Part 12
Chaeyoungမှာ သူမ အိမ်မှာရှိတဲ့ အစားအစာတွေနဲ့ Lisa အတွက် နေ့လည်စာချက်ပေးနေသည်
Lisaကတော့ ဟင်းချက်နေတဲ့ Chaeyoungကို ကြည့်ပြီး သူမရဲ့ အိမ်ရှင်မအဖြစ် အိမ်ထောင်ရေး ဘဝကို စိတ်ကူးယဥ်နေသည်
"Lisa ရပြီလေ ဘာတွေ တွေးနေတာလည်း "
သူမရှေ့ ပန်းကန်တွေ လာချပေးတဲ့ Chaeyoung ကြောင့် Lisa စိတ်ကူးယဥ်တာတွေ ပျောက်ကုန်သည်
"Aww ဘာမှ မဟုတ်ပါဘူး ....နေ့လည်စာအတွက် ကျေးဇူးတင်ပါတယ် "
"Chaeyoungကို ကျေးဇူးတင်စကားပြောပြီး Lisaမှာ Chaeyoung ချက်ကျွေးတဲ့ နေ့လည်စာကို စားလိုက်သည်
"Wow. ..Chaeyoungက ဟင်းချက်တော်တာဘဲ စားကောင်းလိုက်တာ "
Lisa စားရင်း လက်မထောင်ပြီး Chaeyoungကို ချီးကျူးလိုက်သည်
ထိုစဥ် Lisa ဖုန်း မြည်လာလို့ ဖွင့်ကြည့်သောအခါ Message တစ်စောင် ဝင်နေတာကို တွေ့ရသည်
"ည ခုနှစ်နာရီကျ တောထဲ ငါ့ကို လာတွေ့ပါ "
Lisa ထို messageကို ဖတ်ပြီး သက်ပြင်းချလိုက်သည်
"Lisa ဘာဖြစ်လို့လည်း..."
"Aww ဒီလိုဘဲ ညကျ Mafiaတစ်ချို့နဲ့ တွေ့စရာရှိလို့ "
တကယ်တော့ သွေးစုပ်ဖုတ်ကောင်တစ်ချို့နဲ့ တွေ့ရာမှဆိုပေမယ့် Chaeyoung လန့်သွားမှာဆိုးလို့ လိမ်ပြောလိုက်သည်
"တစ်ယောက်တည်းလား "
"မဟုတ်ပါဘူး ကိုယ့်ရဲ့ အဖွဲ့လည်း ပါပါတယ် "
Chaeyoung စိတ်ပူမှာဆိုးလို့ Lisa ထပ်ပြီး လိမ်ပြောလိုက်သည်
"Aww ဂရုစိုက်နော် Lisa. ...Chae စိတ်ပူလို့ရယ် "
"အင်းပါ စိတ်မပူပါနဲ့..... "
Lisa နေ့လည်စာစားပြီးနောက် Chaeyoungနဲ့အတူ ပန်းဆိုင်ပြန်လိုက်သွားပြီး ကူညီပေးနေသည်
ညနေ ငါးနာရီကျ Chaeyoungကို နှုတ်ဆက်ပြီး ချိန်းထားတဲ့ တောဘက်ကို သွားလေသည်
"ဘာဖြစ်လို့ ငါနဲ့ တွေ့ချင်ရတာလည်း "
Lisa ဘောင်းဘီအိတ်ထဲ လက်ထည့်ပြီး မေးလိုက်သည်
သူမ ဘေးနားမှာ သွေးစုပ်ဖုတ်ကောင် ခုနှစ်ကောင်လောက် ဝန်းရံထားတယ်လေ
"ဘာလို့ တွေ့ချင်ရလည်းဆိုတာ မင်းသိပါတယ် Lisa "
"မသိပါဘူး "
Lisa ပခုံးတွန့်ပြပြီး ပြောတော့ တစ်ဖက်က တစ်ယောက်မှာ ရယ်လေသည်
"Park Chaeyoung ကို ရှာတွေ့သွားပြီ မဟုတ်လား "
"ဘာတွေလျှောက်ပြောနေတာလည်း "
"Lisa. ...ငါ့ကို လာရွှီးမနေနဲ့ မင်း သူ့အိမ်မှာ နေ့လည်စာစားနေတာတောင် ငါတွေ့ခဲ့ပြီးပြီ "
"အဲ့ဒီတော့...."
