Part 4
#Unicode
Chaelisaတို့ အိမ်ပြန်ရောက်တော့ Taeyeonကို အထုပ်အပိုးတွေနဲ့ တွေ့လိုက်ရသည်
"Unnie ဘယ်သွားမလို့လည်း "
"Aww Fany မိဘတွေက နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတယ်တဲ့ အဲ့တာ Fanyက သရဲကြောက်လို့ လာခဲ့ပါဆိုပြီး ခေါ်နေလို့ "
Taeyeon စပ်ဖြီးဖြီးနဲ့ ပြောတော့ Lisa ခေါင်းခါလိုက်သည်
"Awe Fany Unnieကတော့ သရဲထက် Taeyeon Unnieက ပိုကြောက်ဖို့ကောင်းတယ်ဆိုတာ မသိရှာဘူး...."
"ဘာပြောတယ် "
"ဟီး ဘာမှမပြောပါဘူး ကောင်းကောင်းပျော်ခဲ့ပါ.....ဘိုင့်ရီး "
Taeyeon အထုတ်တွေကို ကူသယ်ပေးပြီး ကားရှိရာထိ လိုက်ပို့ကာ Lisa နှုတ်ဆက်လိုက်သည်
ထို့နောက် Lisa အိမ်ထဲကို ပြန်ဝင်လာသည်
"Taeyeon Unnieက ဘယ်သွားတာလည်းဟင် "
"သူ့ချစ်သူဆီ သွားတာပါ အင်း ဒီအိမ်မှာ အခု နင်နဲ့ငါ နှစ်ယောက်ထဲ ရှိတော့တာဆိုတော့ ငါနဲ့အတူနေမယ်ဆို စည်းကမ်းတစ်ချို့တော့ရှိတယ် အဲ့စည်းကမ်းတွေကို နင် လိုက်နာရမယ် "
"ဘာစည်းကမ်းတွေလည်း "
"ငါ့အခန်းထဲကို ငါ့ခွင့်ပြုချက်မရှိဘဲ မဝင်ရဘူး "
"ဘာလို့လည်း နင့်ကို ငါ တစ်ခုခုလုပ်မှာ စိတ်ပူလို့လား ဟဟ "
Lisaကို ကြည့်ပြီး ရယ်ပြီး Ros ပြောလိုက်သည်
"အင်းပါ ထားပါတော့ ရပါတယ်လေ ဒါဆို နင်လည်း ငါ့ခွင့်ပြုချက်မရှိဘဲ ငါ့အခန်းထဲ မဝင်ရဘူးနော် Lisa "
"ဟင် ဒါက ငါ့အိမ်လေ ငါ့အိမ်က အခန်းတိုင်း ငါဝင်ခွင့်ရှိတာဘဲ "
Lisa စကားကြောင့် Chaeyoung သက်ပြင်းချပြီး
"အင်းပါ နင်ပြောသလို နင့်အိမ်ဆိုတော့ နင်လုပ်ချင်သလိုလုပ်လို့ရပါတယ် ဒါပေမယ့် ငါ့အခန်းထဲ ဝင်မယ်ဆို တံခါးခေါက်နော် ..."
