Truyen3h.Co

Vampire's Mate Rosie

Part 15

KimFany059

#Zawgyi

Chaeyoung နမ္းေနရာက ရပ္လိုက္ၿပီး Lisaကို ၾကည့္လိုက္သည္

"ေနာက္တစ္ခါ အဲ့ဒီလို မေတြးနဲ႕ေတာ့ေနာ္ Lisa. ..Lisaက Vampire တစ္ေကာင္ဆိုတာ သိပါတယ္ Vampire တစ္ေကာင္က လူတစ္ေယာက္ကို မခ်စ္ရဘူးလို႔ သတ္မွတ္ထားတာမွ မရွိတာ... "

Lisaမွာ ႏႈတ္ခမ္းေလး ေထာ္ကာ စကား ေျပာေနတဲ့ Chaeyoung ကို ၾကည့္ၿပီး ၿပဳံးေနသည္

"Lisaက Vampire မကလို႔ ဘာေကာင္ႀကီး ျဖစ္ေနေန Chae ဂ႐ုမစိုက္ဘူး Lisa ကို Chae ခ်စ္တယ္ .....ၿပီးက် ဘာျဖစ္ေနေန Chaeကို Lisaက ကာကြယ္ေပးမယ္ဆိုတာ ယုံၾကည္တယ္ ....Vampire ျဖစ္ေနလို႔ဆိုတဲ့ အေတြးကို ေခါင္းထဲကေန ထုတ္ပစ္လိုက္ပါေနာ္ "

Chaeyoung ေျပာၿပီး Lisa လည္ပင္းကို ဖက္လိုက္သည္ ထို႔ေနာက္ Lisaရဲ႕ ႏႈတ္ခမ္းေလးကို ထပ္နမ္းျပန္သည္

"ခ်စ္တယ္ Chae. ...Chaeကို အၿမဲ ကာကြယ္ေပးသြားမယ္လို႔ ကတိေပးတယ္ "

Lisaလည္း Chaeyoungကို ဖက္ကာ နမ္းလိုက္သည္

Lisaတို႔ ညစာစားၿပီးေနာက္ အိမ္သို႔ ျပန္လာၾကသည္

Lisa ကားေမာင္းရင္း လက္တစ္ဖက္က Chaeyoung လက္ကို ကိုင္ထားသည္...... Chaeyoung က Lisa ပခုံးေလးေပၚ ေခါင္းေလး မွီၿပီး Park Bomရဲ႕ You and Iကို ညည္းေနသည္

အိမ္ျပန္လမ္းတြင္ Chaelisa တို႔ အခ်စ္ေတြနဲ႕ ျပည့္ႏွက္ေနတဲ့ ညခ်မ္းေလးကို ပိုင္ဆိုင္ခဲ့ရသည္

အိမ္ျပန္ေရာက္ေတာ့  Lisaက Namတို႔နဲ႕ စကားေျပာဖို႔ Chaeyoungကို အခန္းထဲ အရင္ဝင္ခိုင္းလိုက္သည္

Chaeyoung ေရခ်ိဳးၿပီး ညအိပ္ဝတ္စုံ ဝတ္ေနခ်ိန္ တံခါးေခါက္သံၾကားလိုက္ရသည္

အခန္းတံခါး ဖြင့္လိုက္ေတာ့  ညအိပ္ဝတ္စုံ အနက္ေရာင္ေလးနဲ႕ ေခါင္းအုံးေလးပိုက္ၿပီး သူမကို ၿပဳံးျပေနတဲ့ Lisaကို Chaeyoung ေတြ႕လိုက္ရသည္

"Chaeနဲ႕ အိပ္မလို႔လား "

"ဒါေပါ့ "

Lisaေျဖၿပီး Chaeyoungရဲ႕ အခန္းထဲ ဝင္လာသည္ ထို႔ေနာက္ ကုတင္ေပၚကို ထိုင္လိုက္ၿပီး Chaeyoungကို ၾကည့္လိုက္သည္

