Part 10
#Unicode
Chaeyoungလည်း မငြင်းဘဲ Lisa ခေါ်ရာနောက် လိုက်သွားတယ်
Mafia တစ်ယောက်ရဲ့ နေပုံထိုင်ပုံကို သိချင်တယ်လေ သူဖတ်ဖူးတဲ့ စာတွေထဲ ရုပ်ရှင်တွေထဲ ကြားဖူးသမျှ သတင်းတွေထဲမှာ Mafia တွေက အရမ်းဆိုးပြီး လူတွေတောင် သတ်တာလေ....
Lisaလည်း အဲ့လိုလူတွေထဲက တစ်ယောက်လားဆိုတာ Chaeyoung သိချင်နေတယ်
နာရီဝက်ကျော်ကြာထိ ကားမောင်းပြီးနောက် Lisa ပြောတဲ့ အိမ်ကို ရောက်ပြီလေ
ခြံဝန်းအကျယ်ကြီးက သူမတို့ တစ်ရပ်ကွက်စာလောက်ရှိသည်
အိမ်ကြီးကလည်း နန်းတော်အမျှ ကြီးကျယ်ခန့်ညားထည်ဝါလှသည်
Lisa ကားပေါ်က ဆင်းပြီး Chaeyoungအတွက် ကားတံခါးဖွင့်ပေးလိုက်သည်
ထို့နောက် Chaeyoung လက်ကို ကိုင်ပြီး အိမ်ထဲ ခေါ်သွားလေသည်
Lisaတို့ အိမ်တံခါးရှေ့ ရောက်ရောက်ချင်း တံခါးက Lisa ဖွင့်စရာမလိုဘဲ ပွင့်လာသည်
Chaeyoungမှာ သူမတို့ကို ဦးညွှတ်နှုတ်ဆက်နေတဲ့ Maidတွေကို တွေ့တော့ အံ့သြသွားသည်
Lisa Chaeyoungကို အခန်းတစ်ခန်းထဲ ခေါ်သွားတယ်
ထိုအအခန်းထဲတွင် Louis တို့ ဘောလုံးကစားနေတာတွေ့ရသည်
"Liz ပြန်ရောက်ပြီလား အိုး Chaeyoung လည်း ပါလာတာဘဲ "
"Humm Chaeyoungက ဒီအိမ်ကြီးအကြောင်းသိချင်လို့တဲ့ Louis မင်း လိုက်ပြပေးနိုင်မလား ငါ နည်းနည်းပင်ပန်းနေလို့ "
"ကောင်းပြီလေ လာ Chaeyoung ကျွန်တော့်နောက် လိုက်ခဲ့ "
Chaeyoung လည်း Louis ခေါ်ရာနောက်ကို လိုက်လာသည်
"ဒါက medical roomလေ ငါတို့ထဲက တစ်ယောက်ယောက် ထိခိုက်ဒဏ်ရာရတာဖြစ်ဖြစ် နေမကောင်းရင် ဒီမှာ ကုတာ"
Louis ပြောပြီး အခန်းတံခါးကို ဖွင့်လိုက်တော့ ဆေးခန်းလို ပုံစံနဲ့ အခန်းကို Chaeyoung တွေ့ရသည်
အခန်းထဲ ဝင်စပ်စုရင်း အခန်းတံခါးနောက်တစ်ခုကို တွေ့ရလေသည်
"ဒီအခန်းကရော...."
"အဲ့တာက စမ်းသပ်ခန်းပေါ့ အဲ့ထဲမှာ ဆေးရုံက ပစ္စည်းတွေရှိသလို ဓာတ်ခွဲခန်းက ပစ္စည်းတွေလည်းရှိတယ် ...."
"ဒါဆို ဆရာဝန်လည်း ရှိတာပေါ့.... '
"ဆရာဝန်ထက် ကျွန်တော် တို့ထဲမှာ Namက ဆေးပညာနဲ့ပတ်သက်ပြီး တော်တော်နှံ့စပ်ပြီး သိတယ်လေ သူဘဲ ကျွန်တော် တို့ကို ကုသပေးတာ ..."
"Aww. ..."
