Part 9
#Unicode
'Chaeyoung နာရီကို လှမ်းကြည့်တော့ မနက် 10နာရီခွဲနေပြီ Lisaက ခုထိ ရောက်မလာသေး.....
မနေ့ညက နေရာတစ်ခုခေါ်သွားမယ်သာပြောတယ် ဘယ်နေရာနဲ့ ဘယ်အချိန်လာခေါ်မယ်ဆိုတာလည်း ပြောမပြသွားသောကြောင့် Chaeyoung မှာ မနက် ရှစ်နာရီကတည်းက ပြင်ဆင်ပြီး ထိုင်စောင့်နေရသည်
မနက်ရှစ်နာရီကတည်းက စောင့်နေရတာဆိုတော့ Chaeyoung တစ်ယောက် စိတ်သိပ်မရှည်တော့ပေ
ထိုစဥ် သူမဖုန်းထဲသို့ အမည်မသိနံပါတ်တစ်ခုဆီက Message ဝင်လာသည်
From Unknown number
အသင့်ပြင်ထားနော် ကိုယ်လာခေါ်မယ်
"အမလေး နောက်ဆုံးတော့ ဒင်း ငါ့ကို လာခေါ်တော့မယ်....မိတ်ကပ်တွေ ပျက်ကုန်ပြီလား မသိဘူး ပြန်ကြည့်အုံးမှ "
Chaeyoung ဖုန်းကို ခုံပေါ်တင်ထားပြီး သူမ အခန်းထဲ ပြေးဝင်သွားတယ်
မိနစ်အနည်းငယ်ကြာတော့ Chaeyoung အခန်းထဲက ပြန်ထွက်လာတယ်
Lisaဆီက အိမ်ရှေ့ရောက်ပြီဆိုတဲ့ Message လည်း ရောက်လာရော Chaeyoung အိတ်ကို လွယ်ပြီး ထွက်လာခဲ့သည်
Chaeyoung အိမ်အပြင်လည်း ရောက်ရော
ဆိုင်ရှေ့တွင် ကားရပ်ထားပြီး ကားတံခါးကိုမှီကာ ဘောင်းဘီအိတ်ထဲ လက်ထည့်ထားတဲ့ Lisa ကို တွေ့ရသည်
ဒီတစ်ခါတော့ Lisa တစ်ယောက် အနက်ရောင် suit ဝတ်စုံကို ဝတ်ထားသည်
ဝတ်စုံကို ကြည့်ပြီး Party တစ်ခုဖြစ်ရမယ်လို့ Chaeyoung တွေးပြီး သူ့ကိုယ်သူလည်း Partyနဲ့ လိုက်တဲ့ ဂါဝန်လေး ဝတ်ထားလို့ စိတ်ထဲကနေ ချီးကျူးနေသည်
Chaeyoung ကိုလည်း တွေ့ရော Chaeyoungဆီ Lisa လျှောက်လာသည်
Chaeyoungကို ခေါင်းအစခြေအဆုံးကြည့်ပြီး
"Wow ဒီနေ့ မင်း အရမ်းလှနေတာဘဲ Chaeyoung ....အခုသွားမယ့် နေရာနဲ့ ကွက်တိဘဲ "
"ဘယ်သွားမလို့လည်း Lisa "
"Party တစ်ခုကို ခေါ်သွားမလို့ "
Lisaပြောပြီး Chaeyoung လက်ကို တွဲကာ ကားဆီသို့ ခေါ်သွားသည်
နာရီဝက်လောက် ကားမောင်းပြီးနောက်တော့ Lisa ခြံဝန်းတစ်ခုထဲ ဝင်သွားတယ်
"Humm Lisa ဘာပါတီလည်းဟင် "
"လူချမ်းသာတွေ လုပ်တဲ့ ပါတီလေ...ဒီပါတီမှာ မင်းက ငါ့ရဲ့ ပါတနာ အဖြစ် နေရမှာ..."
"ဟင် ရိုးရိုးပါတီထင်လို့ Chae ဘာမှ မပြင်မဆင်ခဲ့ရဘူး...."
Chaeyoung ပြောတော့ Lisa ရယ်ပြီး Chaeyoungကို ကြည့်ကာ
"မင်း ဘာမှပြင်ဆင်စရာမလိုပါဘူး ဒီတိုင်းလေး နေရင်တောင် မင်းက လှပြီး ကျက်သရေရှိနေတာ......"
