Part 7
#unicode
နောက်တစ်နေ့ မနက်ကိုရောက်တော့ Chaeyoung တစ်ယောက် အိပ်ရာကနိုးလာသည်
မနေ့ညက တော်တော်လေးများသွားသောကြောင့် ခေါင်းကိုက်နေသည်
Chaeyoung မျက်နှာသစ် သွားတိုက်ပြီးနောက် အိမ်အောက်ထပ်ကို ဆင်းလာသည်
ထို့နောက် မီးဖိုခန်းထဲ ဝင်တော့ ဟင်းချက်နေတဲ့ Lisaကို တွေ့လိုက်ရသည်
Lisaမှာ ဟင်းချက်နေရင်း ရေခဲသေတ္တာထဲက ရေဘူးယူသောက်နေတဲ့ Chaeyoungကို နှုတ်ဆက်လိုက်သည်
"Good Morning Chaeyoung "
"Good Morning Lisa. ...ash ခေါင်းကိုက်လိုက်တာ...."
Chaeyoungရဲ့ ညည်းညူသံကြောင့် Lisa ခေါင်းခါကာ ရယ်လိုက်သည်
"အဲ့တာကြောင့် မနေ့ညက အရမ်းမသောက်နဲ့လို့ ငါမပြောဘူးလား ခဏစောင့် အရက်သမားတွေအတွက် ဟင်းရည်ချက်နည်း Taeyeon Unnieဆီက မေးပြီး ငါချက်ထားတယ်...."
Chaeyoungလည်း ခေါင်းကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ထိုင်ခုံတွင် ထိုင်စောင့်နေသည်
Lisaမှာ ဟင်းရည်ကို ပန်းကန်လုံးထဲ ထည့်ပေးပြီး Chaeyoung ရှေ့ ချပေးသည် ထို့နောက် ထမင်းနဲ့ဟင်းပါ ခူးပေးပြီး စားပွဲပေါ်တင်လိုက်သည်
"ငါ့အတွက် One shotကို နင်သောက်ပေးလိုက်ရမှာ "
Chaeyoung ဟင်းရည်သောက်ရင်း ပြောတော့ Lisaမှာ ရယ်လေသည်
"ငါ သတိပေးခဲ့သားဘဲ နင်က လက်မှမခံတာ "
Lisa ပြောပြီး ထမင်းတစ်လုပ်စားလိုက်သည်
Chaeyoungမှာ Lisaကို မျက်စောင်းထိုးပြီး ဟင်းရည်သာ ဆက်သောက်နေသည်
"ဒီနေ့ရော အလုပ်ရှာအုံးမှာလား "
"ဟင့်အင်း မနက်ဖြန်မှ ရှာတော့မယ် ဒီနေ့ နည်းနည်း ပင်ပန်းနေသလို ဖြစ်နေလို့ မရှာတော့ဘူး...."
"ဒါဆို ဒီနေ့ ကမ်းခြေကို သွားကြမလား "
Chaeyoungကို ကြည့်ပြီး ပြုံးကာ Lisa မေးလိုက်သည်
"Oh yes ငါလည်း ကမ်းခြေသွားချင်နေတာ....အဲ့ဒီမှာ နင် ငါ့ကို ရှာတွေ့ခဲ့တာ မဟုတ်လား Lisa "
"အင်း ဟုတ်တယ် သွားချင်တယ်ဆိုတာ သေချာရဲ့လား Chaeyoung "
"သေချာတယ် လုံးဝသေချာပါတယ် သွားရအောင်နော် ...."