"မင်း သူ့ကို ရှာတွေ့သွားပြီဘဲ "
"ခင်ဗျားတို့ထက် အရင် သူ့ကိုရှာတွေ့လို့ ငါ ဝမ်းသာမိတယ် တစ်လက်စတည်း သတိပေးရအုံးမယ် Park Chaeyoungကို လက်ဖျားနဲ့ ထိဖို့ မကြိုးစားပါနဲ့ "
Lisa ပြောပြီး မျက်လုံးက အနီရောင် ပြောင်းသွားတယ်
Lisaနဲ့ စကားပြောနေတဲ့သူမှာလည်း သူ့လူတွေကို တိုက်ခိုက်ဖို့ အချက်ပြလေသည်
သူ့ဆီ ပြေးလာတဲ့ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ကို Lisa ခုန်ပြီး ခြေထောက်နဲ့ ကန်လိုက်သည်
နောက်တစ်ယောက်ကိုကျ ဆံပင်ကနေ ဆောင့်ဆွဲပြီး သစ်ပင်ကြီးဘက်ကို လွှင့်ပစ်လိုက်သည်
သွေးစုပ်ဖုတ်ကောင် ခုနှစ်ကောင်နဲ့ချတာဆိုပေမယ့်...အားနည်းတဲ့ အကောင်တွေ ဖြစ်သောကြောင့် အားကြီးတဲ့ Lisaအတွက် အေးဆေးပင်....
Lisa သူမလက်က ဖုန်တွေကို ခါပြီး ပြန်ဖို့ နောက်ကိုလှည့်လိုက်စဥ်
"အား......"
Lisa သူမဗိုက်ကို ငွေဓားနဲ့ ထိုးတဲ့သူကို ကြည့်တော့ သူမ အဖေဖြစ်နေသည်
"တိုက်ခိုက်စွမ်းရည်တွေ အရင်ကထက် တိုးတက်လာတာဘဲ Lisa "
"Appa? "
"Park Chaeyoungကို ငါ့လက်ထဲ အသာတကြည်ပေးလိုက် "
"မပေးဘူး.....သူ့မိဘတွေကို သတ်ပြီးပြီဘဲ ဘာလို့ သူ့ကိုအနှောင့်အယှက်ပေးနေတာလည်း သူ့ကို လွှတ်ပေးလိုက်ပါ Appa "
"မလွှတ်ပေးဘူးဆိုရင်ရော "
"Chawက Chaeyoungကို အဆုံးထိ ကာကွယ်ပေးမှာ..."
"အရင်ဆုံး မင်းရဲ့ ဗိုက်က ဒဏ်ရာသာ အရင်ပျောက်အောင် လုပ်အုံး ဟားဟားဟား "
Lisaရဲ့ အဖေမှာ ရယ်ပြီး တောနက်ထဲ ဝင်သွားသည်
Lisaမှာ ဓားဒဏ်ရာနဲ့ တောထဲက ထွက်ပြေးရင်း Chaeyoung အိမ်ဘက်ရောက်လာသည်
အန္တရာယ်ရှိတဲ့ အငွေ့အသက်တွေ ရနေလို့ Lisa မှာ Chaeyoung အခန်း ပြတင်းပေါက်ကို ဖျက်စီးပြီး အခန်းထဲ ဝင်လိုက်သည်
အိပ်ပျော်နေတဲ့ Chaeyoungမှာ ဆူညံသံတွေကြောင့် လန့်နိုးလာလို့ ကြည့်လိုက်တော့ Lisa ကို တွေ့ရလေသည်
"Lisa ဘယ်လိုဖြစ်...ဟင် ဗိုက်က အစိမ်းရောင်အရည်တွေက ဘာတွေလည်း "
"တိုက်ခိုက်ရင်း ထိခိုက်မိတာ "
"လာ ကုတင်ပေါ် ခဏ လှဲနေလိုက် Chae ဆေးထည့်ပေးမယ် "
Lisaကို ကုတင်ပေါ် ခဏလှဲခိုင်းပြီး Chaeyoung ရေချိုးခန်းထဲ ဝင်ကာ ရေဇလုံနဲ့ တဘတ်ကို ယူလာသည်
ထို့နောက် Lisa အင်ကျီကို လှန်ပြီး အစိမ်းရောင်အရည်တွေကို ရေဝတ်သုတ်ပေးလေသည်
အစိမ်းရောင် အရည်တွေ မရှိတော့တဲ့အခါ ဓားဒဏ်ရာကို ရှင်းရှင်းလင်းလင်း Chaeyoung တွေ့ရလေသည်
"အာ ဒဏ်ရာက အကြီးကြီးဘဲ Lisa ချုပ်ရမယ်နဲ့တူတယ် "
"ရတယ် အိမ်ရောက်မှ ချုပ်လိုက်မယ် လောလောဆယ် Chae. ..."