Lisa ပြောပြီး ကားပေါ်က ဆင်းလိုက်သည်
ထို့နောက် Chaeyoung အတွက် ကားတံခါးကို ဖွင့်ပေးသည်
Chaeyoung ကားပေါ်က ဆင်းလာတော့ Chaeyoungရဲ့လက်ကို Lisa တွဲလိုက်သည်
"စိတ်မလှုပ်ရှားပါနဲ့ ကိုယ်ရှိတယ်လေနော် .ကိုယ့်ဘေးနားမှာဘဲနေ..."
Partyထဲ ဝင်သွားတော့ Lisaနဲ့ Chaeyoungတို့ မိန်းကလေးအတွဲကို ကြည့်ပြီး လူတွေက တိုးတိုးတိုးတိုးနဲ့ စကားတွေပြောနေကြသည်
Chaeyoungမှာ Lisa လက်ကို ပိုပြီးဆုပ်ကိုင်လိုက်တော့ Lisaမှာ နောက်လက်တစ်ဖက်နဲ့ Chaeyoung လက်ကို ဖွဖွလေး ကိုင်လိုက်ပြီး
"မကြောက်နဲ့နော် ကိုယ်ရှိတယ် "
အထဲကိုရောက်သွားတော့ ဝိုင်ခွက်လေးတွေ ကိုင်ရင်း စကားပြောနေကြတဲ့သူတစ်ချို့ရယ် တေးဂီတသံနဲ့ တွဲကနေတဲ့ အတွဲတွေကို Chaeyoung တွေ့ရသည်
Lisaမှာ လွတ်နေတဲ့ စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်သည်
ခဏကြာတော့ Lisaနဲ့ Chaeyoungဘေးနား အမျိုးသား လေးယောက်ဝင်လာထိုင်ကြသည်
Chaeyoungမှာ ကြောက်လို့ စားပွဲခုံအောက်ကနေ Lisa လက်ကို ကိုင်လိုက်ပေမယ့် Lisaကတော့ မတ်တပ်ထရပ်လိုက်သည်
"နင်တို့တွေ ဘာလို့ကြာနေတာလည်း "
"ပြဿနာ နည်းနည်းရှိလို့ပါ "
အသားညိုညိုနဲ့ ကောင်လေးမှာ Lisaကို ကြည့်ပြီး ဖြေလိုက်သည်
"Aww ဒါနဲ့ သူက Park Chaeyoung တဲ့ "
Lisa က မိတ်ဆက်ပေးလို့ Chaeyoungလည်း မတ်တပ်ထရပ်ပြီး နှုတ်ဆက်ပေးလိုက်သည်
"Annyeonghasayo တွေ့ရတာ ဝမ်းသာပါတယ် Park Chaeyoungပါ...."
Chaeyoungက မတ်တပ်ထရပ်ပြီး နှုတ်ဆက်တော့ Bambam က ရယ်လိုက်သည်
"Come on format တစ်ခုလို လုပ်မနေပါနဲ့ "
Bambamစကားကြောင့် Lisa မျက်မှောင်ကြုတ်ကာ Bambamကို ကြည့်လိုက်သည်
"Aww ဒါနဲ့ ငါက Bambamပါ မင်းနဲ့ သူငယ်ချင်း ဖြစ်ချင်ပါတယ် "
Bambamပြောပြီး Chaeyoung နဲ့ လက်ဆွဲနှုတမဆက်ဖို့ လက်ကမ်းပေးလေသည်
"Minoပါ..."
"Nam "
"Louis. ..."