Chaeyoung မှာ Lisaကို ပြုံးပြပြီး ချွဲနေသောကြောင့် Lisa ရှက်လာသည်
Chaeyoung ရေချိုးအဝတ်လဲပြီး အိမ်ထဲက ထွက်လာတော့ ကားတံခါးကို မှီပြီး သူမကို စောင့်နေတဲ့ Lisaကို တွေ့ရသည်
လည်သာဂျာကင်အနက်ရောင်ဝတ်ပြီး ဂျင်းဘောင်းဘီဝတ်ထားတဲ့ Lisaမှာ ယောက်ျားတစ်ယောက်ထက်တောင် ပိုလို့ ခန့်ညားနေသေးသည်
ဒီလောက် ခန့်ညားပြီး လှပနေတဲ့ Lisaဆီမှာ သူမ သူငယ်ချင်းတွေလို ရည်းစားမရှိရလည်းဆိုတာ Chaeyoung တွေးပြီး အံ့သြမိသည်
"ပြီးပြီလား Chaeyoung"
Chaeyoungကို တွေ့တော့ Lisa ကားတံခါးဖွင့်ပေးလိုက်ပြီး မေးလိုက်သည်
"အင်း အကြာကြီး စောင့်လိုက်ရလား Lisa"
"သိပ်မစောင့်လိုက်ရပါဘူး "
Chaeyoung မေးခွန်းကို Lisa ကားပေါ်တက်ရင်း ပြန်ဖြေလိုက်သည်
Lisa ကားစက်နှိုးတော့ Chaeyoungမှာ Lisa ဝယ်ပေးထားတဲ့ သူမဖုန်းထဲက သီချင်းအေးအေးလေးကို ဖွင့်လိုက်သည်
"အယ် ကင်မရာလေး ဒါနင့်ဟာလား Lisa.... "
Chaeyoung ကင်မရာတစ်လုံးကို တွေ့လိုက်တော့ ပျော်ပြီး ကောက်ယူလိုက်သည်
"ဟုတ်တယ် ငါ့ဟာ Chae. .."
Lisa စကားမဆုံးသေး ကလစ်အသံကြားလို့ ကားမောင်းရင်း ကြည့်လိုက်တော့ Chaeyoungက သူမကို ဓာတ်ပုံ ရိုက်နေမှန်း သိလိုက်သည်
"ဘာလုပ်တာလည်း Chaeyoung "
"ဓာတ်ပုံရိုက်နေတာလေ.... နင့်ကင်မရာက တော်တော်ကောင်းတယ်ဟ လုပ်ပါ ငါ နင့်ပုံလေးတွေ ရိုက်ချင်လို့ "
Chaeyoungမှာ ပြောရင်း ကားမောင်းနေတဲ့ Lisa ကို ဓာတ်ပုံတွေ အများကြီး ထိုင်ရိုက်နေသည်
"Oh ဒီတစ်ပုံက တော်တော်မိုက်တယ်ဟ "
Chaeyoung စကားကြောင့် Lisa ရှက်တာရော သဘောကျတာရော ရောနှောပြီး ရယ်လိုက်သည်
"ဘာလို့ ရယ်နေတာလည်း နင်က တကယ် ကောင်လေးတွေထက်တောင် ခန့်ညားတယ်နော် "
"အခုတော့ ငါ ခန့်ညားချောမောတာကို နင် လက်ခံပြီပေါ့ Chaeyoung "
"အင်း ချောတာတော့ ချောတယ် ဒါပေမယ့် ရည်းစားလည်းမရှိဘူး"
Chaeyoungက တစ်ကွက်ပြလိုက်သောကြောင့် Lisa မျက်နှာရှုံ့မဲ့သွားသည်
"ရည်းစားမရှိဘူးဆိုတော့ နင်က ငါရည်းစားရအောင် ကူညီပေးမလို့လား Chaeyoung "
"ဆုတောင်းလေ နင်က ငါ့အကြိုက် ပုံစံ မဟုတ်ပါဘူး "
"သေချာလို့လား "
"အင်း....ငါ အားလုံးပြန်မှတ်မိတဲ့အခါကျ ထွက်သွားရမှာလေ "
Chaeyoungရဲ့ စကားကြောင့် Lisa ကားမောင်းရင်း တိတ်ဆိတ်သွားသည်
"အကယ်၍ မမှတ်မိဘူးဆိုရင်ရော....နင် ထွက်မသွားဘူး မဟုတ်လား "
"ဘာလို့ အဲ့လိုမေးနေတာလည်း ဘာလည်း နင် ငါ့ကို စိတ်ဝင်စားနေတာလား Lisa "
Chaeyoungရဲ့ စကားကြောင့် Lisa ချောင်းဟန့်ပြီး
"အာ မဟုတ်ပါဘူး နင်က လှတယ်ဆိုပေမယ့်...ငါ စိတ်မဝင်စားပါဘူး...."
