Truyen3h.Co

Unknown Girl

Part 5

KimFany059

#Unicode

"မင်းက ဂစ်တာလည်း တီးတတ်တယ် နော် "

Lisa ရဲ့ စကားကြောင့် Chaeyoung ဂစ်တာတီးရာက ရပ်သွားသည်

"ဟုတ်တယ် ငါ ဂစ်တာကို မြင်တော့ အရမ်းတီးချင်လာတာနဲ့ နင့်ဆီက ခွင့်တောင်းပြီး တီးကြည့်တာ....ထူးဆန်းတယ် ဒီလက်ကွက်တွေကျ အကုန်မှတ်မိနေတယ် "

"မင်း တီးနေကျမို့လို့ နေမှာပေါ့..."

"Lisa "

"အင်း "

"ငါ အလုပ်လုပ်ချင်လို့ "

"ခေါင်းခိုက်မိထားတာကို အလုပ်လုပ်နိုင်ပါ့မလား "

"နင့်အိမ်မှာလည်း ဒိတိုင်း မနေချင်လို့ "

"ငါပါ အလုပ်ကူရှာပေးမယ်လေ "

"ရပါတယ် နင်က ကျောင်းလည်းတက်ရသေးတယ်မလား "

"ငါ နင့်ကို လမ်းပျောက်တာမျိုး မဖြစ်စေချင်လို့ပါ Chaeyoungရ "

"နင့်စေတနာကို ငါ နားလည်ပါတယ် ...နင် ငါ့ကို အများကြီး ကူညီပေးထားတယ်လေ Lisaရ အဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် "

"နင် တစ်ယောက်တည်း တကယ် အဆင်ပြေလို့လား "

Chaeyoungရဲ့ မျက်နှာကို သေချာစိုက်ကြည့်ပြီး Lisa မေးလိုက်တယ်

"တကယ် အဆင်ပြေပါတယ်ဟ ငါသေမလို အခြေအနေကိုတောင် ကျော်ဖြတ်ခဲ့တာဘဲကို နင် ငါ့ကို အရမ်း စိတ်ပူစိုးရိမ်နေတာဘဲ Lisa.... "

Lisaကို Chaeyoung စလိုက်တော့ Lisaမှာ မျက်နှာရှုံ့မဲ့ပြီး

"ဆုတောင်းလေ ငါက သူစိမ်းနယ်မြေထဲ နင် ဒုက္ခ ထပ်ရောက်ရင် ငါဘဲ ထပ်ကယ်ရမှာမို့ ပြောတာ ဘာမှစိတ်ပူမနေဘူး "

Lisa ပြောပြီး အိမ်ပေါ်သို့ တက်သွားသည်

*********

နောက်တစ်နေ့မနက် Chaeyoung နိုးလာတော့ Lisa အခန်းတံခါးက ပွင့်နေလို့ ချောင်းကြည့်တော့ Lisa မရှိပေ

ဒါကြောင့်မို့ အခန်းတံခါးကို Chaeyoung သေချာပိတ်ပေးပြီး အောက်ထပ်ကို ဆင်းလာသည်

မီးဖိုခန်းထဲ Lisaကို မတွေ့ရသောကြောင့် ကျောင်းသွားတယ်လို့ Chaeyoung တွေးလိုက်ပြီး ထိုင်ခုံတွင် ထိုင်လိုက်သည်

စားပွဲခုံပေါ်က အုပ်ဆောင်းကို ဖယ်လိုက်တော့ ပိုက်ဆံတစ်ချို့နဲ့ စာရွက်အပိုင်းအစကို တွေ့လိုက်ရသည်

စာရွက်အပိုင်းအစကို Chaeyoung ယူကြည့်တော့ မြေပုံလေး ဖြစ်နေသည်

ဟုတ်ပါတယ် အခုမှ ဒီနယ်မြေထဲရောက်တဲ့ Chaeyoung အတွက် သွားရလာရလွယ်အောင် Lisa တစ်ယောက် နောက်ကျမှ အိပ်ရာဝင်ပြီး မြေပုံထိုင်ဆွဲနေခဲ့ခြင်း ဖြစ်သည်