ထပ်ပြီး Louis က Chaeyoungကို Training Roomထဲ ခေါ်သွားသည်
"ဒါကတော့ ငါတို့ တိုက်ခိုက်ရေး လေ့ကျင့်တဲ့အခန်း တစ်ခါတစ်ခါ လုပ်စရာအလုပ်တွေ မရှိရင် Lisaနဲ့ ကျွန်တော် တို့ ဒီမှာ လာလေ့ကျင့်တယ် အချင်းချင်း တိုက်ခိုက်တယ် "
"Aww "
"ဒီအခန်းကတော့ သေနတ်ပစ် လေ့ကျင့်တဲ့အခန်း..... "
Chaeyoung အခန်းထဲဝင်ကြည့်တော့ သေနတ်တစ်ချို့ရယ် earphone နဲ့ ပစ်မှတ်အရုပ်တစ်ချို့ကို တွေ့ရသည်
"မင်းကို ပြဖို့ နောက်ဆုံးအခန်းဘဲ ကျန်တော့တယ် လာ လိုက်ခဲ့ "
Chaeyoung လည်း Louis နောက် ပါသွားသည်
Louis ဝင်သွားတဲ့အခန်းထဲ ဝင်လိုက်တော့ Tv screen အကြီးကြီးနဲ့ ကွန်ပျူတာပေါင်းများစွာကို Chaeyoung တွေ့ရသည်
"ဒီအခန်းက ဘာအခန်းလည်းဟင် "
"Mafia နဲ့ ပတ်သက်ပြီး မင်းက မသိတော့ ကျွန်တော် ရှင်းပြမယ်လေ ဒီကနေပြီး ကျွန်တော်တို့ Fileတွေ ဟက်တယ် လူတွေနောက်ကြောင်း စုံစမ်းတယ် bank accountတွေလည်း ဒီကနေ ဟက်တာဘဲလေ "
Louis ရှင်းပြတော့ Chaeyoung ခေါင်းညိတ်ပြသည်
"ကျွန်တော်က ဒီအပိုင်းကို တာဝန်ယူတာ Mission တစ်ခုခုရှိရင် Lisa တို့ ဒီကို အရင်လာကြတာဘဲ "
"ဒီကနေ တကယ်ဘဲ လူတွေ နောက်ကြောင်း စုံစမ်းလို့ရတာလား "
Chaeyoung မေးတော့ Louis ခေါင်းညိတ်ပြီး ခုံတွင် ထိုင်ကာ စက်ကိုဖွင့်လိုက်သည်
"ဒါပေါ့ တစ်ချို့ mafiaတွေဆို သူတို့နောက်ကြောင်းကို လုံးဝဖုံးမရဘူး ကျွန်တော်တို့ဆီက နည်းပညာတွေက လုံးဝ အလန်းစားလေ "
Louis ပြောပြီး keyboard တွင် စာရိုက်နေသည်
Louis ရိုက်သမျှက Tv screen အကြီးကြီးပေါ်တွင် ပေါ်နေသည်
Chaeyoung Tv screenကြီးကိုကြည့်တော့ သူမ နာမည်ကို တွေ့ရလေသည်
"Park Chaeyoung "
Louis ပြောရင်း စာရိုက်ပြီး Enter ခလုတ်ကို ခေါက်လိုက်သည်
Chaeyoung မှာ သူမ ပုံနဲ့ မွေးနေ့ နာမည် နေရပ်လိပ်စာ profile အကုန်ကို Tv screenပေါ် တွေ့ရတော့ အရမ်း အံ့သြသွားတယ်
"Oh my god ...."
Louisကလည်း Chaeyoungနဲ့အတူ သူမ profile ကို ကြည့်နေသည် ဘာလို့ဆို သူမအကြောင်း Lisaကလည်း လာမရှာခိုင်းလို့ Louis မသိသေးလို့လေ
"Yang Leo ...."
Louis ထိုနာမည်ကို မြင်တော့ မျက်လုံးပြူးသွားသည်
"Shit ဒီအကြောင်း Lisa မသိဘူးထင်တယ် သူ့ကိုပြောရအုံးမယ် "
Louis စိတ်ထဲကနေ တွေးလိုက်တယ်
"ကဲ သွားကြစို့ Lisaလည်း စောင့်နေလောက်ပြီ "
"ဘယ်အချိန်ရှိပြီလည်း "
Chaeyoung ပြောလို့ Louis နာရီကို ကြည့်တော့
"၆နာရီ ခွဲပြီ...."
