Part 11
#Unicode
Flashback
"ငါ့ကို သွားခွင့်ပေး....ငါ့အမေ တစ်ယောက်တည်း အထဲမှာ "
အိမ်ထဲ ပြေးဝင်ဖို့ ကြိုးစားနေတဲ့ Vampireလေးကို သူမအကို ဝမ်းကွဲ Bambamမှာ တားနေသည်
"မရဘူး မင်း ဝင်သွားလို့ မရဘူး အိမ်ကြီးက မီးလောင်နေတဲ့အပြင် မင်းအဖေကလည်း အထဲမှာ မင်းအတွက် မလုံခြုံဘူး "
Lisaကို Bambamနဲ့ သူ့ဦးလေးက တားနေကြသည်
Lisaတို့သားအမိနဲ့ သူ့ဦးလေးရယ် သူ့အကိုရယ် သူ သူ့အကိုသူငယ်ချင်း Mino တို့ နေတဲ့ အိမ်လေးဟာ သူမအဖေရဲ့ တိုက်ခိုက်ခြင်း ခံရလို့ မီးတွေလောင်ကျွမ်းနေပြီ
သူ့ဦးလေး ကောင်းမှုကြောင့် Lisaတို့ လွှတ်သွားပေမယ့် Lisa အမေကတော့ အထဲမှာ ပိတ်မိနေခဲ့သည်
Lisaရဲ့ အဖေက Vampire တွေရဲ့ ဘုရင်ဖြစ်ပြီး Lisa အမေကတော့ သာမန်လူတစ်ယောက်ပင်.....
Lisaရဲ့ အဖေက Lisaရဲ့ အမေကို သာမန်လူတွေနဲ့ အပေါင်းအသင်းမလုပ်ဖို့ ပြောပေမယ့် Lisa အမေက လက်မခံခဲ့ပေ ဒါကြောင့် အသတ်ခံရခြင်း ဖြစ်သည်
မီးလောင်နေတဲ့ အိမ်ထဲကနေ တရွတ်တိုက်ထွက်လာတဲ့ သူ့အမေကို မြင်တော့ Lisa သူ့ဦးလေးတို့ လက်ထဲက ရုန်းပြီး သူ့အမေဆီ ပြေးသွားလေသည်
"Omma. ...."
Lisa သူမရဲ့ အမေကို ပွေ့ချီပြီး ငိုလေသည်
"မငိုပါနဲ့ ကလေးရယ်......အခုကစပြီး မောင်လေးနှစ်ယောက်ကို ကလေးကဘဲ စောင့်ရှောက်ပေးတော့နော် .....ပြီးတော့..... တစ်ခုအကူအညီတောင်းချင်ပါတယ်....Omma သူငယ်ချင်းရဲ့ သမီးလေး Chaeyoung. ...သူ့ကို ရှာပေးပါ.........ကလေးအဖေရဲ့ တပည့်..Leoက သူ့မိသားစုကို သတ်သွားတာ....Chaeyoungလေး တစ်ယောက်တည်း ဖြစ်နေမှာ....."
Lisa မျက်ရည်တွေကြားက ခေါင်းညိတ်ပြီး Chaeyoungကို ရှာပါမယ်လို့ သူမအမေကို ကတိပေးလိုက်သည်
End of flashback
"ဘာ.....Chaeyoungရဲ့ အကိုက Yang Leo ဟုတ်လား "
Lisa တို့တွေ ယခု ဆွေးနွေးခန်းထဲ ရောက်နေခြင်း ဖြစ်သည်
Louis က အရေးကြီးကိစ္စ ပြောစရာရှိလို့ဆိုလို့ Chaeyoung ကို အခန်းထဲ သေချာလိုက်ပို့ အဝတ်အစား လဲခိုင်းပြီး Lisa ဆွေးနွေးခန်းထဲ ရောက်နေခြင်း ဖြစ်သည်
"ဟုတ်တယ် ခုနက Chaeyoung ကို ငါ လိုက်ပြပြီး သူ့အကြောင်းတွေ ရှာပြတော့ သူ့အကိုနေရာမှာ Yang Leoလို့ ဖော်ပြထားတာ တွေ့ရတယ် "
"Leo အခု ဘယ်မှာလည်း "
"ခုန ငါရှာကြည့်သလောက် မင်းအဖေရဲ့ နန်းတော်မှာ...."
