Truyen3h.Co

Vampire's Mate Rosie

Part 14

KimFany059

#Unicode

Chaeyoung သွေးစုပ်ဖုတ်ကောင် Vampire တွေနဲ့ အတူနေနေတာ တစ်ပတ်လောက် ရှိသွားပြီလေ

Vampireတွေနဲ့ အတူနေနေရပေမယ့် Chaeyoung  အတွက် သက်တောင့်သက်သာ ရှိသလို ခံစားရသည်

Bambamတို့ကလည်း သူ့ကိုအမတစ်ယောက် ညီမတစ်ယောက်လို ဆက်ဆံကြသည်

Lisaကတော့ ထိုသို့ မဟုတ်....Chaeyoung ကို အရင်ကထက်ပိုပြီး မထိတထိတွေ ကိုင်သည် နမ်းသည် ....အမြဲတမ်း အပြင်ထွက်ဖို့ ခေါ်သည်....

ထိုသို့ Lisa ပြုမူတိုင်း Chaeyoungမှာ Lisa အပေါ် ပိုပို သဘောကျလာသည်....ချစ်မိလာသည်

သို့သော် Lisaက သူ့ကို သဘောကျရုံလား စကားလေးနဲ့ ဆော့ကစားနေတာလားဆိုတာ Chaeyoung သိချင်မိသည်

ဒါကြောင့်မို့ Lisaကို တိုက်ရိုက်မေးဖို့ Chaeyoung ဆုံးဖြတ်လိုက်သည်

အခန်းထဲက ထွက်လာလာချင်း Bambamနဲ့ Chaeyoung ဝင်တိုက်မိသွားသည်

"Ah "

"Chaeyoung. .အဆင်ပြေရဲ့လား..."

"ပြေ ပြေ ပါတယ်...Sorry Bambam နင့်ကို ငါမမြင်လို့ "

"မင်း ကြည့်ရတာ တစ်ခုခုဖြစ်နေသလိုဘဲ ဘာဖြစ်လို့လည်း "

Chaeyoung သက်ပြင်းချလိုက်သည် သူမ ခံစားချက်တွေကို Bambamကို ရင်ဖွင့်သင့်လား Chaeyoung တွေးနေသည်....Bambamက Vampire တွေထဲ Chaeyoung နဲ့ အခင်ဆုံး သူလေ.....

"ငါ့ကို အားလုံး ပြောပြလို့ရပါတယ် ငါ အကြံပေးစရာရှိလည်း ပေးလို့ရတာပေါ့ လာ လမ်းလျှောက်ထွက်ရအောင် "

Chaeyoungလည်း Bambamကို ရင်ဖွင့်ဖို့ ဆုံးဖြတ်ပြီး Bambamနောက် လိုက်သွားတယ်

"ကဲ ပြောပါအုံး ဘာဖြစ်နေတာလည်း "

Chaeyoung သက်ပြင်းချပြီး သူမ ခံစားချက်တွေ တွေဝေနေမှုတွေကို Bambamအား ပြောပြလေသည်

Bambamကတော့ ခေါင်းတစ်ညိတ်ညိတ်နဲ့ Chaeyoung ပြောပြတာကို  နားထောင်နေသည်

"Lisaကို ချစ်လား Chaeyoung "

"ငါ သေချာမသိဘူး Bambam ဒါပေမယ့် ငါနင့်ကို ပြောပြသလိုဘဲ သူ ငါ့အနားရှိရင် ငါ ပျော်တယ် ရင်ခုန်တယ် သူနဲ့ အမြဲတမ်း ရှိနေချင်တယ် သူ့ကိုချစ်လား မချစ်လား မသေချာသေးပေမယ့် သူ့ကို သဘောကျနေတာတော့ သေချာတယ် "

"နားထောင် Chaeyoung.... မင်း နှလုံးသားနောက် လိုက်သွားပါ မင်း နောင်တမရစေရဘူးလို့ ငါ အာမခံတယ် ပြောရဲတယ် မင်းကို တွေ့ချင်လို့ မင်းရဲ့ ပန်းဆိုင်ကို နေ့တိုင်းလာတာဆိုပြီး သူပြောဖူးတယ်ဆို....အဲ့တာဆို သူကလည်း မင်းကို ကြိုက်နေတာ သဘောကျနေတာ မဟုတ်ဘူးလား "

Bambamရဲ့ စကားကြောင့် Chaeyoung နှုတ်ခမ်းကိုက်ပြီး တွေဝေနေသည်

"သူ ငါ့ကို မချစ်ဘူးဆိုရင်ရော "

