Part 13
#Unicode
Chaeyoung POV
Lisa ပြောပြလို့ ငါ့မိဘတွေကို သတ်တဲ့သူက Leo Oppaဆိုတာ သိလိုက်ရတယ်..... Leo Oppaကို တကယ် ငါ ထင်မထားဘူး ငါ့မိဘတွေကို သတ်ခဲ့ပြီး ငါ့ကို အကြံအစည်နဲ့ စောင့်ရှောက်ခဲ့တာဘဲ
ငါကတော့ ငါ့ကျေးဇူးရှင်ဆိုပြီး ကျေးဇူးတင်ပြီး သံယောဇဥ်တွေ ရှိနေခဲ့တာ.....
ဟူး...ဘဝကြီးကလည်း တကယ် ဘာတွေမှန်းမသိတော့ပါဘူး ....
အိမ်မှာ နေရင် အန္တရာယ် ရှိလို့တဲ့ Lisa က သူတို့စံအိမ်မှာဘဲ နေရတော့မယ် ပြောတယ် Bambamတို့က ကာကွယ်ပေးလိမ့်မယ်တဲ့
End of Chaeyoung Pov
Chaeyoung တွေးရင်း ရေဆာလာလို့ အခန်းထဲက ထွက်လာသည်
"Hello Chaeyoung. ..."
"Hello Bambam. .."
"ဘာလိုအပ်လို့လည်း "
"ဘာမှမဟုတ်ပါဘူး ရေလာသောက်တာ"
"Aww. .."
"ဒါနဲ့ Lisaရောဟင်..."
Lisaကို ဧည့်ခန်းထဲ မတွေ့သောကြောင့် Chaeyoung မေးလိုက်သည်
"Lisa လား Namနဲ့အတူ medical roomထဲမှာ သူ့ဒဏ်ရာကို ဆေးကုနေတယ် "
"ကျေးဇူး "
Bambamကို ကျေးဇူးတင်စကားပြောပြီး medical roomသို့ Chaeyoung ထွက်လာခဲ့သည်
Lisaကို စိတ်ပူလို့ Medical Roomထဲ Chaeyoung တံခါးမခေါက်တော့ဘဲ ဖွင့်ဝင်လိုက်သည်
Lisaမှာ သူမ အင်ကျီကို တစ်ဝက်လှန်ထားပြီး Namကတော့ Lisaရဲ့ ဗိုက်က ဒဏ်ရာထဲ အရည်တစ်ချို့ လောင်းထည့်နေသည်
"ဘာအရည်တွေလည်းဟင် "
Chaeyoung သိချင်လို့ မေးလိုက်တော့ ဆေးကုနေတဲ့ Lisa တို့လည်း Chaeyoung ကို သတိထားမိသွားတယ်
"Chae. .."
"Chaeyoung shii ဘာလာလုပ်တာလည်း "
Namမှာ Lisa ဒဏ်ရာကို ချုပ်ပေးရင်း မေးလိုက်သည်
"Lisa ကို စိတ်ပူလို့ လာကြည့်တာ ဒါနဲ့ အဲ့တာ ဘာအရည်တွေလည်း '
"Vampireတွေရဲ့ ဒဏ်ရာကို သက်သာစေတဲ့ အရွက်ကို ကျိုထားတဲ့အရည်တွေပါ "
"ဘယ်ကနေ အဲ့အရွက်တွေ ရတာလည်းဟင် "
"Chaeyoung shii က အမေးအမြန်းထူတယ်နော် "
"Hee သိချင်လို့ပါ "
Chaeyoungမှာ Lisa ဗိုက်က ဓားဒဏ်ရာကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေသည်
"ကဲ ဒဏ်ရာကို ချုပ်ပြီးပြီဆိုတော့ ငါ သွားတော့မယ်နော် "
Namမှာ ဒဏ်ရာကို ပတ်တီးပတ်ပေးပြီး Chaeyoungတို့ကို နှုတ်ဆက်ကာ အခန်းထဲက ထွက်လာသည်
"Chae ဘာဖြစ်လို့လည်း မျက်နှာလည်း မကောင်းဘူး "
"ဘာမှမဖြစ်ပါဘူး "
"လာလေ ကုတင်ပေါ် လာထိုင်...."
