Truyen3h.Co

Vampire's Mate Rosie

Part 6

KimFany059


#unicode

နောက်တစ်နေ့ ရောက်လာပေမယ့် မနေ့က ဖြစ်ပျက်ခဲ့တာတွေကို Chaeyoung မေ့မရပေ အကြိမ်ကြိမ် ပြန်တွေးမိနေသည်

အိမ်မက်ဆိုးတစ်ခုသာ ဖြစ်လိုက်ဖို့ အပြင် သူမဆိုင်ကို Lisa ထပ်မလာဖို့ သူမရှေ့ Lisa ပေါ်မလာဖို့ဘဲ Chaeyoung ဆုတောင်းနေမိသည်

Chaeyoungရဲ့ ဆုတောင်းတွေ ပြည့်သွားပုံရသည် နေ့လည်စာစားချိန် ကျော်သွားတာတောင် Lisa ရောက်မလာပေ

ပုံမှန်ဆို နေ့လည်စာစားချိန် ရောက်ရင် Lisa နေ့လည်စာတွေနဲ့ ရောက်လာတတ်တယ်လေ ခုတော့ Lisa နေ့လည်စာစားချိန်ကျော်သွားတာတောင် ရောက်မလာပေ

ညရှစ်နာရီထိုးသွားပြီမို့ Chaeyoung ဆိုင်ပိတ်ဖို့ ပြင်လေသည်

Leo Oppaကလည်း ပြန်မလာသေးသောကြောင့် Chaeyoung တစ်ယောက်တည်း ညစာစားရအုံးမည်

Chaeyoung ဆိုင်ရဲ့မီးတွေ ပိတ်နေစဥ် တံခါးဖွင့်သံကြားရသည်

"တောင်းပန်ပါတယ် ဧည့်သည်...ဆိုင်ပိတ်သွားပါပြီရှင့် "

Chaeyoungမှာ ဆိုင်ထဲဝင်လာတဲ့ သူကို မကြည့်ဘဲ ပြောလိုက်သည်

"Chaeyoung. ....."

Chaeyoung တစ်ယောက် အသံကြားတာနဲ့တင် ဘယ်သူမှန်း သိသွားပြီလေ မနေ့က သူမကို ပြန်ပေးဆွဲဖို့ ကြိုးစားသူက ဘာမှမဖြစ်သလို ရောက်လာပြန်ပြီ

"ဘာလာလုပ်တာလည်း "

Lisaကို မျက်စောင်းထိုးပြီး Chaeyoung မေးလိုက်သည်

"မနေ့က ဖြစ်ခဲ့တဲ့ ကိစ္စအတွက် တောင်းပန်ချင်လို့ပါ...."

"အခုချိန်တော့ ရှင့်ရဲ့ တောင်းပန်မှုကို လက်ခံသင့် မခံသင့် မသိဘူး....."

Chaeyoung ပြောပြီး သူမ အိတ်ကို ကောက်လွယ်လိုက်သည်

"ဆိုင်ပိတ်ပြီမို့ ပြန်ပါတော့ Madam. ....နောက်နေ့မှ ပြန်လာရင် ပြန်လာ...ပြန်မလာလေ ကောင်းလေဘဲ"

Chaeyoung ပြောပြီး Lisaကို ဖြတ်ကျော်သွားပြီး ဆိုင်ထဲက ထွက်သွားသည်

သို့သော် Lisa က သူမ လက်ကို ဆောင့်ဆွဲလိုက်သည်

"မင်း ငါ့ကို လျစ်လျူရှုလို့ မရဘူး "

"လျစ်လျူရှုလို့ မရဘူးပြောရအောင် ရှင်က ဘာမို့လို့လည်း "

Lisaမှာ Chaeyoungရဲ့ လက်ကို ပိုလို့ တင်းတင်းကြပ်ကြပ် ကိုင်ထားသည်

"Lisa လွှတ်...."

သို့သော် Lisaမှာ မလွှတ်ဘဲ Chaeyoungကို ဆွဲဖက်လိုက်သည်

"Lisa ဒါ ဘာလုပ်တာလည်း "

Lisaရဲ့ အသက်ရှူသံ ခပ်ပြင်းပြင်းကို Chaeyoung ကြားနေရတယ်

"မနေ့က အတွက် တောင်းပန်ပါတယ်...."

"တောင်းပန်ရင်လွှတ်....."

