Part 8
#Unicode
Dinner စားပြီးတဲ့ နောက်မှာတော့ Chaeyoungကို Lisa အိမ်ပြန်ပို့ပေးနေသည်
"ညစာ စားရတာ ကျေနပ်ရဲ့လား "
Lisa ကားမောင်းရင်း Chaeyoungကို မေးလိုက်သည်
"စျေးကြီးတဲ့ ညစာစားရတာဘဲ ကျေနပ်ပါတယ် ပြီးတော့ Lisaကိုလည်း ကျေးဇူးတင်ပါတယ် "
"Aww ကြားရတာ ဝမ်းသာပါတယ်...."
ထို့နောက် သူမတို့နှစ်ယောက်ကြား တိတ်ဆိတ်မှုက ဝင်ရောက်လာသည်
Chaeyoungလည်း သူမနှုတ်ခမ်းကို သူမ ဖိကိုက်ရင်း Lisa အကြောင်းကို မေးရင် ကောင်းမလား တွေးနေသည်
"Lisaက ဘာအလုပ်လုပ်တာလည်း "
Chaeyoungက မေးတော့ Lisaမှာ Chaeyoungကို တစ်ချက်ကြည့်ပြီး ကားလမ်းမကိုသာ ပြန်ပြီး အာရုံစိုက်လိုက်သည်
"လျို့ဝှက်ချက်လေ မပြောပြပါဘူး "
Lisaရဲ့ စကားကြောင့် Chaeyoung သက်ပြင်းချပြီး သူမ လက်ချောင်းလေးတွေကို ဆော့ကစားရင်း နောက်ထပ် ဘာမေးခွန်းတွေ မေးရမလည်းလို့ တွေးနေသည်
"Lisaက ဘယ်မှာနေတာလည်း...."
"Chaeyoungရဲ့ အိမ်နဲ့တော့ ဝေးတယ် "
Lisa ပြောတော့ Chaeyoung ခေါင်းညိတ်လိုက်သည်
"Lisaက Party တွေ ဘာတွေတက်ရတာ သဘောကျတယ်ပေါ့ "
"ဒါပေါ့ သဘောကျတာပေါ့ Chaeyoung က ဘာလို့မေးတာလည်း "
"Lisa က အမြဲ နှင်းဆီပန်းစည်းတွေ လာဝယ်လို့လေ တစ်စည်းလည်း မဟုတ်ဘူး ဆယ်စည်းတောင် "
"Aww ဒါက Partyအမြဲ လုပ်တဲ့ ကိုယ့်သူငယ်ချင်းတွေကို ပေးတာပါ "
"Aww. ....Lisa အသက်က ဘယ်လောက်လည်း "
"Chaeyoung မေးခွန်းတွေ တအားမေးနေတယ်နော် "
Lisa စကားကြောင့် Chaeyoung ဆက်မမေးတော့ဘဲ ပါးစပ်ပိတ်သွားတယ်
ထို့နောက် ဘာစကားမှ မပြောဘဲ တိတ်ဆိတ်သွားရင်း Chaeyoungရဲ့ အိမ်သို့ ရောက်လာကြသည်
Chaeyoung မှာ ခါးပတ်ဖြုတ်ပြီး သူမကို ညစာ လိုက်ကျွေးတဲ့ Lisaကို ကျေးဇူးတင်စကားပြောလိုက်သည်
Chaeyoung ကျေးဇူးတင်စကားပြောပြီး ကားပေါ်က ဆင်းမယ်လုပ်တော့ Lisaက သူမရဲ့ လက်ကို လှမ်းဆွဲသည်
"ရှင်.... "
"မနက်ဖြန် ဆိုင်ပိတ်လိုက်နော် "
"ဘာလို့လည်း "
"ကိုယ် မင်းကို တစ်နေရာ ခေါ်သွားစရာ ရှိလို့ "
