Part 6
#Unicode
Lisaရဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ Jisooတို့မှာ Wineတွေ ဘီယာပုံးတွေနဲ့အတူ ရောက်လာကြသည်
Chaeyoungမှာ Lisa နဲ့အတူ စားစရာတွေကို ကူညီလုပ်ကိုင်ပေးနေသည်
Lisaရဲ့ သူငယ်ချင်းတွေမှာ Chaeyoungနဲ့ ခဏလေးအတွင်းမှာ ရင်းနှီးသွားပြီး သူတို့ကောင်မလေးတွေ ဖြစ်တဲ့ Jennie,Irene,Nayeonတို့နဲ့ပါ Chaeyoung ရင်းနှီးသွားလေသည်
ကောင်မလေးတွေမှာ Chaeyoungကို ဘယ်လိုချောကြောင်းလှကြောင်း အသံလေးကလည်း သာယာကြောင်းပြောလို့ Chaeyoungမှာ ရှက်နေသေးသည်
နောက်ပိုင်းမှာတော့ စကားပေါတဲ့ Chaeyoung တစ်ယောက် Jennieတို့နဲ့ ခင်သွားပြီလေ
"Lisa လုပ်ထားတဲ့ steak တွေကို ကြိုက်ကြမယ်လို့ ငါမျှော်လင့်ပါတယ် "
Chaeyoung ပြောပြီး စားပွဲခုံပေါ်တွင် ပန်းကန်တွေ တင်လိုက်သည်
"ဘာတွေ ပြောနေတာလည်း ငါတစ်ယောက်တည်း လုပ်တာမဟုတ်ဘူးလေ Chaeyoungရ နင်လည်း ကူညီပေးတာကို "
Lisaကပြောတော့ Chaeyoungက ခေါင်းခါပြသည်
"ငါက အသားဆေးပေး လွယ်တာ ဘာညာလောက်ဘဲ လုပ်ပေးတာလေ "
"ဟုတ်ပါပြီ နင်တို့နှစ်ယောက်လုံး အချစ်တွေနဲ့ လုပ်ထားလို့ steakကတော့ တော်တော်လေး စားကောင်းမှာပါ "
တစ်ယောက်နဲ့တစ်ယောက် ချီးမွမ်းနေကြတဲ့ Chaelisaကို ကြည့်ပြီး Jisoo စနောက်လိုက်သည်
Lisa ကတော့ Jisooကို မျက်စောင်းထိုးပြီး သူမထိုင်ခုံတွင် ထိုင်လိုက်သည်
Jeongyeon မှာ ဝိုင်ခွက်တွေထဲ ဝိုင်တွေ ငှဲ့ပေးလိုက်သည်
"ကဲ Lisaကို သူ့အိမ်မှာ Party လုပ်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ် ပြီးတော့ Chaeyoung ကိုလည်း ငါတို့ သူငယ်ချင်း groupကနေ ကြိုဆိုပါတယ် အစကတော့ နင့်ကိုကြောက်ပေမယ့် စကားပြောကြည့်ရင်း နင်က ခင်ဖို့ ကောင်းမှန်း သိလိုက်ရတယ် "
Seulgiပြောတော့ Jisooတို့ ခေါင်းညိတ်ပြသည်
ထို့နောက် ဝိုင်ခွက်တွေကို Jisooတို့ ကိုင်မြှောက်ပြီး Cheer လုပ်ကြသည်
အားလုံးက ဝိုင်သောက်ကြတော့ Chaeyoungကလည်း အရသာမြည်းစမ်းကြည့်ချင်လို့ တစ်ငုံသောက်ကြည့်လိုက်သည်
"အများကြီး မသောက်နဲ့နော် နင် မူးရင် ငါလိုက်မထိန်းနိုင်ဘူး...."
Lisaရဲ့ စကားကြောင့် Chaeyoung နှုတ်ခမ်းစူသွားသည်
"အဲ့လိုပြောပြီး နင်ဘဲ လိုက်ဂရုစိုက်ပေးအုံးမှာ မဟုတ်လား "
Chaeyoungက ပြန်ပြောလိုက်တဲ့ စကားကြောင့် Jisooတို့ အချင်းချင်း ပြန်ကြည့်နေကြသည်
"ပြောရမယ်ဆိုရင် တကယ် Lisaလေ တစ်ယောက်ယောက်ကို အခုလို ဂရုစိုက်တာ မမြင်ရတာ အတော်ကြာပြီ "
Jennie ဝင်ပြောတော့ Lisa တစ်ယောက် ခေါင်းခါရမ်းလိုက်သည်
"Jennie ပြောတာ အမှန်ဘဲ...ငါတောင် အံ့သြနေ ..."
Lisaက ခေါင်းခါနေပေမယ့် Nayeonက ဝင်ထောက်ခံသည်
"ဟို သူက လူတွေကို ဂရုမစိုက်တတ်ဘူးလို့ နင်တို့က ပြောချင်တာလားဟင် "
Jennieတို့ ပြောတဲ့ စကားအဓိပ်ပါယျကို Chaeyoung နားမလည်ပေ
"အင်း ဟုတ်တယ် တော်ရုံဆို သူက ဂရုမစိုက်ဘူး သူ့အတွက် အရေးပါတဲ့သူ...."
