Truyen3h.Co

Unknown Girl

Part 8

KimFany059

#zawgyi





"Hey bro What's up "



"Aww. .."










"ဒီဖုန်းက ဈေးတအားကြီးလွန်းတယ်လေ နင့်စေတနာကို ငါ အသိအမှတ်ပြုပေမယ့်..."













"အား နာတယ်နော် yah "











"အား "







"ငါ ငါ က စ စနေတာပါ "











#Tbc


#unicode

ကမ်းခြေတွင် နေ့လည်စာအဖြစ် ပင်လယ်စာတွေကို Chaelisaတို့ စားသောက်ပြီးနောက် အိမ်သို့ ပြန်လာခဲ့ကြသည်

Chaeyoungမှာ ညအိပ်ဝတ်စုံလဲပြီး Tv ကြည့်နေသည်

Tv showကို ကြည့်ရင်း Lisa အပြုအမူတွေနဲ့ စကားတွေကို ပြန်စဥ်းစားကြည့်နေသည်။

နည်းနည်းထူးဆန်းနေသလို ခံစားရပေမယ့် Lisaရဲ့ စကားနဲ့ ဂရုစိုက်မှုတွေကြောင့် Chaeyoung စိတ်သက်သာရာ ရပြီး စိတ်အေးလက်အေးနေနိုင်တယ်လေ

"Hey bro What's up "

ရုတ်တရက် Lisa ရောက်လာပြီး Chaeyoung ဘေးနား ဝင်ထိုင်လိုက်သည်

"Nothing ဒီတိုင်း ရုပ်ရှင်ကြည့်နေတာ..."

"Aww. .."

ရုတ်တရက် Chaelisaတို့ နှစ်ယောက်ကြား တိတ်ဆိတ်မှုက ဝင်ရောက်လာသည်

နှစ်ယောက်လုံးက တိတ်ဆိတ်ပြီး Tvကိုသာကြည့်နေသည်

Chaeyoungမှာ Lisaဘက်က ဘာမှပြောမလာသောကြောင့် Lisa စကား ပြန်စပြောလာမယ့် အချိန်ကို စောင့်နေသည်

"ဟိုလေ ရော့ ဒီမှာ နင့်အတွက် Chaeyoung "

Lisa မှာ သူ့ဘောင်းဘီအိတ်ထဲက ဗူးလေးကို ထုတ်ပြီး Chaeyoungကို ပေးလိုက်သည်

Chaeyoung မှာ Lisa ပေးတဲ့ ဗူးကို ယူရင်း Lisaကို ကြည့်လိုက်သည်

"ဟိုလေ....နင့်အတွက် ဖုန်းဝယ်လာတာပါ....ငါမပါဘဲ နင်တစ်ယောက်တည်း အပြင်သွားတဲ့အခါမျိုးကျ တစ်ခုခုဆို ဆက်သွယ်လို့ရအောင် "

"What. ..ကျေး ကျေးဇူးတင်ပါတယ်...ဒါပေမယ့်...ငါ ငါ လက်မခံနိုင်ဘူး "

"လက်မခံနိုင်လည်း ယူရမှာဘဲ ယူထားလိုက်ပါ Chaeyoungရယ် တစ်ယောက်ယောက်က စေတနာနဲ့ လက်ဆောင်ပေးတာကို မငြင်းသင့်ဘူးလေ ငြင်းတာက စေတနာကို စော်ကားတာ ရိုင်းတာနဲ့ တူတယ်တဲ့ "

"ဒီဖုန်းက စျေးတအားကြီးလွန်းတယ်လေ နင့်စေတနာကို ငါ အသိအမှတ်ပြုပေမယ့်..."

"အသိအမှတ်ပြုပေမယ့်ပြီး ဘာလည်း ...ယူထားလိုက်ပါဟာ ငါ့ကို ပြန်ပေးစရာမလိုပါဘူး "

"Lisa. ...နင် ငါ့အပေါ် အရမ်းကောင်းလွန်းတယ်..."

Chaeyoung မှာ Lisa အပြုအမူကြောင့် ရင်ထဲ နွေးထွေးသွားပြီး မျက်ရည်ကျလာသည်

Chaeyoungပါးပေါ်က မျက်ရည်တွေကို Lisaမှာ သုတ်ပေးပြီး Chaeyoung လက်ထဲက ဖုန်းဗူးကို ယူကာ ဖုန်းကိုထုတ်လိုက်သည်

"ဒါပေါ့ အခုကစပြီး တစ်ခုခုဆို ငါ့ဆီ ဖုန်းဆက်ပါ ဘယ်နေရာရောက်ရောက် နင့်ဆီငါ အပြေးလေးလာခဲ့မယ် Chaeyoung "

Lisa ပြောပြီး Chaeyoungရဲ့ ဖုန်းကို ဖွင့်ကာ လိုအပ်တာတွေ လုပ်ပေးနေသည်

Lisaရဲ့ စကားကြောင့် Chaeyoungမှာ နှလုံးခုန်မြန်လာသည်

"ငါ့ကိုဘဲ ခေါ်နော် ဟိုကောင်ကို ဖုန်းဆက်စရာမလိုဘူး Chaeyoung "

Lisa ပြောလိုက်တဲ့ စကားကြောင့် Chaeyoungမှာ ရယ်ချင်လာသည်

"ဘာလည်း နင်က ငါ့ကို သူနဲ့ သဝန်တိုနေတာလား Lisa "

Chaeyoung ရဲ့ စကားကြောင့် Lisaမှာ ဖုန်းကို စားပွဲခုံပေါ် တင်ပြီး Chaeyoung မျက်နှာနား တိုးလာသည်