"ခေါက်ဘူးကွာ "
Lisa ပြောင်ချော်ချော်လုပ်ပြီး Chaeyoung ရဲ့ နဖူးကို လက်နဲ့တောက်တော့ Chaeyoungမှာ နဖူးကို ကိုင်ကာ သူမနှုတ်ခမ်းကို ကိုက်ပြီး Lisaကို ရန်လုပ်လေသည်
"ကားအကြာကြီးစီးရလို့ ပင်ပန်းနေတယ် ခဏနားအုံးမယ် ....ငါ နိုးလာရင် စားဖို့ တစ်ခုခုချက်ထားပေးနော် "
Chaeyoungမှာ Lisaကို မှာပြီး သူမ အခန်းထဲ ဝင်သွားကာ တံခါးလော့ချလိုက်သည်
Lisaမှာ သူမကို အမိန့်ပေးသွားတဲ့ Chaeyoungကို အူကြောင်ကြောင်နဲ့ ကြည့်ရင်းသာ အခန်းပေါက်ဝတွင် ကျန်ခဲ့သည်
Chaeyoungကတော့ အခန်းထဲတွင် ကုတင်ပေါ်သို့ ပစ်လှဲပြီး အခန်းထဲက Tvကို ဖွင့်လိုက်သည်
Tvက လာနေတဲ့ Dramaကို Chaeyoung စိတ်ဝင်တစားကြည့်နေသည်
Drama ကြည့်ရင်း Chaeyoung တစ်ယောက် တော်တော်ခံစားလွယ်ပြီး ငိုလိုက်ရယ်လိုက် ဖြစ်နေသည်
ခဏကြာတော့ အခန်းတံခါးခေါက်သံကြောင့် Chaeyoung အငိုရပ်လိုက်သည်
"Chaeyoung ငါပါ Lisa "
Chaeyoung ကုတင်ပေါ်က အမြန်ထပြီး အခန်းတံခါး ဖွင့်ပေးလိုက်သည်
"Baby Lisa လာ ဒီ Drama တော်တော်ကောင်းတာ "
Chaeyoung အခန်းတံခါးဖွင့်ပြီး Lisa လက်ကို ဆွဲကာ အခန်းထဲခေါ်လာသည့်အပြင် Baby Lisaလို့ပါ ခေါ်နေသောကြောင့် Lisa ရှက်ပြီး မျက်နှာလေး နီရဲသွားသည်
"နေ နေ...နေပါအုံး နင်က ငါ့ကို baby Lisaလို့ ခေါ်လိုက်တာလား "
"ဟုတ်တယ်လေ Taeyeon Unnieကလည်း နင့်ကို ခုနက အဲ့လိုခေါ်တာဘဲ ပြီးတော့ ဒီ Dramaထဲက မင်းသမီးက သူ့ချစ်သူကို Babyလို့ခေါ်တာ...ငါရော နင့်ကို အဲ့လိုခေါ်လို့ မရဘူးလားဟင် "
အင်နိုးစန့်ရုပ်လေးနဲ့ Chaeyoung စကားကြောင့် Lisaမှာ ဘာပြောရမှန်းမသိ ဖြစ်နေသည်
"ဟို... ဘာလို့လည်းဆိုတော့..."
"ဘာလို့လည်းဆိုတော့ ငါတို့က သူငယ်ချင်းဖြစ်နေလို့လား နင်က ငါ့ထက် အသက်ကြီးနေလို့လား "
Lisa ရဲ့စကားကို ဖြတ်ပြီး Chaeyoung မေးလိုက်သည်
"နင့်အသက် နင်တောင် မမှတ်မိတာကို ဘာတွေ လာမေးနေတာလည်း Chaeyoungရ ငါ့ကို Lisaလို့သာ ခေါ်စမ်းပါ ကြားလား"
Chaeyoungနဖူးကို လက်နဲ့တောက်ပြီး Lisa ပြောလိုက်သည်
"Baby "
Lisaကို Chaeyoungက Babyလို့ ဆက်ခေါ်နေသောကြောင့် Lisa သက်ပြင်းချပြီး အခန်းထဲက ထွက်သွားလေသည်
"ဘာလို့ နင့်ကို babyလို့ ခေါ်လို့မရတာလည်း "
Chaeyoung မှာ ချစ်စရာကောင်းတဲ့ aegyoအသံနဲ့ Lisa နောက်ကို လိုက်သွားပြီး မေးလေသည်
"Chaeyoung ငါ့အခန်းထဲ ခွင့်ပြုချက်မရဘဲ မဝင်ရဘူးလို့ ပြောထားတာကို သတိရတယ်မလား "
သူမ အခန်းထဲ ဝင်လာတဲ့ Chaeyoung ကို Lisa သတိပေးလိုက်သည်
