ ဖုန်းဝင်လာသောကြောင့် ကားမောင်းနေတုံးမို့ စပီကာဖွင့်ကာ ဖုန်းကိုင်လိုက်သည်

"Hey Dude နင် အသက်ရှင်သေးသားဘဲ "

Jeongyeonရဲ့အသံကြောင့် Lisa မျက်မှောင်ကြုတ်သွားတယ်

"ဘာတုံးဟ အသက်မရှင်လို့ ငါက ဘာဖြစ်ရမှာလည်း "

"ဟို ထူးဆန်းတဲ့ ကောင်မလေးက မင်းကို ဘာမှမလုပ်ပါဘူးမလား... "

Jisooက အော်မေးတော့ Lisa ရယ်လိုက်သည်

"သူ ငါ့ကို ဘာမှမလုပ်ပါဘူး Jisooရ "

"တော်သေးတာပေါ့ သူ မင်းကို တစ်ခုခုလုပ်လိုက်ပြီလို့ ငါတို့က ထင်နေတာ "

Seulgiက သက်ပြင်းချပြီး ပြောတော့ သူတို့ပြောနေတာတွေ နားထောင်နေတဲ့ ကောင်မလေးမှာ မျက်မှောင်ကြုတ်သွားသည်

"ဟဲ့ သူ့ကိုသာ ငါတစ်ခုခုလုပ်ချင်ရင် မနေ့ညကတည်းက လုပ်ပစ်လိုက်မှာ သိလား "

ကောင်မလေးရဲ့ စကားကြောင့် တစ်ဖက်က Jisooတို့ အုပ်စုမှာ အသံတိတ်သွားကြသည်

Lisaကတော့ စွာတေးလန်ကောင်မလေးကြောင့် ရယ်လိုက်မိသည်

"ကဲ ကြားတယ်နော် ငါးကောင်တို့ရေ....ပြောစရာမရှိတော့ဘူး မဟုတ်လား ဒါဆို ဖုန်းချလိုက်တော့မယ် ငါ သူ့ကို ဆေးရုံသွားပြနေတာမို့ "

"Ok ok see you Lisa "

Jisooတို့ ဖုန်းချသွားတော့ Lisaမှာ ကားမောင်းရင်း ကောင်မလေးကို ကြည့်လိုက်သည်

"ငါ့သူငယ်ချင်းတွေပြောတာ စိတ်ထဲမထားပါနဲ့ ...သူတို့က မမျှော်လင့်ဘဲ မင်းကို ဒဏ်ရာတွေနဲ့ တွေ့လိုက်ရလို့ ကြောက်နေကြတာပါ သိတယ်မလား mafia ခေါင်းဆောင် ဘာညာတွေ အတွေးလွန်နေတာ...."

"ရပါတယ် ငါကသာ ငါ့ကို ကယ်ပြီး ကူညီပေးလို့ ကျေးဇူးတင်ရမှာ....'

"ကျေးဇူးတင်စရာမလိုပါဘူး... ငါက မကြည့်ရက်လို့ရယ်..."

ဆေးရုံကိုရောက်တော့ ကောင်မလေးမှာ ခေါင်းကို ဓာတ်မှန်ရိုက်နေစဥ် Lisaကတော့ ဆရာဝန်ရဲ့ ရုံးခန်းတွင် စောင့်နေသည်

ခဏကြာသောအခါ ဆရာဝန်နဲ့ ကောင်မလေးတို့ ရုံးခန်းထဲ ဝင်လာကြပြီး ဆရာဝန်မှာ ဓာတ်မှန်ရိုက်ထားတဲ့ resultကို ကြည့်နေသည်

"အင်း ကြည့်ရသလောက် သူ ခေါင်းကို မာကျောတဲ့အရာတစ်ခုနဲ့ အရှိန်ပြင်းပြင်း ရိုက်မိထားပုံပေါ်တယ်.....ဒီမှာ ဒဏ်ရာလေး ဖြစ်နေတယ် အဲ့တာကြောင့် သူ အတိတ်မေ့နေတာ.....စိတ်မပူပါနဲ့ ကျွန်တော်ပေးတဲ့ ဆေးကို ပုံမှန်သောက် ခေါင်းက ဒဏ်ရာပျောက်ပြီး အချိန်နည်းနည်းကြာလာရင် ပြန်ပြီး သတိရလာမှာပါ..."

