Part 28
#zawgyi
"Chaeyoung ဘယ်မှာလည်း.... "
"Lisa please clam down "
"Lisa "
"Fuck all "
ထိုအမျိုးသား လက်မောင်းမှာလည်း သစ်ကိုင်းတွေနဲ့ငြိပြီး ဒဏ်ရာရပုံပေါ်ပါသည် သွေးတွေက ထွက်နေသည်
#tbc
"Unicode
"Chaeyoung ဘယ်မှာလည်း.... "
"Lisa please clam down "
သံကြိုးတွေကြား ရုန်းနေတဲ့ Lisa ကို Bambam တားလိုက်သည်
"စိတ်မထိန်းနိုင်ဘူး မင်းတို့ ငါ့ကို ချူပ်ထားတာ တစ်ပတ်ကျော်နေပြီ အခုထိလည်း မလွတ်ပေးသလို Chaeyoungကလည်း ငါ့ကို လာတွေ့ပြီးတဲ့ နောက်ပိုင်း ထပ်ပေါ်မလာတော့ဘူး သူဘယ်မှာလည်း ဟမ်"
Lisa အော်ရင်း သံကြိုးတွေပြုတ်ထွက်အောင် ရုန်းကန်နေသည်
"Lisa "
"အခုချက်ချင်း ငါ့ကိုလွှတ်ပေး မဟုတ်ရင် မင်းတို့ အားလုံးကို ငါသတ်ပစ်မှာနော် "
"Lisa. ....Chaeyoungနဲ့ ကလေးလုံခြုံရေးအတွက် အခုလိုလုပ်ရတယ်ဆိုတာ ..မင်းခေါင်းထဲမှာ မြဲမြဲမှတ်ထားစမ်းပါ "
Mino ကပြောတော့ Minoကို Lisa မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေသည်
"ဘာ သူ့လုံခြုံရေး ဟုတ်လား ....ငါမရှိရင် သူက လုံခြုံမှာ မဟုတ်ဘူး ဒါကြောင့် ငါ့ကိုလွှတ်ပေးပါ "
Lisa ရုန်းလေ သူ့ခန္ဓာကိုယ်က သံကြိုးတွေကြောင့် ရုန်းမရလေ ဖြစ်နေသည်
Lisa ဒီနေရာကနေ အမြန်ပြေးထွက်ပြီး Chaeyoungဆီ သွားချင်နေသည်
"ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးကြပါလား ငါတောင်းပန်ပါတယ်..... မင်းတို့ အားလုံးကို ငါတောင်းပန်ပါတယ်ဟာ "
Mafia ခေါင်းဆောင် Vampire ခေါင်းဆောင်ရဲ့ သမီးဖြစ်သူ Lisaဆီက တောင်းပန်စကားကြားတော့ Minoတို့ အံ့သြသွားကြသည်
အရင်ကဆို Lisaမှာ သူမှားမှားမှန်မှန် ဘယ်သူ့ကိုမှ တောင်းပန်ခဲ့ခြင်း မရှိဘူးလေ
"အင်း မင်းကိုတော့ လွတ်ပေးလိုက်ပါမယ်....ဒါပေမယ့် အခုလောလောဆယ် Chaeyoungက မင်းနဲ့ ရှိနေရင် မလုံခြုံဘူးဆိုတာ သိနေလို့...... ငါတို့ စိတ်ပြောင်းသွားခဲ့တာ...."