"အင်း သတိရတယ်လေ အဲ့တာကြောင့် နင့်ကို ဘာလို့ babyလို့ ခေါ်မရတာလည်းဆိုတာ ရှင်းပြ "
Lisaကတော့ ဘာမှမပြောဘဲ ခေါင်းခါရင်း သူ့အံဆွဲထဲက တိပ်အမည်းကို ယူလိုက်သည်
ထို့နောက် အခန်းတံခါးတွင် တိပ်အမည်းကို ကပ်လိုက်သည်
"ဒီတိပ်နဲ့ တားထားတာကို တွေ့တယ်မလား အဲ့တားထားတဲ့ စည်းကို ကျော်မလာနဲ့ "
"ဟွန့် လူဆိုး Baby "
"ငါ့ကို babyလို့ မခေါ်ဘူး ပြောနေတာ အခါတစ်ရာလောက်ရှိတော့မယ်နော် Chaeyoung "
"ကဲပါ အဲ့တားထားတဲ့ တိပ်စည်းကို ကျော်မိရင် ဘာဖြစ်မှာလည်း "
"သတ္တိရှိရင် လုပ်ကြည့်လေ "
"နင် သိလား စည်းတွေကို နင့်ဘက်က ပိုတားထားလေ ဘာဖြစ်မလည်းဆိုတာ သိချင်လို့ ငါ စည်းကျော်မိချင်တယ် "
Chaeyoung ပြောပြီး တိပ်ကို ကိုင်လိုက်သည်
"ဒါပေမယ့် ငါ နင့်ကို Respect ထားလို့ စည်းမကျော်တော့ပါဘူး "
Chaeyoung ပြောပြီး လှည့်ထွက်သွားတော့ Lisaမှာ Chaeyoung စကားတွေကြောင့် အာခေါင်တွေ ခြောက်လာသလို ခံစားရသည်
အခန်းတံခါးကို အမြန်ပိတ်ပြီး စားပွဲပေါ်က ရေဘူးယူသောက်နေစဥ် အပြင်ဘက်က Chaeyoung စကားကြောင့် ရေသီးသွားလေသည်
"Baby Lisaရယ် ငါ့အပေါ် အရမ်း မရက်စက်ပါနဲ့ "
"ဖွီး အဟွတ်ဟွတ်.... "
ညစာစားပြီးနောက်မှာတော့ Chaeyoungမှာ Lisaက ဟင်းချက်ပေးထားရတာမို့ ပန်းကန်ဆေးဖို့ တာဝန်ယူလိုက်သည်
Chaeyoung ပန်းကန်ဆေးနေစဥ် Lisaက ရေချိုးနေသည်
ပန်းကန်ဆေးပြီးနောက် Chaeyoung ဧည့်ခန်းထဲလာရင်း TV စင်ဘေးနားက ဂစ်တာတစ်လက်ကို တွေ့ရလေသည်
Chaeyoung ဂစ်တာကို ကိုင်ကြည့်တော့ ဂစ်တာတွင် Lisa နာမည်ထွင်းထားတာကို တွေ့ရသည်
Chaeyoung ဂစ်တာတီးကြည့်ချင်ပေမယ့် Lisa ဆီက ခွင့်ပြုချက်တောင်းဖို့ ဆုံးဖြတ်လိုက်တယ်
"Lisa ငါ ဂစ်တာ တီးလို့ရလား "
Chaeyoung မှာ Lisaရဲ့ အခန်းတံခါးကိုခေါက်ရင်း မေးလိုက်သည်
"ဘာလည်း "
Lisaမှာ အဝတ်အစားဝတ်နေရင်း ပြန်ဖြေလိုက်သည်
"နင့် ဂစ်တာကို ခဏယူတီးလို့ရလားလို့ ..."
"အင်း ရတယ် သေချာဂရုစိုက်နော် "
"Ok ကျေးဇူး Lisa "
Lisa တစ်ယောက် အဝတ်အစားလဲ ဆံပင်သေချာသုတ်ပြီး အခန်းထဲက ထွက်လာစဥ် ဧည့်ခန်းက ဆိုဖာပေါ်တွင် ဒူးလေးချိတ်ပြီး ဂစ်တာတီးနေတဲ့ Chaeyoungကို တွေ့ပြီး ကျောက်ရုပ်လို ဖြစ်သွားလေသည်
#tbc
#zawgyi
"ဘာပြောတယ် "
"ဘာစည်းကမ်းတွေလည်း "
"ခေါက်ဘူးကွာ "
"Chaeyoung ငါပါ Lisa "
"Baby "
"ဟွန့် လူဆိုး Baby "
"ဖွီး အဟွတ်ဟွတ်.... "
"ဘာလည်း "
"Ok ကျေးဇူး Lisa "
#tbc
Bạn đang đọc truyện trên: Truyen3h.Co