Part 16
#Zawgyi
Chaeyoung တစ္ေယာက္ Medical အခန္းထဲတြင္ သတိရလာသည္
သူမ သတိရလာေတာ့ Namကိုသာ ေတြ႕ရၿပီး Lisa အရိပ္အေယာင္ကို မျမင္ရေပ
Lisaကို မေတြ႕ရေသာေၾကာင့္ Chaeyoung ဝမ္းနည္းသြားတယ္ Lisaက အရင္ကဆို သူမ ဘာျဖစ္ျဖစ္ ရွိေနေပးခဲ့သူ မဟုတ္လား
"သတိရလာၿပီလား Chaeyoung "
"ဟုတ္ ဒါနဲ႕ Lisaေရာဟင္ "
Chaeyoung အိပ္ရာကေန ထၿပီး ေမးလိုက္သည္
"သူ႕႐ုံးခန္းထဲမွာ ရွိတယ္ Chaeyoung မင္း သက္သာတယ္ဆို သြားလို႔ရပါတယ္ "
"ဟုတ္ "
Chaeyoung ကုတင္ေပၚက ဆင္းေတာ့ အခန္းတံခါးက ပြင့္လာသည္
Lisa ထင္ၿပီး Chaeyoung ေပ်ာ္သြားေပမယ့္ Lisa မဟုတ္ဘဲ Mino ျဖစ္ေနသည္
"သက္သာရဲ႕လား Chaeyoung "
"ဟုတ္ သက္သာပါတယ္ Mino ေက်းဇူးတင္ပါတယ္ "
"သက္သာလို႔ ေတာ္ေသးတာေပါ့ "
စံအိမ္တစ္အိမ္လုံးမွာ Lisa ၿပီးရင္ Chaeyoung က မိန္းကေလးမို႔လို႔ Minoတို႔မွာ Chaeyoungကို ညီမေလး တစ္ေယာက္လို သေဘာထားၿပီး ကာကြယ္ေပးၾက စိတ္ပူေပးၾကသည္
"Lisaဆီ သြားလို႔ ရလား ဟင္ "
"အမ္......အင္းပါ မင္း သြားခ်င္ရင္ လိုက္ပို႔ေပးပါမယ္ "
Mino လည္း Chaeyoungကို Lisa ႐ုံးခန္းသို႔ လိုက္ပို႔ေပးေလသည္
သို႔ေသာ္လည္း Mino စိတ္ထဲ နည္းနည္းေတာ့ ထင့္ေနတယ္ေလ Chaeyoungက Lisa စကား နားမေထာင္တာနဲ႕ ပတ္သက္ၿပီး Lisa ေတာ္ေတာ္ေလး စိတ္ဆိုးေနတာေလ
ခုခ်ိန္ Chaeyoungနဲ႕ မေတြ႕ဘဲ စိတ္ၿငိမ္ေအာင္ ထိန္းသင့္တယ္ေလ Mino ေတြးေနေပမယ့္ Chaeyoungက ဇြတ္ Lisaနဲ႕ ေတြ႕ခ်င္ေနေတာ့ လိုက္ပို႔ေပးရၿပီေလ
Knock Knock
"ဝင္ခဲ့ "
Lisa အသံေၾကာင့္ Mino တို႔ ႐ုံးခန္းထဲ ဝင္သြားသည္
Lisaက Chaeyoungကို မၾကည့္ဘဲ ျပတင္းေပါက္ကို ၾကည့္ကာ ခြက္ထဲက အရည္ေတြကို ေသာက္ေနသည္
"Chaeyoungက မင္းနဲ႕ ေတြ႕ခ်င္လို႔တဲ့ ထားခဲ့မယ္ေနာ္ "
Minoမွာ Lisa က ေခါင္းညိတ္ျပလို႔ ႐ုံးခန္းထဲက ထြက္သြားသည္
Mino ထြက္သြားေပမယ့္ Lisaကေတာ့ Chaeyoungကို လွည့္မၾကည့္ဘဲ ျပတင္းေပါက္ကိုသာ ၾကည့္ေနသည္
"Lisa. ..."