ထို့နောက် Chaeyoungရဲ့ နဖူးကို Lisa လက်ညိုးနဲ့ တောက်လိုက်သည်

"အား နာတယ်နော် yah "

Chaeyoungက အော်တော့ Lisa မှာ ရယ်ရင်း တောင်းပန်လေသည်

"Sorry sorry နင့်ကို အဲ့လိုလေး မြင်ရတာ ချစ်ဖို့ကောင်းလို့ရယ် "

"ဟွန့် နင်က တကယ် စိတ်ရှုပ်အောင် လုပ်တတ်တယ် "

"သူငယ်ချင်းတွေဆိုတာ တစ်ယောက်ကို တစ်ယောက် စိတ်ရှုပ်အောင် စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ကြတယ်လေ "

Lisa စကားကြောင့် Chaeyoung devil smileနဲ့ ပြုံးပြီး

"Aww ဒါဆို သူငယ်ချင်းတွေက ခုလို ပွတ်သီးပွတ်သပ်ထိတွေ့နေလို့ရလား "

Lisa ရဲ့ ပေါင်ကို Chaeyoung လက်နဲ့ ပွတ်ပြီး မေးလိုက်သည် 

ထို့နောက် တဖြည်းဖြည်းနဲ့ Lisaရဲ့ မျက်နှာနား တိုးလာသည်

Lisa မှာ Chaeyoungရဲ့ လှပလွန်းတဲ့ မျက်လုံးလေးကို ငေးကြည့်ရင်း ကျောက်ရုပ်လို ဖြစ်နေသည်

Chaeyoungမှာ Lisaကို ကြည့်ပြီး ရယ်ကာ Lisa ရဲ့ နှာခေါင်းကို လက်နဲ့ဆွဲညှစ်လိုက်သည်

"အား "

"ဟားဟား ငါက စလိုက်တာပါ ငါ့ကြောင့် လန့်သွားရင် ဆောတီး "

Lisaမှာ ဘာမှမပြောနိုင်လို့ ချောင်းသာဟန့်လိုက်သည်

"နင်က တအားရယ်ရတာဘဲ....မိန်းကလေးတွေနဲ့ တစ်ခါမှ နီးနီးကပ်ကပ် မနေဖူးတဲ့အတိုင်းဘဲ ဘာလို့ရှက်နေတာလည်း...ကဲပါ ငါက စလိုက်တာပါ မရှက်နဲ့တော့နော် "

"Aww ရယ်ရတယ်ပေါ့ ဟုတ်လား "

Lisa ပြောပြီး Chaeyoungရဲ့ ပါးနှစ်ဖက်လုံးကို လက်နဲ့ဆွဲညှစ်လိုက်သည်

"ငါ့ကို အဲ့လိုလုပ်ရတာ သဘောကျတယ်ပေါ့ ဟုတ်လား Chaeyoung. ..နောက်တစ်ခါ ငါ့အသားလာထိရင် နင့်ကို ခုလို သင်ခန်းစာပေးပစ်မယ် ဂါး "

"ငါ ငါ က စ စနေတာပါ "

Lisa အပြုအမူကြောင့် Chaeyoung တစ်ယောက် ရင်တွေ အရမ်းခုန်ပြီး စကားတွေထစ်လာသည်

"No နင့်ပုံစံက စတဲ့ပုံမပေါက်ပါဘူး နင်သိလား Chaeyoung. ...သူငယ်ချင်းတွေကနေ တခြားအဆင့်ကို ပြောင်းလို့ရတယ်ဆိုတာ... "

Lisa ရဲ့ sexyကျတဲ့ အသံနဲ့ အကြည့်တွေကြောင့် Chaeyoung ရဲ့ နှလုံးတွေ ပေါက်ထွက်သွားတော့မတတ် မြန်လာသည်

Lisaရဲ့ မျက်လုံးတွေက တစ်ခုခုလုပ်ပစ်ဖို့ Chaeyoungကို ဆွဲဆောင်နေသလို

Lisaမှာလည်း Chaeyoungရဲ့ မျက်ဝန်းတွေကို စိုက်ကြည့်ရင်း တစ်ခုခုလုပ်ပစ်ချင်နေသလို.....ရုန်းထွက်မရတော့သလို ဖြစ်နေသည်

Chaelisaတို့ တစ်ယောက် အသက်ရှုထုတ်သံကို ခံစားနိုင်တဲ့အထိ မျက်နှာတွေက နီးကပ်လာကြသည်....

နှုတ်ခမ်းချင်းထိတော့မည့် အချိန်တွင် Lisa ဖုန်းက ရုတ်တရက်ထမြည်သောကြောင့် Chaeyoung အသိစိတ်ဝင်လာပြီး ဆိုဖာပေါ်က ထကာ ဧည့်ခန်းထဲက ထွက်ပြေးလာသည်

Lisaကတော့ အခုမှ ဖုန်းဆက်တဲ့  သူ့အမဖြစ်သူ Taeyeonကို စိတ်ထဲကနေ ကျိန်ဆဲနေမိသည်

Chaeyoung ကတော့ သူမအခန်းထဲ ကုတင်ပေါ် ပစ်လှဲရင်း ခုနက သူမတို့ အကြောင်းကို ပြန်တွေးနေသည်

နှစ်ယောက်လုံး ဘယ်သူကမှ မထိန်းကြဘဲ စိတ်လွတ်ကိုယ်လွတ် ဖြစ်ခဲ့ကြတာလေ ...

#Tbc

လိုင်းဖြတ်တဲ့နေ့က ရေးထားတာလေး ခုမှ သတိရလို့ ​လာတင်ပေးတာ❤

Bạn đang đọc truyện trên: Truyen3h.Co