Chaeyoungလည်း အားလုံးနဲ့ လက်ဆွဲနှုတ်ဆက်ပြီးနောက် စကားအတူပြောရင်း သက်တောင့်သက်သာ ရှိလာသလို ခံစားရသည်
ထိုစဥ် MCက စကားတွေပြောရင်း
"ဒီနေ့ ပွဲကို ကြွရောက်လာပေးတဲ့ အထူးဧည့်သည် .....Lisa Manoban တို့ အဖွဲ့ကို ကျေးဇူးတင်ပါတယ် "
Mcပြောလို့ Lisaလည်း ထရပ်ပြီး လက်မထောင်ပြလိုက်သည်
"Lisa သန့်စင်ခန်းက ဘယ်နားမှာလည်းဟင် "
Chaeyoung juice တွေ အသောက်များပြီး အိမ်သာသွားချင်သောကြောင့် Lisa ကို မေးလိုက်သည်
"Lisa သန့်စင်ခန်းက ဘယ်ဘက်မှာလည်းဟင် "
"ကိုယ် လိုက်ပို့ပေးမယ်လေ "
"ဟင့်အင်း ရပါတယ် Chae ဘာသာသွားလိုက်ပါမယ် ...."
Chaeyoungလည်း Lisa ပြောတဲ့ လမ်းအတိုင်း သန့်စင်ခန်းကို သွားလိုက်သည်
Chaeyoung ကိစ္စတွေပြီးနောက် ဘေစင်တွင် လက်ဆေးနေသည်
"Hi "
အမျိုးသမီး တစ်ယောက်က Chaeyoungကို လာနှုတ်ဆက်သောကြောင့် Chaeyoung လည်း လက်ကို တစ်ရှူးနဲ့ သုတ်ပြီး ပြန်နှုတ်ဆက်လိုက်သည်
"ဟုတ် "
"တို့က Julia ပါ "
"ဟုတ် Chaeyoungပါ "
"ဂါဝန်လေးက လှတယ်နော်..."
"ဟုတ် ကျေးဇူးပါ "
"ဘယ်သူနဲ့လာတာလည်း "
"Lisa နဲ့ပါ "
Chaeyoungရဲ့ စကားကြောင့် Julia မှာ ပါးစပ်အဟောင်းသားနဲ့ ဖြစ်သွားတယ်
"Oh my god. ...Chaeyoungက Mafia Queenနဲ့ ဒိတ်နေတာလား "
Juliaရဲ့ စကားကြောင့် ဒီတစ်ခါ အံ့သြသွားရသူမှာ Chaeyoungပင်
"ဟမ်.....တကယ်လား "
သူနဲ့ အချိန်တိုင်းနီးပါးရှိခဲ့တဲ့ ကောင်မလေးကMafiaတဲ့လား ဒါကြောင့်မို့ Lisa အလုပ်အကြောင်းမေးတုံးက Lisaက မဖြေခဲ့တာပေါ့
"တကယ်ပေါ့ သူက အန္တရာယ်အရှိဆုံးသူဘဲ သူ့အကြောင်းတစ်ချို့ တို့သိတယ်လေ တို့က သူ့မောင်လေးနဲ့ ဒိတ်နေတာ "
Chaeyoungမှာ စိတ်ရှုပ်နေသည် သူ ဘာတွေ ခံစားနေရလည်းဆိုတာလည်း Chaeyoung မသိတော့ပေ တကယ်ဆို Mafia Queen နဲ့အတူရှိနေတာ သိရင် သူမကြောက်ရမှာလေ အခုက ကြောက်စိတ်ကိုလည်း ခံစားမရပေ
"မောင်လေး ဟုတ်လား "
"ဟုတ်တယ် Louis Manoban လေ "
Chaeyoung မှာ တစ်လောက ပန်းဆိုင်ကိုလာတဲ့ ကောင်လေးကို သတိရသွားပြီး ခေါင်းညိတ်ပြလိုက်သည်
***********
Partyက ပြန်လာတဲ့လမ်းတွင် စကားတအားများတဲ့ Chaeyoungက သန့်စင်ခန်းက ပြန်လာကတည်းက ငြိမ်နေလို့ Lisa ချောင်းဟန့်ပြီးမေးလိုက်သည်
"ဘာလို့ ငြိမ်နေရတာလည်း "
"ဟင် "
"သန့်စင်ခန်းက ပြန်လာကတည်းက မင်း ငြိမ်နေတာ ဘာဖြစ်လို့လည်း "
Chaeyoungမှာ သူသိခဲ့တာတွေပြောသင့် မပြောသင့် တွေဝေနေသည်
"Hey. ..."