Chaeyoung က အခန္းတံခါး ပိတ္ၿပီး သူမဆီ ေလွ်ာက္လာေတာ့ Lisaက Chaeyoungရဲ႕ လက္ကို ဆြဲၿပီး သူ႕ေပါင္ေပၚတြင္ ထိုင္ခိုင္းသည္

"Vampire ေတြက ဘာလို႔ အနက္ေရာင္ေတြဘဲ ဝတ္ၾကတာလည္းဟင္ "

"Vampire ေတြရဲ႕ သင္ေကတေလ Chaeရ "

"Lisa တစ္ခါေလာက္ေလ အနက္ေရာင္ မဟုတ္ဘဲ တစ္ျခား အေရာင္ေလးေတြ ဝတ္လို႔မရဘူးလား "

"Chaeက ဝတ္ေစခ်င္လို႔လား Chaeက ဝတ္ေစခ်င္ရင္ ကိုယ္ အဆင္မေျပေပမယ့္ ဝတ္နိုင္ေအာင္ ႀကိဳးစားပါမယ္ "

Lisa ေျပာၿပီး ကုတင္ေပၚ ပစ္လွဲလိုက္သည္

Chaeyoungမွာ Lisaလက္ေမာင္းေပၚ လွဲကာ အိပ္လိုက္သည္

Lisaမွာ Chaeyoung ကို ဖက္ၿပီး အားပါးတရ နမ္းေလသည္

"Lisa. .."

"Waee "

"တအားနမ္းေနတာဘဲ "

"မင္းကို ျမင္ရင္ စိတ္မထိန္းနိုင္ဘူး နမ္းဘဲနမ္းခ်င္ေနတာ Chaeရ...."

Lisa ေျပာၿပီး Chaeyoungရဲ႕ နဖူးေလးကို နမ္းလိုက္သည္

ထို႔ေနာက္ ေစာင္ေသခ်ာၿခဳံကာ Chaeyoungကို ဖက္ၿပီး Lisa အိပ္လိုက္သည္

ေနာက္တစ္ေန႕ မနက္တြင္ Lisa အိပ္ရာကေန နိုးလာေတာ့ Chaeyoung က အိပ္ေပ်ာ္ေနသည္

Chaeyoungရဲ႕ နဖူးေလးကို Lisa နမ္းၿပီး သူမ ဖုန္းကို ယူၾကည့္ေတာ့ Namဆီက message ဝင္ေနတာ ေတြ႕ရသည္

From Nam:  Lisa Medical roomကို လာခဲ့ ေျပာစရာရွိတယ္

Lisaလည္း မ်က္ႏွာသစ္ၿပီး medical roomသို႔ သြားေလသည္

"နင္ ေသခ်ာေရာ စစ္ေဆးၾကည့္ရဲ႕လား "

"သူ႕ကို သတိေမ့လ်က္သား မင္း ေခၚလာကတည္းက ငါ အကုန္ စစ္ေဆးခဲ့တာ အခု ေသခ်ာတဲ့ အေျဖထြက္လာလို႔ မင္းကို ေျပာေနတာ "

Lisa သက္ျပင္းခ်လိဳက္မိသည္ Namကေတာ့ ေဆးစစ္ခ်က္ေတြၾကည့္ၿပီး

"သူ႕ႏွလုံးက ေတာ္ေတာ္အားနည္းေနတာ Lisa ...သူ အေၾကာက္လြန္တဲ့အခါ  သတိေမ့သြားတတ္တာက ႏွလုံးက အားနည္းလို႔ဘဲ "

"ျပန္ေကာင္းေအာင္ ကုလို႔ရလား Nam "

"အင္း ငါ ႀကိဳးစားၾကည့္မယ္ ေလာေလာဆယ္ေတာ့ သူ႕ကို ဒီေဆးေလး ထိုးေပးထား "