"သေချာလို့လား... "
"ငါက မိန်းကလေးတွေကို လှတယ်လို့ ချီးကျူးတာ ရှားတယ်နော် နင် ငါ့ကို ကျေးဇူးတင်သင့်တယ် Chaeyoung "
"အမလေးရှင် လှတယ်ပြောလို့ရော ကမ်းခြေကိုခေါ်လာပေးလို့ရော ကျေးဇူးတင်ပါတယ် "
Chaeyoungက ကျေးဇူးတင်စကားပြောတော့ Lisa ရယ်ပြီး ခေါင်းညိတ်လိုက်သည်
ကမ်းခြေကိုရောက်သောအခါ Chaeyoungမှာ ပင်လယ်လှိုင်းလုံးကြီးကို ကြည့်ပြီး ပျော်လည်းပျော်သလို ကြောက်စိတ်လည်း ဖြစ်နေမိသည်
Lisaကတော့ ယူလာတဲ့ ဖျာကိုခင်းပြီး ထီးဖွင့်လိုက်သည်
Chaeyoungမှာ အတိတ်က အကြောင်းတစ်ချို့ကို ပြန်သတိရချင်သလို ဖြစ်လာလို့ ခေါင်းတွေမူးလာသည်
"နင့်ကို အဲ့နားမှာ တွေ့တာလေ...."
Lisa လက်ညိုးထိုးပြရာကို Chaeyoung ကြည့်လိုက်သည်
"အင်း အဲ့နေရာလေးက လှတယ်နော် ....Lisa ငါ တစ်ခုပြောလို့ရလားဟင်...."
"ရပါတယ် ပြောလေ ဘာပြောမလို့လည်း "
"ငါ ဒီနေရာကို ရောက်လာကတည်းက စိတ်ထဲ လေးလံနေပြီး တစ်မျိုးကြီး ခံစားရတယ် "
"ဘာဖြစ်လို့လည်း Chaeyoung. ..."
"အတိတ်က မှတ်ဥာဏ်တစ်ချို့ကို ဝိုးတိုးဝါးတား ပြန်မြင်နေရတာ "
"ဟင် ဟုတ်လား ဘာတွေမြင်ရတာလည်း ..."
Lisa ပြောရင်း သူမဘေးနားက ရေဘူးကို ဖွင့်ပြီး Chaeyoung ကို ပေးလိုက်သည်
"မှောင်မဲနေပြီး မိုးတွေရွာနေတာဘဲ အဲ့ဒီမှာ ငါက ကူညီဖို့ အော်ဟစ်တောင်းဆိုနေတာတဲ့ "
Chaeyoung ပြောပြီး သက်ပြင်းချတော့ Lisaမှာ Chaeyoungရဲ့ ပခုံးကို ပုတ်ပြီး နှစ်သိမ့်လေသည်
"အဲ့အကြောင်းတွေ ခဏမေ့ထားလိုက်ပါ ဒီကို ရောက်တုံးရောက်ခိုက် ရေကူးကြမလား "
"ဟင့်အင်း ငါ ရေထဲမဆင်းရဲဘူး Lisa.... ငါ ငါကြောက်တယ်...."
"မကြောက်ပါနဲ့ ငါရှိနေတာဘဲ တစ်ခုခုဆို ငါ ကူညီပေးနိုင်တာဘဲကို "
"တော်ပြီ Lisa. ..ငါ ဒီတိုင်းလေးဘဲ နေချင်တယ်..."