Chaeyoung မြေပုံကို ကြည့်ကာ ပြုံးလိုက်ပြီး Lisa လုပ်ပေးတဲ့ မနက်စာ စားလိုက်သည်

ထို့နောက် ရေချိူး အဝတ်အစားလဲပြီး မိတ်ကပ်ပါးပါးလေး လိမ်းကာ Lisa မြေပုံကို ကြည့်ပြီး ဘတ်စ်ကား မှတ်တိုင်သို့ ထွက်လာခဲ့သည်

Chaeyoung ပထမဆုံး တွေးမိတာက သူမက ဂစ်တာတီးတတ်လို့ bandပါတဲ့ coffeeဆိုင်တစ်ဆိုင လိုက်ရှာပြီး အလုပ်လျှောက်ဖို့ စဥ်းစားလိုက်သည်

ကော်ဖီဆိုင်တစ်ချို့ကို မြေပုံထဲရှာတွေ့ပြီးနောက် ဘတ်စ်ကားလာလို့ ဘတ်စ်ကားပေါ်သို့ တက်လိုက်သည်

ပြတင်းပေါက်ဘေးတွင် Chaeyoung ထိုင်လိုက်ပြီး လေကောင်းလေသန့်ကို ရှူကာ ပတ်ဝန်းကျင်ကို ကြည့်ရင်း သူမဆင်းရမယ့် မှတ်တိုင်ကိုရောက်တော့ ဘတ်စ်ကားပေါ်က ဆင်းလာခဲ့သည်

Coffeeဆိုင်တွေဆီ လိုက်ရှာနေရင်း ဆိုင်တစ်ဆိုင်ကို ရောက်တော့ ဂစ်တာတီးတတ်တဲ့သူကို ခေါ်နေကြောင်း တွေ့ရတော့ Chaeyoung အလုပ်ဝင်လျှောက်ဖို့ တွေးလိုက်သည်

ထိုဆိုင်ထဲ ဝင်ပြီး ဆိုင်ပိုင်ရှင်ပေးတဲ့ အလုပ်လျှောက်လွှာ Formကို ဖြည့်ပြီး ပြန်ဖတ်နေတုံး ကောင်လေး တစ်ယောက် ရောက်လာသည်

"ဟို စိတ်မရှိရင် ကျွန်တော့်ကို ဘောပင်ခဏငှားလို့ရလားဟင် "

"Aww ရပါတယ် ရော့ "

Chaeyoung လည်း သူ့လက်ထဲက ဘောပင်ကို ကောင်လေးကို ပေးလိုက်သည်

Chaeyoung သူမ လျှောက်လွှာကို သေချာဖတ်ပြီး စိတ်တိုင်းကျပြီဆိုမှ ဆိုင်ရှင်ဆီ လျှောက်လွှာအပ်လိုက်သည်

လျှောက်လွှာထဲက ဖြည့်မယ့် လိပ်စာ ဘာညာများကို ရှေ့နေလောင်း Lisa သင်ပေးတဲ့အတိုင်း Chaeyoung လျှောက်ရွှီးဖြည့်ခဲ့တယ်....ဖုန်းနံပါတ်ကိုလည်း Lisa ဖုန်းနံပါတ် ထည့်ခဲ့ပြီး မှတ်ပုံတင်ကတော့ ကျပျောက်သွားလို့ ပြန်လျှောက်ထားတယ်ဆိုပြီး လိမ်ထားခဲ့တယ်လေ

ဆိုင်ရှင်က အလုပ်ခန့်ဖြစ်ရင် ဖုန်းဆက်မယ်ပြောလို့ ဆိုင်ထဲက ထွက်လာစဥ် ခုန ဘောပင်လာငှားတဲ့ ကောင်လေးမှာ Chaeyoung ပခုံးကို လှမ်းပုတ်သည်

"ဒီမှာဗျာ့ ခုနငှားထားတဲ့ ဘောပင်လေး ပြန်ပေးတာ "

"Aww ဟုတ် "

"ဒီက တစ်ယောက်ကလည်း အလုပ်လာလျှောက်တာလား "