"မင္းကို ငါ အခန္းထဲမွာ ေနဖို႔ မေျပာခဲ့ဘူးလား "
Lisa အသံက ေအးစက္ၿပီး ေၾကာက္စရာ ေကာင္းေနေသာေၾကာင့္ Chaeyoung လန့္သြားတယ္ Lisa တစ္ခါမွ ဒီလို ေလသံနဲ႕ သူ႕ကို မေျပာဖူးဘူးေလ
"Chae စိတ္...."
"ငါ့စကားကို မင္းက ေခါင္းထဲမထည့္ထားတာလား "
Lisaက ေအာ္လိုက္ေသာေၾကာင့္ Chaeyoung လန့္ၿပီး တုန္သြားေလသည္
Lisa ေနာက္ဆုံးေတာ့ Chaeyoung ဘက္ လွည့္လာၿပီး Chaeyoungကို ၾကည့္လာသည္
နီရဲေနတဲ့ မ်က္လုံးေတြနဲ႕ Lisaကို ျမင္ၿပီး Chaeyoung ေတာ္ေတာ္ေလး လန့္သြားတယ္
"Li.. Lisa "
"ငါေျပာတာ နားမလည္ရေအာင္ မင္းက ေစာက္ပိန္းလား ဟမ္ "
"Chae chae စိတ္ပူလို႔ "
"မင္း ဖင္ႀကီးကို စိတ္ပူေနလိုက္ "
Lisaရဲ႕ ၾကမ္းတမ္းတဲ့ စကားေတြေၾကာင့္ Chaeyoung နာက်င္လာတယ္
ခြမ္း!!
သူမ ေဘးနားက ျဖတ္သြားတဲ့ ဖန္ခြက္ေလးက သူမ ေနာက္က နံရံကို မွန္သြားၿပီး ဖန္ခြက္အကြဲစေတြနဲ႕ ေသြးေတြက ျပန့္က်ဲေနသည္
"Lisa... "
Lisaမွာ ေလလို Chaeyoung ေရွ႕ ေရာက္လာၿပီး Chaeyoung ပခုံးကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္လိုက္သည္
"တစ္ခုခု ျဖစ္သြားမွာ မေၾကာက္ဘူးလား Park Chaeyoung "
Lisa ေအာ္သံေၾကာင့္ Minoတို႔ အခန္းထဲ ေျပးဝင္လာၾကသည္ Minoနဲ႕ Namက Lisaကို ေဆာင့္တြန္းလိုက္ၿပီး Bam Bamနဲ႕ Louis က Chaeyoungကို Lisa လက္က လြတ္ေအာင္ အခန္းထဲက ေခၚထုတ္သြားသည္
"Yah Park Chaeyoung ဘယ္သြားတာလည္း ျပန္လာစမ္း "
Lisaမွာ Chaeyoungေနာက္ ေျပးလိုက္မယ္လုပ္ေတာ့ Mino နဲ႕ Nam က Lisaကို ခ်ဳပ္ထားၾကသည္
"႐ူးေနတာလား Lisa သူ အခုမွ သတိရခါစရွိေသးတယ္ မင္း ဘာလုပ္တာလည္း "
"ေတာက္ ဒီလိုျဖစ္မယ္မွန္းသိရင္ Chaeyoungကို ဒီအခန္းထဲ လိုက္မပို႔ပါဘူး "
Minoနဲ႕ Namမွာ Lisaကို စိတ္ပ်က္တဲ့ အၾကည့္နဲ႕ ၾကည့္ေနသည္
Lisaမွာ ျဖည္းျဖည္းခ်င္း စိတ္ကို တည္ၿငိမ္ေအာင္ ထားရင္း သူမ Chaeyoungကို လန့္ေအာင္ နာက်င္ေအာင္ လုပ္မိသြားမွန္း သိလိုက္ရသည္
ေဒါသေတြက Lisaကို ခုလို မေကာင္းဆိုးဝါး အျဖစ္ ေျပာင္းသြားေစခဲ့တာေလ...... Lisa အခုလို ျဖစ္မယ္လို႔ မေမွ်ာ္လင့္ထားေပမယ့္ စိုးရိမ္စိတ္ေတြက ေဒါသ အျဖစ္ ေျပာင္းလဲ သြားၿပီး သူမ အရိုင္းစိတ္ေတြ ဝင္လာခဲ့တယ္