"ဟင် "
"Chaeyoung ကိုယ်နဲ့ လိုက်လာမှ ဖြစ်မယ် "
"ဘာလို့လည်း "
"ဒီနေရာက Chaeyoung အတွက် မလုံခြုံဘူး "
"ဟင် "
"Chaeyoungအတွက် ဒီနေရာက မလုံခြုံဘူး အန္တရာယ် ရှိတယ် "
Lisaပြောတဲ့ စကားကို Chaeyoung နားမလည်ပေမယ့် စိတ်ထဲ ကြောက်လာသည်
ထိုစဥ်
"Chaeyoung. ...Oppa ပြန်ရောက်ပြီ "
"Leo Oppa "
Chaeyoung သူ့အကိုဆီ သွားဖို့ ထပေမယ့် Lisaက ကုတင်ပေါ်က ထပြီး Chaeyoung ရဲ့ လက်ကို လှမ်းဆွဲလိုက်သည်
"မသွားနဲ့ Chaeyoung "
Chaeyoungမှာ နားမလည်တဲ့ပုံနဲ့ Lisa ကို လှည့်ကြည့်စဥ် Leoက သူမ အခန်းထဲ ဝင်လာသည်
Leoမှာ Lisaကို တွေ့တော့ အံ့သြသွားတယ်
"Lisa မင်း ဒီကို ဘယ်လိုရောက် "
"ကစားပွဲကပြီးသွားပြီ Leo "
"နေပါအုံး Oppaတို့က တစ်ယောက်နဲ့တစ်ယောက် သိနေတာလား "
Chaeyoung မှာ လက်တလောဖြစ်နေတဲ့ အဖြစ်အပျက်တွေကြား ဘာမှမသိဘဲ အူကြောင်ကြောင် ဖြစ်နေသည်
Chaeyoung သူမ အကိုကို လှမ်းကြည့်လိုက်စဥ် မျက်လုံးအနီရောင်နဲ့ ပါးစပ်က အစွယ်တွေ မြင်ပြီး တအားလန့်သွားသည်
"Li. .Lisa "
Lisaကို လှမ်းကြည့်တော့လည်း သူ့အကိုလို အစွယ်နဲ့မြင်ရပြီးနောက် Chaeyoung သတိမေ့လဲသွားသည်
Chaeyoung သတိရလာတော့ သူမ ရင်းနှီးတဲ့ အခန်းတစ်ခုထဲ ရောက်နေတာကို သိလိုက်ရသည်
Lisaရဲ့ အိမ်ထဲက အခန်းထဲ Chaeyoung ဘယ်လိုရောက်လာတာလည်းဆိုပြီး ပြန်တွေးကြည့်နေသည်
ထိုစဥ် အခန်းထဲ Lisaရောက်လာသည်
"ဒီကို ဘယ်လိုလုပ်ရောက်လာတာလည်း "
"သတိရလာပြီလား Chaeyoung "
"Chae အခုထိ Lisa အိမ်က မပြန်ရသေးတာလား....ဒါဆို ခုနက အိမ်မက်ထင်တယ် .....Lisaနဲ့ Leo Oppaက မျက်လုံးအနီရောင်ပြောင်းပြီး အစွယ်တွေ ထွက်လာကြတာ "
Chaeyoung မှာ Lisa အိမ်က မပြန်ရသေးဘူး ထင်ပြီး ခုနဖြစ်သမျှကို အိမ်မက်ဆိုးတစ်ခုလို့ တွေးထင်လိုက်သည်
"Chaeyoung အဲ့တာ အိမ်မက်မဟုတ်ဘူး တကယ်ဖြစ်နေတာ "