Bambam သက်ပြင်းချကာ ပြောပြီး သူ့ဘောင်းဘီအိတ်ထဲက သော့ကိုယူကာ Lisaလက်ကို ခတ်ထားတဲ့ သံကြိုးတွေကို ဖြုတ်ပေးလိုက်သည်
"မင်း ဘာလို့ သူ့ကိုလွှတ်ပေးလိုက်ရတာလည်း "
"အခုချိန်လောက်ဆို Chaeyoung လုံခြုံတဲ့နေရာ ရောက်နေလောက်ပြီလေ Mino "
Bambam ပြောတော့ Minoနဲ့ Louisလည်း သက်ပြင်းချလိုက်သည်
Bambamလည်း သံကြိုးဖြုတ်လိုက်ရော Lisaမှာ မြေတိုက်ခန်းထဲက ပြေးထွက်သွားပြီး Chaeyoungရဲ့ အခန်းထဲ ဝင်ရှာသည်
သို့သော် Chaeyoungကို မတွေ့ရပေ
Lisa သူ့အခန်းထဲ ရှာတော့လည်း Chaeyoungကို မတွေ့ရပေ
စံအိမ်တစ်ခုလုံး မွှေနှောက်ရှာပေမယ့် Lisa မှာ Chaeyoungရဲ့ အရိပ်အယောင်တောင် မတွေ့ရပေ
Lisa စံအိမ်က ထွက်ပြီး ကားပေါ်တက်ကာ သူမနဲ့ Chaeyoung သာ သိတဲ့ အိမ်ကို မောင်းသွားသည်
သို့သော်လည်း ထိုအိမ်မှာ Chaeyoung မရှိပေ
Chaeyoungရဲ့ အရင်အိမ်နဲ့ ပန်းဆိုင်ကို သွားရှာတော့လည်း Chaeyoungကို မတွေ့ရ
သူမ အဖေရဲ့စံအိမ်ထဲများ bambamတို့ ဖွက်ထားမလားဆိုပြီး သွားရှာသော်လည်း Chaeyoungကို မတွေ့ရပေ
Chaeyoung ရှိနိုင်မယ့် နေရာတွေ လိုက်ရှာသော်လည်း Chaeyoungကို လုံးဝ မတွေ့ရသောကြောင့် Lisa စိတ်တွေဖောက်လာသည်
"Fuck all "
Lisa တောအုပ်ဘက်တွင် ကားရပ်ပြီး အော်ဆဲလေသည်
Chaeyoungရဲ့ ကိုယ်သင်းရနံ့ကို ဒီမြို့အတွင်း Lisa လုံးဝ အနံ့ခံမရပေ
တောင်ပေါ်သို့ တက်ပြီး အနံ့ခံနေစဥ် သွေးနံ့ရသောကြောင့် Lisa မျက်လုံးအနီရောင်ပြောင်းသွားသည်
Lisa သွေးနံ့ရတဲ့နောက် လိုက်ရှာရင်း Tent လေးဘေးမှာ ဘီယာသောက်ပြီး ထိုင်နေတဲ့အမျိုးသား တစ်ယောက်ကို တွေ့ရသည်
ထိုအမျိူးသား လက်မောင်းမှာလည်း သစ်ကိုင်းတွေနဲ့ငြိပြီး ဒဏ်ရာရပုံပေါ်ပါသည် သွေးတွေက ထွက်နေသည်
Lisa စိတ်ယိုင်းဝင်နေသောကြောင့် ထိုအမျိုးသားကို အနောက်ကနေ ဖမ်းချုပ်ပြီး လည်ပင်းကို ကိုက်ကာ သွေးတွေစုပ်ပစ်လေသည်
ထို့နောက် အလောင်းကို မီးရှို့ကာ အစဖျောက်လိုက်သည်
"ကျေးဇူးတင်ပါတယ် Jennie "
"ရပါတယ် Chaeyoungရ ငါနဲ့ Jiက နင်နဲ့ မျက်နှာချင်းဆိုင် အခန်းမှာ ရှိတယ်နော် Namက အောက်ထပ်မှာ ရှိတယ် နင် ဗိုက်နာတာဘဲ ဖြစ်ဖြစ် တစ်ခုခုဖြစ်ရင် အော်လိုက်သိလား ငါတို့လာခဲ့မယ် "
"တကယ် ကျေးဇူးတင်ပါတယ် အခုလို ငါ့ကိုခေါ်လာပြီး နေစရာစားစရာပါ ပေးထားလို့ "
"မလိုပါဘူးဆို Lisaရဲ့ မိန်းမဆိုတော့ ငါတို့ညီမလေးလိုဘဲလေ ဂရုစိုက်ပေးရမှာပေါ့ ကဲပါ လေယာဥ်စီးလာရတော့ ခရီးပန်းနေမှာပေါ့ အနားယူတော့လေနော် "
Jennie ပြောပြီး Chaeyoungကို နှုတ်ဆက်ကာ အခန်းထဲက ထွက်လာသည်
Jennieလည်း အခန်းထဲက ထွက်သွားရော Chaeyoung တစ်ယောက် ကုတင်ပေါ်တွင် ပစ်လှဲလိုက်ပြီး ခေါင်းအုံးကိုပွေ့ဖက်ထားလိုက်သည်
"Lisaရော ခုချိန် မြေတိုက်ခန်းထဲက ထွက်လာခွင့်ရပြီး Chaeကို လိုက်ရှာနေပြီလားမသိဘူး.....lisaကို လွမ်းလိုက်တာ....Chae အခုလို Koreaက ထွက်လာရတာလည်း ကလေးလေးရဲ့ လုံခြုံရေးအတွက်ပါ Lisaရယ်....'
Chaeyoung ခေါင်းအုံးကို ဖက်ပြီး Lisa ကို သတိရလို့ ငိုလေသည်
နောက်နှစ်ပိုင်းလောက် ဆို ဇာတ်သိမ်းပါပြီ xD
#tbc
Bạn đang đọc truyện trên: Truyen3h.Co