Part 15
Cut...."
Directorကြီးရဲ့ အလိုမကျတဲ့ အော်သံကြောင့် Freenကို ထိုးထားသော မီးမောင်းများ ပိတ်သွားကြသည်
"Freenခင်ဗျာ ကျွန်တော့်နောက် ခဏ လိုက်ခဲ့ပါ......"
Director မှာ Freenကို အားနာလို့ လူရှင်းတဲ့နေရာသို့ ခေါ်သွားပြီး ဆူလေ၏
"Freenဗျာ ဘယ်လိုဖြစ်တာလည်း .....ဘာဖြစ်လို့ ပြောရမယ့် ဒိုင်ယာလော့တွေ မေ့ကုန်တာလည်း တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် အဲ့လိုဖြစ်စရာလား....အခုချိန်မှာ Freen ဘယ်လိုခံစားရမလည်းဆိုတာ သိပေမယ့် အလုပ်က အလုပ် ကိုယ်ရေးကိုယ်တာခံစားချက်က သက်သက်.....ခွဲထားလေဗျာ.....Beckyဆိုတဲ့ ကလေးမက အစကတည်းက ခြေငြိမ်တတ်တဲ့ ကလေးမှ မဟုတ်တာ စိတ်ကိုအေးအေးထားပါ ခဏနေကျ ပြန်ရိုက်မယ် ဟုတ်ပြီလား..."
Directorကြီး ထွက်သွားတော့ Freenရဲ့ ရောက်လာသည်.... ဝန်ထမ်းတွေက Freenကို ခေါ်ဆူကြောင်း ပြန်ပြောလို့လားမသိ မန်နေဂျာမှာ စိတ်ပူနေလေရဲ့
"Fre...."
"အစ်မ..ညီမ ခဏ လေညှင်းခံလိုက်အုံးမယ်....."
သူ့မန်နေဂျာ ဘာပြောမယ်ဆိုတာ သိလို့ Freen စကားဖြတ်ပြောပြီး ဝံရန်တာဘက် ထွက်လာလိုက်သည်
ဝံရန်တာတွင် မေးထောက်ပြီး ပတ်ဝန်းကျင်ကို ငေးကြည့်ရင်း Freen စိတ်ငြိမ်အောင် ကြိုးစားနေသည်
နောက်ဆုံး စိတ်ကိုငြိမ်အောင် မထားနိုင်တော့ မသောက်ဖူးတဲ့ ဆေးလိပ်ကို ရိုက်ကူးရေးဝန်ထမ်းဆီက တောင်းလိုက်သည်
Freen ဆေးလိပ်ကို တစ်ချက်ဖွာလိုက်ပြီး
"တစ်နေ့ ဒီလိုမျိုးဖြစ်လာမယ်ဆိုတာ သိသားဘဲ "
Freen တစ်ယောက် အစကတည်းက Beckyကို မယုံကြည်ရဲပါ..ထို့ကြောင့် ဝေးဝေးက တတ်နိုင်သမျှရှောင်သည်..သို့သော်...
"တောက်.....ငါ ဘာလို့ မျက်ရည်တွေကျလာတာလည်း....."
Freen ဆေးလိပ်ကို ချေပြီး သူ့ပါးပေါ်က မျက်ရည်တွေကို သုတ်လိုက်သည်
~~~~~~~~~~~~~~ ~~~~~~~~~~~~
ရိုက်ကူးရေးပြီးလို့ အိမ်ပြန်လမ်းတွင် မန်နေဂျာ တစ်ယောက် ကားမောင်းရင်း Freenကို လှမ်းကြည့်နေ၏.....Freenကတော့ မျက်နှာသေကြီးနဲ့ အပြင်ကိုသာ ငေးနေသည်
ထိုစဉ် မန်နေဂျာမှာ သူ့ဆီဖုန်းဝင်လာလို့ ကောက်ကိုင်လိုက်သည်
"Hello.....ဟုတ် Becky ...ခဏနော် ပေးပေးပါမယ်.."