Lisaရဲ့ စကားကြောင့် Chaeyoung အံ့သြသွားတယ်
"ဟမ် "
"ကိုယ်ရော Leo ရောက လူမဟုတ်ဘူး "
"ဒါ ဒါဆို "
"ကိုယ်တို့က Vampire တွေပါ "
Lisaရဲ့ စကားကြောင့် Chaeyoung ပါးစပ်အဟောင်းသား ဖြစ်သွားတယ်...ဒါကြောင့် Lisa သွေးတွေက အစိမ်းရောင် ဖြစ်နေတာကိုး
"Leo Oppa ရောလား "
"အင်း Bambamတို့ရောဘဲ "
"ဒါဆို Chae အနားရှိနေတဲ့ သူတွေက Vampire တွေပေါ့ "
"ဟုတ်တယ် ဒါပေမယ့် စိတ်မပူပါနဲ့ ကိုယ်တို့က မင်းကို အန္တရာယ် ပေးမှာ မဟုတ်ဘူး ကာကွယ်ပေးမှာပါ "
Chaeyoung ကို ဖက်ပြီး Lisaပြောလိုက်သည်
#TBC
Note -ရှေ့အပိုင်းတွေမှာ Author ရေးဖို့ တစ်ခု လိုသွားပါတယ် Lisaက Chaeyoungကို စတွေ့ကတည်းက သဘောကျလို့ လိုက်ခဲ့တာပါ သူ့အမေ သူငယ်ချင်းရဲ့ သမီးဆိုတာ Louis တို့ပြောမှ သိတာပါ ရေးဖို့လိုသွားလို့ တောင်းပန်ပါတယ်
#Zawgyi
Chaeyoungမွာ သူမ အိမ္မွာရွိတဲ့ အစားအစာေတြနဲ႕ Lisa အတြက္ ေန႕လည္စာခ်က္ေပးေနသည္
Lisaကေတာ့ ဟင္းခ်က္ေနတဲ့ Chaeyoungကို ၾကည့္ၿပီး သူမရဲ႕ အိမ္ရွင္မအျဖစ္ အိမ္ေထာင္ေရး ဘဝကို စိတ္ကူးယဥ္ေနသည္
"Lisa ရၿပီေလ ဘာေတြ ေတြးေနတာလည္း "
သူမေရွ႕ ပန္းကန္ေတြ လာခ်ေပးတဲ့ Chaeyoung ေၾကာင့္ Lisa စိတ္ကူးယဥ္တာေတြ ေပ်ာက္ကုန္သည္
"Aww ဘာမွ မဟုတ္ပါဘူး ....ေန႕လည္စာအတြက္ ေက်းဇူးတင္ပါတယ္ "
"Chaeyoungကို ေက်းဇူးတင္စကားေျပာၿပီး Lisaမွာ Chaeyoung ခ်က္ေကြၽးတဲ့ ေန႕လည္စာကို စားလိုက္သည္
"Wow. ..Chaeyoungက ဟင္းခ်က္ေတာ္တာဘဲ စားေကာင္းလိုက္တာ "
Lisa စားရင္း လက္မေထာင္ၿပီး Chaeyoungကို ခ်ီးက်ဴးလိုက္သည္
ထိုစဥ္ Lisa ဖုန္း ျမည္လာလို႔ ဖြင့္ၾကည့္ေသာအခါ Message တစ္ေစာင္ ဝင္ေနတာကို ေတြ႕ရသည္
"ည ခုႏွစ္နာရီက် ေတာထဲ ငါ့ကို လာေတြ႕ပါ "
Lisa ထို messageကို ဖတ္ၿပီး သက္ျပင္းခ်လိဳက္သည္
"Lisa ဘာျဖစ္လို႔လည္း..."