Nam လက္ထဲက ေဆးထိုးႁပြန္ေလး Lisa ယူမလို႔ရွိေသး Medical Roomထဲ ေျပးဝင္လာတဲ့ Minoေၾကာင့္ လန့္သြားတယ္

"ျပႆနာေတာ့ ျဖစ္ေနၿပီ "

"ဘာျဖစ္တာလည္း "

"Lisaရဲ႕ အေဖဘက္က လူေတြ အိမ္ေရွ႕ေရာက္ေနတယ္ "

Minoရဲ႕ စကားေၾကာင့္ Lisa အျမန္ပင္ Chaeyoung အခန္းဘက္ ေျပးသြားသည္

"Chae Chae ထပါအုံး "

အိပ္ေနတဲ့ Chaeyoungကို Lisa ႏွိုးလိုက္သည္

"ဟင္ Lisa ဘာျဖစ္လို႔လည္း "

"အခု အခန္းတံခါးကို ေလာ့ခ်ၿပီး အခန္းထဲ ေသခ်ာပုန္းေနေနာ္ ဘာအသံ ၾကားၾကားထြက္မလာနဲ႕ "

"ဘာျဖစ္လို႔လည္း Lisa "

"ကိုယ္ ေနာက္မွ ေျပာျပမယ္ အခုေတာ့ ကိုယ္ေျပာသလို အခန္းတံခါးေလာ့ခ်ၿပီး ပုန္းေနေနာ္...ဘာအသံ ၾကားၾကားထြက္မလာနဲ႕  "

Lisa မွာ Chaeyoungကို အခန္းထဲက ထြက္မလာဖို႔ ေသခ်ာမွာၿပီးေနာက္ Minoတို႔နဲ႕အတူ စံအိမ္ အျပင္ဘက္ကို ထြက္လာသည္ Namကေတာ့ medical roomထဲ ေဆးတစ္ခုခုကို ေဆးထိုးႁပြန္ထဲထည့္ေနလို႔ ထြက္မလာေပ

"Hello Good Morning Lisa Manoban "

Lisa အိမ္အျပင္ထြက္လာေတာ့ Leoနဲ႕ Vampire ငါးေကာင္ကို ေတြ႕ရသည္

ဒီေလာက္အေရအတြက္နဲ႕ဆိုရင္ေတာ့ Lisaအတြက္က ေအးေဆးပါ

"ဘာလည္း Leo "

"Park Chaeyoungကို အသာတၾကည္ေပးဖို႔ လာေတာင္းတာ "

"မေပးဘူးဆိုရင္ေရာ "

"သား အဖခ်င္း ခ်ၾကတာေပါ့ "

Lisa မွာ သစ္ပင္ေပၚကေန ခုန္ဆင္းလာတဲ့ သူ႕အေဖေၾကာင့္ လန့္သြားတယ္

"တိုက္ၾက "

Lisaတို႔ တိုက္ခိုက္ေနတဲ့အခ်ိန္ Chaeyoung မွာ အေျခအေနကို ဘာျဖစ္ေနၾကလည္း သိခ်င္လို႔ Lisa စကားကို နားမေထာင္ဘဲ အခန္းထဲကေန ထြက္လာသည္

ထို႔ေနာက္ အျပင္ဘက္က တိုက္ခိုက္သံေတြၾကားလို႔ တံခါးဖြင့္ၾကည့္ေသာအခါ Lisa တို႔ တိုက္ခိုက္ေနၾကတာကို ေတြ႕ေလသည္

Lisa အေဖမွာ အရင္ကထက္ လက္ရည္တိုးတက္လာတဲ့ သူ႕သမီးနဲ႕ခ်ရင္း Chaeyoung အိမ္ထဲကေန ထြက္လာတာကို ေတြ႕လိုက္ရသည္

Lisa အေဖမွာ ခ်က္ခ်င္း Lisa နဲ႕ မတိုက္ခိုက္ေတာ့ဘဲ Chaeyoung ဆီ ေရာက္သြားၿပီး Chaeyoungကို ခ်ဳပ္ထားေလသည္

"Chaeyoung. ..."