"အင်းပါ.....ဒါဆို နောက်နေ့မှ တွေ့မယ်နော် နောက်ကျနေပြီ ဘယ်မှမသွားနဲ့တော့ "

Chaeyoung ရဲ့ ခေါင်းလေးကို ဖွဖွလေး ပွတ်ပြီး Lisa ဆိုင်ထဲက ထွက်သွားသည်

Chaeyoungမှာ Lisaထွက်သွားတော့ ရင်ခုန်ပြီး ကျန်ခဲ့သည် တကယ်ဆို Lisaကို သူမ စိတ်ဆိုးနေတာလေ

ယခု ဘယ်လိုဖြစ်လို့ Lisa ဖက်တာကို သူမရင်ခုန်မိနေတယ်မသိ

နောက်တစ်နေ့ မနက် Chaeyoung အိမ်ထဲကနေ ထွက်လာတော့ သူမအိမ်ရှေ့တွင် ကားတစ်စီး ရပ်ထားတာကို တွေ့ရသည်

ကားပိုင်ရှင် ဘယ်သူလည်းဆိုတာ သိလို့ Chaeyoung မသိချင်ယောင်ဆောင်နေစဥ် ကားထဲကနေ Lisa ထွက်လာသည်

"ကားပေါ်တက် "

"အလုပ်သွားရအုံးမယ် "

"နေပါအုံး ဝယ်မယ့်သူလည်း မရှိဘဲ မင်းက ဆိုင်ထဲ တစ်နေကုန် ထိုင်နေမလို့လား..."

"Customer လာလာ မလာလာ နင်နဲ့ ဘာဆိုင်လည်း "

"ကားပေါ်တက် "

"မတက်နိုင်ဘူးဆိုရင်ရော "

"မင်းရဲ့ ဆိုင်ကို ကိုယ် ပိတ်ခိုင်းလိုက်မယ် "

Lisa ပြောပြီး သူ့ဘောင်းဘီအိတ်ထဲက Black cardကို ထုတ်ပြသည်

"ငါ့ကို အေးဆေးတစ်ယောက်တည်း ပေးနေပါလား Lisa "

Chaeyoung အသံမြှင့်ပြီး ပြောတော့ Lisa သက်ပြင်းချကာ သူ့ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ပြီး တစ်စုံတစ်ယောက်ဆီ ဖုန်းဆက်လိုက်သည်

"Hello အေး ငါပါ....ဟိုပန်းဆိုင်ကို ပိတ် "

Lisa စကားမဆုံးသေး Chaeyoungမှာ Lisa ကားပေါ်ရောက်သွားလေသည်

"အဲ့လို လိမ်မာမှပေါ့ "

Lisaမှာ ရယ်ပြီး ကားပေါ်တက်လိုက်တော့ Chaeyoungမှာ Lisaကို မျက်စောင်းထိုးလိုက်သ​ည်

Lisaမှာ Chaeyoungကို မြို့ပြင်က ပင်လယ်ဘက်သို့ ခေါ်လာသည်

"ဆင်းလေ Chaeyoung. ...."

"Wow ပင်လယ်ကြီး....."

Chaeyoung မှာ ပင်လယ်ကြီးကို မြင်တော့ ပျော်ပြီး ကားထဲက ဆင်းကာ ပင်လယ်ဘက်သို့ ပြေးသွားလေသည်

Lisaကတော့ ကားနောက်ခန်းက ခြင်းတောင်းလေးကို ယူပြီး Chaeyoung နောက် လိုက်သွားသည်

"ပင်လယ်ဘက် မရောက်တာ အတော်ကြာပြီဘဲ "

"ဘယ်ကတည်းကလည်း "

"မွေးကတည်းက.... "

Chaeyoungရဲ့ စကားကြောင့် Lisa ရယ်လိုက်သည်

"မင်းက စနောက်တတ်သားဘဲ ....."

"ရုပ်ရှင်တွေ ကြည့်ပြိီး ပင်လယ်ဘက် အမြဲသွားချင်ခဲ့တာ တစ်ယောက်တည်း ဖြစ်နေလို့ မသွားဘဲနေခဲ့တာ......"