"ကျစ်... ငယ်လေးကိုလည်း သူ့လက်ထဲက ကယ်ရအုံးမှာ "
ဟုတ်ပါတယ်...Lisa louisကိုဘဲ စောင့်ရှောက်နိုင်တာပါ...အငယ်ဆုံးလေး....Lucaကိုတော့ သူမ အဖေက မီးလောင်တဲ့နေ့မှာဘဲ ခေါ်သွားခဲ့တာလေ
"Chaeyoungကိုရော သူ့အတွက် ဘာလုပ်ကြမလည်း "
Bambamမေးတော့ Lisa ခေါင်းခါပြပြီး
"လောလောဆယ်တော့ ဒီတိုင်းလေး သူ့ကိုစောင့်ကြည့်ကြတာပေါ့ "
Chaeyoung ညက Lisa လိုက်ပို့တဲ့ အခန်းထဲ အိပ်ပျော်သွားပြီး နိုးလာလေသည်
မနေ့ညက Partyအတွက် သူဝတ်ထားတဲ့ ဂါဝန်လေးက ခြေရင်းတွင် ခေါက်လျက်သား တင်ထားတာကို တွေ့ရသည်
ယခု သူမက Lisaရဲ့ အဝတ်အစားတွေ ယူဝတ်ထားတာလေ ညအိပ်ရင် သက်တောင့်သက်သာ ဖြစ်အောင်လို့ပါ
မျက်နှာသစ်ပြီး အခန်းအပြင် ထွက်လိုက်တော့ သူမကို ရပ်စောင့်နေတဲ့ Lisa ကို တွေ့ရသည်
"မျက်နှာသစ်ပြီးပြီမလား လာ မနက်စာ သွားစားရအောင် "
Chaeyoung လက်ကို တွဲပြီး Dinning Roomကို Lisa ခေါ်လာသည်
"Good morning Chaeyoung "
Minoတို့ မနက်စာစားရင်း Chaeyoung ကို နှုတ်ဆက်လိုက်သည်
"Good morning guys "
Lisaတို့ မနက်စာစားနေစဥ် Chaeyoungက Lisa အနားကပ်ပြီး တိုးတိုးလေး မေးလေသည်
"Lisa. ..မနက်စာစားပြီး ငါ့ကို အိမ်ပြန်လိုက်ပို့ပေးမယ် မဟုတ်လား "
Chaeyoung မေးခွန်းကို Lisa ခေါင်းညိတ်ပြပြီး ဖြေလိုက်သည်
"ဒါနဲ့ Chaeyoungက မိဘတွေနဲ့ အတူနေတာလား "
Louis မနက်စာ စားရင်း မေးလိုက်သည်
"Umm မဟုတ်ပါဘူး Chaeက မိဘတွေနဲ့ အတူမနေဘူးရယ် Leo Oppaက ပြောတာတော့ Ommaတို့က သူ့ဆီ chawကို အပ်ပြီး ထွက်သွားတယ်ပြောတာဘဲ "
Chaeyoung စကားကြောင့် Louisတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်
"ကြားရတာ စိတ်မကောင်းပါဘူး "
"ရပါတယ်...."
မနက်စာစားပြီးနောက် Chaeyoungကို Lisa အိမ်ပြန်ပို့ပေးလေသည်
"အိမ်ပြန်လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ် Lisa. ..မနေ့က အိမ်မှာခေါ်ထားပေးပြီး အိပ်စရာနေရာပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်... . "
"ရပါ..."
Lisa စကားမဆုံးသေး Chaeyoungက သူမရဲ့ ပါးလေးကို နမ်းလိုက်သောကြောင့် Lisa အံ့သြပြီး ကျောက်ရုပ်ဖြစ်သွားသည်
"Bye.... "
Chaeyoungမှာ Lisaကို အနမ်းပေးပြီး ရှက်လို့ အိမ်ထဲ ပြေးဝင်သွားတယ်
Lisa မှာ Chaeyoung နမ်းသွားတဲ့ သူ့ပါးလေးကို ကိုင်ပြီး ပြုံးပြုံးကြီး ကျန်ခဲ့သည်
Lisa တစ်ယောက် ပန်းမဝယ်တော့ဘဲ ဆိုင်ရှင်ကိုဘဲ ပိုင်ဆိုင်နိုင်ဖို့ Chaeyoungဆိုင်ကို နေ့တိုင်းသွားပြီး ပိုးပန်းနေတယ်လေ
Chaeyoungကလည်း Lisa အပေါ် စိတ်တွေ တဖြည်းဖြည်း ယိုင်လာပြီး ခံစားချက်တွေလည်း ရှိလာနေပြီလေ
"Hey Chaeyoung. ...."