"ဟုတ် ဒါဆို သွားကြမယ်လေ"
Louis တို့ Lisaတို့ အခန်းဆီ ပြန်သွားရင်း
"အဲ့အခန်းတွေကို အိမ်ဖော်တွေတောင် ဝင်လို့မရဘူး ဝင်တာနဲ့ သတ်ပစ်တာ....မင်းမို့ ပြတာ "
"ဘာလို့ Chaeကို ပြရတာလည်း "
"Lisaက ပြခိုင်းလို့လေ "
"Lisaက တကယ် mafia queenလားဟင် "
Chaeyoungပြောတော့ Louis ပြန်မဖြေဘဲ ရယ်နေသည်
Lisaတို့နေတဲ့အခန်းထဲရောက်တော့ Lisaက Bambamတို့နဲ့အတူ ဘိလိယက်ဆော့နေသည်
"အကုန်ပြပြီးပြီ Noona "
"ကောင်းပြီ..."
Bambamတို့လည်း အလိုက်တသိနဲ့ အပြင်ထွက်ပေးကြတော့ Lisa လိုက်ကာကို ဖယ်ပြီး အပြင်ဘက်ကို ကြည့်လိုက်သည်
"အပြင်မှာ မှောင်နေပြီ....ဒီကနေ မင်းအိမ်ကို ပြန်ပို့ပေးဖို့က တစ်နာရီကျော်လောက်ကြာမယ်ထင်တယ်....."
Lisa ပြောပြီး Chaeyoungဆီ လျှောက်လာသည်
ထို့နောက် Chaeyoung မျက်နှာနားကပ်ပြီး
"ဒီတော့....အိမ်မပြန်တော့ဘဲ ဒီမှာဘဲ အိပ်လိုက်ပါလား......"
Lisaရဲ့ Sexy ကျတဲ့ အသံကြောင့် Chaeyoung ကြက်သီးတွေ ထလာသည်
Lisa ကတော့ ပြုံးပြီး Chaeyoung လက်ကို ဆွဲကာ သူမတို့ နားနေခန်းကနေ ထွက်လာပြီး အခန်းတစ်ခန်းထဲ ခေါ်သွားလေသည်
#Tbc
#zawgyi
#Unicode
Chaeyoungလည္း မျငင္းဘဲ Lisa ေခၚရာေနာက္ လိုက္သြားတယ္
Mafia တစ္ေယာက္ရဲ႕ ေနပုံထိုင္ပုံကို သိခ်င္တယ္ေလ သူဖတ္ဖူးတဲ့ စာေတြထဲ ႐ုပ္ရွင္ေတြထဲ ၾကားဖူးသမွ် သတင္းေတြထဲမွာ Mafia ေတြက အရမ္းဆိုးၿပီး လူေတြေတာင္ သတ္တာေလ....
Lisaလည္း အဲ့လိုလူေတြထဲက တစ္ေယာက္လားဆိုတာ Chaeyoung သိခ်င္ေနတယ္
နာရီဝက္ေက်ာ္ၾကာထိ ကားေမာင္းၿပီးေနာက္ Lisa ေျပာတဲ့ အိမ္ကို ေရာက္ၿပီေလ
ၿခံဝန္းအက်ယ္ႀကီးက သူမတို႔ တစ္ရပ္ကြက္စာေလာက္ရွိသည္
အိမ္ႀကီးကလည္း နန္းေတာ္အမွ် ႀကီးက်ယ္ခန့္ညားထည္ဝါလွသည္
Lisa ကားေပၚက ဆင္းၿပီး Chaeyoungအတြက္ ကားတံခါးဖြင့္ေပးလိုက္သည္
ထို႔ေနာက္ Chaeyoung လက္ကို ကိုင္ၿပီး အိမ္ထဲ ေခၚသြားေလသည္
Lisaတို႔ အိမ္တံခါးေရွ႕ ေရာက္ေရာက္ခ်င္း တံခါးက Lisa ဖြင့္စရာမလိုဘဲ ပြင့္လာသည္
Chaeyoungမွာ သူမတို႔ကို ဦးၫႊတ္ႏႈတ္ဆက္ေနတဲ့ Maidေတြကို ေတြ႕ေတာ့ အံ့ၾသသြားသည္
Lisa Chaeyoungကို အခန္းတစ္ခန္းထဲ ေခၚသြားတယ္
ထိုအအခန္းထဲတြင္ Louis တို႔ ေဘာလုံးကစားေနတာေတြ႕ရသည္
"Liz ျပန္ေရာက္ၿပီလား အိုး Chaeyoung လည္း ပါလာတာဘဲ "
"Humm Chaeyoungက ဒီအိမ္ႀကီးအေၾကာင္းသိခ်င္လို႔တဲ့ Louis မင္း လိုက္ျပေပးနိုင္မလား ငါ နည္းနည္းပင္ပန္းေနလို႔ "
"ေကာင္းၿပီေလ လာ Chaeyoung ကြၽန္ေတာ့္ေနာက္ လိုက္ခဲ့ "
Chaeyoung လည္း Louis ေခၚရာေနာက္ကို လိုက္လာသည္
"ဒါက medical roomေလ ငါတို႔ထဲက တစ္ေယာက္ေယာက္ ထိခိုက္ဒဏ္ရာရတာျဖစ္ျဖစ္ ေနမေကာင္းရင္ ဒီမွာ ကုတာ"
Louis ေျပာၿပီး အခန္းတံခါးကို ဖြင့္လိုက္ေတာ့ ေဆးခန္းလို ပုံစံနဲ႕ အခန္းကို Chaeyoung ေတြ႕ရသည္
အခန္းထဲ ဝင္စပ္စုရင္း အခန္းတံခါးေနာက္တစ္ခုကို ေတြ႕ရေလသည္
"ဒီအခန္းကေရာ...."