Lisa နူးနူးညံ့ညံ့အသံလေးနဲ့ Chaeyoung ကို ခေါ်လိုက်သည်
"ကိုယ့်ကို အားလုံး ပြောပြလို့ရပါတယ် "
Chaeyoung သက်ပြင်းချပြီး
"သန့်စင်ခန်းထဲမှာ Lisaမောင်လေး ရဲ့ ကောင်မလေး Julia နဲ့ တွေ့ခဲ့တယ် "
Chaeyoung စကားကြောင့် Lisa လန့်သွားတယ်.....Juliaနဲ့ တွေ့ခဲ့တယ်ဆိုတော့ Lisa အလုပ်အကြောင်း Chaeyoung သိသွားလောက်ပြီပေါ့
"Lisaက တကယ်ဘဲ Mafiaလားဟင် "
Lisaမှာ Chaeyoung မေးခွန်းကြောင့် သက်ပြင်းရှည်ကြီး ချလိုက်သည်
"ဟုတ်တယ် ကိုယ်က Mafia. ...မင်း လန့်သွားမှာဆိုးလို့ မပြောပြတာပါ "
"လန့်တော့မလန့်သွားပါဘူး ဒါပေမယ့် မိန်းကလေးတစ်ယောက်က mafiaဆိုတော့ နည်းနည်း Confuse ဖြစ်သွားရုံပါ "
"ကိုယ့်အကြောင်းတွေ သိချင်တယ်မလား.....ကိုယ် မင်းကို တစ်နေရာခေါ်သွားမယ် လိုက်ခဲ့မလား "
"ဘယ်ကိုလည်း ...."
"ကိုယ့်ရဲ့ စံအိမ်ကို...."
#TBC
#zawgyi
'Chaeyoung နာရီကို လွမ္းၾကည့္ေတာ့ မနက္ 10နာရီခြဲေနၿပီ Lisaက ခုထိ ေရာက္မလာေသး.....
မေန႕ညက ေနရာတစ္ခုေခၚသြားမယ္သာေျပာတယ္ ဘယ္ေနရာနဲ႕ ဘယ္အခ်ိန္လာေခၚမယ္ဆိုတာလည္း ေျပာမျပသြားေသာေၾကာင့္ Chaeyoung မွာ မနက္ ရွစ္နာရီကတည္းက ျပင္ဆင္ၿပီး ထိုင္ေစာင့္ေနရသည္
မနက္ရွစ္နာရီကတည္းက ေစာင့္ေနရတာဆိုေတာ့ Chaeyoung တစ္ေယာက္ စိတ္သိပ္မရွည္ေတာ့ေပ
ထိုစဥ္ သူမဖုန္းထဲသို႔ အမည္မသိနံပါတ္တစ္ခုဆီက Message ဝင္လာသည္
From Unknown number
အသင့္ျပင္ထားေနာ္ ကိုယ္လာေခၚမယ္
"အမေလး ေနာက္ဆုံးေတာ့ ဒင္း ငါ့ကို လာေခၚေတာ့မယ္....မိတ္ကပ္ေတြ ပ်က္ကုန္ၿပီလား မသိဘူး ျပန္ၾကည့္အုံးမွ "
Chaeyoung ဖုန္းကို ခုံေပၚတင္ထားၿပီး သူမ အခန္းထဲ ေျပးဝင္သြားတယ္
မိနစ္အနည္းငယ္ၾကာေတာ့ Chaeyoung အခန္းထဲက ျပန္ထြက္လာတယ္
Lisaဆီက အိမ္ေရွ႕ေရာက္ၿပီဆိုတဲ့ Message လည္း ေရာက္လာေရာ Chaeyoung အိတ္ကို လြယ္ၿပီး ထြက္လာခဲ့သည္
Chaeyoung အိမ္အျပင္လည္း ေရာက္ေရာ
ဆိုင္ေရွ႕တြင္ ကားရပ္ထားၿပီး ကားတံခါးကိုမွီကာ ေဘာင္းဘီအိတ္ထဲ လက္ထည့္ထားတဲ့ Lisa ကို ေတြ႕ရသည္
ဒီတစ္ခါေတာ့ Lisa တစ္ေယာက္ အနက္ေရာင္ suit ဝတ္စုံကို ဝတ္ထားသည္
ဝတ္စုံကို ၾကည့္ၿပီး Party တစ္ခုျဖစ္ရမယ္လို႔ Chaeyoung ေတြးၿပီး သူ႕ကိုယ္သူလည္း Partyနဲ႕ လိုက္တဲ့ ဂါဝန္ေလး ဝတ္ထားလို႔ စိတ္ထဲကေန ခ်ီးက်ဴးေနသည္