"လျှောက်ပြောမနေကြနဲ့ တော်တော့ ဝိုင်သောက်ရတာ feel ပျက်တယ် တအား "
Lisaက ကြားဖြတ်ဝင်ဟောက်လိုက်လို့ Jisooတို့ စကားစ ပြတ်သွားသည်
Lisaတို့ steak နဲ့ ဝိုင်တွေ သောက်စားပြီးနောက် ဘီယာဗူးတွေပါ ဖောက်သောက်လေသည်
Chaeyoungကလည်း ဘီယာအရသာပါ လိုက်မြည်းသောက်နေသောကြောင့် Lisa ဘာမှမပြောဘဲ ကြည့်နေလိုက်သည်
"ငါတို့ ဒီတိုင်း သောက်နေရတာ ပျင်းစရာကြီး ဂိမ်းဆော့ရအောင် "
Nayeon စကားကြောင့် Jennieတို့ သောက်ရာကနေကြည့်လိုက်သည်
"ဘာဂိမ်းလည်း Nayeon "
Irene သိချင်လို့ မေးလိုက်သည်
"ဒီလိုလေ ခွက်အလွတ်ကို စားပွဲခုံအစွန်းနားမှာ တင်ထားမယ် ပင်းပေါင်ဘောလုံးလေးကို အဲ့ခွက်ထဲဝင်အောင် ငါတို့က ပစ်ရမယ် မဝင်ဘူးဆိုရင် ဘီယာကို one shotသောက်ရမယ် "
"ကောင်းသားဘဲ ဒါဆို ငါတို့ Top team Vs Bottom Teamဆိုပြီး အဖွဲ့ခွဲပြိုင်မယ် ငါရယ် Lisa ရယ် Seulgiရယ် Jeongyeonက Top Team "
Jisooရဲ့ စကားကြောင့် Jennieတို့မှာ Jisooကို မျက်စောင်းတွေ ဝိုင်းထိုးနေကြသည်
Nayeon အကြံပေးတဲ့ ဂိမ်းကို ဆော့ကြသောအခါ Nayeonက Jeongyeonကို နိုင်ပြီး ရီဝေဝေနဲ့မူးနေတဲ့ Seulgiကို Irene နိုင်သွားသည်
Jisooကတော့ Jennieကို နိုင်သွားပြီးနောက် အားလုံးမှာ Lisaနဲ့ Chaeyoung ဘယ်သူနိုင်မလည်းဆိုတာ သိချင်နေကြသည်
ဂိမ်းဆော့တာ ညံ့တဲ့ Lisaဘဲ ရှုံးမယ်လို့ Jisooတို့ ထင်နေပေမယ့် Chaeyoung က အရမ်းမူးနေသောကြောင့် Lisa ကံကောင်းပြီး နိုင်သွားလေသည်
Chaeyoung ရှုံးလို့ ဘီယာ one shotသောက်မယ် လုပ်တော့ Lisaက Chaeyoungရဲ့ ဘီယာဗူးကို လုယူသောက်လိုက်သည်
"Yah ပီဇာ ဘာလို့ ငါ့ဘီယာယူသောက်... "
"ဟော အမူးလွန်ပြီး ငါ့နာမည်တောင် ပီဇာလို့ခေါ်လိုက်သေးတယ် yah နင် တအားမူးနေလို့ ဆက်သောက်ရင် ဇက်ကျိုးနေမှာဆိုးလို့ ငါက ကူသောက်ပေးတာ "
"လိုချင်ဘူး ပေး ငါ့ဘီယာ "
Lisa လက်ထဲက ဘီယာဗူးကို ဆွဲလုပြီး Chaeyoung သောက်ပစ်လိုက်သည်
Jisooတို့ကတော့ Lisaတို့ကို ကြည့်ပြီး ရယ်ချင်စိတ်ကို ထိန်းထားရသည်
"ဝါး ပီဇာစားချင်လိုက်တာ "
Chaeyoung ရဲ့ စကားကြောင့် Lisa မျက်လုံးပြူးသွားသည်
"ပီဇာရေ....ပီဇာ..."