Freenဆီကို ဖုန်းပေးလိုက်ပြီး Becky ဖြစ်ကြောင်း အမူအရာနဲ့ ပြောတော့ Freen လက်ကာပြီး တခြားတစ်ဖက်ကို လှည့်သွားသည်
မန်နေဂျာလည်း သက်ပြင်းချပြီး
"ဟုတ် Becky...Freen က အခု ရိုက်ကွင်းမှာ အလုပ်များနေလို့ ပြီးမှ ပြန်ဆက်ခိုင်းလိုက်မယ်နော်..........ဟုတ်......ပြောပေးပါမယ် စိတ်ချပါ Nae..."
မန်နေဂျာက ပြောပြီး ဖုန်းချလိုက်သည်
"Beckyက ပြောတယ်....သူ ခုနကဘဲ လေဆိပ်ကို ရောက်တာတဲ့ မနက်က ဆောင်းပါးကိစ္စကို သူ လေဆိပ်ထဲရောက်မှ သိတာတဲ့ သူအရမ်းအံ့သြသွားတယ်တဲ့.....ဂျာနယ်လစ်တွေ အိမ်ရှေ့စောင့်နေမှာသိလို့ သူပြန်မလာတော့ဘူးတဲ့ နင့်ကိုလည်း ဟိုတယ်တစ်ခုမှာ အိပ်ခိုင်းလိုက်ပါတဲ့..."
"ကောင်းပြီလေ ဒါဆိုလည်း ဟိုတယ်တစ်ခု စီစဉ်ပေးပါ..."
Freenမှာ မန်နေဂျာစီစဥ်ပေးတဲ့ ဟိုတယ်ရောက်တော့ တစ်နေကုန် ပင်ပန်းလာသောကြောင့် ကုတင်ပေါ်တွင် လှဲအိပ်လိုက်သည်......
တံခါးခေါက်သံကြားသောကြောင့် သူ့မန်နေဂျာ ပစ္စည်းတစ်ခုခုကျန်ခဲ့လို့ လာပေးတာလားဆိုပြီး ဖွင့်လိုက်တော့ Becky ဖြစ်နေသည်
"Becky!"
Freen ချက်ချင်းဘဲ တံခါးပိတ်လိုက်သည်.....
"အစ်မ တံခါးဖွင့်မပေးဘူးဆိုရင် ညီမတို့ ဒီဟိုတယ်မှာ ရှိနေကြောင်း မီဒီယာတွေကို ပြောလိုက်မှာနော်...."
Beckyခြိမ်းခြောက်မှုကြောင့် Freenလည်း အခန်းတံခါးဖွင့်ပေးလိုက်သည်....
သို့သော် Becky အခန်းထဲ ဝင်လာတော့ Beckyကို ကျောပေးကာ Freen ရပ်နေ၏
"အစ်မကို ညကြီး အချိန်မတော် အနှောင့်အယှက် ပေးရလို့ တောင်းပန်ပါတယ်...အစ်မက ညီမ ဖုန်းကို ဘယ်လိုခေါ်ခေါ် မကိုင်လို့ အစ်မရဲ့ မန်နေဂျာကို အကူအညီတောင်းလိုက်ရတာပါ သူ့ကိုလည်း စိတ်မဆိုးပါနဲ့နော် ညီမ အတင်းအကြပ် အကူအညီတောင်းလို့ပါ...."
"နင် ဘာလုပ်လုပ် ငါ ဂရုမစိုက်ဘူး ငါနဲ့မဆိုင်ဘူး "
Freenရဲ့ ကျောပြင်လေးကို Becky ငေးကြည့်နေ၏
"အစ်မ စိတ်ဆိုးနေတာလား ညီမ ခုနက အစ်မရဲ့ မန်နေဂျာကို သေချာရှင်းပြထားတယ်လေ အဲ့ သတင်းဆောင်းပါးတွေက အလိမ်အညာပါဆို
အဲ့တုံးက သူငယ်ချင်းတွေက ကော်ဖီသွားမှာနေတုံး သူနဲ့ ညီမ ကျန်ခဲ့တဲ့အချိန် အမြန်ရိုက်ပြီး သတင်းလုပ်တင်နေတာ....."
