Truyen3h.Co

Vampire's Mate Rosie

Part 7

KimFany059

#Unicode

Chaeyoung ပန်းဆိုင်တွင် အလုပ်လုပ်နေရင်း နေ့လည်ရောက်သွားမှန်းမသိပေ

မနက်ကတည်းက Customer တွေ အများကြီး Chaeyoungဆီ လာဝယ်ကြလို့ Chaeyoung ပျော်နေသည်

ဆိုင်မှာ ပွနေတဲ့ အမှိုက်တွေရှင်းရင်း နာရီကိုကြည့်တော့ နေ့လည် နှစ်နာရီထိုးနေပြီ

နေ့လည်ရောက်နေပြီဆိုတာ သိတော့ Chaeyoung မှာ တစ်စုံတစ်ယောက် ကို သတိရသွားသည်

Chaeyoung သတိရသွားတဲ့ တစ်စုံတစ်ယောက်က တစ်ခြားသူမဟုတ် Lisaပင်

ခါတိုင်းဆို Lisa နေ့လည်စာ စားချိန်တိုင်း ရောက်လာပြီး နေ့လည်စာဝယ်ကျွေးနေကြကို ဒီနေ့ ဘာလို့ရောက်လာတယ်မသိ

ဘာရယ်မဟုတ် နေ့တိုင်းလာနေကြသူက ရုတ်တရက် မလာတော့တဲ့အခါ Chaeyoung စိတ်ထဲ လွမ်းနေသလို ခံစားနေရသည်

Chaeyoung အိမ်ပြန်ပြီး နေ့လည်စာစားရင်း ဆိုင်ဘက်ကို Lisaများ ရောက်လာမလားလို့ လှမ်းလှမ်းကြည့်ရတာ အမော သို့သော် Lisaက ရောက်မလာပေ

"နေပါအုံး ငါ ဘာလို့ သူ့ကိုမျှော်နေရတာလည်း "

Chaeyoung သူမကိုယ်သူမ နားမလည်နိုင် ဖြစ်နေတယ်

Chaeyoung ဆိုင်ကို ပြန်ရောက်လာပြီး စာရင်းတွေ တွက်နေစဥ် တံခါး bellသံကြောင့် ပျော်ပြီး ထကြည့်တော့ သူမ မျှော်လင့်နေတဲ့သူ မဟုတ်ဘဲ David ဖြစ်နေသည်

"David ဘာလာလုပ်တာလည်း "

"အော် ကိုယ့်သူငယ်ချင်းက သူ့ကောင်မလေးနဲ့ သွားဒိတ်မယ်ဆိုလို့ ကိုယ်က ပန်းစည်းဝယ်ပေးဖို့ ဒီကိုခေါ်လာတာ သူ့နာမည်က Louis တဲ့  "

"Aww တွေ့ရတာ ဝမ်းသာပါတယ် Louis. ... Park Chaeyoung ပါ..."

"ဟုတ် Louis manoban ပါ....."

"Manoban. ..တစ်နေရာရာမှာ အဲ့နာမည် ရင်းနှီးနေသလိုဘဲ...."

Chaeyoung စိတ်ထဲကနေ တွေးလိုက်သည်

"Dateဆိုတော့ အလှဆုံး ပန်းစည်းလေးရအောင် လုပ်ပေးမယ်နော် ခဏစောင့်ပေးပါ "

"Leo Hyungရော ဘယ်မှာလည်း "

Davidက မေးပေမယ့် Chaeyoung ကတော့ ပန်းကိုသာ အာရုံစိုက်စည်းပေးနေသည်

"အလုပ်ကိစ္စကြောင့် ခရီးထွက်သွားတယ် "

Chaeyoung ပန်းစည်းလုပ်ရင်း ဖြေလိုက်သည်

"ပန်းစည်းရပါပြီ.... "

Chaeyoung လက်ထဲက ပန်းစည်းကို ယူပြီး ပန်းစည်းဖိုး Louis ရှင်းလိုက်သည်

Davidကတော့ ကောင်တာဘက် လျှောက်လာရင်း ကောင်တာပေါ်က ကွတ်ကီးဘူးလေးကို ယူလိုက်သည်

"Hey ဘာလုပ်တာလည်း "

David လက်ထဲက ကွတ်ကီးဘူးကို Chaeyoung လုရင်း မတော်တဆ Davidကို ဖက်မိသလို ဖြစ်သွားသည်

ထို့ကြောင့် Chaeyoung အမြန် ခပ်ခွာခွာပြန်နေပြီး

"စားမယ်ဆိုလည်း တစ်ခုနှစ်ခုဘဲ စားနော် "

"တစ်ခုဘဲ စားမှာပါ...."