Chaeyoung တစ်ယောက် တော်တော်မူးပြီး ပေါက်တတ်ကရတွေ ပြောရင်း စားပွဲခုံပေါ် မှောက်အိပ်သွားတယ်
Chaeyoung အိပ်ပျော်သွားမှ Lisa သက်ပြင်းချမိသည်
ည ကိုးနာရီလည်းကျော်ပြီမို့ Jisooတို့ Lisa ကို သန့်ရှင်းရေး ကူလုပ်ပေးပြီး ပြန်သွားကြလေသည်
Lisa အိမ်တံခါးပိတ်ပြီး ပြန်လာတော့ စားပွဲခုံပေါ် မှောက်ရက်အိပ်ရင်း စကားတွေဗလုံးဗထွေး ပြောနေတဲ့ Chaeyoungကို နှိုးလိုက်သည်
"Chaeyoung ထတော့..ဒီမှာ အိပ်မနေဘဲ....နင် အခန်းထဲ သွားအိပ်တော့လေ "
Lisaက Chaeyoung ရဲ့ ပခုံးကို ကိုင်နှိုးသောကြောင့် Chaeyoung ခေါင်းထောင်လာပြီး
"Jennie Unnie ဘယ်ရောက်သွားလည်း "
"အကုန်လုံး ပြန်သွားကြပြီ Chaeyoungရ "
Lisa စကားကြောင့် Chaeyoung မျက်မှောင်ကြုတ်သွားတယ်
"အစောကြီးရှိသေးတယ် ဘာလို့ပြန်သွားရတာလည်း "
"ညမိုးချုပ်နေပြီလေ လာပါ နင့်အခန်းထဲ သွားအိပ်...."
"မအိပ်ဘူးကွာ "
Chaeyoung အော်ပြီး ထရပ်တော့ Lisa လန့်သွားတယ်
"အဟီးဟီး နင်လန့်သွားတယ်ပေါ့ "
"Chaeyoungရာ လိမ်မာပါတယ် သွားအိပ်တော့ "
"အိပ်ဘူး ဒီကိုလာခဲ့ ကောင်မလေး "
Chaeyoung ပြောပြီး Lisa လက်ကို လှမ်းဆွဲလိုက်သည်
ထို့နောက် Lisaကို ဆွဲဖက်လိုက်သောကြောင့် Lisaမှာ အမူးသမားလေး Chaeyoungကြောင့် မတ်တပ်မေ့သွားတယ်
"ကျေးဇူးတင်ပါတယ် Lisa. ...ငါ နင့်ကို တကယ် ကျေးဇူးတင်တာပါ ငါအသက်ရှူခွင့်ရတိုင်း နင့်ကို သတိရပြီး ကျေးဇူးတင်မိတယ်..."
"Chae. .."
"ရှူး ဘာမှမပြောနဲ့ "
Lisaရဲ့ နှုတ်ခမ်းကို လက်ညိုးနဲ့တို့ပြီး Chaeyoung ပြောလိုက်သည်
"တစ်ခါတစ်ခါ နင်က ဂရုမစိုက်တဲ့ပုံစံဖမ်းပေမယ့် နင့်သူငယ်ချင်းတွေနဲ့ ငါ့ကို မိတ်ဆက်ပေးပြီး ငါ့ကို အထီးမကျန်စေအောင် လုပ်ပေးလို့ ကျေးဇူးတင်ပါတယ် ....ဘာမှန်းမသိတဲ့ ငါ့ကို ကယ်တင်ပေးခဲ့ပြီး ဘဝကို ဒုတိယအကြိမ် ရှင်သန်နိုင်ခွင့်ရလို့ နင့်ကို ကျေးဇူးပြန်ဆပ်ချင်ပါတယ် "
Chaeyoung တစ်ယောက် တော်တော်လေး မူးနေပေမယ့် Lisaကိုတော့ ပီပီသသနဲ့ ကျေးဇူးတင်စကားပြောနေသည်
"ရပါတယ် Chaeyoungရာ "
Lisa ပြောပေမယ့် Chaeyoungဆီက တုံ့ပြန်မှုကို မကြားရတော့လို့ ကြည့်လိုက်တော့ Chaeyoung တစ်ယောက် အိပ်ပျော်နေပြီလေ
Lisaလည်း Chaeyoungကို ကြည့်ပြီး ရယ်လိုက်ကာ ပွေ့ချီလိုက်သည်
ထို့နောက် Chaeyoungကို သူမအခန်းထဲ ခေါ်သွားပြီး ကုတင်ပေါ် သေချာတင်ပေးကာ စောင်သေချာခြုံပေးလိုက်သည်
"ငါ့စကားကို ဘယ်တော့မှ နားမထောင်တဲ့ ငဆိုးမလေးရေ ပျင်းစရာကောင်းတဲ့ ငါ့ဘဝထဲ ဝင်လာပြီး ငါ့ကို စိတ်လှုပ်ရှားစရာတွေပေးလို့ ကျေးဇူးတင်ပါတယ်...."
အိပ်ပျော်နေတဲ့ Chaeyoungရဲ့ မျက်နှာပေါ်က ဆံပင်လေးတွေကို သပ်ပေးပြီး Lisa ပြောလိုက်သည်
#tbc
#zawgyi
"ဘာဂိမ်းလည်း Nayeon "
"ပီဇာရေ....ပီဇာ..."
"မအိပ်ဘူးကွာ "
"Chae. .."
"ရှူး ဘာမှမပြောနဲ့ "
"ရပါတယ် Chaeyoungရာ "
#tbc
Bạn đang đọc truyện trên: Truyen3h.Co