"ဟုတ်ပါတယ်... "

"အာ ဒါဆို တူတူဘဲပေါ့ ကျွန်တော်လည်း အလုပ်လာလျှောက်တာ ကျွန်တော့်နာမည်က Tony ပါ ဒီက တစ်ယောက်နာမည်ကရော"

"Aww ဟုတ် Kim Chaeyoung  ပါ "

"နာမည်လေးက လှတယ်နော် စိတ်မရှိရင် ဘောပင်ငှားပေးလို့ နေ့လည်စာ ဝယ်ကျွေးချင်လို့...လက်ခံပေးပါလား "

Tonyက တောင်းဆိုတာနဲ့ Chaeyoung လည်း ဗိုက်ဆာနေတာနဲ့ နေ့လည်စာအတူစားဖို့ သဘောတူလိုက်သည်

At restaurant

"Chaeyoung ဖုန်းနံပါတ်လေး သိခွင့်ရှိမလားဟင် "

Tonyကမေးတော့ Chaeyoung အအေးသောက်ရာက ခေါင်းခါပြသည်

"Sorryပါရှင် Chaeမှာ ဖုန်းမရှိလို့ '

"Aww စိတ်မကောင်းစရာဘဲ ဒါပေမယ့် ရပါတယ်လေ ကျွန်တော် ဖုန်းနံပါတ် ပေးထားမယ် ဖုန်းဝယ်ပြီးတဲ့အခါ ကျွန်တော့်ကို ဆက်သွယ်နော် "

Tony ပြောပြီး သူ့အိတ်ကပ်ထဲက စာရွက်လေးထုတ်ကာ ဖုန်းနံပါတ်ချရေးလိုက်သည်

ထို့နောက် Chaeyoungကို ထိုစာရွက်လေး ပေးလိုက်သည်

နေ့လည်စာစားပြီးနောက် Tony တစ်ယောက် Chaeyoungကို အိမ်ပြန်ပို့ပေးသည်

"နေ့လည်စာအတွက်ရော အိမ်ပြန်လိုက်ပို့ပေးတဲ့အတွက်ရော ကျေးဇူးတင်ပါတယ်ရှင် နောက်တစ်ခါ Chaeက အရသာရှိတဲ့ နေ့လည်စာ ပြန်ဝယ်ကျွေးပါမယ် "

"ရပါတယ်ဗျာ Chaeyoung တစ်နေရာရာသွားချင်တဲ့အခါ ဖုန်းရှိလာတဲ့အခါ ကျွန်တော့်ကို ဆက်သွယ်လိုက်နော် Bye "

Chaeyoungလည်း Tonyကို လက်ပြနှုတ်ဆက်ပြီး အိမ်ထဲဝင်မယ်လုပ်တော့ အိမ်တံခါးပေါက်ဝတွင် သူမကို ခါးထောက်ကြည့်နေတဲ့ Lisaကို တွေ့ရသည်

"Lisa ကျောင်းကပြန်လာပြီလား...."

"အင်း "

"ငါ အလုပ်တစ်ခု လျှောက်လာတယ် ရမရတော့ မသိသေးဘူး နင်ဆွဲပေးတဲ့ မြေပုံက ငါ့အတွက် တော်တော်အသုံးဝင်တယ်တော့ "

"အလုပ်ရှာတဲ့အပြင် ကောင်လေးပါ ရှာလာတာလား Chaeyoung "

Lisa သူကိုယ်တိုင်တောင် မသိလိုက်ဘဲ ပါးစပ်ကနေ လွှတ်ခန ပြောထွက်လိုက်မိသည်

"အာ သူက အလုပ်လျှောက်ရင်း ဆိုင်မှာ တွေ့တဲ့ သူငယ်ချင်းပါ ငါ့ကိုနေ့လည်စာပါ လိုက်ကျွေးတဲ့အပြင် အိမ်ပါပြန်ပို့ပေးတယ်လေ ပြီးတော့ သူ့ဖုန်းနံပါတ်ပါ ပေးသေးတယ် "

"Aww "

"သူက စိတ်ရင်းလည်းကောင်းသလို ချောလည်းချောတယ်တော့ "