"Aww ဒီလိုဘဲ ညက် Mafiaတစ္ခ်ိဳ႕နဲ႕ ေတြ႕စရာရွိလို႔ "
တကယ္ေတာ့ ေသြးစုပ္ဖုတ္ေကာင္တစ္ခ်ိဳ႕နဲ႕ ေတြ႕ရာမွဆိုေပမယ့္ Chaeyoung လန့္သြားမွာဆိုးလို႔ လိမ္ေျပာလိုက္သည္
"တစ္ေယာက္တည္းလား "
"မဟုတ္ပါဘူး ကိုယ့္ရဲ႕ အဖြဲ႕လည္း ပါပါတယ္ "
Chaeyoung စိတ္ပူမွာဆိုးလို႔ Lisa ထပ္ၿပီး လိမ္ေျပာလိုက္သည္
"Aww ဂ႐ုစိုက္ေနာ္ Lisa. ...Chae စိတ္ပူလို႔ရယ္ "
"အင္းပါ စိတ္မပူပါနဲ႕..... "
Lisa ေန႕လည္စာစားၿပီးေနာက္ Chaeyoungနဲ႕အတူ ပန္းဆိုင္ျပန္လိုက္သြားၿပီး ကူညီေပးေနသည္
ညေန ငါးနာရီက် Chaeyoungကို ႏႈတ္ဆက္ၿပီး ခ်ိန္းထားတဲ့ ေတာဘက္ကို သြားေလသည္
"ဘာျဖစ္လို႔ ငါနဲ႕ ေတြ႕ခ်င္ရတာလည္း "
Lisa ေဘာင္းဘီအိတ္ထဲ လက္ထည့္ၿပီး ေမးလိုက္သည္
သူမ ေဘးနားမွာ ေသြးစုပ္ဖုတ္ေကာင္ ခုႏွစ္ေကာင္ေလာက္ ဝန္းရံထားတယ္ေလ
"ဘာလို႔ ေတြ႕ခ်င္ရလည္းဆိုတာ မင္းသိပါတယ္ Lisa "
"မသိပါဘူး "
Lisa ပခုံးတြန့္ျပၿပီး ေျပာေတာ့ တစ္ဖက္က တစ္ေယာက္မွာ ရယ္ေလသည္
"Park Chaeyoung ကို ရွာေတြ႕သြားၿပီ မဟုတ္လား "
"ဘာေတြေလွ်ာက္ေျပာေနတာလည္း "
"Lisa. ...ငါ့ကို လာ႐ႊီးမေနနဲ႕ မင္း သူ႕အိမ္မွာ ေန႕လည္စာစားေနတာေတာင္ ငါေတြ႕ခဲ့ၿပီးၿပီ "
"အဲ့ဒီေတာ့...."
"မင္း သူ႕ကို ရွာေတြ႕သြားၿပီဘဲ "
"ခင္ဗ်ားတို႔ထက္ အရင္ သူ႕ကိုရွာေတြ႕လို႔ ငါ ဝမ္းသာမိတယ္ တစ္လက္စတည္း သတိေပးရအုံးမယ္ Park Chaeyoungကို လက္ဖ်ားနဲ႕ ထိဖို႔ မႀကိဳးစားပါနဲ႕ "
Lisa ေျပာၿပီး မ်က္လုံးက အနီေရာင္ ေျပာင္းသြားတယ္
Lisaနဲ႕ စကားေျပာေနတဲ့သူမွာလည္း သူ႕လူေတြကို တိုက္ခိုက္ဖို႔ အခ်က္ျပေလသည္
သူ႕ဆီ ေျပးလာတဲ့ ေသြးစုပ္ဖုတ္ေကာင္တစ္ေကာင္ကို Lisa ခုန္ၿပီး ေျခေထာက္နဲ႕ ကန္လိုက္သည္
ေနာက္တစ္ေယာက္ကိုက် ဆံပင္ကေန ေဆာင့္ဆြဲၿပီး သစ္ပင္ႀကီးဘက္ကို လႊင့္ပစ္လိုက္သည္
ေသြးစုပ္ဖုတ္ေကာင္ ခုႏွစ္ေကာင္နဲ႕ခ်တာဆိုေပမယ့္...အားနည္းတဲ့ အေကာင္ေတြ ျဖစ္ေသာေၾကာင့္ အားႀကီးတဲ့ Lisaအတြက္ ေအးေဆးပင္....
Lisa သူမလက္က ဖုန္ေတြကို ခါၿပီး ျပန္ဖို႔ ေနာက္ကိုလွည့္လိုက္စဥ္
"အား......"
Lisa သူမဗိုက္ကို ေငြဓားနဲ႕ ထိုးတဲ့သူကို ၾကည့္ေတာ့ သူမ အေဖျဖစ္ေနသည္
"တိုက္ခိုက္စြမ္းရည္ေတြ အရင္ကထက္ တိုးတက္လာတာဘဲ Lisa "
"Appa? "
"Park Chaeyoungကို ငါ့လက္ထဲ အသာတၾကည္ေပးလိုက္ "
"မေပးဘူး.....သူ႕မိဘေတြကို သတ္ၿပီးၿပီဘဲ ဘာလို႔ သူ႕ကိုအႏွောင့္အယွက္ေပးေနတာလည္း သူ႕ကို လႊတ္ေပးလိုက္ပါ Appa "
"မလႊတ္ေပးဘူးဆိုရင္ေရာ "
"Chawက Chaeyoungကို အဆုံးထိ ကာကြယ္ေပးမွာ..."