"Hahahaha Lisa မင္း ငါ့ကို အဆုံးေပးလိုက္စမ္းပါ "

"Park Chaeyoungကို လႊတ္လိုက္.....သူ တစ္ခုခု ျဖစ္သြားရင္ေတာ့ ဒီတခါ Chaw ဘာမွ သီးမခံေတာ့ဘူးေနာ္ "

"မင္းရဲ႕ အေမလိုဘဲ မင္းက အေပါင္းအသင္းသိပ္မက္တာဘဲ Lisa. ....Chaeyoung က မင္းရဲ႕ အားနည္းခ်က္ဆိုတာ သိလား..."

Lisa အေဖမွာ ေျပာၿပီး Chaeyoung လည္ပင္းထဲ လက္သည္းရွည္ ထိုးထည့္လိုက္သည္

Chaeyoung မွာ ေၾကာက္လြန္းလို႔ သတိေမ့သြားသည္

"ကဲ သူ႕ကို ငါ ေခၚ..."

Lisa အေဖရဲ႕ စကားမဆုံးေသး   အေနာက္ကေန သူ႕ေက်ာေပၚ ေရာက္လာတဲ့ ေဆးထိုးအပ္ႁပြန္ေၾကာင့္ လဲက်သြားသည္

"Master "

Leoတို႔မွာ Lisa ရဲ႕ အေဖကို ေျပးထူလိုက္သည္

"Vampire ေတြနဲ႕ မတည့္တဲ့ ေဆးေတြေဖာ္စပ္ေရာထားတာ ေသလားမေသလားေတာ့ မသိေသးဘူး ဒါေၾကာင့္မို႔ Mr. Manobanကို အရင္စမ္းသပ္ၾကည့္တာ..... "

Namရဲ႕ စကားေၾကာင့္ Leo ေတာက္ေခါက္လိုက္သည္

"မင္း မင္းတို႔....."

"Get well soon Appa "

Lisa မဲ့ၿပဳံးၿပဳံးၿပီး သူ႕အေဖကို ေျပာလိုက္သည္

"ေတာက္ ငါ ျပန္လာမယ္ Lisa Manoban "

Leoတို႔ အဖြဲ႕ထြက္သြားေတာ့ Lisaမွာ Chaeyoungကို ေပြ႕ခ်ီၿပီး Namနဲ႕အတူ Medical roomထဲသို႔ ဝင္သြားသည္

#Tbc

#Unicode

#Zawgyi

Chaeyoung နမ်းနေရာက ရပ်လိုက်ပြီး Lisaကို ကြည့်လိုက်သည်

"နောက်တစ်ခါ အဲ့ဒီလို မတွေးနဲ့တော့နော် Lisa. ..Lisaက Vampire တစ်ကောင်ဆိုတာ သိပါတယ် Vampire တစ်ကောင်က လူတစ်ယောက်ကို မချစ်ရဘူးလို့ သတ်မှတ်ထားတာမှ မရွိတာ... "

Lisaမွာ နှုတ်ခမ်းလေး ထော်ကာ စကား ပြောနေတဲ့ Chaeyoung ကို ကြည့်ပြီး ပြုံးနေသည်

"Lisaက Vampire မကလို့ ဘာကောင်ကြီး ဖြစ်နေနေ Chae ဂရုမစိုက်ဘူး Lisa ကို Chae ချစ်တယ် .....ပြီးကျ ဘာဖြစ်နေနေ Chaeကို Lisaက ကာကွယ်ပေးမယ်ဆိုတာ ယုံကြည်တယ် ....Vampire ဖြစ်နေလို့ဆိုတဲ့ အေတြးကို ခေါင်းထဲကနေ ထုတ်ပစ်လိုက်ပါနော် "