"အဲ့တာက စမ္းသပ္ခန္းေပါ့ အဲ့ထဲမွာ ေဆး႐ုံက ပစၥည္းေတြရွိသလို ဓာတ္ခြဲခန္းက ပစၥည္းေတြလည္းရွိတယ္ ...."
"ဒါဆို ဆရာဝန္လည္း ရွိတာေပါ့.... '
"ဆရာဝန္ထက္ ကြၽန္ေတာ္ တို႔ထဲမွာ Namက ေဆးပညာနဲ႕ပတ္သက္ၿပီး ေတာ္ေတာ္ႏွံ႕စပ္ၿပီး သိတယ္ေလ သူဘဲ ကြၽန္ေတာ္ တို႔ကို ကုသေပးတာ ..."
"Aww. ..."
ထပ္ၿပီး Louis က Chaeyoungကို Training Roomထဲ ေခၚသြားသည္
"ဒါကေတာ့ ငါတို႔ တိုက္ခိုက္ေရး ေလ့က်င့္တဲ့အခန္း တစ္ခါတစ္ခါ လုပ္စရာအလုပ္ေတြ မရွိရင္ Lisaနဲ႕ ကြၽန္ေတာ္ တို႔ ဒီမွာ လာေလ့က်င့္တယ္ အခ်င္းခ်င္း တိုက္ခိုက္တယ္ "
"Aww "
"ဒီအခန္းကေတာ့ ေသနတ္ပစ္ ေလ့က်င့္တဲ့အခန္း..... "
Chaeyoung အခန္းထဲဝင္ၾကည့္ေတာ့ ေသနတ္တစ္ခ်ိဳ႕ရယ္ earphone နဲ႕ ပစ္မွတ္အ႐ုပ္တစ္ခ်ိဳ႕ကို ေတြ႕ရသည္
"မင္းကို ျပဖို႔ ေနာက္ဆုံးအခန္းဘဲ က်န္ေတာ့တယ္ လာ လိုက္ခဲ့ "
Chaeyoung လည္း Louis ေနာက္ ပါသြားသည္
Louis ဝင္သြားတဲ့အခန္းထဲ ဝင္လိုက္ေတာ့ Tv screen အႀကီးႀကီးနဲ႕ ကြန္ပ်ဴတာေပါင္းမ်ားစြာကို Chaeyoung ေတြ႕ရသည္
"ဒီအခန္းက ဘာအခန္းလည္းဟင္ "
"Mafia နဲ႕ ပတ္သက္ၿပီး မင္းက မသိေတာ့ ကြၽန္ေတာ္ ရွင္းျပမယ္ေလ ဒီကေနၿပီး ကြၽန္ေတာ္တို႔ Fileေတြ ဟက္တယ္ လူေတြေနာက္ေၾကာင္း စုံစမ္းတယ္ bank accountေတြလည္း ဒီကေန ဟက္တာဘဲေလ "
Louis ရွင္းျပေတာ့ Chaeyoung ေခါင္းညိတ္ျပသည္
"ကြၽန္ေတာ္က ဒီအပိုင္းကို တာဝန္ယူတာ Mission တစ္ခုခုရွိရင္ Lisa တို႔ ဒီကို အရင္လာၾကတာဘဲ "
"ဒီကေန တကယ္ဘဲ လူေတြ ေနာက္ေၾကာင္း စုံစမ္းလို႔ရတာလား "
Chaeyoung ေမးေတာ့ Louis ေခါင္းညိတ္ၿပီး ခုံတြင္ ထိုင္ကာ စက္ကိုဖြင့္လိုက္သည္
"ဒါေပါ့ တစ္ခ်ိဳ႕ mafiaေတြဆို သူတို႔ေနာက္ေၾကာင္းကို လုံးဝဖုံးမရဘူး ကြၽန္ေတာ္တို႔ဆီက နည္းပညာေတြက လုံးဝ အလန္းစားေလ "
Louis ေျပာၿပီး keyboard တြင္ စာရိုက္ေနသည္
Louis ရိုက္သမွ်က Tv screen အႀကီးႀကီးေပၚတြင္ ေပၚေနသည္
Chaeyoung Tv screenႀကီးကိုၾကည့္ေတာ့ သူမ နာမည္ကို ေတြ႕ရေလသည္
"Park Chaeyoung "
Louis ေျပာရင္း စာရိုက္ၿပီး Enter ခလုတ္ကို ေခါက္လိုက္သည္
Chaeyoung မွာ သူမ ပုံနဲ႕ ေမြးေန႕ နာမည္ ေနရပ္လိပ္စာ profile အကုန္ကို Tv screenေပၚ ေတြ႕ရေတာ့ အရမ္း အံ့ၾသသြားတယ္
"Oh my god ...."