'နင် ငါ့ကို အဲ့လောက်ထိ ဆင်ခြေဆင်လက်အကြောင်းပြချက်တွေ ပေးစရာမလိုပါဘူး နင် ငါ့ကို ငြီးငွေ့သွားလို့ အစစ်ကိုကြိုက်သွားတာဘဲ ငါနားလည်ပါတယ်....ငါ အစကတည်းက နင့်ပါးစပ်က ထွက်တဲ့ အချစ်ဆိုတဲ့ စကားကို မယုံတာ...."
"ညီမကို ယုံကြည်ပေးလိုက်ရင် အားလုံး အဆင်ပြေသွားပြီကို ဘာတွေပြောနေတာလည်းကွာ....."
Freen ရဲ့ ပခုံးကို ကိုင်ပြီး Becky ပြောလိုက်သည်
"နင့်ကို ယုံရအောင် နင့်ရဲ့ စိတ်တွေက တည်ငြိမ်သေးတာမှ မဟုတ်တာ "
"အစ်မ........ဘယ်လိုဖြစ်နေနေကွာ အစ်မကို ညီမ အဆုံးရှုံးခံမှာ မဟုတ်ဘူး.. ...."
Becky ပြောပြီး Freenကို ကုတင်ပေါ်သို့ တွန်းလှဲလိုက်သည်.....ထို့နောက် Freenပေါ် တက်ခွပြီး Freenရဲ့ အင်္ကျီကြယ်သီးကိုဖြုတ်လိုက်သည်
"Becky Armystrong နင် မယုတ်မာနဲ့နော်......"
Freen အော်သော်လည်း အခါနှောင်းသွားခဲ့လေသည်
#tbc
#zawgyi
Cut...."
Directorႀကီးရဲ႕ အလိုမက်တဲ့ ေအာ္သံေၾကာင့္ Freenကို ထိုးထားေသာ မီးေမာင္းမ်ား ပိတ္သြားၾကသည္
"Freenခင္ဗ်ာ ကြၽန္ေတာ့္ေနာက္ ခဏ လိုက္ခဲ့ပါ......"
Director မွာ Freenကို အားနာလို႔ လူရွင္းတဲ့ေနရာသို႔ ေခၚသြားၿပီး ဆူေလ၏
"Freenဗ်ာ ဘယ္လိုျဖစ္တာလည္း .....ဘာျဖစ္လို႔ ေျပာရမယ့္ ဒိုင္ယာေလာ့ေတြ ေမ့ကုန္တာလည္း တစ္ခါလည္းမဟုတ္ ႏွစ္ခါလည္းမဟုတ္ အဲ့လိုျဖစ္စရာလား....အခုခ်ိန္မွာ Freen ဘယ္လိုခံစားရမလည္းဆိုတာ သိေပမယ့္ အလုပ္က အလုပ္ ကိုယ္ေရးကိုယ္တာခံစားခ်က္က သက္သက္.....ခြဲထားေလဗ်ာ.....Beckyဆိုတဲ့ ကေလးမက အစကတည္းက ေျခၿငိမ္တတ္တဲ့ ကေလးမွ မဟုတ္တာ စိတ္ကိုေအးေအးထားပါ ခဏေနက် ျပန္ရိုက္မယ္ ဟုတ္ၿပီလား..."
Directorႀကီး ထြက္သြားေတာ့ Freenရဲ႕ ေရာက္လာသည္.... ဝန္ထမ္းေတြက Freenကို ေခၚဆူေၾကာင္း ျပန္ေျပာလို႔လားမသိ မန္ေနဂ်ာမွာ စိတ္ပူေနေလရဲ႕
"Fre...."
"အစ္မ..ညီမ ခဏ ေလညွင္းခံလိုက္အုံးမယ္....."