"နေပါအုံး Lisaက ပိတ်ခိုင်းတိုင်း Chaeက ဘာလို့ ပိတ်ရမှာလည်း "
Chaeyoungရဲ့ စကားကြောင့် Lisaမှာ Chaeyoungရဲ့ မျက်နှာလေးကို ကိုင်လိုက်သည်
"မနက်ဖြန် တစ်ရက်ဘဲ ဆိုင်ပိတ်မလား ဒါမှမဟုတ် တစ်သက်လုံး ဆိုင်မဖွင့်ဘဲ အပိတ်ခံချင်လား Chaeyoung "
Lisaရဲ့ စကားကြောင့် Chaeyoung လန့်ပြီး တွေဝေသွားသည်
နာမည်ကြီး 5 stars စားသောက်ဆိုင်လည်း ပိုင်သလို ကားတွေလည်းတစ်မျိုးပြီး တစ်မျိူး စီးနိုင်တယ်ဆိုကြည့်ပြီး Lisaက တော်တော်ကြီး ချမ်းသာတဲ့သူဆိုတာ Chaeyoung သဘောပေါက်မိသည်
ဒါကြောင့် ဆိုင်တစ်ရက်ပိတ်ဖို့ သဘောတူလိုက်ရသည်
"ကောင်းပြီလေ Chae မနက်ဖြန်တစ်ရက်တော့ ဆိုင်ပိတ်လိုက်ပါမယ် "
Chaeyoung ပြောတော့ Lisaက ပြုံးပြီး Chaeyoungရဲ့ နှုတ်ခမ်းကို စိုက်ကြည့်နေတယ်
Lisaက သူမ နှုတ်ခမ်းကို စိုက်ကြည့်နေသောကြောင့် Chaeyoung မနေတတ်တာနဲ့ Lisaကို နှုတ်ဆက်ပြီး ကားပေါ်က ဆင်းပြေးသွားသည်
Lisa မှာ ကားပေါ်က ဆင်းပြေးသွားတဲ့ ကောင်မလေးကို ကြည့်ပြီး ပြုံးနေသည်
"Ahh ဘာခံစားချက်ကြီးလည်း သူ ငါ့နှုတ်ခမ်းကို စိုက်ကြည့်နေတာ မြင်ရုံနဲ့ ငါ ဘာလို့ ရင်ခုန်နေတာလည်း "
Chaeyoungမှာ တံခါးကို မှီရင်း သူ့နှလုံးခုန်သံကို နားထောင်နေသည်
Lisaကတော့ Chaeyoung အိမ်ကို ကြည့်ရင်း ဖုန်းလာလို့ ကိုင်လိုက်သည်
"Hello "
"Lisa......Bean ဂိုဏ်းက လူတွေက သူတို့ မြေကွက်နေရာကို လုသွားလို့ မကျေမနပ် ဖြစ်ပြီး ငါတို့နဲ့ တိုက်ခိုက်ဖို့ပြောတယ် "
တစ်ဖက်က Bambam စကားကြောင့် Lisa ရယ်လိုက်သည်
"Stupid .......မိုက်မဲလိုက်တဲ့ လူတွေပါလား.... မြေကွက် ဆယ်နေရာကြောင့် သူတို့အသက်တွေကို လာစတေးနေတာလား....Bambam မင်းတို့အဖွဲ့ ညစာစားပြီးပြီလား "
"မစားရသေးဘူး "
"အင်း ငါလည်း ညစာသိပ်မစားခဲ့ရဘူး..... ဒီတော့ Dinner Party ကျင်းပကြစို့..... သူတို့ကို မြို့ပြင်က ဂိုထောင်တွေဘက် ချိန်းလိုက် ငါ လာခဲ့မယ် "
"ကောင်းပြီ Lisa. ..."