"အင်းပါ နင်ကြောက်နေတာကြီးကို ငါ ဇွတ်အတင်း မပြောတော့ပါဘူး ....."
"Lisa. .."
"ဟင်..."
"ငါ ခေါင်းမူးလာလို့ နင့် ပေါင်ပေါ် ခဏ အိပ်လို့ရလားဟင် "
"ရတာပေါ့ Chaeyoungရ...လာ"
Lisa ပြောပြီး သူမရဲ့ ခြေတံရှည်ကို ဆန့်တန်းလိုက်သည်
Chaeyoungလည်း Lisaရဲ့ ပေါင်ပေါ်တွင် လှဲအိပ်လိုက်သည်
"Lisa. ..."
"အင်း..."
"ငါက နင့်အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုဖြစ်နေပြီလား "
"မဖြစ်ပါဘူး Chaeyoungရာ ....အဲ့လိုကြီး မတွေးပါနဲ့လို့ ငါ ပြောထားတယ်လေ ....ငါ့စကားလေးကို တစ်ခါတစ်လေတော့ နားထောင်ပါအုံး လူဆိုးမရယ်....."
Chaeyoung ရဲ့ မျက်နှာပေါ်က ဆံပင်လေးတွေကို ဖယ်ပေးရင်း Lisa ပြောလိုက်သည်
"ဒါပေမယ့် ငါ့ကြောင့် နင်တို့အားလုံး ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာ ငါကြောက်တယ်..."
"ကဲ....ပြောစကားကို နားမထောင်ဘူး...ဒီလူဆိုးမကတော့...အဲ့လိုတွေ မတွေးပါနဲ့ဆို... "
Lisa ပြောပြီး Chaeyoungရဲ့ ပါးဖောင်းဖောင်းလေး နှစ်ဖက်ကို လက်နဲ့ ဆွဲညှစ်လိုက်သည်
"Ah နာတယ်နော်...."
Chaeyoung မှာ သူမ ပါးနှစ်ဖက်ကို လာဆွဲညှစ်တဲ့ Lisaရဲ့ လက်ကိုဖမ်းချုပ်ပြီး ကိုက်လိုက်သည်
"အား... ခွေးမလေးလား ငါ့လက်ကို လာကိုက်တာ "
"ဘာ နင် ငါ့ကို ခွေးမလို့ပြောလိုက်တာလား သေမယ် နင် "
Chaeyoungမှာ Lisaရဲ့ ပေါင်ပေါ် အိပ်နေရာက ထပြီး Lisaကို လုပ်ဖို့ ဟန်ပြင်စဥ် Lisaမှာ ထရပ်ပြီး ထွက်ပြေးသွားသည်
"Yah Lisa နင်မပြေးနဲ့ "
Chaeyoungမှာ အော်ဟစ်ပြီး ထွက်ပြေးသွားတဲ့ Lisa နောက်ကို လိုက်လေသည်
#Tbc
#zawgyi
ေနာက္တစ္ေန႕ မနက္ကိုေရာက္ေတာ့ Chaeyoung တစ္ေယာက္ အိပ္ရာကနိုးလာသည္
မေန႕ညက ေတာ္ေတာ္ေလးမ်ားသြားေသာေၾကာင့္ ေခါင္းကိုက္ေနသည္
Chaeyoung မ်က္ႏွာသစ္ သြားတိုက္ၿပီးေနာက္ အိမ္ေအာက္ထပ္ကို ဆင္းလာသည္
ထို႔ေနာက္ မီးဖိုခန္းထဲ ဝင္ေတာ့ ဟင္းခ်က္ေနတဲ့ Lisaကို ေတြ႕လိုက္ရသည္
Lisaမွာ ဟင္းခ်က္ေနရင္း ေရခဲေသတၱာထဲက ေရဘူးယူေသာက္ေနတဲ့ Chaeyoungကို ႏႈတ္ဆက္လိုက္သည္
"Good Morning Chaeyoung "
"Good Morning Lisa. ...ash ေခါင္းကိုက္လိုက္တာ...."