Chaeyoung ပြောပြီး Lisa လည်ပင်းကို ဖက်လိုက်သည် ထို့နောက် Lisaရဲ့ နှုတ်ခမ်းလေးကို ထပ်နမ်းပြန်သည်

"ချစ်တယ် Chae. ...Chaeကို အမြဲ ကာကွယ်ပေးသွားမယ်လို့ ကတိပေးတယ် "

Lisaလည်း Chaeyoungကို ဖက္ကာ နမ်းလိုက်သည်

Lisaတို့ ညစာစားပြီးနောက် အိမ်သို့ ပြန်လာကြသည်

Lisa ကားမောင်းရင်း လက္တစ္ဖက္က Chaeyoung လက္ကို ကိုင်ထားသည်...... Chaeyoung က Lisa ပခုံးလေးပေါ် ခေါင်းလေး မှီပြီး Park Bomရဲ့ You and Iကို ညည်းနေသည်

အိမ်ပြန်လမ်းတွင် Chaelisa တို့ အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ ညချမ်းလေးကို ပိုင်ဆိုင်ခဲ့ရသည်

အိမ်ပြန်ရောက်တော့  Lisaက Namတို့နဲ့ စကားပြောဖို့ Chaeyoungကို အခန်းထဲ အရင်ဝင်ခိုင်းလိုက်သည်

Chaeyoung ရေချိုးပြီး ညအိပ်ဝတ်စုံ ဝတ်နေချိန် တံခါးခေါက်သံကြားလိုက်ရသည်

အခန်းတံခါး ဖွင့်လိုက်တော့  ညအိပ်ဝတ်စုံ အနက်ရောင်လေးနဲ့ ခေါင်းအုံးလေးပိုက်ပြီး သူမကို ပြုံးပြနေတဲ့ Lisaကို Chaeyoung တွေ့လိုက်ရသည်

"Chaeနဲ့ အိပ်မလို့လား "

"ဒါပေါ့ "

Lisaဖြေပြီး Chaeyoungရဲ့ အခန်းထဲ ဝင်လာသည် ထို့နောက် ကုတင်ပေါ်ကို ထိုင်လိုက်ပြီး Chaeyoungကို ကြည့်လိုက်သည်

Chaeyoung က အခန်းတံခါး ပိတ်ပြီး သူမဆီ လျှောက်လာတော့ Lisaက Chaeyoungရဲ့ လက္ကို ဆွဲပြီး သူ့ပေါင်ပေါ်တွင် ထိုင်ခိုင်းသည်

"Vampire တွေက ဘာလို့ အနက်ရောင်တွေဘဲ ဝတ်ကြတာလည်းဟင် "

"Vampire တွေရဲ့ သင်ကေတလေ Chaeရ "

"Lisa တစ်ခါလောက်လေ အနက်ရောင် မဟုတ်ဘဲ တစ်ခြား အရောင်လေးတွေ ဝတ်လို့မရဘူးလား "

"Chaeက ဝတ်စေချင်လို့လား Chaeက ဝတ်စေချင်ရင် ကိုယ် အဆင်မပြေပေမယ့် ဝတ်နိုင်အောင် ကြိုးစားပါမယ် "

Lisa ပြောပြီး ကုတင်ပေါ် ပစ်လှဲလိုက်သည်

Chaeyoungမွာ Lisaလက်မောင်းပေါ် လွဲကာ အိပ်လိုက်သည်

Lisaမွာ Chaeyoung ကို ဖက်ပြီး အားပါးတရ နမ်းလေသည်

"Lisa. .."

"Waee "

"တအားနမ်းနေတာဘဲ "

"မင်းကို မြင်ရင် စိတ်မထိန်းနိုင်ဘူး နမ်းဘဲနမ်းချင်နေတာ Chaeရ...."