"ကျေးဇူးတင်ပါတယ် Doctor "

Lisaမှာ ဆေးတွေယူပြီး ဆရာဝန်ကို ကျေးဇူးတင်စကားပြောလိုက်သည်

ကားပေါ်တွင် ကောင်မလေးမှာ Lisaကို မျက်နှာငယ်လေးနဲ့ ကြည့်နေသည်

"ဟိုလေ ငါ အားလုံးကို သတိပြန်ရလာတဲ့အထိ နင့်အိမ်မှာနေလို့ရလားဟင် Lisa. ..ငါ့မှာ နင်ကလွဲပြီး တစ်ခြား ဘာမှမသိလို့လေ.....နော် "

"ဟူး ကူညီလက်စနဲ့ ကူညီလိုက်မယ်လေ.. ပြီးတော့......Chaeyoung. ..မင်းနာမည်ကို Chaeyoung လို့ခေါ်မယ်....Chaeyoungက BLACKPINKထဲက ငါသဘောကျတဲ့ တစ်ယောက်ရဲ့ နာမည်မို့ "

"Yeah finally ငါ နာမည်ရပြီ မဟုတ်ရင် နင့်ဆီကနေ ဟေး ဟိုတစ်ယောက်ဆိုပြီး ခေါ်ခံရတာကြီး မကြိုက်လို့....ငါ့နာမည်က Chae. ..Chaeyoungပေါ့ ဟိဟိ "

နာမည်ရတာကို ကလေးတစ်ယောက်လို လက်ခုပ်တီးပြီး ပျော်နေတဲ့ Chaeyoungကို ကြည့်ရင်း Lisa ခေါင်းခါကာ ရယ်လိုက်မိသည်

"အခုလောလောဆယ် မင်းအတွက် အဝတ်အစားတွေ သွားဝယ်ဖို့ ဘေထုပ်တန်းသွားရအောင် "

"ဟင် "

"စတာပါ shopping mall သွားမယ်ပြောတာ "

Lisaမှာ သူ့ဘာသာသူ ပြောပြီး သဘောကျလို့ တခွီးခွီးနဲ့ ရယ်ရင်း ကားစက်နှိုးလိုက်သည်

#tbc

#zawgyi

မနက္မိုးလင္းေသာအခါ ေကာင္မေလးမွာ အိပ္ရာကေန နိုးလာသည္

ေဘးနားကို ၾကည့္လိုက္ေတာ့ Lisaဆိုတဲ့ ေကာင္မေလး ရွိမေနေတာ့ေပ

ေအာက္ထပ္ကေန တက္လာတဲ့ ပိုင္မုန့္အနံ႕ေၾကာင့္ ေကာင္မေလးမွာ ဗိုက္ဆာလာလို႔ ကုတင္ေပၚက ထလာကာ မ်က္ႏွာသစ္ၿပီးေနာက္  အခန္းထဲက ထြက္လာသည္

ေအာက္ထပ္ကိုေရာက္ေတာ့ Dinning Roomထဲတြင္ Lisaနဲ႕ အမ်ိဳးသမီးတစ္ေယာက္ အတူထိုင္ၿပီး မုန့္စားေနတာ ေတြ႕ေတာ့ ေကာင္မေလးမွာ ႏႈတ္ဆက္ၿပီး ဝင္ထိုင္ရမလား အိမ္ေပၚဘဲ ျပမ္တက္သြားရမလားဆိုၿပီး ေတြးေနသည္

အမ်ိဳးသမီးမွာ ေကာင္မေလးကို ေတြ႕ေတာ့ ၿပဳံးၿပီး ႏႈတ္ဆက္ေလသည္

"Hey နိုးလာၿပီလား မေန႕က မင္းကို ေဆးကုေပးတဲ့သူက ငါေလ "

Taeyeon ေျပာၿပီး စားပြဲခုံေအာက္ကေန ေကာင္မေလးကို ႏႈတ္ဆက္ဖို႔ Lisa ေျခေထာက္ကို ေဆာင့္ကန္လိုက္သည္

"အု....Hey ...Good Morning ..."