Chaeyoungရဲ႕ ညည္းၫူသံေၾကာင့္ Lisa ေခါင္းခါကာ ရယ္လိုက္သည္
"အဲ့တာေၾကာင့္ မေန႕ညက အရမ္းမေသာက္နဲ႕လို႔ ငါမေျပာဘူးလား ခဏေစာင့္ အရက္သမားေတြအတြက္ ဟင္းရည္ခ်က္နည္း Taeyeon Unnieဆီက ေမးၿပီး ငါခ်က္ထားတယ္...."
Chaeyoungလည္း ေခါင္းကို လက္ႏွစ္ဖက္နဲ႕ကိုင္ၿပီး ထိုင္ခုံတြင္ ထိုင္ေစာင့္ေနသည္
Lisaမွာ ဟင္းရည္ကို ပန္းကန္လုံးထဲ ထည့္ေပးၿပီး Chaeyoung ေရွ႕ ခ်ေပးသည္ ထို႔ေနာက္ ထမင္းနဲ႕ဟင္းပါ ခူးေပးၿပီး စားပြဲေပၚတင္လိုက္သည္
"ငါ့အတြက္ One shotကို နင္ေသာက္ေပးလိုက္ရမွာ "
Chaeyoung ဟင္းရည္ေသာက္ရင္း ေျပာေတာ့ Lisaမွာ ရယ္ေလသည္
"ငါ သတိေပးခဲ့သားဘဲ နင္က လက္မွမခံတာ "
Lisa ေျပာၿပီး ထမင္းတစ္လုပ္စားလိုက္သည္
Chaeyoungမွာ Lisaကို မ်က္ေစာင္းထိုးၿပီး ဟင္းရည္သာ ဆက္ေသာက္ေနသည္
"ဒီေန႕ေရာ အလုပ္ရွာအုံးမွာလား "
"ဟင့္အင္း မနက္ျဖန္မွ ရွာေတာ့မယ္ ဒီေန႕ နည္းနည္း ပင္ပန္းေနသလို ျဖစ္ေနလို႔ မရွာေတာ့ဘူး...."
"ဒါဆို ဒီေန႕ ကမ္းေျခကို သြားၾကမလား "
Chaeyoungကို ၾကည့္ၿပီး ၿပဳံးကာ Lisa ေမးလိုက္သည္
"Oh yes ငါလည္း ကမ္းေျခသြားခ်င္ေနတာ....အဲ့ဒီမွာ နင္ ငါ့ကို ရွာေတြ႕ခဲ့တာ မဟုတ္လား Lisa "
"အင္း ဟုတ္တယ္ သြားခ်င္တယ္ဆိုတာ ေသခ်ာရဲ႕လား Chaeyoung "
"ေသခ်ာတယ္ လုံးဝေသခ်ာပါတယ္ သြားရေအာင္ေနာ္ ...."