"ကဲ David သွားရအောင် ငါ့ Date နောက်ကျလိမ့်မယ် '

"ဒါဆို သွားတော့မယ်နော် Chaeyoung bye. .."

"Bye David. ..Louis Dateမှာ ပျော်ရွှင်ပါစေ ... "

Louis ကို Chaeyoung ဆုတောင်းပေးလိုက်သည်

Louis ပန်းဆိုင်က ထွက်လာတော့ သူ့ကို တစ်စုံတစ်ယောက်က ကြည့်နေသလို ခံစားရလို့ Vampire အာရုံကို အသုံးချလိုက်တော့ မျက်နှာချင်းဆိုင် တိုက်ပေါ်ကနေ သူတို့ကို စိုက်ကြည့်နေတဲ့ Lisaကို တွေ့ရလေသည်

"Unnieက ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလည်း "

Louis မှာ နားမလည်ဟန်ဖြင့် Lisaကို တစ်ချက်ကြည့်ပြီး ကောင်မလေးနဲ့ ဒိတ်ထားတာ ရှိလို့ Lisaဆီ မသွားတော့ဘဲ Davidနဲ့ ထွက်သွားသည်

Davidတို့ ထွက်သွားတော့ Chaeyoung နာရီကိုကြည့်တော့ ငါးနာရီကျော်နေပြီ......

ဆိုင်သိမ်းဖို့ Chaeyoung ပြင်ဆင်နေရင်း တံခါး bellသံကြားလို့ လှမ်းကြည့်တော့ All blackဝတ်ထားတဲ့ Lisa ကို တွေ့ရလေသည်.....

Chaeyoung မှာ Lisaကို တွေ့တိုင်း အမြဲ all black ဝတ်ထားတာကို သတိထားမိသည် Lisaက အနက်ရောင်ကို တော်တော် သဘောကျတာဘဲ

"ဆိုင်ပိတ်ပါပြီ "

Lisaကို တွေ့လို့ Chaeyoung စိတ်ထဲ ပျော်သလို ခံစားလိုက်ရပေမယ့် Lisaရှေ့မှာတော့ ခပ်တည်တည်နဲ့ နေနေသည်

"သိတယ်...."

"ဒါဆို ဘာလာလုပ်တာလည်း ...."

"ညစာ အတူစားချင်လို့ "

"ဘာလို့ လိုက်စားရမှာလည်း "

"Hey မင်း ကိုယ့်ကို အကြွေးဆပ်ရအုံးမှာနော် "

Lisa စကားကြောင့် Chaeyoung မျက်မှောင်ကြုတ်သွားတယ်

"ဘာအကြွေးလည်း "

"တစ်လောက မင်းကို အမူးသမားလက်ထဲက ကယ်ပေးခဲ့တာလေ ကိုယ်သာ အချိန်မှီရောက်မလာရင် မတွေးရဲစရာ... "

Lisaရဲ့ စကားကြောင့် Cjaeyoung သက်ပြင်းချလိုက်သည်

"ဗိုက်ဆာနေပြီ Chaeyoung ရ "

"ကဲပါ လိုက်ကျွေးပါမယ် ခဏတော့စောင့် အဝတ်အစား လဲလိုက်အုံးမယ် ....ညစာဘဲ လိုက်ကျွေးတာနော် တစ်ခြားတွေးမနေနဲ့ "

"ပြီးရော ကားထဲမှာ စောင့်နေမယ် ....."

Chaeyoungလည်း သူမအိမ်ဘက် သွားပြီး အလှဆုံး ဝတ်စုံလေးတွေ ရွေးနေသည်

Chaeyoung အဝတ်အစားလဲပြီးနောက် အိမ်ရှေ့တွင် စောင့်နေတဲ့ Lisa ကားပေါ်သို့ တက်လိုက်သည်

"ကားအသစ်လား "

"ဟုတ်တယ် လဲလိုက်တာ...."

