Truyen3h.Co
What is love
Part 14
KimFany059
Freenbeckyနှစ်ယောက် ညနေဆည်းဆာ ကြည့်ပြီး ကမ်းခြေ  တွင် လက်တွဲပြီး လမ်းလျှောက်နေကြစဉ်
"Becky....Becbecရေ...."
အမျိုးသမီးတစ်ယောက်မှာ Becky ရဲ့ နာမည်ကို အော်ပြီး ပြေးလာလေသည်
"Wow Becky ah နင့်အမက နင်နဲ့ တစ်ကယ်တူတာဘဲ...."
Freenမှာ Becky ရဲ့အစ်မ ကို ကြည့်ပြီး အံ့သြနေ၏
"ဟိုလေ Freen Sarocha  မဟုတ်လား......ကျွန်မက Beckyရဲ့အစ်မပါ တွေ့ရတာ ဝမ်းသာလိုက်တာရှင်.... "
"ဟုတ် တွေ့ရတာ ဝမ်းသာပါတယ်....."
Freenလည်း ဦးညွတ်ကာ နှုတ်ဆက်လိုက်သည်
"Daddy ကိုယ်စား ကျွန်မကဘဲ တောင်းပန်ပါတယ်......အခု ညီမလေးတို့တွေ မနက်ဖြန် မင်္ဂလာပွဲကို တက်ဖြစ်အောင် တက်ဖို့လာပြောတာ.....ယောင်္ကျားကလည်း ဘာမှမဖြစ်ဘူး လာခဲ့ပါတဲ့... "
" အစ်မ....လာလို့ရတာ သေချာလို့လား.....Daddyက ခုနကဘဲ အသေသောင်းကျန်းထားတာနော်..."
"ဘာလို့ မရရမှာလည်း ငါ့မင်္ဂလာဆောင်ဘဲဟာ ငါရတယ်ဆိုရတယ်ပေါ့....."
Becky ရဲ့အစ်မ တစ်ယောက်မှာFreenကို တည့်တည့်ကြည့်ပြီး
"Daddy ဘယ်လောက် ကန့်ကွက်ပါစေ Becky ညီမလေး ချစ်တဲ့သူဆိုတော့ ယောင်္ကျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အဲ့ဒီလူဟာ ကျွန်မအတွက် မိသားစုဘဲ ဒါကြောင့် Freenက မနက်ဖြန် ကျွန်မတို့ ဇနီးမောင်နှံကို ကောင်းချီးလာပေးဖို့ မျှော်လင့်ပါတယ်......"
အစ်မဖြစ်သူက လာတောင်းပန်သောကြောင့် မနက်ဖြန် မင်္ဂလာပွဲသို့ တက်ရောက်ရန် Freenbeckyတို့ ဆုံးဖြတ်လိုက်သည်
At wedding.. .
"Freen Sarocha  တောင်းပန်ပါတယ်ဗျာ မနေ့က ကိစ္စအတွက်...."
သတို့သားမှာ အားနာပြီး တောင်းပန်နေ၏
"Ah ရပါတယ်ရှင်.... "
"အစ်မကလည်း ဒီတစ်ခုလေး တောင်းဆိုတာကို မလုပ်ပေးဘူးလား.....ပန်းစည်းကို P'Freen ဆီ ပစ်ပေးပါဆို "
beckyရဲ့ စကားကြားတော့ Freen အာရုံက Becky ဆီ ရောက်သွားသည်
"မရပါဘူးဆို ငါ့သူငယ်ချင်းဆီ ပစ်ပေးဖို့ ကတိပေးထားပြီးသားဟဲ့....."
"အစ်မနဲ့ ညီမကို Daddyတို့က လက်ခံလိုက်ပြီဆိုတော့ ဒီမင်္ဂလာပွဲ ပြီးရင် ညီမတို့လည်း မင်္ဂလာဆောင်မလို့လေ...."
"ဘက်ကီ..........."