Chaeyoung ကိုလည္း ေတြ႕ေရာ Chaeyoungဆီ Lisa ေလွ်ာက္လာသည္
Chaeyoungကို ေခါင္းအစေျခအဆုံးၾကည့္ၿပီး
"Wow ဒီေန႕ မင္း အရမ္းလွေနတာဘဲ Chaeyoung ....အခုသြားမယ့္ ေနရာနဲ႕ ကြက္တိဘဲ "
"ဘယ္သြားမလို႔လည္း Lisa "
"Party တစ္ခုကို ေခၚသြားမလို႔ "
Lisaေျပာၿပီး Chaeyoung လက္ကို တြဲကာ ကားဆီသို႔ ေခၚသြားသည္
နာရီဝက္ေလာက္ ကားေမာင္းၿပီးေနာက္ေတာ့ Lisa ၿခံဝန္းတစ္ခုထဲ ဝင္သြားတယ္
"Humm Lisa ဘာပါတီလည္းဟင္ "
"လူခ်မ္းသာေတြ လုပ္တဲ့ ပါတီေလ...ဒီပါတီမွာ မင္းက ငါ့ရဲ႕ ပါတနာ အျဖစ္ ေနရမွာ..."
"ဟင္ ရိုးရိုးပါတီထင္လို႔ Chae ဘာမွ မျပင္မဆင္ခဲ့ရဘူး...."
Chaeyoung ေျပာေတာ့ Lisa ရယ္ၿပီး Chaeyoungကို ၾကည့္ကာ
"မင္း ဘာမွျပင္ဆင္စရာမလိုပါဘူး ဒီတိုင္းေလး ေနရင္ေတာင္ မင္းက လွၿပီး က်က္သေရရွိေနတာ......"
Lisa ေျပာၿပီး ကားေပၚက ဆင္းလိုက္သည္
ထို႔ေနာက္ Chaeyoung အတြက္ ကားတံခါးကို ဖြင့္ေပးသည္
Chaeyoung ကားေပၚက ဆင္းလာေတာ့ Chaeyoungရဲ႕လက္ကို Lisa တြဲလိုက္သည္
"စိတ္မလႈပ္ရွားပါနဲ႕ ကိုယ္ရွိတယ္ေလေနာ္ .ကိုယ့္ေဘးနားမွာဘဲေန..."
Partyထဲ ဝင္သြားေတာ့ Lisaနဲ႕ Chaeyoungတို႔ မိန္းကေလးအတြဲကို ၾကည့္ၿပီး လူေတြက တိုးတိုးတိုးတိုးနဲ႕ စကားေတြေျပာေနၾကသည္
Chaeyoungမွာ Lisa လက္ကို ပိုၿပီးဆုပ္ကိုင္လိုက္ေတာ့ Lisaမွာ ေနာက္လက္တစ္ဖက္နဲ႕ Chaeyoung လက္ကို ဖြဖြေလး ကိုင္လိုက္ၿပီး
"မေၾကာက္နဲ႕ေနာ္ ကိုယ္ရွိတယ္ "
အထဲကိုေရာက္သြားေတာ့ ဝိုင္ခြက္ေလးေတြ ကိုင္ရင္း စကားေျပာေနၾကတဲ့သူတစ္ခ်ိဳ႕ရယ္ ေတးဂီတသံနဲ႕ တြဲကေနတဲ့ အတြဲေတြကို Chaeyoung ေတြ႕ရသည္
Lisaမွာ လြတ္ေနတဲ့ စားပြဲဝိုင္းမွာ ဝင္ထိုင္လိုက္သည္
ခဏၾကာေတာ့ Lisaနဲ႕ Chaeyoungေဘးနား အမ်ိဳးသား ေလးေယာက္ဝင္လာထိုင္ၾကသည္
Chaeyoungမွာ ေၾကာက္လို႔ စားပြဲခုံေအာက္ကေန Lisa လက္ကို ကိုင္လိုက္ေပမယ့္ Lisaကေတာ့ မတ္တပ္ထရပ္လိုက္သည္
"နင္တို႔ေတြ ဘာလို႔ၾကာေနတာလည္း "
"ျပႆနာ နည္းနည္းရွိလို႔ပါ "
အသားညိုညိုနဲ႕ ေကာင္ေလးမွာ Lisaကို ၾကည့္ၿပီး ေျဖလိုက္သည္
"Aww ဒါနဲ႕ သူက Park Chaeyoung တဲ့ "
Lisa က မိတ္ဆက္ေပးလို႔ Chaeyoungလည္း မတ္တပ္ထရပ္ၿပီး ႏႈတ္ဆက္ေပးလိုက္သည္
"Annyeonghasayo ေတြ႕ရတာ ဝမ္းသာပါတယ္ Park Chaeyoungပါ...."