Lisa ပြောပြီး Chaeyoungရဲ့ နဖူးလေးကို နမ်းလိုက်သည်

ထို့နောက် စောင်သေချာခြုံကာ Chaeyoungကို ဖက်ပြီး Lisa အိပ်လိုက်သည်

နောက်တစ်နေ့ မနက်တွင် Lisa အိပ်ရာကနေ နိုးလာတော့ Chaeyoung က အိပ်ပျော်နေသည်

Chaeyoungရဲ့ နဖူးလေးကို Lisa နမ်းပြီး သူမ ဖုန်းကို ယူကြည့်တော့ Namဆီက message ဝင်နေတာ တွေ့ရသည်

From Nam:  Lisa Medical roomကို လာခဲ့ ပြောစရာရှိတယ်

Lisaလည်း မျက်နှာသစ်ပြီး medical roomသို့ သွားလေသည်

"နင် သေချာရော စစ်ဆေးကြည့်ရဲ့လား "

"သူ့ကို သတိမေ့လျက်သား မင်း ခေါ်လာကတည်းက ငါ အကုန် စစ်ဆေးခဲ့တာ အခု သေချာတဲ့ အဖြေထွက်လာလို့ မင်းကို ပြောနေတာ "

Lisa သက်ပြင်းချလိုက်မိသည် Namကေတာ့ ဆေးစစ်ချက်တွေကြည့်ပြီး

"သူ့နှလုံးက တော်တော်အားနည်းနေတာ Lisa ...သူ အကြောက်လွန်တဲ့အခါ  သတိမေ့သွားတတ်တာက နှလုံးက အားနည်းလို့ဘဲ "

"ပြန်ကောင်းအောင် ကုလို့ရလား Nam "

"အင်း ငါ ကြိုးစားကြည့်မယ် လောလောဆယ်တော့ သူ့ကို ဒီဆေးလေး ထိုးပေးထား "

Nam လက်ထဲက ဆေးထိုးပြွန်လေး Lisa ယူမလို့ရှိသေး Medical Roomထဲ ပြေးဝင်လာတဲ့ Minoကြောင့် လန့်သွားတယ်

"ပြဿနာတော့ ဖြစ်နေပြီ "

"ဘာဖြစ်တာလည်း "

"Lisaရဲ့ အေဖဘက္က လူတွေ အိမ်ရှေ့ရောက်နေတယ် "

Minoရဲ့ စကားကြောင့် Lisa အမြန်ပင် Chaeyoung အခန်းဘက် ပြေးသွားသည်

"Chae Chae ထပါအုံး "

အိပ်နေတဲ့ Chaeyoungကို Lisa နှိုးလိုက်သည်

"ဟင် Lisa ဘာဖြစ်လို့လည်း "

"အခု အခန်းတံခါးကို လော့ချပြီး အခန်းထဲ သေချာပုန်းနေနော် ဘာအသံ ကြားကြားထွက်မလာနဲ့ "

"ဘာဖြစ်လို့လည်း Lisa "

"ကိုယ် နောက်မှ ပြောပြမယ် အခုတော့ ကိုယ်ပြောသလို အခန်းတံခါးလော့ချပြီး ပုန်းနေနော်...ဘာအသံ ကြားကြားထွက်မလာနဲ့  "

Lisa မွာ Chaeyoungကို အခန်းထဲက ထွက်မလာဖို့ သေချာမှာပြီးနောက် Minoတို့နဲ့အတူ စံအိမ် အပြင်ဘက်ကို ထွက်လာသည် Namကေတာ့ medical roomထဲ ဆေးတစ်ခုခုကို ဆေးထိုးပြွန်ထဲထည့်နေလို့ ထွက်မလာပေ

"Hello Good Morning Lisa Manoban "

Lisa အိမ်အပြင်ထွက်လာတော့ Leoနဲ့ Vampire ငါးကောင်ကို တွေ့ရသည်

ဒီလောက်အရေအတွက်နဲ့ဆိုရင်တော့ Lisaအတြက္က အေးဆေးပါ

"ဘာလည်း Leo "