Lisa ကို စနောက်ချင်စိတ် ဖြစ်လာလို့ Chaeyoung စလိုက်သည်

"ငါ့ထက်ချောတာလား "

Lisa မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်

"ဒါပေါ့ နင့်ထက်ချောတယ် နင့်ထက်လည်း ငါ့ကို စိတ်ရှည်ပေးတယ် "

"Excuse Chaeyoung shii ငါက နင့်ကို ကယ်လာခဲ့တဲ့သူနော် ခုနကမှ တွေ့ခဲ့တဲ့ အကောင်နဲ့ ငါ့လာယှဥ်နေတာလား "

"နင် သဝန်တိုနေတာလား Lisa "

Chaeyoung မေးတော့ Lisa ချောင်းဟန့်ပြီး

"အာ ငါက ဘာလို့ သဝန်တိုရမှာလည်း အဟမ်း ညနေကျ ငါ့သူငယ်ချင်းတွေလာလိမ့်မယ် Party အသေးစားလုပ်မှာမို့ နင်လည်း Joinချင် Joinလို့ရတယ် ဒါဘဲ "

Lisa ပြောပြီး Chaeyoung ရှေ့က လှည့်ထွက်လာကာ အိမ်ပေါ်သို့ တက်သွားသည်

#TBC

#zawgyi

"မင္းက ဂစ္တာလည္း တီးတတ္တယ္ ေနာ္ "

Lisa ရဲ႕ စကားေၾကာင့္ Chaeyoung ဂစ္တာတီးရာက ရပ္သြားသည္

"ဟုတ္တယ္ ငါ ဂစ္တာကို ျမင္ေတာ့ အရမ္းတီးခ်င္လာတာနဲ႕ နင့္ဆီက ခြင့္ေတာင္းၿပီး တီးၾကည့္တာ....ထူးဆန္းတယ္ ဒီလက္ကြက္ေတြက် အကုန္မွတ္မိေနတယ္ "

"မင္း တီးေနက်မိဳ႕လို႔ ေနမွာေပါ့..."

"Lisa "

"အင္း "

"ငါ အလုပ္လုပ္ခ်င္လို႔ "

"ေခါင္းခိုက္မိထားတာကို အလုပ္လုပ္နိုင္ပါ့မလား "

"နင့္အိမ္မွာလည္း ဒိတိုင္း မေနခ်င္လို႔ "

"ငါပါ အလုပ္ကူရွာေပးမယ္ေလ "

"ရပါတယ္ နင္က ေက်ာင္းလည္းတက္ရေသးတယ္မလား "

"ငါ နင့္ကို လမ္းေပ်ာက္တာမ်ိဳး မျဖစ္ေစခ်င္လို႔ပါ Chaeyoungရ "

"နင့္ေစတနာကို ငါ နားလည္ပါတယ္ ...နင္ ငါ့ကို အမ်ားႀကီး ကူညီေပးထားတယ္ေလ Lisaရ အဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္ "

"နင္ တစ္ေယာက္တည္း တကယ္ အဆင္ေျပလို႔လား "

Chaeyoungရဲ႕ မ်က္ႏွာကို ေသခ်ာစိုက္ၾကည့္ၿပီး Lisa ေမးလိုက္တယ္

"တကယ္ အဆင္ေျပပါတယ္ဟ ငါေသမလို အေျခအေနကိုေတာင္ ေက်ာ္ျဖတ္ခဲ့တာဘဲကို နင္ ငါ့ကို အရမ္း စိတ္ပူစိုးရိမ္ေနတာဘဲ Lisa.... "

Lisaကို Chaeyoung စလိုက္ေတာ့ Lisaမွာ မ်က္ႏွာရႈံ႕မဲ့ၿပီး

"ဆုေတာင္းေလ ငါက သူစိမ္းနယ္ေျမထဲ နင္ ဒုကၡ ထပ္ေရာက္ရင္ ငါဘဲ ထပ္ကယ္ရမွာမို႔ ေျပာတာ ဘာမွစိတ္ပူမေနဘူး "