"ဟုတ္ Good Morning ပါ ၿပီးေတာ့ ေက်းဇူးတင္ပါတယ္...."

ေကာင္မေလးမွာ ဘာလုပ္ရမွန္းမသိလို႔ မတ္တပ္ရပ္ၿပီး အူေၾကာင္ေၾကာင္ ျဖစ္ေနသည္

"ဒီမွာ လာထိုင္ေလ...လာ "

Taeyeonမွာ သူမေဘးနား လာထိုင္ဖို႔ ေကာင္မေလးကို ေခၚလိုက္သည္

ေကာင္မေလးမွာ ေခါင္းညိတ္ျပၿပီး Taeyeonေဘးနား ဝင္ထိုင္လိုက္သည္

"ေက်းဇူးတင္ပါတယ္ "

"Unnieနာမည္က Kim Taeyeonပါ Lisaရဲ႕ အစ္မေလ ... မင္းက အတိတ္ေမ့တယ္...ကိုယ့္နာမည္ေတာင္ ကိုယ္မမွတ္မိဘူးလို႔ Lisaက ေျပာတယ္ "

Taeyeon ေျပာရင္း သူမေဘးနားက ေကာင္မေလးကို ၾကည့္လိုက္သည္

"ဒါနဲ႕ မင္းက ေတာ္ေတာ္ေလး လွတာဘဲေနာ္ "

Taeyeonမွာ သူမကို မ်က္လုံးအဝိုင္းသားနဲ႕ ၾကည့္ေနတဲ့ ေကာင္မေလးရဲ႕ ေမးေစ့ကို ကိုင္ၿပီး ေျပာလိုက္သည္

ေကာင္မေလးမွာ Taeyeon အျပဳအမူေၾကာင့္ ရွက္ၿပီး မ်က္ႏွာေလးနီရဲသြားတယ္

"ေက်း ေက်းဇူးတင္ပါတယ္ Unnie Taeyeonလည္း ေတာ္ေတာ္ေလးကို လွ လွပါတယ္ "

"အဟမ္း အခ်င္းခ်င္း လွတယ္ ဘာညာ အီေနတာ ရပ္ၿပီး မနက္စာ ဆက္စားရေအာင္ "

Lisaမွာ သူ႕အစ္မနဲ႕ ေကာင္မေလး အီစီကလီ ပုံစံျဖစ္ေနတာကို ဆက္မၾကည့္နိုင္လို႔ ေခ်ာင္းဟန္လိုက္သည္

ထို႔ေနာက္ ေကာ္ဖီကရားနဲ႕ ေကာ္ဖီခြက္ေတြကို ယူၿပီး ေကာ္ဖီငွဲ႕ေပးကာ Taeyeonနဲ႕ ေကာင္မေလးကို Lisa ေပးလိုက္သည္

"ေက်းဇူးတင္ပါတယ္ "

ေကာင္မေလးမွာ Lisaေပးတဲ့ ေကာ္ဖီခြက္ကို ယူၿပီး ေက်းဇူးတင္စကား ေျပာလိုက္သည္

ေကာင္မေလး ေကာ္ဖီကို ေသာက္ေနစဥ္ Taeyeonမွာ ေကာင္မေလးကို စိုက္ၾကည့္ေနသည္

"ဘယ္လိုလည္း ေကာ္ဖီက ေကာင္းတယ္မလား "

"ဟုတ္..."

Taeyeon က ေမးေတာ့ ေကာင္မေလးမွာ ေခါင္းညိတ္ျပသည္

"အဲ့တာက Baby Lisaေဖ်ာ္တာေလ သူက ေကာ္ဖီေဖ်ာ္တာ အရမ္းကြၽမ္းတာ "

"Unnieကေတာ့ ျမႇောက္ေနျပန္ပါၿပီ.... ဒါနဲ႕ ဟိုတစ္ေယာက္ မနက္စာစားၿပီးရင္ ေဆး႐ုံသြားရေအာင္ေနာ္ "

Lisa ေျပာေတာ့ ေကာင္မေလးမွာ ေခါင္းညိတ္ျပသည္

"ဒါဆို မနက္စာ စားၿပီးရင္ Unnie အလုပ္သြားေတာ့မယ္ေနာ္...မင္းကေတာ့ Baby Lisaနဲ႕အတူ ေဆး႐ုံေသခ်ာသြားျပေနာ္ "