Chaeyoung မွာ Lisaကို ၿပဳံးျပၿပီး ခြၽဲေနေသာေၾကာင့္ Lisa ရွက္လာသည္
Chaeyoung ေရခ်ိဳးအဝတ္လဲၿပီး အိမ္ထဲက ထြက္လာေတာ့ ကားတံခါးကို မွီၿပီး သူမကို ေစာင့္ေနတဲ့ Lisaကို ေတြ႕ရသည္
လည္သာဂ်ာကင္အနက္ေရာင္ဝတ္ၿပီး ဂ်င္းေဘာင္းဘီဝတ္ထားတဲ့ Lisaမွာ ေယာက္်ားတစ္ေယာက္ထက္ေတာင္ ပိုလို႔ ခန့္ညားေနေသးသည္
ဒီေလာက္ ခန့္ညားၿပီး လွပေနတဲ့ Lisaဆီမွာ သူမ သူငယ္ခ်င္းေတြလို ရည္းစားမရွိရလည္းဆိုတာ Chaeyoung ေတြးၿပီး အံ့ၾသမိသည္
"ၿပီးၿပီလား Chaeyoung"
Chaeyoungကို ေတြ႕ေတာ့ Lisa ကားတံခါးဖြင့္ေပးလိုက္ၿပီး ေမးလိုက္သည္
"အင္း အၾကာႀကီး ေစာင့္လိုက္ရလား Lisa"
"သိပ္မေစာင့္လိုက္ရပါဘူး "
Chaeyoung ေမးခြန္းကို Lisa ကားေပၚတက္ရင္း ျပန္ေျဖလိုက္သည္
Lisa ကားစက္ႏွိုးေတာ့ Chaeyoungမွာ Lisa ဝယ္ေပးထားတဲ့ သူမဖုန္းထဲက သီခ်င္းေအးေအးေလးကို ဖြင့္လိုက္သည္
"အယ္ ကင္မရာေလး ဒါနင့္ဟာလား Lisa.... "
Chaeyoung ကင္မရာတစ္လုံးကို ေတြ႕လိုက္ေတာ့ ေပ်ာ္ၿပီး ေကာက္ယူလိုက္သည္
"ဟုတ္တယ္ ငါ့ဟာ Chae. .."
Lisa စကားမဆုံးေသး ကလစ္အသံၾကားလို႔ ကားေမာင္းရင္း ၾကည့္လိုက္ေတာ့ Chaeyoungက သူမကို ဓာတ္ပုံ ရိုက္ေနမွန္း သိလိုက္သည္
"ဘာလုပ္တာလည္း Chaeyoung "
"ဓာတ္ပုံရိုက္ေနတာေလ.... နင့္ကင္မရာက ေတာ္ေတာ္ေကာင္းတယ္ဟ လုပ္ပါ ငါ နင့္ပုံေလးေတြ ရိုက္ခ်င္လို႔ "
Chaeyoungမွာ ေျပာရင္း ကားေမာင္းေနတဲ့ Lisa ကို ဓာတ္ပုံေတြ အမ်ားႀကီး ထိုင္ရိုက္ေနသည္
"Oh ဒီတစ္ပုံက ေတာ္ေတာ္မိုက္တယ္ဟ "
Chaeyoung စကားေၾကာင့္ Lisa ရွက္တာေရာ သေဘာက်တာေရာ ေရာႏွောၿပီး ရယ္လိုက္သည္
"ဘာလို႔ ရယ္ေနတာလည္း နင္က တကယ္ ေကာင္ေလးေတြထက္ေတာင္ ခန့္ညားတယ္ေနာ္ "
"အခုေတာ့ ငါ ခန့္ညားေခ်ာေမာတာကို နင္ လက္ခံၿပီေပါ့ Chaeyoung "
"အင္း ေခ်ာတာေတာ့ ေခ်ာတယ္ ဒါေပမယ့္ ရည္းစားလည္းမရွိဘူး"
Chaeyoungက တစ္ကြက္ျပလိုက္ေသာေၾကာင့္ Lisa မ်က္ႏွာရႈံ႕မဲ့သြားသည္
"ရည္းစားမရွိဘူးဆိုေတာ့ နင္က ငါရည္းစားရေအာင္ ကူညီေပးမလို႔လား Chaeyoung "
"ဆုေတာင္းေလ နင္က ငါ့အႀကိဳက္ ပုံစံ မဟုတ္ပါဘူး "
"ေသခ်ာလို႔လား "
"အင္း....ငါ အားလုံးျပန္မွတ္မိတဲ့အခါက် ထြက္သြားရမွာေလ "
Chaeyoungရဲ႕ စကားေၾကာင့္ Lisa ကားေမာင္းရင္း တိတ္ဆိတ္သြားသည္
"အကယ္၍ မမွတ္မိဘူးဆိုရင္ေရာ....နင္ ထြက္မသြားဘူး မဟုတ္လား "
"ဘာလို႔ အဲ့လိုေမးေနတာလည္း ဘာလည္း နင္ ငါ့ကို စိတ္ဝင္စားေနတာလား Lisa "
Chaeyoungရဲ႕ စကားေၾကာင့္ Lisa ေခ်ာင္းဟန့္ၿပီး
"အာ မဟုတ္ပါဘူး နင္က လွတယ္ဆိုေပမယ့္...ငါ စိတ္မဝင္စားပါဘူး...."