"Park Chaeyoungကို အသာတကြည်ပေးဖို့ လာတောင်းတာ "

"မပေးဘူးဆိုရင်ရော "

"သား အဖချင်း ချကြတာပေါ့ "

Lisa မွာ သစ်ပင်ပေါ်ကနေ ခုန်ဆင်းလာတဲ့ သူ့အဖေကြောင့် လန့်သွားတယ်

"တိုက်ကြ "

Lisaတို့ တိုက်ခိုက်နေတဲ့အချိန် Chaeyoung မွာ အခြေအနေကို ဘာဖြစ်နေကြလည်း သိချင်လို့ Lisa စကားကို နားမထောင်ဘဲ အခန်းထဲကနေ ထွက်လာသည်

ထို့နောက် အပြင်ဘက်က တိုက်ခိုက်သံတွေကြားလို့ တံခါးဖွင့်ကြည့်သောအခါ Lisa တို့ တိုက်ခိုက်နေကြတာကို တွေ့လေသည်

Lisa အေဖမွာ အရင်ကထက် လက်ရည်တိုးတက်လာတဲ့ သူ့သမီးနဲ့ချရင်း Chaeyoung အိမ်ထဲကနေ ထြက္လာတာကို တွေ့လိုက်ရသည်

Lisa အေဖမွာ ချက်ချင်း Lisa နဲ့ မတိုက်ခိုက်တော့ဘဲ Chaeyoung ဆီ ရောက်သွားပြီး Chaeyoungကို ချုပ်ထားလေသည်

"Chaeyoung. ..."

"Hahahaha Lisa မင်း ငါ့ကို အဆုံးပေးလိုက်စမ်းပါ "

"Park Chaeyoungကို လွှတ်လိုက်.....သူ တစ္ခုခု ဖြစ်သွားရင်တော့ ဒီတခါ Chaw ဘာမွ သီးမခံတော့ဘူးနော် "

"မင်းရဲ့ အေမလိုဘဲ မင်းက အပေါင်းအသင်းသိပ်မက်တာဘဲ Lisa. ....Chaeyoung က မင်းရဲ့ အားနည်းချက်ဆိုတာ သိလား..."

Lisa အေဖမွာ ပြောပြီး Chaeyoung လည်ပင်းထဲ လက်သည်းရှည် ထိုးထည့်လိုက်သည်

Chaeyoung မွာ ကြောက်လွန်းလို့ သတိမေ့သွားသည်

"ကဲ သူ့ကို ငါ ခေါ်..."

Lisa အဖေရဲ့ စကားမဆုံးသေး   အေနာက္ကေန သူ့ကျောပေါ် ရောက်လာတဲ့ ဆေးထိုးအပ်ပြွန်ကြောင့် လဲကျသွားသည်

"Master "

Leoတို့မှာ Lisa ရဲ့ အေဖကို ပြေးထူလိုက်သည်

"Vampire တွေနဲ့ မတည့်တဲ့ ဆေးတွေဖော်စပ်ရောထားတာ သေလားမသေလားတော့ မသိသေးဘူး ဒါကြောင့်မို့ Mr. Manobanကို အရင်စမ်းသပ်ကြည့်တာ..... "

Namရဲ့ စကားကြောင့် Leo တောက်ခေါက်လိုက်သည်

"မင်း မင်းတို့....."

"Get well soon Appa "

Lisa မဲ့ပြုံးပြုံးပြီး သူ့အဖေကို ပြောလိုက်သည်

"တောက် ငါ ပြန်လာမယ် Lisa Manoban "

Leoတို့ အဖွဲ့ထွက်သွားတော့ Lisaမွာ Chaeyoungကို ပွေ့ချီပြီး Namနဲ့အတူ Medical roomထဲသို့ ဝင်သွားသည်

#Tbc

Bạn đang đọc truyện trên: Truyen3h.Co