Chaeyoung မှာ သန့်ရှင်းလတ်ဆတ်တဲ့ ပင်လယ်လေကို ရှူရှိူက်ပြီး ပြောလိုက်သည်

Lisaကတော့ သူယူလာတဲ့ အခင်းလေးကို သဲသောင်ပြင်တွင် ခင်းလိုက်သည်

"Chaeyoung လာထိုင်လေ "

Chaeyoung မှာ Lisaပြောလို့ ထိုင်လိုက်တော့ Lisa ချက်ချင်းဘဲ Chaeyoung ပေါင်ပေါ် လှဲအိပ်လိုက်သည်

"Lisa "

"နာရီဝက်ကျော် ကားမောင်းထားရတော့ ခါးညောင်းတယ်လေ ဒါကြောင့် ခဏလှဲခွင့်ပေး "

Chaeyoung မှာ ပြောလည်း Lisaက နားမထောင်ဘဲ တဇွတ်ထိုး လုပ်တာသိလို့ မပြောတော့ဘဲ နေလိုက်သည်

ပင်လယ်လေ တဖြူးဖြူးတိုက်နေတဲ့အချိန် ဆံပင်တွေ လွှင့်နေတဲ့ Chaeyoung မျက်နှာလေးကို Lisa အောက်ကနေ ငေးကြည့်နေရင်း ရင်တွေခုန်လာသလို အချစ်တွေလည်း ပိုတိုးလာသည်

အချစ်ဆိုတဲ့အရာကလည်း ဆန်းကြယ်တယ်နော် Park Chaeyoung ဘာမှမလုပ်ဘဲ ထိုင်နေတာတောင် Lisaမှာ ကြည့်ရင်း အချစ်တွေ တိုးလာနေသည်

"Chaeyoung. ..မနက်စာစားပြီးပြီလား "

"မစားရသေးဘူး အလုပ်ရောက်မှ မှာစားမလို့ "

"အတော်ဘဲ ကိုယ် မင်းကြိုက်တဲ့ မုန့်တွေ ဝယ်လာတယ် "

Lisa ပြောပြီး ထထိုင်ကာ ခြင်းတောင်းထဲက မုန့်တွေ ထုတ်ပေးလေသည်

Chaeyoungမှာ မုန့်တွေကို ကြည့်ပြီး Lisaမှာ သူ့အကြိုက်တွေ ဘယ်လို သိနေလည်းဆိုပြီး အံ့သြနေသည်

Lisaကတော့ coffeeဗူးလေးကို ဖောက်ပြီး သောက်လိုက်သည်

Chaeyoungမှာ coffee သောက်နေတဲ့ Lisaကို ကြည့်ရင်း ဆွဲဆောင်မှုရှိနေသလို ခံစားနေရသည်

"မင်းအကြိုက်တွေ ဝယ်ကျွေးတာမို့ တစ်နေ့က ကိစ္စကို ခွင့်လွှတ်ပေးမလား ဟင်...."

Lisa မျက်နှာငယ်လေးနဲ့ ပြောလို့ Chaeyoungမှာ မုန့်စားရင်း Lisa မျက်စောင်းထိုလိုက်သည်လ

"ဟင်း... ဒီမုန့်တွေကြောင့် ခွင့်လွှတ်ပေးလိုက်မယ်....."

"Yes.... "

ကလေးတစ်ယောက်လို ထခုန်တဲ့ Lisaကို ကြည့်ပြီး Chaeyoung ရယ်လိုက်သည်

Lisaဆိုတာ Chaeyoung နဲ့တွေ့ရင် နူးညံ့လိုက် ကလေးတစ်ယောက်လို ဖြစ်လိုက် လူဆိုးတစ်ယောက်လို ဖြစ်သွားလိုက်နဲ့.....

#TBC

အကြာကြီး စောင့်ခိုင်းထားရလို့ အားနာပါတယ်ဗျာ့😁 D ficနဲ့ ပတ်သက်ပြီး Idea ထွက်မလာလို့ပါ 🖤 တိုသွားရင်လည်း sorryပါဗျာ့ နောက်ပိုင်း ရှည်ရှည်လေး ရေးပေးပါမယ် ဒါနဲ့ Chaelisa ficအသစ်လေး တင်ထားပါတယ် ဝင်ဖတ်ပေးပါအုံး 🖤

#zawgyi

ေနာက္တစ္ေန႕ ေရာက္လာေပမယ့္ မေန႕က ျဖစ္ပ်က္ခဲ့တာေတြကို Chaeyoung ေမ့မရေပ အႀကိမ္ႀကိမ္ ျပန္ေတြးမိေနသည္

အိမ္မက္ဆိုးတစ္ခုသာ ျဖစ္လိုက္ဖို႔ အျပင္ သူမဆိုင္ကို Lisa ထပ္မလာဖို႔ သူမေရွ႕ Lisa ေပၚမလာဖို႔ဘဲ Chaeyoung ဆုေတာင္းေနမိသည္