သူမ အခ်စ္ဆုံး တန္ဖိုးထားရဆုံး သူကိုေတာင္ နာက်င္ေအာင္ လုပ္ခဲ့တယ္ေလ
#tbc
#Unicode
Chaeyoung တစ်ယောက် Medical အခန်းထဲတွင် သတိရလာသည်
သူမ သတိရလာတော့ Namကိုသာ တွေ့ရပြီး Lisa အရိပ်အယောင်ကို မမြင်ရပေ
Lisaကို မတွေ့ရသောကြောင့် Chaeyoung ဝမ်းနည်းသွားတယ် Lisaက အရင်ကဆို သူမ ဘာဖြစ်ဖြစ် ရှိနေပေးခဲ့သူ မဟုတ်လား
"သတိရလာပြီလား Chaeyoung "
"ဟုတ် ဒါနဲ့ Lisaရောဟင် "
Chaeyoung အိပ်ရာကနေ ထပြီး မေးလိုက်သည်
"သူ့ရုံးခန်းထဲမှာ ရှိတယ် Chaeyoung မင်း သက်သာတယ်ဆို သွားလို့ရပါတယ် "
"ဟုတ် "
Chaeyoung ကုတင်ပေါ်က ဆင်းတော့ အခန်းတံခါးက ပွင့်လာသည်
Lisa ထင်ပြီး Chaeyoung ပျော်သွားပေမယ့် Lisa မဟုတ်ဘဲ Mino ဖြစ်နေသည်
"သက်သာရဲ့လား Chaeyoung "
"ဟုတ် သက်သာပါတယ် Mino ကျေးဇူးတင်ပါတယ် "
"သက်သာလို့ တော်သေးတာပေါ့ "
စံအိမ်တစ်အိမ်လုံးမှာ Lisa ပြီးရင် Chaeyoung က မိန်းကလေးမို့လို့ Minoတို့မှာ Chaeyoungကို ညီမလေး တစ်ယောက်လို သဘောထားပြီး ကာကွယ်ပေးကြ စိတ်ပူပေးကြသည်
"Lisaဆီ သွားလို့ ရလား ဟင် "
"အမ်......အင်းပါ မင်း သွားချင်ရင် လိုက်ပို့ပေးပါမယ် "
Mino လည်း Chaeyoungကို Lisa ရုံးခန်းသို့ လိုက်ပို့ပေးလေသည်
သို့သော်လည်း Mino စိတ်ထဲ နည်းနည်းတော့ ထင့်နေတယ်လေ Chaeyoungက Lisa စကား နားမထောင်တာနဲ့ ပတ်သက်ပြီး Lisa တော်တော်လေး စိတ်ဆိုးနေတာလေ
ခုချိန် Chaeyoungနဲ့ မတွေ့ဘဲ စိတ်ငြိမ်အောင် ထိန်းသင့်တယ်လေ Mino တွေးနေပေမယ့် Chaeyoungက ဇွတ် Lisaနဲ့ တွေ့ချင်နေတော့ လိုက်ပို့ပေးရပြီလေ
Knock Knock
"ဝင်ခဲ့ "
Lisa အသံကြောင့် Mino တို့ ရုံးခန်းထဲ ဝင်သွားသည်
Lisaက Chaeyoungကို မကြည့်ဘဲ ပြတင်းပေါက်ကို ကြည့်ကာ ခွက်ထဲက အရည်တွေကို သောက်နေသည်
"Chaeyoungက မင်းနဲ့ တွေ့ချင်လို့တဲ့ ထားခဲ့မယ်နော် "
Minoမှာ Lisa က ခေါင်းညိတ်ပြလို့ ရုံးခန်းထဲက ထွက်သွားသည်
Mino ထွက်သွားပေမယ့် Lisaကတော့ Chaeyoungကို လှည့်မကြည့်ဘဲ ပြတင်းပေါက်ကိုသာ ကြည့်နေသည်
"Lisa. ..."