Lisaလည်း ဖုန်းချလိုက်ပြီး Bambam တို့နဲ့ ချိန်းထားတဲ့ နေရာကို သွားဖို့ ကားစက်နှိုးလိုက်သည်
"Good night Park Chaeyoung..... "
Chaeyoung ကြားအောင် အကျယ်ကြီး အော်လိုက်ပြီး ကားမောင်းထွက်လာသည်
Chaeyoungမှာ Lisa အသံကြောင့် တုန်သွားပြီး တံခါးဖွင့်ကြည့်တော့ lisaကို မတွေ့ရတော့ပေ
ချိန်းထားတဲ့ နေရာကို Lisaရောက်တော့ Bambam Mino Louis Namတို့ကို တွေ့ရသည်
တစ်ဖက်က Bean ဂိုဏ်းက လူဆယ်ယောက်ကျော်သည်
ထိုဂိုဏ်းက ကောင်တွေက Lisa ကို မိန်းကလေးဆိုပြီး အထင်သေးတဲ့ အကြည့်တွေနဲ့ ကြည့်နေကြသည်
"နေပါအုံး မင်းတို့ ယောက်ကျားကြီး လေးယောက် စောင့်နေတဲ့သူက ဒီမိန်းကလေးလား ဝါးဟားဟား......ငါတို့ဘက်က လူ ဆယ့်ငါးယောက်တောင် ရှိတာနော် မင်းတို့ ငါးယောက် နိုင်ပါ့မလား သုံးဆဖြစ်နေတော့ မမျှမတ ဖြစ်နေမလား "
"အို ရှင်က ရှင့်ပြိုင်ဘက်ကို အထင်သေးလွန်းတာဘဲ ........"
Lisa ပြောပြီး အကြောဆန့်လိုက်သည်
"လေကြောရှည်မနေဘဲ အမြန် လက်စသတ်ရအောင်....ရှင်တို့ နိုင်ရင် မြေကွက် ဆယ်ကွက်တင် မဟုတ်ဘူး တခြား ကျွန်မ ပိုင်တဲ့ မြေကွက်တွေပါ ပေးမယ်.... "
"Oh တကယ်လား "
"ဒါပေါ့...."
"မိန်းကလေး မင်းသေချာတွေးနော် ...ဒါက ဆိုးလ်မြို့ရဲ့ စျေးတအားရတဲ့ မြေကွက်တွေနော် မိုလိုပိုလီက မြေကွက်တွေမဟုတ်ဘူး....ပြီးမှ ရှုံးတဲ့အခါမှ ကလေးတစ်ယောက်လို ငိုပြီး မြေကွက်တွေ ပြန်ပေးဆိုပြီး လိုက်မတောင်းကြေး "
တစ်ဖက်က လူရဲ့ စကားကြောင့် Lisa ကြောက်စရာကောင်းအောင် ရယ်လိုက်သည်
"ယောကျ်ားတွေကို စောက်မြင်ကတ်တာ ဒါတွေကြောင့်လည်း ပါတယ် သူတို့က သူတို့ကိုယ်သူတို့ စောက်ထင် တအားကြီးလွန်းပြီး မိန်းကလေးတွေဆို နှိမ်ချင်ကြတာ...ကဲပါ အသက်ရှင်လျက် မြေကွက်စာချုပ်တွေ ယူပြီး ထွက်နိုင်ဖို့သာ ဆုတောင်း gyus. ..."
Lisaလည်း အချက်ပြရော Minoတို့မှာ ဝင်တိုက်ခိုက်ကြသည်
Lisaကတော့ သူ့ကို အထင်သေးစကားပြောတဲ့ ကောင်နဲ့ ချနေသည်
ထိုလူမှာ Lisaကို ထိုးဖို့ ကြိုးစားပေမယ့် Lisaက အမြန်ရှောင်နိုင်ပြီး ထိုလူ ဝမ်းဗိုက်ကို ပိတ်ထိုးလိုက်သည်
"အား "
ထိုလူမှာ ဗိုက်ကို ဖိကိုင်ပြီး အော်လိုက်ချိန် Lisaက ထိုလူ မျက်နှာကို ဖြတ်ကန်သည်
ထိုစဥ် အနောက်ကနေ Bean ဂိုဏ်းက လူတစ်ယောက်က Lisaကို တုတ်နဲ့ ရိုက်ချိန် Lisaက သိပြီး လက်နဲ့ကာလိုက်သည်
တုတ်က ကျိုးသွားသောအခါ တုတ်နဲ့ရိုက်တဲ့ ကောင်မှာ လန့်သွားလေသည်
"Hey... မိန်းကလေးတစ်ယောက်ကို အနောက်ကနေ တုတ်နဲ့ ချောင်းရိုက်ရတယ်လို့....မရှက်ဘူးလား "
Lisaပြောပြီး ထိုလူရဲ့ ဆံပင်ကို ဆောင့်ဆွဲပြီး နံရံဘက်ကို ပစ်ပေါက်လိုက်သည်
Minoတို့ကို ကြည့်လိုက်တော့ ကိုယ်တော်ချောတို့က Dinner ပါတီတောင် စနေကြပြီ....