Beckyရဲ့ ခါးကို Freen ဆွဲလိမ်လိုက်သည်
"ငါ့ညီမလေး ဒီလို ကလေးဆန်ဆန်လျှောက်လုပ်နေရင်တော့ Freenတစ်ယောက်ကြာရင် စိတ်ကုန်ပြီး ထွက်ပြေးသွားရင် ဒုက္ခဘဲ ငါတို့ကလည်း ဒီအရူးကို မထိန်းနိုင်ဘူး....."
အစ်မ ဖြစ်သူ စကားကြောင့် Armstrong  မိသားစုအပါအဝင် မင်္ဂလာပွဲက လူများပရိတ်သတ်များ ပြုံးစိစိနဲ့ ဖြစ်သွားလေသည်
A few days later.. ...
"ဟုတ်အစ်မ....ညီမ အခုဘဲ ဆင်းလာပါပြီ....."
Freen phပြောပြီး အိမ်တံခါးကိုအဖွင့် မြင်လိုက်ရသည်က တဖျတ်ဖျတ်လတ်နေသော ကင်မရာမီးရောင်များနဲ့ အုတ်အော်သောင်းနင်းဖြစ်နေတဲ့ သတင်းထောက်များကို တွေ့ရလေသည်
"Freen kha...အခု ဘယ်လိုများ ခံစားရပါသလည်း...."
"အဲ့ဒီ သတင်းကြားရတော့ ဘယ်လိုခံစားရပါသလည်း....."
"အဲ့ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး ဘယ်လိုများသဘောထားပါသလည်း....."
မေးခွန်းများကြားနေရသော်လည်း မေးခွန်းအဓိပ္ပါယ်နဲ့ ဘာတွေမေးနေမှန်းမသိသောကြောင့်Freenမှာ အူကြောင်ကြောင် ဖြစ်နေ၏
"အယ် ရှင်တို့ ဘာတွေပြောနေတယ်ဆိုတာ နားမလည်ဘူးရှင့်...."
မန်နေဂျာကို လူအုပ်ထဲရှာရင်း Freen  အယဉ်ကျေးဆုံးပြန်ဖြေလိုက်သည်
"Freenက မဖတ်ရသေးဘူးလား ဒီနေ့ထွက်တဲ့ သတင်းကိုလေ...."
"ဟယ်...."
သတင်းထောက်တစ်ဦးမှာ သူ့အိတ်ထဲက ဂျာနယ်ကို ထုတ်ပြီး Freen အား ပေးလိုက်သည်
"Becky Armstrongရဲ့ လျို့ဝှက်သော အချစ်ရေး...."ဟူသော သတင်းခေါင်းစဉ်နဲ့အတူ Becky နဲ့ အဆိုတော် Nickhunတို့ စားသောက်ဆိုင်တစ်ခုမှာ ရယ်မောနေတဲ့ပုံတွေကို Freen တွေ့လိုက်ရသည်....
'Becky Armstrong  ရဲ့ သစ္စာဖောက်သွားတာကို သိပြီးပြီဆိုတော့ Freen ဘယ်လိုခံစားရပါသလည်း ဘယ်လိုတုံ့ပြန်ဖို့ တွေးထားပါသလည်း....."
Freenမှာ သတင်းထောက်တွေရဲ့ မေးခွန်းကို အာရုံမစိုက်နိုင်တော့.....သတင်းကိုတွေ့ပြီး ငူငူငိုင်ငိုင်ဖြစ်သွားသည်.....
သူ့မန်​​နေဂျာဖြစ်သူမှာ လူအုပ်ထဲတိုးဝှေ့ပြီး အမြန်ရောက်လာကာ Freen ကို ဆွဲခေါ်မှ ကားထဲသို့ ရောက်လာလေသည်
#tbc
#zawgyi
"Becky....Becbecရေ...."
At wedding.. .
"Ah ရပါတယ်ရှင်.... "
"ဘက်ကီ..........."
A few days later.. ...
"ဟယ်...."
#tbc
Bạn đang đọc truyện trên: Truyen3h.Co