"ေသခ်ာလို႔လား... "
"ငါက မိန္းကေလးေတြကို လွတယ္လို႔ ခ်ီးက်ဴးတာ ရွားတယ္ေနာ္ နင္ ငါ့ကို ေက်းဇူးတင္သင့္တယ္ Chaeyoung "
"အမေလးရွင္ လွတယ္ေျပာလို႔ေရာ ကမ္းေျခကိုေခၚလာေပးလို႔ေရာ ေက်းဇူးတင္ပါတယ္ "
Chaeyoungက ေက်းဇူးတင္စကားေျပာေတာ့ Lisa ရယ္ၿပီး ေခါင္းညိတ္လိုက္သည္
ကမ္းေျခကိုေရာက္ေသာအခါ Chaeyoungမွာ ပင္လယ္လွိုင္းလုံးႀကီးကို ၾကည့္ၿပီး ေပ်ာ္လည္းေပ်ာ္သလို ေၾကာက္စိတ္လည္း ျဖစ္ေနမိသည္
Lisaကေတာ့ ယူလာတဲ့ ဖ်ာကိုခင္းၿပီး ထီးဖြင့္လိုက္သည္
Chaeyoungမွာ အတိတ္က အေၾကာင္းတစ္ခ်ိဳ႕ကို ျပန္သတိရခ်င္သလို ျဖစ္လာလို႔ ေခါင္းေတြမူးလာသည္
"နင့္ကို အဲ့နားမွာ ေတြ႕တာေလ...."
Lisa လက္ညိုးထိုးျပရာကို Chaeyoung ၾကည့္လိုက္သည္
"အင္း အဲ့ေနရာေလးက လွတယ္ေနာ္ ....Lisa ငါ တစ္ခုေျပာလို႔ရလားဟင္...."
"ရပါတယ္ ေျပာေလ ဘာေျပာမလို႔လည္း "
"ငါ ဒီေနရာကို ေရာက္လာကတည္းက စိတ္ထဲ ေလးလံေနၿပီး တစ္မ်ိဳးႀကီး ခံစားရတယ္ "
"ဘာျဖစ္လို႔လည္း Chaeyoung. ..."
"အတိတ္က မွတ္ဥာဏ္တစ္ခ်ိဳ႕ကို ဝိုးတိုးဝါးတား ျပန္ျမင္ေနရတာ "
"ဟင္ ဟုတ္လား ဘာေတြျမင္ရတာလည္း ..."
Lisa ေျပာရင္း သူမေဘးနားက ေရဘူးကို ဖြင့္ၿပီး Chaeyoung ကို ေပးလိုက္သည္
"ေမွာင္မဲေနၿပီး မိုးေတြ႐ြာေနတာဘဲ အဲ့ဒီမွာ ငါက ကူညီဖို႔ ေအာ္ဟစ္ေတာင္းဆိုေနတာတဲ့ "
Chaeyoung ေျပာၿပီး သက္ျပင္းခ်ေတာ့ Lisaမွာ Chaeyoungရဲ႕ ပခုံးကို ပုတ္ၿပီး ႏွစ္သိမ့္ေလသည္
"အဲ့အေၾကာင္းေတြ ခဏေမ့ထားလိုက္ပါ ဒီကို ေရာက္တုံးေရာက္ခိုက္ ေရကူးၾကမလား "
"ဟင့္အင္း ငါ ေရထဲမဆင္းရဲဘူး Lisa.... ငါ ငါေၾကာက္တယ္...."