"Baby Lisa? "

ေကာင္မေလးမွာ Taeyeonရဲ႕ အေခၚအေဝၚကို နားမလည္ဘဲ အူေၾကာင္ေၾကာင္ ျဖစ္ေနသည္

"Aww Baby Lisaဆိုတာ Lisaက Unnieထက္ ငယ္လို႔ ကေလးေလး ညီမေလး Lisaဆိုၿပီး ေခၚတာ ...အင္း ၿပီးေတာ့ ခ်စ္သူအေနနဲ႕ ေခၚမယ္ဆို အခ်စ္ကေလးေပါ့ "

Taeyeon မ်က္ခုံးပင့္ျပၿပီး ေကာင္မေလးကို ရွင္းျပလိုက္သည္

ေကာင္မေလးမွာ Taeyeon ေျပာတာ နားေထာင္ၿပီး ေခါင္းညိတ္လိုက္သည္

"Baby Lisa "

ဖူး ဖလူး....

ေကာင္မေလးက သူမကို baby lisaလို႔ ေခၚေသာေၾကာင့္ Lisaမွာ ေသာက္ေနတဲ့ ေကာ္ဖီေတြ သီးကုန္သည္

"အာ ငါ့ကို ဒီတိုင္း Lisa Manoban ဒါမွမဟုတ္ Lisaလို႔ဘဲ ေခၚပါ "

"အာ ေတာင္းပန္ပါတယ္ မရည္႐ြယ္ပါဘူး "

"အမေလး  သူ႕ဘာသာသူ ရွက္ၿပီး သီးကုန္တာကို ေတာင္းပန္စရာမလိုပါဘူး ဒါဆို Unnieကို ခြင့္ျပဳပါအုံး အလုပ္သြားေတာ့မယ္ေနာ္ "

Taeyeon မနက္စာစားၿပီးေနာက္ အလုပ္ကို ထြက္သြားေတာ့ Lisaမွာ သူ႕အဝတ္အစားတစ္ခ်ိဳ႕ကို ေကာင္မေလး ဝတ္ေပးဖို႔ ထုတ္ေပးေလသည္

"ေရာ့ အဝတ္အစားေတြ ကုတင္ေပၚတင္ေပးထားတယ္ ေရခ်ိဳးအဝတ္အစားလဲၿပီးရင္ ထြက္လာခဲ့ေနာ္ ေစာင့္ေနမယ္ "

Lisaေျပာၿပီး ေကာင္မေလးရဲ႕ အခန္းထဲကေန ထြက္လာသည္

မိနစ္ႏွစ္ဆယ္ၾကာေတာ့ ေကာင္မေလးမွာ အခန္းထဲက ထြက္လာသည္

"အၾကာႀကီး ေစာင့္လိုက္ရလား ေတာင္းပန္ပါတယ္ေနာ္ ဟီး "

"ရပါတယ္ ေဆး႐ုံကေတာ့ ဒီကနဲ႕ နည္းနည္းေဝးတယ္ရယ္ ကားေတာ့ ေတာ္ေတာ္စီးရမွာ "

Lisa ေျပာၿပီး ေကာင္မေလး  ကို အိမ္အျပင္သို႔ ေခၚသြားေလသည္

Lisaမွာ ကားတံခါးဖြင့္ေပးၿပီး ေကာင္မေလးကို ကားေပၚ တက္ခိုင္းသည္

Lisaလည္း ကားေပၚတက္လာေရာ ေကာင္မေလးမွာ ခါးပတ္ပတ္ၿပီးသား ျဖစ္ေနသည္

"Humm ခါးပတ္လည္း ပတ္တတ္တယ္ မနက္စာလည္းစားနိုင္တယ္ သြားဘယ္လိုတိုက္ ေရဘယ္လိုခ်ိဳးရမလည္းဆိုတာ သိေပမယ့္ တစ္ျခားဟာေတြက် ဘာမွသတိမရဘူးေပါ့ "