သူ႕မန္ေနဂ်ာ ဘာေျပာမယ္ဆိုတာ သိလို႔ Freen စကားျဖတ္ေျပာၿပီး ဝံရန္တာဘက္ ထြက္လာလိုက္သည္
ဝံရန္တာတြင္ ေမးေထာက္ၿပီး ပတ္ဝန္းက်င္ကို ေငးၾကည့္ရင္း Freen စိတ္ၿငိမ္ေအာင္ ႀကိဳးစားေနသည္
ေနာက္ဆုံး စိတ္ကိုၿငိမ္ေအာင္ မထားနိုင္ေတာ့ မေသာက္ဖူးတဲ့ ေဆးလိပ္ကို ရိုက္ကူးေရးဝန္ထမ္းဆီက ေတာင္းလိုက္သည္
Freen ေဆးလိပ္ကို တစ္ခ်က္ဖြာလိုက္ၿပီး
"တစ္ေန႕ ဒီလိုမ်ိဳးျဖစ္လာမယ္ဆိုတာ သိသားဘဲ "
Freen တစ္ေယာက္ အစကတည္းက Beckyကို မယုံၾကည္ရဲပါ..ထို႔ေၾကာင့္ ေဝးေဝးက တတ္နိုင္သမွ်ေရွာင္သည္..သို႔ေသာ္...
"ေတာက္.....ငါ ဘာလို႔ မ်က္ရည္ေတြက်လာတာလည္း....."
Freen ေဆးလိပ္ကို ေခ်ၿပီး သူ႕ပါးေပၚက မ်က္ရည္ေတြကို သုတ္လိုက္သည္
~~~~~~~~~~~~~~ ~~~~~~~~~~~~
ရိုက္ကူးေရးၿပီးလို႔ အိမ္ျပန္လမ္းတြင္ မန္ေနဂ်ာ တစ္ေယာက္ ကားေမာင္းရင္း Freenကို လွမ္းၾကည့္ေန၏.....Freenကေတာ့ မ်က္ႏွာေသႀကီးနဲ႕ အျပင္ကိုသာ ေငးေနသည္
ထိုစဥ္ မန္ေနဂ်ာမွာ သူ႕ဆီဖုန္းဝင္လာလို႔ ေကာက္ကိုင္လိုက္သည္
"Hello.....ဟုတ္ Becky ...ခဏေနာ္ ေပးေပးပါမယ္.."
Freenဆီကို ဖုန္းေပးလိုက္ၿပီး Becky ျဖစ္ေၾကာင္း အမူအရာနဲ႕ ေျပာေတာ့ Freen လက္ကာၿပီး တျခားတစ္ဖက္ကို လွည့္သြားသည္
မန္ေနဂ်ာလည္း သက္ျပင္းခ်ၿပီး
"ဟုတ္ Becky...Freen က အခု ရိုက္ကြင္းမွာ အလုပ္မ်ားေနလို႔ ၿပီးမွ ျပန္ဆက္ခိုင္းလိုက္မယ္ေနာ္..........ဟုတ္......ေျပာေပးပါမယ္ စိတ္ခ်ပါ Nae..."
မန္ေနဂ်ာက ေျပာၿပီး ဖုန္းခ်လိဳက္သည္
"Beckyက ေျပာတယ္....သူ ခုနကဘဲ ေလဆိပ္ကို ေရာက္တာတဲ့ မနက္က ေဆာင္းပါးကိစၥကို သူ ေလဆိပ္ထဲေရာက္မွ သိတာတဲ့ သူအရမ္းအံ့ၾသသြားတယ္တဲ့.....ဂ်ာနယ္လစ္ေတြ အိမ္ေရွ႕ေစာင့္ေနမွာသိလို႔ သူျပန္မလာေတာ့ဘူးတဲ့ နင့္ကိုလည္း ဟိုတယ္တစ္ခုမွာ အိပ္ခိုင္းလိုက္ပါတဲ့..."
"ေကာင္းၿပီေလ ဒါဆိုလည္း ဟိုတယ္တစ္ခု စီစဥ္ေပးပါ..."
Freenမွာ မန္ေနဂ်ာစီစဥ္ေပးတဲ့ ဟိုတယ္ေရာက္ေတာ့ တစ္ေနကုန္ ပင္ပန္းလာေသာေၾကာင့္ ကုတင္ေပၚတြင္ လွဲအိပ္လိုက္သည္......
တံခါးေခါက္သံၾကားေသာေၾကာင့္ သူ႕မန္ေနဂ်ာ ပစၥည္းတစ္ခုခုက်န္ခဲ့လို႔ လာေပးတာလားဆိုၿပီး ဖြင့္လိုက္ေတာ့ Becky ျဖစ္ေနသည္
"Becky!"