"Hey သူမင်းကို နှာဘူးလက်ထဲက ကယ်ခဲ့တယ် မဟုတ်လား  မင်းရဲ့ဆိုင်ကို အမြဲလာတယ် မင်းကို Leoဆီကနေ ဆွဲထုတ်လာတယ် ....မင်းကို ဒိတ်ဖို့ နေ့တိုင်း အပြင်ခေါ်သွားတယ် ဒါတွေက မင်းကို ကြိုက်လို့ ချစ်လို့ လုပ်နေတာ မဟုတ်ဘူးလား Chaeyoung. ..သူက အပျော်လုပ်နေတယ်ထင်လို့လား သူက အလုပ်များတဲ့ mafiaအပြင် Vampire တစ်ကောင်နော် "

Bambamရဲ့ စကားကြောင့် Chaeyoung စိတ်ထဲ မျှော်လင့်ချက်လေးတွေ ရှိလာသည်

"ကဲ မင်း သူနဲ့ပြောကြည့်ပါအုံး "

Chaeyoung ရဲ့ ပခုံးကို ပုတ်ပြီး Bambam ထွက်သွားသည်

Chaeyoung လည်း Lisaနဲ့ စကားပြောဖို့ Lisaရဲ့ ရုံးခန်းဘက်ကို သွားလေသည်

Knock knock

Chaeyoung မှာ Lisaရဲ့ ရုံးခန်း တံခါးကို ခေါက်လိုက်သည်

"ဝင်ခဲ့ပါ "

"Lisa "

"Chaeyoungပါလား အတော်ဘဲ ကိုယ်လည်း အခု အလုပ်တွေ ပြီးသွားလို့ Chaeကို အဝတ်အစားတွေ လိုက်ဝယ်ပေးမလို့ တွေးနေတာ ကွက်တိဘဲ လာ သွားကြစို့ "

Lisa မှာ သူ့လက်ကို ဆွဲပြီး အပြင်ခေါ်သွားသောကြောင့် Lisaမှာ ဘာမှမပြောနိုင်ဘဲ ပါသွားလေသည်

နာမည်ကြီး brandတွေ ရောင်းသည့်ဆိုင်တွင် Lisa တစ်ယောက် Chaeyoung နဲ့ လိုက်ဖက်မယ့် အဝတ်အစားတွေ ရွေးနေသည်

"ဒါတွေ အကုန်ယူမယ် Chae လောလောဆယ် မင်းက ဒီအဝတ်အစားလေး လဲဝတ်လိုက် "

အဝတ်အစားတွေမှာ အထည်သုံးဆယ်လောက်ရှိသောကြောင့် ဝန်ထမ်းကောင်မလေးမှာ အံ့သြနေသည်

"ဘာ ကြောင်ကြည့်နေတာလည်း အဲ့တာတွေ အကုန်ယူမယ် ပြောနေတာလေ အဝတ်အစားတွေ သေချာထုတ်ပေး ရော့ ဒီမှာ Black Card အဲ့ cardထဲကနေ ကျသလောက် ဖြတ်လိုက် "

Lisaမှာ ဝန်ထမ်းကောင်မလေးကို သူမရဲ့ blackcardကိုထုတ်ပေးလိုက်သည်

အဝတ်အစားတွေ ဝယ်ပေးပြီးနောက် Dinnerစားဖို့ဆိုပြီး Chaeyoungကို သူမရဲ့ စားသောက်ဆိုင်သို့ ခေါ်သွားလေသည်

စားသောက်ဆိုင်ရဲ့ rooftopတွင် ဖယောင်းတိုင် မီးခွက်လေးတွေကို အသည်းပုံ ပုံစံဖြစ်အောင် အလှဆင်ထားတာလေးတွေ အသည်းပုံ  ပူဖောင်းလေးတွေ ကြည့်ပြီး Chaeyoung အံ့သြနေသည်

Chaeyoungရဲ့ အနောက်တွင် ရပ်နေသော Lisaမှာ ချောင်းဟန့်လိုက်သောကြောင့် Chaeyoung မှာ Lisa ကို လှည့်ကြည့်လိုက်သည်

"Chae. ..ကိုယ် ပြောစရာရှိတယ် Vampire တစ်ကောင်ဆီက ဒီလိုစကားကြားရဖို့ မင်း မမျှော်လင့်ထား မတွေးထားဘူးဆိုတာ ကိုယ်သိပါတယ် ဒါပေမယ့် ကိုယ် ဒီခံစားချက်တွေကို ထိန်းထားရတာ ကြာပါပြီ မင်း ကိုယ့်ကို မသိခင်ကတည်းက ကိုယ်မင်းကို သဘောကျပြီး အချိန်တိုင်း stalkနေခဲ့တာပါ ...မင်းကို ကိုယ် ချစ်တယ် Chaeyoung ....ဒါပေမယ့် ကိုယ့်လို  Vampireတစ်ကောင်ကို မင်း ပြန်မချစ်မှာ စိတ်ပူပြီး တွေးကြောက်မိနေတယ်....ကိုယ် မင်းကို တကယ် ချစ်တယ် Chaeyoung "