Lisa ေျပာၿပီး အိမ္ေပၚသို႔ တက္သြားသည္

*********

ေနာက္တစ္ေန႕မနက္ Chaeyoung နိုးလာေတာ့ Lisa အခန္းတံခါးက ပြင့္ေနလို႔ ေခ်ာင္းၾကည့္ေတာ့ Lisa မရွိေပ

ဒါေၾကာင့္မို႔ အခန္းတံခါးကို Chaeyoung ေသခ်ာပိတ္ေပးၿပီး ေအာက္ထပ္ကို ဆင္းလာသည္

မီးဖိုခန္းထဲ Lisaကို မေတြ႕ရေသာေၾကာင့္ ေက်ာင္းသြားတယ္လို႔ Chaeyoung ေတြးလိုက္ၿပီး ထိုင္ခုံတြင္ ထိုင္လိုက္သည္

စားပြဲခုံေပၚက အုပ္ေဆာင္းကို ဖယ္လိုက္ေတာ့ ပိုက္ဆံတစ္ခ်ိဳ႕နဲ႕ စာ႐ြက္အပိုင္းအစကို ေတြ႕လိုက္ရသည္

စာ႐ြက္အပိုင္းအစကို Chaeyoung ယူၾကည့္ေတာ့ ေျမပုံေလး ျဖစ္ေနသည္

ဟုတ္ပါတယ္ အခုမွ ဒီနယ္ေျမထဲေရာက္တဲ့ Chaeyoung အတြက္ သြားရလာရလြယ္ေအာင္ Lisa တစ္ေယာက္ ေနာက္က်မွ အိပ္ရာဝင္ၿပီး ေျမပုံထိုင္ဆြဲေနခဲ့ျခင္း ျဖစ္သည္

Chaeyoung ေျမပုံကို ၾကည့္ကာ ၿပဳံးလိုက္ၿပီး Lisa လုပ္ေပးတဲ့ မနက္စာ စားလိုက္သည္

ထို႔ေနာက္ ေရခ်ိဴး အဝတ္အစားလဲၿပီး မိတ္ကပ္ပါးပါးေလး လိမ္းကာ Lisa ေျမပုံကို ၾကည့္ၿပီး ဘတ္စ္ကား မွတ္တိုင္သို႔ ထြက္လာခဲ့သည္

Chaeyoung ပထမဆုံး ေတြးမိတာက သူမက ဂစ္တာတီးတတ္လို႔ bandပါတဲ့ coffeeဆိုင္တစ္ဆိုင လိုက္ရွာၿပီး အလုပ္ေလွ်ာက္ဖို႔ စဥ္းစားလိုက္သည္

ေကာ္ဖီဆိုင္တစ္ခ်ိဳ႕ကို ေျမပုံထဲရွာေတြ႕ၿပီးေနာက္ ဘတ္စ္ကားလာလို႔ ဘတ္စ္ကားေပၚသို႔ တက္လိုက္သည္

ျပတင္းေပါက္ေဘးတြင္ Chaeyoung ထိုင္လိုက္ၿပီး ေလေကာင္းေလသန့္ကို ရႉကာ ပတ္ဝန္းက်င္ကို ၾကည့္ရင္း သူမဆင္းရမယ့္ မွတ္တိုင္ကိုေရာက္ေတာ့ ဘတ္စ္ကားေပၚက ဆင္းလာခဲ့သည္

Coffeeဆိုင္ေတြဆီ လိုက္ရွာေနရင္း ဆိုင္တစ္ဆိုင္ကို ေရာက္ေတာ့ ဂစ္တာတီးတတ္တဲ့သူကို ေခၚေနေၾကာင္း ေတြ႕ရေတာ့ Chaeyoung အလုပ္ဝင္ေလွ်ာက္ဖို႔ ေတြးလိုက္သည္

ထိုဆိုင္ထဲ ဝင္ၿပီး ဆိုင္ပိုင္ရွင္ေပးတဲ့ အလုပ္ေလွ်ာက္လႊာ Formကို ျဖည့္ၿပီး ျပန္ဖတ္ေနတုံး ေကာင္ေလး တစ္ေယာက္ ေရာက္လာသည္