Freen ခ်က္ခ်င္းဘဲ တံခါးပိတ္လိုက္သည္.....
"အစ္မ တံခါးဖြင့္မေပးဘူးဆိုရင္ ညီမတို႔ ဒီဟိုတယ္မွာ ရွိေနေၾကာင္း မီဒီယာေတြကို ေျပာလိုက္မွာေနာ္...."
Beckyၿခိမ္းေျခာက္မႈေၾကာင့္ Freenလည္း အခန္းတံခါးဖြင့္ေပးလိုက္သည္....
သို႔ေသာ္ Becky အခန္းထဲ ဝင္လာေတာ့ Beckyကို ေက်ာေပးကာ Freen ရပ္ေန၏
"အစ္မကို ညႀကီး အခ်ိန္မေတာ္ အႏွောင့္အယွက္ ေပးရလို႔ ေတာင္းပန္ပါတယ္...အစ္မက ညီမ ဖုန္းကို ဘယ္လိုေခၚေခၚ မကိုင္လို႔ အစ္မရဲ႕ မန္ေနဂ်ာကို အကူအညီေတာင္းလိုက္ရတာပါ သူ႕ကိုလည္း စိတ္မဆိုးပါနဲ႕ေနာ္ ညီမ အတင္းအၾကပ္ အကူအညီေတာင္းလို႔ပါ...."
"နင္ ဘာလုပ္လုပ္ ငါ ဂ႐ုမစိုက္ဘူး ငါနဲ႕မဆိုင္ဘူး "
Freenရဲ႕ ေက်ာျပင္ေလးကို Becky ေငးၾကည့္ေန၏
"အစ္မ စိတ္ဆိုးေနတာလား ညီမ ခုနက အစ္မရဲ႕ မန္ေနဂ်ာကို ေသခ်ာရွင္းျပထားတယ္ေလ အဲ့ သတင္းေဆာင္းပါးေတြက အလိမ္အညာပါဆို
အဲ့တုံးက သူငယ္ခ်င္းေတြက ေကာ္ဖီသြားမွာေနတုံး သူနဲ႕ ညီမ က်န္ခဲ့တဲ့အခ်ိန္ အျမန္ရိုက္ၿပီး သတင္းလုပ္တင္ေနတာ....."
'နင္ ငါ့ကို အဲ့ေလာက္ထိ ဆင္ေျခဆင္လက္အေၾကာင္းျပခ်က္ေတြ ေပးစရာမလိုပါဘူး နင္ ငါ့ကို ၿငီးေငြ႕သြားလို႔ အစစ္ကိုႀကိဳက္သြားတာဘဲ ငါနားလည္ပါတယ္....ငါ အစကတည္းက နင့္ပါးစပ္က ထြက္တဲ့ အခ်စ္ဆိုတဲ့ စကားကို မယုံတာ...."
"ညီမကို ယုံၾကည္ေပးလိုက္ရင္ အားလုံး အဆင္ေျပသြားၿပီကို ဘာေတြေျပာေနတာလည္းကြာ....."
Freen ရဲ႕ ပခုံးကို ကိုင္ၿပီး Becky ေျပာလိုက္သည္
"နင့္ကို ယုံရေအာင္ နင့္ရဲ႕ စိတ္ေတြက တည္ၿငိမ္ေသးတာမွ မဟုတ္တာ "
"အစ္မ........ဘယ္လိုျဖစ္ေနေနကြာ အစ္မကို ညီမ အဆုံးရႈံးခံမွာ မဟုတ္ဘူး.. ...."
Becky ေျပာၿပီး Freenကို ကုတင္ေပၚသို႔ တြန္းလွဲလိုက္သည္.....ထို႔ေနာက္ Freenေပၚ တက္ခြၿပီး Freenရဲ႕ အကၤ်ီၾကယ္သီးကိုျဖဳတ္လိုက္သည္
"Becky Armystrong နင္ မယုတ္မာနဲ႕ေနာ္......"
Freen ေအာ္ေသာ္လည္း အခါႏွောင္းသြားခဲ့ေလသည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co