Lisaက ရုတ်တရက်် သူမကို ဖွင့်ပြောသောကြောင့် Chaeyoung ပျော်ပြီး မျက်ရည်တွေ ဝဲလာသည်

Lisaကတော့ သူမကို ကြောက်လို့ ငိုနေတယ်လို့တွေးထင်နေသည်

"Chae ဘာလို့ ငိုနေတာလည်း ကိုယ့်ကို ကြောက်လို့လား "

"မဟုတ်ပါဘူး Chaeလည်း Lisa ခံစားနေရသလို ခံစားနေရတာ....Chae တွေဝေနေသေးတယ် Bambamကိုတောင် ရင်ဖွင့်ခဲ့သေးတယ် အဲ့လို ဖြစ်နေချိန် Lisaက ချစ်တယ်လို့ ပြောတော့ အရမ်းပျော်လို့ ငိုမိတာပါ "

"ဟင် ဒါ ဒါဆို Chaeလည်း ကိုယ့်ကို ချစ်တယ်ပေါ့ "

Lisaမေးတော့ Chaeyoung ရှက်ပြီး ခေါင်းညိတ်ပြသည်

Lisaလည်း ပျော်ပြီး Chaeyoungကို ပွေ့ဖက်လိုက်သည်

#TBC

#zawgyi

Chaeyoung ေသြးစုပ္ဖုတ္ေကာင္ Vampire ေတြနဲ႕ အတူေနေနတာ တစ္ပတ္ေလာက္ ရွိသြားၿပီေလ

Vampireေတြနဲ႕ အတူေနေနရေပမယ့္ Chaeyoung  အတြက္ သက္ေတာင့္သက္သာ ရွိသလို ခံစားရသည္

Bambamတို႔ကလည္း သူ႕ကိုအမတစ္ေယာက္ ညီမတစ္ေယာက္လို ဆက္ဆံၾကသည္

Lisaကေတာ့ ထိုသို႔ မဟုတ္....Chaeyoung ကို အရင္ကထက္ပိုၿပီး မထိတထိေတြ ကိုင္သည္ နမ္းသည္ ....အၿမဲတမ္း အျပင္ထြက္ဖို႔ ေခၚသည္....

ထိုသို႔ Lisa ျပဳမူတိုင္း Chaeyoungမွာ Lisa အေပၚ ပိုပို သေဘာက်လာသည္....ခ်စ္မိလာသည္

သို႔ေသာ္ Lisaက သူ႕ကို သေဘာက်႐ုံလား စကားေလးနဲ႕ ေဆာ့ကစားေနတာလားဆိုတာ Chaeyoung သိခ်င္မိသည္

ဒါေၾကာင့္မို႔ Lisaကို တိုက္ရိုက္ေမးဖို႔ Chaeyoung ဆုံးျဖတ္လိုက္သည္

အခန္းထဲက ထြက္လာလာခ်င္း Bambamနဲ႕ Chaeyoung ဝင္တိုက္မိသြားသည္

"Ah "

"Chaeyoung. .အဆင္ေျပရဲ႕လား..."

"ေျပ ေျပ ပါတယ္...Sorry Bambam နင့္ကို ငါမျမင္လို႔ "

"မင္း ၾကည့္ရတာ တစ္ခုခုျဖစ္ေနသလိုဘဲ ဘာျဖစ္လို႔လည္း "

Chaeyoung သက္ျပင္းခ်လိဳက္သည္ သူမ ခံစားခ်က္ေတြကို Bambamကို ရင္ဖြင့္သင့္လား Chaeyoung ေတြးေနသည္....Bambamက Vampire ေတြထဲ Chaeyoung နဲ႕ အခင္ဆုံး သူေလ.....