"မေၾကာက္ပါနဲ႕ ငါရွိေနတာဘဲ တစ္ခုခုဆို ငါ ကူညီေပးနိုင္တာဘဲကို "
"ေတာ္ၿပီ Lisa. ..ငါ ဒီတိုင္းေလးဘဲ ေနခ်င္တယ္..."
"အင္းပါ နင္ေၾကာက္ေနတာႀကီးကို ငါ ဇြတ္အတင္း မေျပာေတာ့ပါဘူး ....."
"Lisa. .."
"ဟင္..."
"ငါ ေခါင္းမူးလာလို႔ နင့္ ေပါင္ေပၚ ခဏ အိပ္လို႔ရလားဟင္ "
"ရတာေပါ့ Chaeyoungရ...လာ"
Lisa ေျပာၿပီး သူမရဲ႕ ေျခတံရွည္ကို ဆန့္တန္းလိုက္သည္
Chaeyoungလည္း Lisaရဲ႕ ေပါင္ေပၚတြင္ လွဲအိပ္လိုက္သည္
"Lisa. ..."
"အင္း..."
"ငါက နင့္အတြက္ ဝန္ထုပ္ဝန္ပိုး တစ္ခုျဖစ္ေနၿပီလား "
"မျဖစ္ပါဘူး Chaeyoungရာ ....အဲ့လိုႀကီး မေတြးပါနဲ႕လို႔ ငါ ေျပာထားတယ္ေလ ....ငါ့စကားေလးကို တစ္ခါတစ္ေလေတာ့ နားေထာင္ပါအုံး လူဆိုးမရယ္....."
Chaeyoung ရဲ႕ မ်က္ႏွာေပၚက ဆံပင္ေလးေတြကို ဖယ္ေပးရင္း Lisa ေျပာလိုက္သည္
"ဒါေပမယ့္ ငါ့ေၾကာင့္ နင္တို႔အားလုံး ဝန္ထုပ္ဝန္ပိုး ျဖစ္ေနမွာ ငါေၾကာက္တယ္..."
"ကဲ....ေျပာစကားကို နားမေထာင္ဘူး...ဒီလူဆိုးမကေတာ့...အဲ့လိုေတြ မေတြးပါနဲ႕ဆို... "
Lisa ေျပာၿပီး Chaeyoungရဲ႕ ပါးေဖာင္းေဖာင္းေလး ႏွစ္ဖက္ကို လက္နဲ႕ ဆြဲညွစ္လိုက္သည္
"Ah နာတယ္ေနာ္...."
Chaeyoung မွာ သူမ ပါးႏွစ္ဖက္ကို လာဆြဲညွစ္တဲ့ Lisaရဲ႕ လက္ကိုဖမ္းခ်ဳပ္ၿပီး ကိုက္လိုက္သည္
"အား... ေခြးမေလးလား ငါ့လက္ကို လာကိုက္တာ "
"ဘာ နင္ ငါ့ကို ေခြးမလို႔ေျပာလိုက္တာလား ေသမယ္ နင္ "
Chaeyoungမွာ Lisaရဲ႕ ေပါင္ေပၚ အိပ္ေနရာက ထၿပီး Lisaကို လုပ္ဖို႔ ဟန္ျပင္စဥ္ Lisaမွာ ထရပ္ၿပီး ထြက္ေျပးသြားသည္
"Yah Lisa နင္မေျပးနဲ႕ "
Chaeyoungမွာ ေအာ္ဟစ္ၿပီး ထြက္ေျပးသြားတဲ့ Lisa ေနာက္ကို လိုက္ေလသည္
#Tbc
Bạn đang đọc truyện trên: Truyen3h.Co