"ဟို စိတ္မရွိရင္ ကြၽန္ေတာ့္ကို ေဘာပင္ခဏငွားလို႔ရလားဟင္ "

"Aww ရပါတယ္ ေရာ့ "

Chaeyoung လည္း သူ႕လက္ထဲက ေဘာပင္ကို ေကာင္ေလးကို ေပးလိုက္သည္

Chaeyoung သူမ ေလွ်ာက္လႊာကို ေသခ်ာဖတ္ၿပီး စိတ္တိုင္းက်ၿပီဆိုမွ ဆိုင္ရွင္ဆီ ေလွ်ာက္လႊာအပ္လိုက္သည္

ေလွ်ာက္လႊာထဲက ျဖည့္မယ့္ လိပ္စာ ဘာညာမ်ားကို ေရွ႕ေနေလာင္း Lisa သင္ေပးတဲ့အတိုင္း Chaeyoung ေလွ်ာက္႐ႊီးျဖည့္ခဲ့တယ္....ဖုန္းနံပါတ္ကိုလည္း Lisa ဖုန္းနံပါတ္ ထည့္ခဲ့ၿပီး မွတ္ပုံတင္ကေတာ့ က်ေပ်ာက္သြားလို႔ ျပန္ေလွ်ာက္ထားတယ္ဆိုၿပီး လိမ္ထားခဲ့တယ္ေလ

ဆိုင္ရွင္က အလုပ္ခန့္ျဖစ္ရင္ ဖုန္းဆက္မယ္ေျပာလို႔ ဆိုင္ထဲက ထြက္လာစဥ္ ခုန ေဘာပင္လာငွားတဲ့ ေကာင္ေလးမွာ Chaeyoung ပခုံးကို လွမ္းပုတ္သည္

"ဒီမွာဗ်ာ့ ခုနငွားထားတဲ့ ေဘာပင္ေလး ျပန္ေပးတာ "

"Aww ဟုတ္ "

"ဒီက တစ္ေယာက္ကလည္း အလုပ္လာေလွ်ာက္တာလား "

"ဟုတ္ပါတယ္... "

"အာ ဒါဆို တူတူဘဲေပါ့ ကြၽန္ေတာ္လည္း အလုပ္လာေလွ်ာက္တာ ကြၽန္ေတာ့္နာမည္က Tony ပါ ဒီက တစ္ေယာက္နာမည္ကေရာ"

"Aww ဟုတ္ Kim Chaeyoung  ပါ "

"နာမည္ေလးက လွတယ္ေနာ္ စိတ္မရွိရင္ ေဘာပင္ငွားေပးလို႔ ေန႕လည္စာ ဝယ္ေကြၽးခ်င္လို႔...လက္ခံေပးပါလား "

Tonyက ေတာင္းဆိုတာနဲ႕ Chaeyoung လည္း ဗိုက္ဆာေနတာနဲ႕ ေန႕လည္စာအတူစားဖို႔ သေဘာတူလိုက္သည္

At restaurant

"Chaeyoung ဖုန္းနံပါတ္ေလး သိခြင့္ရွိမလားဟင္ "

Tonyကေမးေတာ့ Chaeyoung အေအးေသာက္ရာက ေခါင္းခါျပသည္

"Sorryပါရွင္ Chaeမွာ ဖုန္းမရွိလို႔ '

"Aww စိတ္မေကာင္းစရာဘဲ ဒါေပမယ့္ ရပါတယ္ေလ ကြၽန္ေတာ္ ဖုန္းနံပါတ္ ေပးထားမယ္ ဖုန္းဝယ္ၿပီးတဲ့အခါ ကြၽန္ေတာ့္ကို ဆက္သြယ္ေနာ္ "