Chaeyoungရဲ႕ ဆုေတာင္းေတြ ျပည့္သြားပုံရသည္ ေန႕လည္စာစားခ်ိန္ ေက်ာ္သြားတာေတာင္ Lisa ေရာက္မလာေပ

ပုံမွန္ဆို ေန႕လည္စာစားခ်ိန္ ေရာက္ရင္ Lisa ေန႕လည္စာေတြနဲ႕ ေရာက္လာတတ္တယ္ေလ ခုေတာ့ Lisa ေန႕လည္စာစားခ်ိန္ေက်ာ္သြားတာေတာင္ ေရာက္မလာေပ

ညရွစ္နာရီထိုးသြားၿပီမို႔ Chaeyoung ဆိုင္ပိတ္ဖို႔ ျပင္ေလသည္

Leo Oppaကလည္း ျပန္မလာေသးေသာေၾကာင့္ Chaeyoung တစ္ေယာက္တည္း ညစာစားရအုံးမည္

Chaeyoung ဆိုင္ရဲ႕မီးေတြ ပိတ္ေနစဥ္ တံခါးဖြင့္သံၾကားရသည္

"ေတာင္းပန္ပါတယ္ ဧည့္သည္...ဆိုင္ပိတ္သြားပါၿပီရွင့္ "

Chaeyoungမွာ ဆိုင္ထဲဝင္လာတဲ့ သူကို မၾကည့္ဘဲ ေျပာလိုက္သည္

"Chaeyoung. ....."

Chaeyoung တစ္ေယာက္ အသံၾကားတာနဲ႕တင္ ဘယ္သူမွန္း သိသြားၿပီေလ မေန႕က သူမကို ျပန္ေပးဆြဲဖို႔ ႀကိဳးစားသူက ဘာမွမျဖစ္သလို ေရာက္လာျပန္ၿပီ

"ဘာလာလုပ္တာလည္း "

Lisaကို မ်က္ေစာင္းထိုးၿပီး Chaeyoung ေမးလိုက္သည္

"မေန႕က ျဖစ္ခဲ့တဲ့ ကိစၥအတြက္ ေတာင္းပန္ခ်င္လို႔ပါ...."

"အခုခ်ိန္ေတာ့ ရွင့္ရဲ႕ ေတာင္းပန္မႈကို လက္ခံသင့္ မခံသင့္ မသိဘူး....."

Chaeyoung ေျပာၿပီး သူမ အိတ္ကို ေကာက္လြယ္လိုက္သည္

"ဆိုင္ပိတ္ၿပီမို႔ ျပန္ပါေတာ့ Madam. ....ေနာက္ေန႕မွ ျပန္လာရင္ ျပန္လာ...ျပန္မလာေလ ေကာင္းေလဘဲ"

Chaeyoung ေျပာၿပီး Lisaကို ျဖတ္ေက်ာ္သြားၿပီး ဆိုင္ထဲက ထြက္သြားသည္

သို႔ေသာ္ Lisa က သူမ လက္ကို ေဆာင့္ဆြဲလိုက္သည္

"မင္း ငါ့ကို လ်စ္လ်ဴရႈလို႔ မရဘူး "

"လ်စ္လ်ဴရႈလို႔ မရဘူးေျပာရေအာင္ ရွင္က ဘာမို႔လို႔လည္း "

Lisaမွာ Chaeyoungရဲ႕ လက္ကို ပိုလို႔ တင္းတင္းၾကပ္ၾကပ္ ကိုင္ထားသည္

"Lisa လႊတ္...."

သို႔ေသာ္ Lisaမွာ မလႊတ္ဘဲ Chaeyoungကို ဆြဲဖက္လိုက္သည္

"Lisa ဒါ ဘာလုပ္တာလည္း "

Lisaရဲ႕ အသက္ရႉသံ ခပ္ျပင္းျပင္းကို Chaeyoung ၾကားေနရတယ္

"မေန႕က အတြက္ ေတာင္းပန္ပါတယ္...."

"ေတာင္းပန္ရင္လႊတ္....."