Chaeyoung သူမနာမည် ခေါ်သံကြားလို့ ကြည့်တော့ ဆိုင်ထဲကို ဒယိုင်းဒယိုင်နဲ့ ဝင်လာတဲ့ Davidကို တွေ့ရသည်
"David?နင်သောက်လာတာလား အရက်နံ့တွေ မွှန်နေတာဘဲ "
"ဘာလို့လည်း နင် ဘာလို့ ငါ့ကို မချစ်နိုင်တာလည်း "
Davidမှာ Chaeyoungရဲ့ လက်ကို ဆွဲကိုင်ပြီး မေးလိုက်သည်
"ဒါ ဘာလုပ်တာလည်း David လွှတ်ပါ "
"မလွှတ်ဘူး နင်ငါ့ကို ချစ်တယ်မပြောမချင်း မလွှတ်ဘူး နင့်ကို ငါဘဲ ပိုင်ဆိုင်စေရမယ် Chaeyoung "
David ပြောပြီး Chaeyoungကို ချုပ်ကာ အတင်းနမ်းနေသည်
"ခွေးမသား "
Lisa ဆိုင်ထဲ ဝင်ဝင်ချင်း Chaeyoungကို မတော်တရော်လုပ်ဖို့ ကြိုးစားနေတဲ့ Davidကို မြင်တော့ စိတ်တိုသွားတယ်
လက်ထဲက Chaeyoungအတွက် ဝယ်လာတဲ့ နေ့လည်စာဘူးတွေနဲ့ Davidကို ပစ်ပေါက်လေသည်
"သောက်ကောင်မ နင်က ဘာမို့ ငါ့ကို လာပေါက် "
Davidမှာ Lisa ဘက်လှည့်ပြီး ရန်လုပ်မလို့ရှိသေး Davidရဲ့ အင်ကျီကော်လံကို ဆောင့်ဆွဲပြီး နံရံဘက်ကို Lisa လွှင့်ပစ်လိုက်သည်
ထို့နောက် လဲကျနေတဲ့ Davidပေါ် တက်ခွပြီး မျက်နှာကို ပိတ်ထိုးလေသည်
"Lisa တော်တော့ မလုပ်ပါနဲ့တော့ "
Chaeyoung တားပေးမယ့် မရ David သွားတွေကျွတ်ထွက်ပြီး မျက်နှာတစ်ခုလုံး သွေးတွေ စိုရွှဲနေတဲ့ အထိ Lisa တရကြမ်းထိုးနေသည်
"Lisa.... "
Lisa ထိုးဖို့ လက်ရွယ်လိုက်စဥ် Chaeyoungက သူမလက်ကို လာကိုင်သည်
"သူ သတိမေ့သွားပြီ ဆက်မထိုးပါနဲ့တော့ "
Chaeyoung စကားကြောင့် Lisa သက်ပြင်းချပြီး Bambamကို ဖုန်းဆက်လိုက်သည်
Bambamက Davidကို လာခေါ်သွားသောအခါ Chaeyoung သက်ပြင်းချလိုက်သည်
"အိမ်း.....Mafia ပုံစံအရဆို David မကြာခင် အသက်ပျောက်တော့မှာဘဲ "
"သနားနေတာလား Chae "
"မသနားပါဘူး Chaeကို စော်ကားဖို့ ကြံမှတော့ ခံလေ...Lisa. .နေ့လည်စာ မစားရသေးဘူး မဟုတ်လား...Chae အိမ်မှာ ချက်ကျွေးမယ် လာ "
Lisaရဲ့ လက်ကိုဆွဲပြီး Chaeyoung သူ့အိမ်ဘက်ခေါ်သွားလေသည်
#TBC
#Zawgyi
Flashback
"Omma. ...."
End of flashback
"Leo အခု ဘယ်မှာလည်း "
"Good morning guys "
"ရပါတယ်...."
"ရပါ..."
"Bye.... "
"Hey Chaeyoung. ...."
"ခွေးမသား "
"Lisa.... "
"သနားနေတာလား Chae "
#TBC
Bạn đang đọc truyện trên: Truyen3h.Co