Tony ေျပာၿပီး သူ႕အိတ္ကပ္ထဲက စာ႐ြက္ေလးထုတ္ကာ ဖုန္းနံပါတ္ခ်ေရးလိုက္သည္

ထို႔ေနာက္ Chaeyoungကို ထိုစာ႐ြက္ေလး ေပးလိုက္သည္

ေန႕လည္စာစားၿပီးေနာက္ Tony တစ္ေယာက္ Chaeyoungကို အိမ္ျပန္ပို႔ေပးသည္

"ေန႕လည္စာအတြက္ေရာ အိမ္ျပန္လိုက္ပို႔ေပးတဲ့အတြက္ေရာ ေက်းဇူးတင္ပါတယ္ရွင္ ေနာက္တစ္ခါ Chaeက အရသာရွိတဲ့ ေန႕လည္စာ ျပန္ဝယ္ေကြၽးပါမယ္ "

"ရပါတယ္ဗ်ာ Chaeyoung တစ္ေနရာရာသြားခ်င္တဲ့အခါ ဖုန္းရွိလာတဲ့အခါ ကြၽန္ေတာ့္ကို ဆက္သြယ္လိုက္ေနာ္ Bye "

Chaeyoungလည္း Tonyကို လက္ျပႏႈတ္ဆက္ၿပီး အိမ္ထဲဝင္မယ္လုပ္ေတာ့ အိမ္တံခါးေပါက္ဝတြင္ သူမကို ခါးေထာက္ၾကည့္ေနတဲ့ Lisaကို ေတြ႕ရသည္

"Lisa ေက်ာင္းကျပန္လာၿပီလား...."

"အင္း "

"ငါ အလုပ္တစ္ခု ေလွ်ာက္လာတယ္ ရမရေတာ့ မသိေသးဘူး နင္ဆြဲေပးတဲ့ ေျမပုံက ငါ့အတြက္ ေတာ္ေတာ္အသုံးဝင္တယ္ေတာ့ "

"အလုပ္ရွာတဲ့အျပင္ ေကာင္ေလးပါ ရွာလာတာလား Chaeyoung "

Lisa သူကိုယ္တိုင္ေတာင္ မသိလိုက္ဘဲ ပါးစပ္ကေန လႊတ္ခန ေျပာထြက္လိုက္မိသည္

"အာ သူက အလုပ္ေလွ်ာက္ရင္း ဆိုင္မွာ ေတြ႕တဲ့ သူငယ္ခ်င္းပါ ငါ့ကိုေန႕လည္စာပါ လိုက္ေကြၽးတဲ့အျပင္ အိမ္ပါျပန္ပို႔ေပးတယ္ေလ ၿပီးေတာ့ သူ႕ဖုန္းနံပါတ္ပါ ေပးေသးတယ္ "

"Aww "

"သူက စိတ္ရင္းလည္းေကာင္းသလို ေခ်ာလည္းေခ်ာတယ္ေတာ့ "

Lisa ကို စေနာက္ခ်င္စိတ္ ျဖစ္လာလို႔ Chaeyoung စလိုက္သည္

"ငါ့ထက္ေခ်ာတာလား "

Lisa မ်က္ေမွာင္ၾကဳတ္ၿပီး ေမးလိုက္သည္

"ဒါေပါ့ နင့္ထက္ေခ်ာတယ္ နင့္ထက္လည္း ငါ့ကို စိတ္ရွည္ေပးတယ္ "

"Excuse Chaeyoung shii ငါက နင့္ကို ကယ္လာခဲ့တဲ့သူေနာ္ ခုနကမွ ေတြ႕ခဲ့တဲ့ အေကာင္နဲ႕ ငါ့လာယွဥ္ေနတာလား "

"နင္ သဝန္တိုေနတာလား Lisa "

Chaeyoung ေမးေတာ့ Lisa ေခ်ာင္းဟန့္ၿပီး

"အာ ငါက ဘာလို႔ သဝန္တိုရမွာလည္း အဟမ္း ညေနက် ငါ့သူငယ္ခ်င္းေတြလာလိမ့္မယ္ Party အေသးစားလုပ္မွာမို႔ နင္လည္း Joinခ်င္ Joinလို႔ရတယ္ ဒါဘဲ "

Lisa ေျပာၿပီး Chaeyoung ေရွ႕က လွည့္ထြက္လာကာ အိမ္ေပၚသို႔ တက္သြားသည္

#TBC

Bạn đang đọc truyện trên: Truyen3h.Co