Chaeyoungက မတ္တပ္ထရပ္ၿပီး ႏႈတ္ဆက္ေတာ့ Bambam က ရယ္လိုက္သည္
"Come on format တစ္ခုလို လုပ္မေနပါနဲ႕ "
Bambamစကားေၾကာင့္ Lisa မ်က္ေမွာင္ၾကဳတ္ကာ Bambamကို ၾကည့္လိုက္သည္
"Aww ဒါနဲ႕ ငါက Bambamပါ မင္းနဲ႕ သူငယ္ခ်င္း ျဖစ္ခ်င္ပါတယ္ "
Bambamေျပာၿပီး Chaeyoung နဲ႕ လက္ဆြဲႏႈတမဆက္ဖို႔ လက္ကမ္းေပးေလသည္
"Minoပါ..."
"Nam "
"Louis. ..."
Chaeyoungလည္း အားလုံးနဲ႕ လက္ဆြဲႏႈတ္ဆက္ၿပီးေနာက္ စကားအတူေျပာရင္း သက္ေတာင့္သက္သာ ရွိလာသလို ခံစားရသည္
ထိုစဥ္ MCက စကားေတြေျပာရင္း
"ဒီေန႕ ပြဲကို ႂကြေရာက္လာေပးတဲ့ အထူးဧည့္သည္ .....Lisa Manoban တို႔ အဖြဲ႕ကို ေက်းဇူးတင္ပါတယ္ "
Mcေျပာလို႔ Lisaလည္း ထရပ္ၿပီး လက္မေထာင္ျပလိုက္သည္
"Lisa သန့္စင္ခန္းက ဘယ္နားမွာလည္းဟင္ "
Chaeyoung juice ေတြ အေသာက္မ်ားၿပီး အိမ္သာသြားခ်င္ေသာေၾကာင့္ Lisa ကို ေမးလိုက္သည္
"Lisa သန့္စင္ခန္းက ဘယ္ဘက္မွာလည္းဟင္ "
"ကိုယ္ လိုက္ပို႔ေပးမယ္ေလ "
"ဟင့္အင္း ရပါတယ္ Chae ဘာသာသြားလိုက္ပါမယ္ ...."
Chaeyoungလည္း Lisa ေျပာတဲ့ လမ္းအတိုင္း သန့္စင္ခန္းကို သြားလိုက္သည္
Chaeyoung ကိစၥေတြၿပီးေနာက္ ေဘစင္တြင္ လက္ေဆးေနသည္
"Hi "
အမ်ိဳးသမီး တစ္ေယာက္က Chaeyoungကို လာႏႈတ္ဆက္ေသာေၾကာင့္ Chaeyoung လည္း လက္ကို တစ္ရႉးနဲ႕ သုတ္ၿပီး ျပန္ႏႈတ္ဆက္လိုက္သည္
"ဟုတ္ "
"တို႔က Julia ပါ "
"ဟုတ္ Chaeyoungပါ "
"ဂါဝန္ေလးက လွတယ္ေနာ္..."