Lisa လည်း အစွယ်ထုတ်လိုက်ပြီး သူ့ရှေ့က လူရဲ့ လည်ပင်းကို ကိုက်လိုက်သည်
"အား!!"
Chaeyoung ရုတ်တရက် ဖုန်းမြည်သံကြောင့် လန့်နိုးလာသည်
ဖုန်းကို ယူကြည့်တော့ Leoဆီက Message ဖြစ်သည်.... သိပ်မကြာခင် ပြန်လာတော့မယ်ဖြစ်ကြောင်း Chaeyoung ကို Message ပို့ထားသောကြောင့် Chaeyoungလည်း ပြုံးပြီး သူ့အကိုကို စာပြန်ပို့လိုက်သည်
ထို့နောက် ဖုန်းကို အသံပိတ်ပြီး ပြန်အိပ်ဖို့ ကြိုးစားနေသည် သို့သော်လည်း သူမစိတ်က မနက်ဖြန်အတွက် စိတ်လှုပ်ရှားနေတယ် ဒီတစ်ခါတော့ Lisa သူမကို ဘယ်ခေါ်သွားအုံးမလည်း.....
#TBC
#zawgyi
"ဈေးကြီးတဲ့ ညစာစားရတာဘဲ ကျေနပ်ပါတယ် ပြီးတော့ Lisaကိုလည်း ကျေးဇူးတင်ပါတယ် "
"Lisaက ဘယ်မှာနေတာလည်း...."
"ရှင်.... "
"ဘာလို့လည်း "
နာမည်ကြီး 5 stars စားသောက်ဆိုင်လည်း ပိုင်သလို ကားတွေလည်းတစ်မျိုးပြီး တစ်မျိုး စီးနိုင်တယ်ဆိုကြည့်ပြီး Lisaက တော်တော်ကြီး ချမ်းသာတဲ့သူဆိုတာ Chaeyoung သဘောပေါက်မိသည်
"Hello "
"မစားရသေးဘူး "
"ကောင်းပြီ Lisa. ..."
"Oh တကယ်လား "
"ဒါပေါ့...."
"မိန်းကလေး မင်းသေချာတွေးနော် ...ဒါက ဆိုးလ်မြို့ရဲ့ ဈေးတအားရတဲ့ မြေကွက်တွေနော် မိုလိုပိုလီက မြေကွက်တွေမဟုတ်ဘူး....ပြီးမှ ရှုံးတဲ့အခါမှ ကလေးတစ်ယောက်လို ငိုပြီး မြေကွက်တွေ ပြန်ပေးဆိုပြီး လိုက်မတောင်းကြေး "
"ယောက်ျားတွေကို စောက်မြင်ကတ်တာ ဒါတွေကြောင့်လည်း ပါတယ် သူတို့က သူတို့ကိုယ်သူတို့ စောက်ထင် တအားကြီးလွန်းပြီး မိန်းကလေးတွေဆို နှိမ်ချင်ကြတာ...ကဲပါ အသက်ရှင်လျက် မြေကွက်စာချုပ်တွေ ယူပြီး ထွက်နိုင်ဖို့သာ ဆုတောင်း gyus. ..."
"အား "
"အား!!"
Bạn đang đọc truyện trên: Truyen3h.Co