"အင္း ဟုတ္တယ္....ငါ ဘယ္လိုဘဲ မွတ္မိေအာင္ ႀကိဳးစားပါေစ မရဘူးျဖစ္ေနတယ္ ေရခ်ိဳး သြားတိုက္တာက် လုပ္ေနက်မိဳ႕ မွတ္မိတာ ထင္တယ္..... ငါ့နာမည္ေလးေတာင္ ငါစဥ္းစားမရဘူး ဟူး "

ေကာင္မေလးမွာ သက္ျပင္းခ်ၿပီး ကား ျပတင္းေပါက္အျပင္ဘက္ကို ေငးၾကည့္လိုက္သည္

"စိတ္မပူပါနဲ႕ ဆရာဝန္နဲ႕ ေတြ႕တဲ့အခါက် အဆင္ေျပသြားမွာပါ...."

Lisa ကားေမာင္းရင္း ေကာင္မေလးကို ႏွစ္သိမ့္လိုက္သည္

"နင္ေရာ ငါ့အေၾကာင္း ဘာမွမသိဘူးလားဟင္ "

"ေရာ္ ငါသာ နင့္အေၾကာင္း သိရင္ နင့္ကို ခ်က္ခ်င္း နင့္အိမ္ ျပန္ပို႔လိုက္မွာေပါ့...."

"ဟူး "

ထိုစဥ္ Lisa ဆီ ဖုန္းဝင္လာေသာေၾကာင့္ ကားေမာင္းေနတုံးမို႔ စပီကာဖြင့္ကာ ဖုန္းကိုင္လိုက္သည္

"Hey Dude နင္ အသက္ရွင္ေသးသားဘဲ "

Jeongyeonရဲ႕အသံေၾကာင့္ Lisa မ်က္ေမွာင္ၾကဳတ္သြားတယ္

"ဘာတုံးဟ အသက္မရွင္လို႔ ငါက ဘာျဖစ္ရမွာလည္း "

"ဟို ထူးဆန္းတဲ့ ေကာင္မေလးက မင္းကို ဘာမွမလုပ္ပါဘူးမလား... "

Jisooက ေအာ္ေမးေတာ့ Lisa ရယ္လိုက္သည္

"သူ ငါ့ကို ဘာမွမလုပ္ပါဘူး Jisooရ "

"ေတာ္ေသးတာေပါ့ သူ မင္းကို တစ္ခုခုလုပ္လိုက္ၿပီလို႔ ငါတို႔က ထင္ေနတာ "

Seulgiက သက္ျပင္းခ်ၿပီး ေျပာေတာ့ သူတို႔ေျပာေနတာေတြ နားေထာင္ေနတဲ့ ေကာင္မေလးမွာ မ်က္ေမွာင္ၾကဳတ္သြားသည္

"ဟဲ့ သူ႕ကိုသာ ငါတစ္ခုခုလုပ္ခ်င္ရင္ မေန႕ညကတည္းက လုပ္ပစ္လိုက္မွာ သိလား "

ေကာင္မေလးရဲ႕ စကားေၾကာင့္ တစ္ဖက္က Jisooတို႔ အုပ္စုမွာ အသံတိတ္သြားၾကသည္

Lisaကေတာ့ စြာေတးလန္ေကာင္မေလးေၾကာင့္ ရယ္လိုက္မိသည္

"ကဲ ၾကားတယ္ေနာ္ ငါးေကာင္တို႔ေရ....ေျပာစရာမရွိေတာ့ဘူး မဟုတ္လား ဒါဆို ဖုန္းခ်လိဳက္ေတာ့မယ္ ငါ သူ႕ကို ေဆး႐ုံသြားျပေနတာမို႔ "

"Ok ok see you Lisa "

Jisooတို႔ ဖုန္းခ်သြားေတာ့ Lisaမွာ ကားေမာင္းရင္း ေကာင္မေလးကို ၾကည့္လိုက္သည္

"ငါ့သူငယ္ခ်င္းေတြေျပာတာ စိတ္ထဲမထားပါနဲ႕ ...သူတို႔က မေမွ်ာ္လင့္ဘဲ မင္းကို ဒဏ္ရာေတြနဲ႕ ေတြ႕လိုက္ရလို႔ ေၾကာက္ေနၾကတာပါ သိတယ္မလား mafia ေခါင္းေဆာင္ ဘာညာေတြ အေတြးလြန္ေနတာ...."