"အရင္ဆုံး မင္းရဲ႕ ဗိုက္က ဒဏ္ရာသာ အရင္ေပ်ာက္ေအာင္ လုပ္အုံး ဟားဟားဟား "
Lisaရဲ႕ အေဖမွာ ရယ္ၿပီး ေတာနက္ထဲ ဝင္သြားသည္
Lisaမွာ ဓားဒဏ္ရာနဲ႕ ေတာထဲက ထြက္ေျပးရင္း Chaeyoung အိမ္ဘက္ေရာက္လာသည္
အႏၱရာယ္ရွိတဲ့ အေငြ႕အသက္ေတြ ရေနလို႔ Lisa မွာ Chaeyoung အခန္း ျပတင္းေပါက္ကို ဖ်က္စီးၿပီး အခန္းထဲ ဝင္လိုက္သည္
အိပ္ေပ်ာ္ေနတဲ့ Chaeyoungမွာ ဆူညံသံေတြေၾကာင့္ လန့္နိုးလာလို႔ ၾကည့္လိုက္ေတာ့ Lisa ကို ေတြ႕ရေလသည္
"Lisa ဘယ္လိုျဖစ္...ဟင္ ဗိုက္က အစိမ္းေရာင္အရည္ေတြက ဘာေတြလည္း "
"တိုက္ခိုက္ရင္း ထိခိုက္မိတာ "
"လာ ကုတင္ေပၚ ခဏ လွဲေနလိုက္ Chae ေဆးထည့္ေပးမယ္ "
Lisaကို ကုတင္ေပၚ ခဏလွဲခိုင္းၿပီး Chaeyoung ေရခ်ိဳးခန္းထဲ ဝင္ကာ ေရဇလုံနဲ႕ တဘတ္ကို ယူလာသည္
ထို႔ေနာက္ Lisa အင္က်ီကို လွန္ၿပီး အစိမ္းေရာင္အရည္ေတြကို ေရဝတ္သုတ္ေပးေလသည္
အစိမ္းေရာင္ အရည္ေတြ မရွိေတာ့တဲ့အခါ ဓားဒဏ္ရာကို ရွင္းရွင္းလင္းလင္း Chaeyoung ေတြ႕ရေလသည္
"အာ ဒဏ္ရာက အႀကီးႀကီးဘဲ Lisa ခ်ဳပ္ရမယ္နဲ႕တူတယ္ "
"ရတယ္ အိမ္ေရာက္မွ ခ်ဳပ္လိုက္မယ္ ေလာေလာဆယ္ Chae. ..."
"ဟင္ "
"Chaeyoung ကိုယ္နဲ႕ လိုက္လာမွ ျဖစ္မယ္ "
"ဘာလို႔လည္း "
"ဒီေနရာက Chaeyoung အတြက္ မလုံၿခဳံဘူး "
"ဟင္ "
"Chaeyoungအတြက္ ဒီေနရာက မလုံၿခဳံဘူး အႏၱရာယ္ ရွိတယ္ "
Lisaေျပာတဲ့ စကားကို Chaeyoung နားမလည္ေပမယ့္ စိတ္ထဲ ေၾကာက္လာသည္
ထိုစဥ္
"Chaeyoung. ...Oppa ျပန္ေရာက္ၿပီ "
"Leo Oppa "
Chaeyoung သူ႕အကိုဆီ သြားဖို႔ ထေပမယ့္ Lisaက ကုတင္ေပၚက ထၿပီး Chaeyoung ရဲ႕ လက္ကို လွမ္းဆြဲလိုက္သည္
"မသြားနဲ႕ Chaeyoung "
Chaeyoungမွာ နားမလည္တဲ့ပုံနဲ႕ Lisa ကို လွည့္ၾကည့္စဥ္ Leoက သူမ အခန္းထဲ ဝင္လာသည္
Leoမွာ Lisaကို ေတြ႕ေတာ့ အံ့ၾသသြားတယ္
"Lisa မင္း ဒီကို ဘယ္လိုေရာက္ "
"ကစားပြဲကၿပီးသြားၿပီ Leo "
"ေနပါအုံး Oppaတို႔က တစ္ေယာက္နဲ႕တစ္ေယာက္ သိေနတာလား "