Lisaမှာ လှဲနေရာက ထထိုင်ပြီး Chaeyoungကို ကုတင်ပေါ်သို့ လာထိုင်ခိုင်းသည်
Chaeyoungလည်း ကုတင်ပေါ် တက်ထိုင်ပြီး Lisa ဒဏ်ရာကို စိတ်မကောင်းတဲ့ပုံစံနဲ့ ကြည့်နေသည်
"Hey ဒဏ်ရာက ပျောက်သွားမှာပါ စိတ်မကောင်း မဖြစ်ပါနဲ့ "
Lisaမှာ Chaeyoungရဲ့ မေးစေ့လေးကို ကိုင်ပြီး ပြောလိုက်သည်
Chaeyoungမှာ Lisaရဲ့ မျက်နှာလေးကို ငေးကြည့်ရင်း Lisaရဲ့ အကြည့်တွေကြား ကျဆုံးသွားလေသည်
Lisaမှာ Chaeyoung ကို မျက်ဝန်းတွေက တဆင့် သူ ဘာမှမဖြစ်ကြောင်း အဆင်ပြေနေကြောင်း ပြောပြနေသည်
Chaeyoung ရဲ့ မျက်နှာနားသို့ Lisa ဖြည်းဖြည်းချင်း တိုးကပ်လာသည်
Lisa ရှူထုတ်လိုက်တဲ့ လေတွေက Chaeyoungရဲ့ နှုတ်ခမ်းနားကို ရိုက်ခတ်နေသည်
Lisaရဲ့ နှုတ်ခမ်း တစ်စုံက Chaeyoungရဲ့ နှုတ်ခမ်းပေါ် ကျရောက်လာတော့ Chaeyoung မျက်လုံးကို မှိတ်ထားမိသည်
Lisaရဲ့ အနမ်းတွေကို Chaeyoung ပြန်မတုံ့ပြန်ပေမယ့် Lisaရဲ့ အနမ်းတွေကြောင့် Chaeyoung ရင်ထဲ လိပ်ပြာတွေ ပျံသန်းသွားသလို အမြင့်ကနေ ပြုတ်ကျသွားသလို ခံစားချက်တွေ တလှပ်လှပ်ဖြစ်နေသည်
Lisa အနမ်းတွေကြား Chaeyoung ယစ်မူးသွားပြီး Lisa လည်ပင်းကို ဖက်ကာ ပြန်နမ်းလေသည်
"သေချာပြီ....ငါ Lisaကို သဘောကျနေတာဘဲ......"
Lisaကို နမ်းရင်း Chaeyoung သူ့စိတ်ကိုသူ သဘောပေါက်သွားသည်
Lisaရဲ့ လက်တွေက Chaeyoung အဝတ်အစားတွေပေါ်ရောက်စဥ် အခန်းတံခါး ဖွင့်သံကြောင့် Lisaတို့ အမြန် နမ်းနေရာက ရပ်လိုက်ကြသည်
Chaeyoungမှာ ရှက်လို့ Lisa ကို မကြည့်ဘဲ ခေါင်းငုံ့ထားသည်
အပြင်ကနေ တိုက်ခိုက်ရင်း ထိခိုက်လာတဲ့ Louis တစ်ယောက် ဘာမှ မသိဘဲ medical roomထဲ ဝင်လာကာမှ နမ်းနေတဲ့အတွဲကို တွေ့ပြီး အခန်းထဲက ထွက်ရမလား ဆေးဘဲဝင်ထည့်ရမလား ရွေးရခက်နေသည်
"ထိခိုက်လာလို့လား "
"အာ ဟုတ်တယ် Noona. ..Sorry... လုပ်စရာရှိတာ ဆက်လုပ်ပါ ကျွန်တော် သွား "
"ရတယ် ငါတို့က ဆေးထည့်ပြီးပြီရယ် အခုဘဲ သွားမလို့.... နင်သာ ဆေးသေချာထည့် "
Louisကို ပြောပြီး Chaeyoung ရဲ့ လက်ကိုတွဲကာ Medical Roomထဲကနေ Lisa ထွက်လာသည်
Lisaမှာ Chaeyoung ကို သူ့အခန်းထဲ ခေါ်သွားတော့ Chaeyoungမှာ ရင်တွေ အရမ်းခုန်နေပြီး စိတ်လှုပ်ရှားနေသည်
Lisa သူ့ဘီဒိုထဲက အနက်ရောင် ဂါဝန်တစ်ထည်ကို ထုတ်ပြီး Chaeyoung ကို ပေးလိုက်သည်
"Chae ဒါ ဝတ်လိုက် "
"ဘာလို့လည်း...."