"ရပါတယ္ ငါကသာ ငါ့ကို ကယ္ၿပီး ကူညီေပးလို႔ ေက်းဇူးတင္ရမွာ....'

"ေက်းဇူးတင္စရာမလိုပါဘူး... ငါက မၾကည့္ရက္လို႔ရယ္..."

ေဆး႐ုံကိုေရာက္ေတာ့ ေကာင္မေလးမွာ ေခါင္းကို ဓာတ္မွန္ရိုက္ေနစဥ္ Lisaကေတာ့ ဆရာဝန္ရဲ႕ ႐ုံးခန္းတြင္ ေစာင့္ေနသည္

ခဏၾကာေသာအခါ ဆရာဝန္နဲ႕ ေကာင္မေလးတို႔ ႐ုံးခန္းထဲ ဝင္လာၾကၿပီး ဆရာဝန္မွာ ဓာတ္မွန္ရိုက္ထားတဲ့ resultကို ၾကည့္ေနသည္

"အင္း ၾကည့္ရသေလာက္ သူ ေခါင္းကို မာေက်ာတဲ့အရာတစ္ခုနဲ႕ အရွိန္ျပင္းျပင္း ရိုက္မိထားပုံေပၚတယ္.....ဒီမွာ ဒဏ္ရာေလး ျဖစ္ေနတယ္ အဲ့တာေၾကာင့္ သူ အတိတ္ေမ့ေနတာ.....စိတ္မပူပါနဲ႕ ကြၽန္ေတာ္ေပးတဲ့ ေဆးကို ပုံမွန္ေသာက္ ေခါင္းက ဒဏ္ရာေပ်ာက္ၿပီး အခ်ိန္နည္းနည္းၾကာလာရင္ ျပန္ၿပီး သတိရလာမွာပါ..."

"ေက်းဇူးတင္ပါတယ္ Doctor "

Lisaမွာ ေဆးေတြယူၿပီး ဆရာဝန္ကို ေက်းဇူးတင္စကားေျပာလိုက္သည္

ကားေပၚတြင္ ေကာင္မေလးမွာ Lisaကို မ်က္ႏွာငယ္ေလးနဲ႕ ၾကည့္ေနသည္

"ဟိုေလ ငါ အားလုံးကို သတိျပန္ရလာတဲ့အထိ နင့္အိမ္မွာေနလို႔ရလားဟင္ Lisa. ..ငါ့မွာ နင္ကလြဲၿပီး တစ္ျခား ဘာမွမသိလို႔ေလ.....ေနာ္ "

"ဟူး ကူညီလက္စနဲ႕ ကူညီလိုက္မယ္ေလ.. ၿပီးေတာ့......Chaeyoung. ..မင္းနာမည္ကို Chaeyoung လို႔ေခၚမယ္....Chaeyoungက BLACKPINKထဲက ငါသေဘာက်တဲ့ တစ္ေယာက္ရဲ႕ နာမည္မို႔ "

"Yeah finally ငါ နာမည္ရၿပီ မဟုတ္ရင္ နင့္ဆီကေန ေဟး ဟိုတစ္ေယာက္ဆိုၿပီး ေခၚခံရတာႀကီး မႀကိဳက္လို႔....ငါ့နာမည္က Chae. ..Chaeyoungေပါ့ ဟိဟိ "

နာမည္ရတာကို ကေလးတစ္ေယာက္လို လက္ခုပ္တီးၿပီး ေပ်ာ္ေနတဲ့ Chaeyoungကို ၾကည့္ရင္း Lisa ေခါင္းခါကာ ရယ္လိုက္မိသည္

"အခုေလာေလာဆယ္ မင္းအတြက္ အဝတ္အစားေတြ သြားဝယ္ဖို႔ ေဘထုပ္တန္းသြားရေအာင္ "

"ဟင္ "

"စတာပါ shopping mall သြားမယ္ေျပာတာ "

Lisaမွာ သူ႕ဘာသာသူ ေျပာၿပီး သေဘာက်လိဳ႕ တခြီးခြီးနဲ႕ ရယ္ရင္း ကားစက္ႏွိုးလိုက္သည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co