Chaeyoung မွာ လက္တေလာျဖစ္ေနတဲ့ အျဖစ္အပ်က္ေတြၾကား ဘာမွမသိဘဲ အူေၾကာင္ေၾကာင္ ျဖစ္ေနသည္
Chaeyoung သူမ အကိုကို လွမ္းၾကည့္လိုက္စဥ္ မ်က္လုံးအနီေရာင္နဲ႕ ပါးစပ္က အစြယ္ေတြ ျမင္ၿပီး တအားလန့္သြားသည္
"Li. .Lisa "
Lisaကို လွမ္းၾကည့္ေတာ့လည္း သူ႕အကိုလို အစြယ္နဲ႕ျမင္ရၿပီးေနာက္ Chaeyoung သတိေမ့လဲသြားသည္
Chaeyoung သတိရလာေတာ့ သူမ ရင္းႏွီးတဲ့ အခန္းတစ္ခုထဲ ေရာက္ေနတာကို သိလိုက္ရသည္
Lisaရဲ႕ အိမ္ထဲက အခန္းထဲ Chaeyoung ဘယ္လိုေရာက္လာတာလည္းဆိုၿပီး ျပန္ေတြးၾကည့္ေနသည္
ထိုစဥ္ အခန္းထဲ Lisaေရာက္လာသည္
"ဒီကို ဘယ္လိုလုပ္ေရာက္လာတာလည္း "
"သတိရလာၿပီလား Chaeyoung "
"Chae အခုထိ Lisa အိမ္က မျပန္ရေသးတာလား....ဒါဆို ခုနက အိမ္မက္ထင္တယ္ .....Lisaနဲ႕ Leo Oppaက မ်က္လုံးအနီေရာင္ေျပာင္းၿပီး အစြယ္ေတြ ထြက္လာၾကတာ "
Chaeyoung မွာ Lisa အိမ္က မျပန္ရေသးဘူး ထင္ၿပီး ခုနျဖစ္သမွ်ကို အိမ္မက္ဆိုးတစ္ခုလို႔ ေတြးထင္လိုက္သည္
"Chaeyoung အဲ့တာ အိမ္မက္မဟုတ္ဘူး တကယ္ျဖစ္ေနတာ "
Lisaရဲ႕ စကားေၾကာင့္ Chaeyoung အံ့ၾသသြားတယ္
"ဟမ္ "
"ကိုယ္ေရာ Leo ေရာက လူမဟုတ္ဘူး "
"ဒါ ဒါဆို "
"ကိုယ္တို႔က Vampire ေတြပါ "
Lisaရဲ႕ စကားေၾကာင့္ Chaeyoung ပါးစပ္အေဟာင္းသား ျဖစ္သြားတယ္...ဒါေၾကာင့္ Lisa ေသြးေတြက အစိမ္းေရာင္ ျဖစ္ေနတာကိုး
"Leo Oppa ေရာလား "
"အင္း Bambamတို႔ေရာဘဲ "
"ဒါဆို Chae အနားရွိေနတဲ့ သူေတြက Vampire ေတြေပါ့ "
"ဟုတ္တယ္ ဒါေပမယ့္ စိတ္မပူပါနဲ႕ ကိုယ္တို႔က မင္းကို အႏၱရာယ္ ေပးမွာ မဟုတ္ဘူး ကာကြယ္ေပးမွာပါ "
Chaeyoung ကို ဖက္ၿပီး Lisaေျပာလိုက္သည္
#TBC
Note -ေရွ႕အပိုင္းေတြမွာ Author ေရးဖို႔ တစ္ခု လိုသြားပါတယ္ Lisaက Chaeyoungကို စေတြ႕ကတည္းက သေဘာက်လိဳ႕ လိုက္ခဲ့တာပါ သူ႕အေမ သူငယ္ခ်င္းရဲ႕ သမီးဆိုတာ Louis တို႔ေျပာမွ သိတာပါ ေရးဖို႔လိုသြားလို႔ ေတာင္းပန္ပါတယ္
Bạn đang đọc truyện trên: Truyen3h.Co