"နေ့လည်စာ သွားစားမယ်လေ...."
"ဟို ဒီတိုင်း လိုက်လို့မရဘူးလား "
"ဘာလည်း ကိုယ့်ရှေ့ အဝတ်လဲရမှာ ရှက်လို့လား ဒါဆို ကိုယ် ရေချိုးခန်းထဲ အဝတ်သွားလဲလိုက်မယ်......"
Lisa ပြောပြီး သူ့ရဲ့ အဝတ်အစားတွေကို ယူကာ ရေချိုးခန်းထဲ ဝင်သွားသည်
Chaeyoungမှာ Lisa ပေးတဲ့ ဂါဝန်ဝတ်ပြီး မှန်ရှေ့တွင် ရပ်ကာ မှန်ထဲက သူမပုံကို သူမ ပြန်ကြည့်နေသည်
Lisa နမ်းသွားတဲ့ သူမ နှုတ်ခမ်းလေးကို ကိုင်ကြည့်နေသည်
"ငါ တကယ်ဘဲ Lisa ကို သဘောကျမိနေပြီဘဲ....Lisaကရော ငါ့ကို တကယ်သဘောကျတာရော ဟုတ်ပါ့မလား..........ငါ့ကို ဆော့ကစားသွားမှာကိုတော့ စိတ်ပူတယ် "
Chaeyoung တွေးနေရင်း ရေချိုးခန်းထဲက ထွက်လာတဲ့ Lisa ကြောင့် အတွေးတွေ ရပ်သွားသည်
Lisaမှာ ဂါဝန်အနက်ရောင်လေး ဝတ်ပြီး မှန်ရှေ့ ခါးထောက်ကာ ရပ်နေတဲ့ Chaeyoungကို ကြည့်ပြီး အရမ်း သဘောကျနေတယ် ......
Chaeyoung ဆီ လျှောက်လာပြီး Chaeyoung ရဲ့ အနောက်တွင် ရပ်ကာ Chaeyoung ရဲ့ ပခုံးကို ကိုင်လိုက်သည်
ထို့နောက် မှန်ကို ကြည့်ရင်း
"မင်းက အနက်ရောင်လေးနဲ့ဆို အရမ်းလိုက်တာဘဲ ကြည့်ပါအုံး Vampire တွေရဲ့ မင်းသမီးနဲ့ မတူဘူးလား "
Lisaပြောပြီး Chaeyoungရဲ့ လည်ပင်းလေးကို ဖွဖွလေး နမ်းလိုက်သည်.....
Chaeyoung မှာ Lisa က သူမ လည်ပင်းကို လာနမ်းလို့ ကြက်သီးထပြီး Moan လိုက်မိသည်
"Ahh Lisa.... "
Chaeyoung ရဲ့ moanသံကြောင့် Lisa ဟော်မုန်းတွေ တိုးလာပြီး မျက်လုံးက အနီရောင်အဖြစ် ပြောင်းသွားတယ်
သို့သော် Lisa သူမ စိတ်ကို အမြန်ထိန်းပြီး မျက်လုံးမှိတ်လိုက်သည်
"ကဲ ဒါဆို နေ့လည်စာ သွားစားကြစို့ "
Chaeyoungရဲ့ လက်ကို တွဲပြီး အခန်းထဲကနေ Lisa ထွက်လာခဲ့လိုက်သည်
#tbc
#Zawgyi
Chaeyoung POV
End of Chaeyoung Pov
"Hello Chaeyoung. ..."
"Hello Bambam. .."
"ဘာလိုအပ်လို့လည်း "
"Aww. .."
"ဒါနဲ့ Lisaရောဟင်..."
"ကျေးဇူး "
"ဘာအရည်တွေလည်းဟင် "
"Chae. .."
"Hee သိချင်လို့ပါ "
"ဘာမှမဖြစ်ပါဘူး "
"ထိခိုက်လာလို့လား "
"Chae ဒါ ဝတ်လိုက် "
"ဘာလို့လည်း...."
"Ahh Lisa.... "
#tbc
Bạn đang đọc truyện trên: Truyen3h.Co