"အင္းပါ.....ဒါဆို ေနာက္ေန႕မွ ေတြ႕မယ္ေနာ္ ေနာက္က်ေနၿပီ ဘယ္မွမသြားနဲ႕ေတာ့ "

Chaeyoung ရဲ႕ ေခါင္းေလးကို ဖြဖြေလး ပြတ္ၿပီး Lisa ဆိုင္ထဲက ထြက္သြားသည္

Chaeyoungမွာ Lisaထြက္သြားေတာ့ ရင္ခုန္ၿပီး က်န္ခဲ့သည္ တကယ္ဆို Lisaကို သူမ စိတ္ဆိုးေနတာေလ

ယခု ဘယ္လိုျဖစ္လို႔ Lisa ဖက္တာကို သူမရင္ခုန္မိေနတယ္မသိ

ေနာက္တစ္ေန႕ မနက္ Chaeyoung အိမ္ထဲကေန ထြက္လာေတာ့ သူမအိမ္ေရွ႕တြင္ ကားတစ္စီး ရပ္ထားတာကို ေတြ႕ရသည္

ကားပိုင္ရွင္ ဘယ္သူလည္းဆိုတာ သိလို႔ Chaeyoung မသိခ်င္ေယာင္ေဆာင္ေနစဥ္ ကားထဲကေန Lisa ထြက္လာသည္

"ကားေပၚတက္ "

"အလုပ္သြားရအုံးမယ္ "

"ေနပါအုံး ဝယ္မယ့္သူလည္း မရွိဘဲ မင္းက ဆိုင္ထဲ တစ္ေနကုန္ ထိုင္ေနမလို႔လား..."

"Customer လာလာ မလာလာ နင္နဲ႕ ဘာဆိုင္လည္း "

"ကားေပၚတက္ "

"မတက္နိုင္ဘူးဆိုရင္ေရာ "

"မင္းရဲ႕ ဆိုင္ကို ကိုယ္ ပိတ္ခိုင္းလိုက္မယ္ "

Lisa ေျပာၿပီး သူ႕ေဘာင္းဘီအိတ္ထဲက Black cardကို ထုတ္ျပသည္

"ငါ့ကို ေအးေဆးတစ္ေယာက္တည္း ေပးေနပါလား Lisa "

Chaeyoung အသံျမႇင့္ၿပီး ေျပာေတာ့ Lisa သက္ျပင္းခ်ကာ သူ႕ေဘာင္းဘီအိတ္ထဲက ဖုန္းကို ထုတ္ၿပီး တစ္စုံတစ္ေယာက္ဆီ ဖုန္းဆက္လိုက္သည္

"Hello ေအး ငါပါ....ဟိုပန္းဆိုင္ကို ပိတ္ "

Lisa စကားမဆုံးေသး Chaeyoungမွာ Lisa ကားေပၚေရာက္သြားေလသည္

"အဲ့လို လိမ္မာမွေပါ့ "

Lisaမွာ ရယ္ၿပီး ကားေပၚတက္လိုက္ေတာ့ Chaeyoungမွာ Lisaကို မ်က္ေစာင္းထိုးလိုက္သည္

Lisaမွာ Chaeyoungကို ၿမိဳ႕ျပင္က ပင္လယ္ဘက္သို႔ ေခၚလာသည္

"ဆင္းေလ Chaeyoung. ...."

"Wow ပင္လယ္ႀကီး....."

Chaeyoung မွာ ပင္လယ္ႀကီးကို ျမင္ေတာ့ ေပ်ာ္ၿပီး ကားထဲက ဆင္းကာ ပင္လယ္ဘက္သို႔ ေျပးသြားေလသည္

Lisaကေတာ့ ကားေနာက္ခန္းက ျခင္းေတာင္းေလးကို ယူၿပီး Chaeyoung ေနာက္ လိုက္သြားသည္

"ပင္လယ္ဘက္ မေရာက္တာ အေတာ္ၾကာၿပီဘဲ "

"ဘယ္ကတည္းကလည္း "

"ေမြးကတည္းက.... "

Chaeyoungရဲ႕ စကားေၾကာင့္ Lisa ရယ္လိုက္သည္

"မင္းက စေနာက္တတ္သားဘဲ ....."

"႐ုပ္ရွင္ေတြ ကြည့်ပြိီး ပင္လယ္ဘက္ အၿမဲသြားခ်င္ခဲ့တာ တစ္ေယာက္တည္း ျဖစ္ေနလို႔ မသြားဘဲေနခဲ့တာ......"