"ဟုတ္ ေက်းဇူးပါ "
"ဘယ္သူနဲ႕လာတာလည္း "
"Lisa နဲ႕ပါ "
Chaeyoungရဲ႕ စကားေၾကာင့္ Julia မွာ ပါးစပ္အေဟာင္းသားနဲ႕ ျဖစ္သြားတယ္
"Oh my god. ...Chaeyoungက Mafia Queenနဲ႕ ဒိတ္ေနတာလား "
Juliaရဲ႕ စကားေၾကာင့္ ဒီတစ္ခါ အံ့ၾသသြားရသူမွာ Chaeyoungပင္
"ဟမ္.....တကယ္လား "
သူနဲ႕ အခ်ိန္တိုင္းနီးပါးရွိခဲ့တဲ့ ေကာင္မေလးကMafiaတဲ့လား ဒါေၾကာင့္မို႔ Lisa အလုပ္အေၾကာင္းေမးတုံးက Lisaက မေျဖခဲ့တာေပါ့
"တကယ္ေပါ့ သူက အႏၱရာယ္အရွိဆုံးသူဘဲ သူ႕အေၾကာင္းတစ္ခ်ိဳ႕ တို႔သိတယ္ေလ တို႔က သူ႕ေမာင္ေလးနဲ႕ ဒိတ္ေနတာ "
Chaeyoungမွာ စိတ္ရႈပ္ေနသည္ သူ ဘာေတြ ခံစားေနရလည္းဆိုတာလည္း Chaeyoung မသိေတာ့ေပ တကယ္ဆို Mafia Queen နဲ႕အတူရွိေနတာ သိရင္ သူမေၾကာက္ရမွာေလ အခုက ေၾကာက္စိတ္ကိုလည္း ခံစားမရေပ
"ေမာင္ေလး ဟုတ္လား "
"ဟုတ္တယ္ Louis Manoban ေလ "
Chaeyoung မွာ တစ္ေလာက ပန္းဆိုင္ကိုလာတဲ့ ေကာင္ေလးကို သတိရသြားၿပီး ေခါင္းညိတ္ျပလိုက္သည္
***********
Partyက ျပန္လာတဲ့လမ္းတြင္ စကားတအားမ်ားတဲ့ Chaeyoungက သန့္စင္ခန္းက ျပန္လာကတည္းက ၿငိမ္ေနလို႔ Lisa ေခ်ာင္းဟန့္ၿပီးေမးလိုက္သည္
"ဘာလို႔ ၿငိမ္ေနရတာလည္း "
"ဟင္ "
"သန့္စင္ခန္းက ျပန္လာကတည္းက မင္း ၿငိမ္ေနတာ ဘာျဖစ္လို႔လည္း "
Chaeyoungမွာ သူသိခဲ့တာေတြေျပာသင့္ မေျပာသင့္ ေတြေဝေနသည္
"Hey. ..."
Lisa ႏူးႏူးညံ့ညံ့အသံေလးနဲ႕ Chaeyoung ကို ေခၚလိုက္သည္
"ကိုယ့္ကို အားလုံး ေျပာျပလို႔ရပါတယ္ "
Chaeyoung သက္ျပင္းခ်ၿပီး
"သန့္စင္ခန္းထဲမွာ Lisaေမာင္ေလး ရဲ႕ ေကာင္မေလး Julia နဲ႕ ေတြ႕ခဲ့တယ္ "
Chaeyoung စကားေၾကာင့္ Lisa လန့္သြားတယ္.....Juliaနဲ႕ ေတြ႕ခဲ့တယ္ဆိုေတာ့ Lisa အလုပ္အေၾကာင္း Chaeyoung သိသြားေလာက္ၿပီေပါ့
"Lisaက တကယ္ဘဲ Mafiaလားဟင္ "
Lisaမွာ Chaeyoung ေမးခြန္းေၾကာင့္ သက္ျပင္းရွည္ႀကီး ခ်လိဳက္သည္
"ဟုတ္တယ္ ကိုယ္က Mafia. ...မင္း လန့္သြားမွာဆိုးလို႔ မေျပာျပတာပါ "
"လန့္ေတာ့မလန့္သြားပါဘူး ဒါေပမယ့္ မိန္းကေလးတစ္ေယာက္က mafiaဆိုေတာ့ နည္းနည္း Confuse ျဖစ္သြား႐ုံပါ "
"ကိုယ့္အေၾကာင္းေတြ သိခ်င္တယ္မလား.....ကိုယ္ မင္းကို တစ္ေနရာေခၚသြားမယ္ လိုက္ခဲ့မလား "
"ဘယ္ကိုလည္း ...."
"ကိုယ့္ရဲ႕ စံအိမ္ကို...."
#TBC
Bạn đang đọc truyện trên: Truyen3h.Co