"ငါ့ကို အားလုံး ေျပာျပလို႔ရပါတယ္ ငါ အႀကံေပးစရာရွိလည္း ေပးလို႔ရတာေပါ့ လာ လမ္းေလွ်ာက္ထြက္ရေအာင္ "

Chaeyoungလည္း Bambamကို ရင္ဖြင့္ဖို႔ ဆုံးျဖတ္ၿပီး Bambamေနာက္ လိုက္သြားတယ္

"ကဲ ေျပာပါအုံး ဘာျဖစ္ေနတာလည္း "

Chaeyoung သက္ျပင္းခ်ၿပီး သူမ ခံစားခ်က္ေတြ ေတြေဝေနမႈေတြကို Bambamအား ေျပာျပေလသည္

Bambamကေတာ့ ေခါင္းတစ္ညိတ္ညိတ္နဲ႕ Chaeyoung ေျပာျပတာကို  နားေထာင္ေနသည္

"Lisaကို ခ်စ္လား Chaeyoung "

"ငါ ေသခ်ာမသိဘူး Bambam ဒါေပမယ့္ ငါနင့္ကို ေျပာျပသလိုဘဲ သူ ငါ့အနားရွိရင္ ငါ ေပ်ာ္တယ္ ရင္ခုန္တယ္ သူနဲ႕ အၿမဲတမ္း ရွိေနခ်င္တယ္ သူ႕ကိုခ်စ္လား မခ်စ္လား မေသခ်ာေသးေပမယ့္ သူ႕ကို သေဘာက်ေနတာေတာ့ ေသခ်ာတယ္ "

"နားေထာင္ Chaeyoung.... မင္း ႏွလုံးသားေနာက္ လိုက္သြားပါ မင္း ေနာင္တမရေစရဘူးလို႔ ငါ အာမခံတယ္ ေျပာရဲတယ္ မင္းကို ေတြ႕ခ်င္လို႔ မင္းရဲ႕ ပန္းဆိုင္ကို ေန႕တိုင္းလာတာဆိုၿပီး သူေျပာဖူးတယ္ဆို....အဲ့တာဆို သူကလည္း မင္းကို ႀကိဳက္ေနတာ သေဘာက်ေနတာ မဟုတ္ဘူးလား "

Bambamရဲ႕ စကားေၾကာင့္ Chaeyoung ႏႈတ္ခမ္းကိုက္ၿပီး ေတြေဝေနသည္

"သူ ငါ့ကို မခ်စ္ဘူးဆိုရင္ေရာ "

"Hey သူမင္းကို ႏွာဘူးလက္ထဲက ကယ္ခဲ့တယ္ မဟုတ္လား  မင္းရဲ႕ဆိုင္ကို အၿမဲလာတယ္ မင္းကို Leoဆီကေန ဆြဲထုတ္လာတယ္ ....မင္းကို ဒိတ္ဖို႔ ေန႕တိုင္း အျပင္ေခၚသြားတယ္ ဒါေတြက မင္းကို ႀကိဳက္လို႔ ခ်စ္လို႔ လုပ္ေနတာ မဟုတ္ဘူးလား Chaeyoung. ..သူက အေပ်ာ္လုပ္ေနတယ္ထင္လို႔လား သူက အလုပ္မ်ားတဲ့ mafiaအျပင္ Vampire တစ္ေကာင္ေနာ္ "

Bambamရဲ႕ စကားေၾကာင့္ Chaeyoung စိတ္ထဲ ေမွ်ာ္လင့္ခ်က္ေလးေတြ ရွိလာသည္

"ကဲ မင္း သူနဲ႕ေျပာၾကည့္ပါအုံး "

Chaeyoung ရဲ႕ ပခုံးကို ပုတ္ၿပီး Bambam ထြက္သြားသည္

Chaeyoung လည္း Lisaနဲ႕ စကားေျပာဖို႔ Lisaရဲ႕ ႐ုံးခန္းဘက္ကို သြားေလသည္

Knock knock

Chaeyoung မွာ Lisaရဲ႕ ႐ုံးခန္း တံခါးကို ေခါက္လိုက္သည္

"ဝင္ခဲ့ပါ "

"Lisa "

"Chaeyoungပါလား အေတာ္ဘဲ ကိုယ္လည္း အခု အလုပ္ေတြ ၿပီးသြားလို႔ Chaeကို အဝတ္အစားေတြ လိုက္ဝယ္ေပးမလို႔ ေတြးေနတာ ကြက္တိဘဲ လာ သြားၾကစို႔ "

Lisa မွာ သူ႕လက္ကို ဆြဲၿပီး အျပင္ေခၚသြားေသာေၾကာင့္ Lisaမွာ ဘာမွမေျပာနိုင္ဘဲ ပါသြားေလသည္

နာမည္ႀကီး brandေတြ ေရာင္းသည့္ဆိုင္တြင္ Lisa တစ္ေယာက္ Chaeyoung နဲ႕ လိုက္ဖက္မယ့္ အဝတ္အစားေတြ ေ႐ြးေနသည္