Louisကလည္း Chaeyoungနဲ႕အတူ သူမ profile ကို ၾကည့္ေနသည္ ဘာလို႔ဆို သူမအေၾကာင္း Lisaကလည္း လာမရွာခိုင္းလို႔ Louis မသိေသးလို႔ေလ
"Yang Leo ...."
Louis ထိုနာမည္ကို ျမင္ေတာ့ မ်က္လုံးျပဴးသြားသည္
"Shit ဒီအေၾကာင္း Lisa မသိဘူးထင္တယ္ သူ႕ကိုေျပာရအုံးမယ္ "
Louis စိတ္ထဲကေန ေတြးလိုက္တယ္
"ကဲ သြားၾကစို႔ Lisaလည္း ေစာင့္ေနေလာက္ၿပီ "
"ဘယ္အခ်ိန္ရွိၿပီလည္း "
Chaeyoung ေျပာလို႔ Louis နာရီကို ၾကည့္ေတာ့
"၆နာရီ ခြဲၿပီ...."
"ဟုတ္ ဒါဆို သြားၾကမယ္ေလ"
Louis တို႔ Lisaတို႔ အခန္းဆီ ျပန္သြားရင္း
"အဲ့အခန္းေတြကို အိမ္ေဖာ္ေတြေတာင္ ဝင္လို႔မရဘူး ဝင္တာနဲ႕ သတ္ပစ္တာ....မင္းမို႔ ျပတာ "
"ဘာလို႔ Chaeကို ျပရတာလည္း "
"Lisaက ျပခိုင္းလို႔ေလ "
"Lisaက တကယ္ mafia queenလားဟင္ "
Chaeyoungေျပာေတာ့ Louis ျပန္မေျဖဘဲ ရယ္ေနသည္
Lisaတို႔ေနတဲ့အခန္းထဲေရာက္ေတာ့ Lisaက Bambamတို႔နဲ႕အတူ ဘိလိယက္ေဆာ့ေနသည္
"အကုန္ျပၿပီးၿပီ Noona "
"ေကာင္းၿပီ..."
Bambamတို႔လည္း အလိုက္တသိနဲ႕ အျပင္ထြက္ေပးၾကေတာ့ Lisa လိုက္ကာကို ဖယ္ၿပီး အျပင္ဘက္ကို ၾကည့္လိုက္သည္
"အျပင္မွာ ေမွာင္ေနၿပီ....ဒီကေန မင္းအိမ္ကို ျပန္ပို႔ေပးဖို႔က တစ္နာရီေက်ာ္ေလာက္ၾကာမယ္ထင္တယ္....."
Lisa ေျပာၿပီး Chaeyoungဆီ ေလွ်ာက္လာသည္
ထို႔ေနာက္ Chaeyoung မ်က္ႏွာနားကပ္ၿပီး
"ဒီေတာ့....အိမ္မျပန္ေတာ့ဘဲ ဒီမွာဘဲ အိပ္လိုက္ပါလား......"
Lisaရဲ႕ Sexy က်တဲ့ အသံေၾကာင့္ Chaeyoung ၾကက္သီးေတြ ထလာသည္
Lisa ကေတာ့ ၿပဳံးၿပီး Chaeyoung လက္ကို ဆြဲကာ သူမတို႔ နားေနခန္းကေန ထြက္လာၿပီး အခန္းတစ္ခန္းထဲ ေခၚသြားေလသည္
#Tbc
Bạn đang đọc truyện trên: Truyen3h.Co