တစ်နေ့က သူမကို ကမ်းခြေဘက်ခေါ်သွားတဲ့ ကားနဲ့ မတူလို့ Chaeyoung မေးလိုက်သည်

"နေ့လည်က အလုပ်ကိစ္စတွေ ရှိလို့ မလာနိုင်တာ "

"ဘယ်သူက မေးလို့လည်း "

"သိများသိချင်နေမလားလို့ ပြောပြတာ.... ကိုယ့်ကို မျှော်နေတာ မဟုတ်လား "

"ဆုတောင်းလေ "

"မညာပါနဲ့ ညာပြောတာ မကောင်းဘူးနော် ......ရုပ်လေးက ချောရက်နဲ့ မလိမ်ပါနဲ့ "

Lisa ပြောင်ချော်ချော်ပြောတော့ Lisa ကို Chaeyoung မျက်စောင်းထိုးလိုက်သည်

Lisa ခေါ်သွားတဲ့နေရာကို ရောက်တော့ နာမည်ကြီး 5 stars စားသောက်ဆိုင်
တစ်ခုဖြစ်နေလို့ Chaeyoung ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေသည်

"ကဲ ကားပေါ်ကဆင်းလေ "

Lisa မှာ ကားပေါ်က ဆင်းပြီး Chaeyoungကို ကားတံခါးဖွင့်ပေးသည်

"အဲ့ဆိုင်က စျေးမကြီးဘူးလား "

"စိတ်မပူပါနဲ့ ...ကိုယ် ဝယ်ကျွေးမှာပါ လာ..."

Chaeyoung ရဲ့ လက်ကိုကိုင်ပြီး စားသောက်ဆိုင်ထဲ Lisa ဝင်သွားသည်

Chaeyoung ဆိုင်ထဲ ဝင်လိုက်တော့ ဆိုင်ထဲ လူတွေမရှိလို့ အံ့သြနေသည် နာမည်ကြီး 5 stars စားသောက်ဆိုင်မှာ ဘာလို့ ဧည့်သည်တွေမရှိရတာလည်း?

Lisaလည်း စားသောက်ဆိုင်ထဲရောက်ရော ဝန်ထမ်းအားလုံးက Lisaကို ဦးညွှတ်ကြသည်

" ပြင်ဆင်ထားလား "

"ပြင်ဆင်ထားပါတယ် သခင်မလေး "

"လာ Chae "

Chaeyoungမှာ သူမရှေ့က စားသောက်စရာတွေကြောင့် အံ့သြမှင်သက်နေသည် စျေးအရမ်းကြီးတဲ့ ကျောက်ပုဇွန်တွေတောင် ပါသေးသည်

"စားနော် Chae အားမနာနဲ့ ဒီစားသောက်ဆိုင်ကို ကိုယ်ပိုင်တာ .....Chaeနဲ့ ညစာအတူစားချင်လို့ ဆိုင်ပိတ်လိုက်တာ "

"Aww အဲ့တာကြောင့် အထဲဝင်ဝင်ချင်း လူတွေကိုမတွေ့ရလို့ အံ့သြနေတာ "

"ကဲပါ စားတော့ ဟင်းတွေအေးကုန်မယ် "

Chaeyoung မှာ စားရင်းနဲ့ Lisaက တော်တော် ချမ်းသာတာဘဲလို့ တွေးမိပြီး Lisa အကြောင်းကို ပိုသိချင်လာသည်

#Tbc

#Zawgyi












"David ဘာလာလုပ်တာလည်း "



"ဟုတ် Louis manoban ပါ....."








"ပန်းစည်းရပါပြီ.... "



"Hey ဘာလုပ်တာလည်း "




"တစ်ခုဘဲ စားမှာပါ...."











"ဆိုင်ပိတ်ပါပြီ "


"သိတယ်...."

"ဒါဆို ဘာလာလုပ်တာလည်း ...."

"ညစာ အတူစားချင်လို့ "




"ဘာအကြွေးလည်း "








"ကားအသစ်လား "

"ဟုတ်တယ် လဲလိုက်တာ...."



"ဘယ်သူက မေးလို့လည်း "


"ဆုတောင်းလေ "




"ကဲ ကားပေါ်ကဆင်းလေ "


"အဲ့ဆိုင်က ဈေးမကြီးဘူးလား "





" ပြင်ဆင်ထားလား "


"လာ Chae "

Chaeyoungမှာ သူမရှေ့က စားသောက်စရာတွေကြောင့် အံ့သြမှင်သက်နေသည် ဈေးအရမ်းကြီးတဲ့ ကျောက်ပုဇွန်တွေတောင် ပါသေးသည်





#tbc

Bạn đang đọc truyện trên: Truyen3h.Co