Chaeyoung မွာ သန့္ရွင္းလတ္ဆတ္တဲ့ ပင္လယ္ေလကို ရႉရွိူက္ၿပီး ေျပာလိုက္သည္

Lisaကေတာ့ သူယူလာတဲ့ အခင္းေလးကို သဲေသာင္ျပင္တြင္ ခင္းလိုက္သည္

"Chaeyoung လာထိုင္ေလ "

Chaeyoung မွာ Lisaေျပာလို႔ ထိုင္လိုက္ေတာ့ Lisa ခ်က္ခ်င္းဘဲ Chaeyoung ေပါင္ေပၚ လွဲအိပ္လိုက္သည္

"Lisa "

"နာရီဝက္ေက်ာ္ ကားေမာင္းထားရေတာ့ ခါးေညာင္းတယ္ေလ ဒါေၾကာင့္ ခဏလွဲခြင့္ေပး "

Chaeyoung မွာ ေျပာလည္း Lisaက နားမေထာင္ဘဲ တဇြတ္ထိုး လုပ္တာသိလို႔ မေျပာေတာ့ဘဲ ေနလိုက္သည္

ပင္လယ္ေလ တျဖဴးျဖဴးတိုက္ေနတဲ့အခ်ိန္ ဆံပင္ေတြ လႊင့္ေနတဲ့ Chaeyoung မ်က္ႏွာေလးကို Lisa ေအာက္ကေန ေငးၾကည့္ေနရင္း ရင္ေတြခုန္လာသလို အခ်စ္ေတြလည္း ပိုတိုးလာသည္

အခ်စ္ဆိုတဲ့အရာကလည္း ဆန္းၾကယ္တယ္ေနာ္ Park Chaeyoung ဘာမွမလုပ္ဘဲ ထိုင္ေနတာေတာင္ Lisaမွာ ၾကည့္ရင္း အခ်စ္ေတြ တိုးလာေနသည္

"Chaeyoung. ..မနက္စာစားၿပီးၿပီလား "

"မစားရေသးဘူး အလုပ္ေရာက္မွ မွာစားမလို႔ "

"အေတာ္ဘဲ ကိုယ္ မင္းႀကိဳက္တဲ့ မုန့္ေတြ ဝယ္လာတယ္ "

Lisa ေျပာၿပီး ထထိုင္ကာ ျခင္းေတာင္းထဲက မုန့္ေတြ ထုတ္ေပးေလသည္

Chaeyoungမွာ မုန့္ေတြကို ၾကည့္ၿပီး Lisaမွာ သူ႕အႀကိဳက္ေတြ ဘယ္လို သိေနလည္းဆိုၿပီး အံ့ၾသေနသည္

Lisaကေတာ့ coffeeဗူးေလးကို ေဖာက္ၿပီး ေသာက္လိုက္သည္

Chaeyoungမွာ coffee ေသာက္ေနတဲ့ Lisaကို ၾကည့္ရင္း ဆြဲေဆာင္မႈရွိေနသလို ခံစားေနရသည္

"မင္းအႀကိဳက္ေတြ ဝယ္ေကြၽးတာမို႔ တစ္ေန႕က ကိစၥကို ခြင့္လႊတ္ေပးမလား ဟင္...."

Lisa မ်က္ႏွာငယ္ေလးနဲ႕ ေျပာလို႔ Chaeyoungမွာ မုန့္စားရင္း Lisa မ်က္ေစာင္းထိုလိုက္သည္လ

"ဟင္း... ဒီမုန့္ေတြေၾကာင့္ ခြင့္လႊတ္ေပးလိုက္မယ္....."

"Yes.... "

ကေလးတစ္ေယာက္လို ထခုန္တဲ့ Lisaကို ၾကည့္ၿပီး Chaeyoung ရယ္လိုက္သည္

Lisaဆိုတာ Chaeyoung နဲ႕ေတြ႕ရင္ ႏူးညံ့လိုက္ ကေလးတစ္ေယာက္လို ျဖစ္လိုက္ လူဆိုးတစ္ေယာက္လို ျဖစ္သြားလိုက္နဲ႕.....

#TBC

အၾကာႀကီး ေစာင့္ခိုင္းထားရလို႔ အားနာပါတယ္ဗ်ာ့😁 D ficနဲ႕ ပတ္သက္ၿပီး Idea ထြက္မလာလို႔ပါ တိုသြားရင္လည္း sorryပါဗ်ာ့ ေနာက္ပိုင္း ရွည္ရွည္ေလး ေရးေပးပါမယ္ ဒါနဲ႕ Chaelisa ficအသစ္ေလး တင္ထားပါတယ္ ဝင္ဖတ္ေပးပါအုံး

Bạn đang đọc truyện trên: Truyen3h.Co