"မင်းကို ငါ အခန်းထဲမှာ နေဖို့ မပြောခဲ့ဘူးလား "
Lisa အသံက အေးစက်ပြီး ကြောက်စရာ ကောင်းနေသောကြောင့် Chaeyoung လန့်သွားတယ် Lisa တစ်ခါမှ ဒီလို လေသံနဲ့ သူ့ကို မပြောဖူးဘူးလေ
"Chae စိတ်...."
"ငါ့စကားကို မင်းက ခေါင်းထဲမထည့်ထားတာလား "
Lisaက အော်လိုက်သောကြောင့် Chaeyoung လန့်ပြီး တုန်သွားလေသည်
Lisa နောက်ဆုံးတော့ Chaeyoung ဘက် လှည့်လာပြီး Chaeyoungကို ကြည့်လာသည်
နီရဲနေတဲ့ မျက်လုံးတွေနဲ့ Lisaကို မြင်ပြီး Chaeyoung တော်တော်လေး လန့်သွားတယ်
"Li.. Lisa "
"ငါပြောတာ နားမလည်ရအောင် မင်းက စောက်ပိန်းလား ဟမ် "
"Chae chae စိတ်ပူလို့ "
"မင်း ဖင်ကြီးကို စိတ်ပူနေလိုက် "
Lisaရဲ့ ကြမ်းတမ်းတဲ့ စကားတွေကြောင့် Chaeyoung နာကျင်လာတယ်
ခွမ်း!!
သူမ ဘေးနားက ဖြတ်သွားတဲ့ ဖန်ခွက်လေးက သူမ နောက်က နံရံကို မှန်သွားပြီး ဖန်ခွက်အကွဲစတွေနဲ့ သွေးတွေက ပြန့်ကျဲနေသည်
"Lisa... "
Lisaမှာ လေလို Chaeyoung ရှေ့ ရောက်လာပြီး Chaeyoung ပခုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်
"တစ်ခုခု ဖြစ်သွားမှာ မကြောက်ဘူးလား Park Chaeyoung "
Lisa အော်သံကြောင့် Minoတို့ အခန်းထဲ ပြေးဝင်လာကြသည် Minoနဲ့ Namက Lisaကို ဆောင့်တွန်းလိုက်ပြီး Bam Bamနဲ့ Louis က Chaeyoungကို Lisa လက်က လွတ်အောင် အခန်းထဲက ခေါ်ထုတ်သွားသည်
"Yah Park Chaeyoung ဘယ်သွားတာလည်း ပြန်လာစမ်း "
Lisaမှာ Chaeyoungနောက် ပြေးလိုက်မယ်လုပ်တော့ Mino နဲ့ Nam က Lisaကို ချုပ်ထားကြသည်
"ရူးနေတာလား Lisa သူ အခုမှ သတိရခါစရှိသေးတယ် မင်း ဘာလုပ်တာလည်း "
"တောက် ဒီလိုဖြစ်မယ်မှန်းသိရင် Chaeyoungကို ဒီအခန်းထဲ လိုက်မပို့ပါဘူး "
Minoနဲ့ Namမှာ Lisaကို စိတ်ပျက်တဲ့ အကြည့်နဲ့ ကြည့်နေသည်
Lisaမှာ ဖြည်းဖြည်းချင်း စိတ်ကို တည်ငြိမ်အောင် ထားရင်း သူမ Chaeyoungကို လန့်အောင် နာကျင်အောင် လုပ်မိသွားမှန်း သိလိုက်ရသည်
ဒေါသတွေက Lisaကို ခုလို မကောင်းဆိုးဝါး အဖြစ် ပြောင်းသွားစေခဲ့တာလေ...... Lisa အခုလို ဖြစ်မယ်လို့ မမျှော်လင့်ထားပေမယ့် စိုးရိမ်စိတ်တွေက ဒေါသ အဖြစ် ပြောင်းလဲ သွားပြီး သူမ အရိုင်းစိတ်တွေ ဝင်လာခဲ့တယ်
သူမ အချစ်ဆုံး တန်ဖိုးထားရဆုံး သူကိုတောင် နာကျင်အောင် လုပ်ခဲ့တယ်လေ
#tbc
Bạn đang đọc truyện trên: Truyen3h.Co