"ဒါေတြ အကုန္ယူမယ္ Chae ေလာေလာဆယ္ မင္းက ဒီအဝတ္အစားေလး လဲဝတ္လိုက္ "

အဝတ္အစားေတြမွာ အထည္သုံးဆယ္ေလာက္ရွိေသာေၾကာင့္ ဝန္ထမ္းေကာင္မေလးမွာ အံ့ၾသေနသည္

"ဘာ ေၾကာင္ၾကည့္ေနတာလည္း အဲ့တာေတြ အကုန္ယူမယ္ ေျပာေနတာေလ အဝတ္အစားေတြ ေသခ်ာထုတ္ေပး ေရာ့ ဒီမွာ Black Card အဲ့ cardထဲကေန က်သေလာက္ ျဖတ္လိုက္ "

Lisaမွာ ဝန္ထမ္းေကာင္မေလးကို သူမရဲ႕ blackcardကိုထုတ္ေပးလိုက္သည္

အဝတ္အစားေတြ ဝယ္ေပးၿပီးေနာက္ Dinnerစားဖို႔ဆိုၿပီး Chaeyoungကို သူမရဲ႕ စားေသာက္ဆိုင္သို႔ ေခၚသြားေလသည္

စားေသာက္ဆိုင္ရဲ႕ rooftopတြင္ ဖေယာင္းတိုင္ မီးခြက္ေလးေတြကို အသည္းပုံ ပုံစံျဖစ္ေအာင္ အလွဆင္ထားတာေလးေတြ အသည္းပုံ  ပူေဖာင္းေလးေတြ ၾကည့္ၿပီး Chaeyoung အံ့ၾသေနသည္

Chaeyoungရဲ႕ အေနာက္တြင္ ရပ္ေနေသာ Lisaမွာ ေခ်ာင္းဟန့္လိုက္ေသာေၾကာင့္ Chaeyoung မွာ Lisa ကို လွည့္ၾကည့္လိုက္သည္

"Chae. ..ကိုယ္ ေျပာစရာရွိတယ္ Vampire တစ္ေကာင္ဆီက ဒီလိုစကားၾကားရဖို႔ မင္း မေမွ်ာ္လင့္ထား မေတြးထားဘူးဆိုတာ ကိုယ္သိပါတယ္ ဒါေပမယ့္ ကိုယ္ ဒီခံစားခ်က္ေတြကို ထိန္းထားရတာ ၾကာပါၿပီ မင္း ကိုယ့္ကို မသိခင္ကတည္းက ကိုယ္မင္းကို သေဘာက်ၿပီး အခ်ိန္တိုင္း stalkေနခဲ့တာပါ ...မင္းကို ကိုယ္ ခ်စ္တယ္ Chaeyoung ....ဒါေပမယ့္ ကိုယ့္လို  Vampireတစ္ေကာင္ကို မင္း ျပန္မခ်စ္မွာ စိတ္ပူၿပီး ေတြးေၾကာက္မိေနတယ္....ကိုယ္ မင္းကို တကယ္ ခ်စ္တယ္ Chaeyoung "

Lisaက ႐ုတ္တရက္္ သူမကို ဖြင့္ေျပာေသာေၾကာင့္ Chaeyoung ေပ်ာ္ၿပီး မ်က္ရည္ေတြ ဝဲလာသည္

Lisaကေတာ့ သူမကို ေၾကာက္လို႔ ငိုေနတယ္လို႔ေတြးထင္ေနသည္

"Chae ဘာလို႔ ငိုေနတာလည္း ကိုယ့္ကို ေၾကာက္လို႔လား "

"မဟုတ္ပါဘူး Chaeလည္း Lisa ခံစားေနရသလို ခံစားေနရတာ....Chae ေတြေဝေနေသးတယ္ Bambamကိုေတာင္ ရင္ဖြင့္ခဲ့ေသးတယ္ အဲ့လို ျဖစ္ေနခ်ိန္ Lisaက ခ်စ္တယ္လို႔ ေျပာေတာ့ အရမ္းေပ်ာ္လို႔ ငိုမိတာပါ "

"ဟင္ ဒါ ဒါဆို Chaeလည္း ကိုယ့္ကို ခ်စ္တယ္ေပါ့ "

Lisaေမးေတာ့ Chaeyoung ရွက္ၿပီး ေခါင္းညိတ္ျပသည္

Lisaလည္း ေပ်ာ္ၿပီး Chaeyoungကို ေပြ႕ဖက္လိုက္သည္

#Tbc

Bạn đang đọc truyện trên: Truyen3h.Co