Truyen3h.Co

What is love

Part 16

KimFany059


Becky တစ်ယောက် မနက်မိုးလင်းခါနီးတွင် သတင်းထောက်တွေ မတွေ့ခင် ဟိုတယ်က ပြန်ရန် ပြင်ဆင်လေသည်

"အစ်မ....ညီမလေ ဒီ ဘာအရေးမပါတဲ့ သတင်းတစ်ခုအတွက်နဲ့ အလုပ်ရှုပ်မခံချင်ဘူး......ဒါပေမယ့် မနက်ဖြန်ကျရင် fansign တစ်ခုရှိတယ်.....အဲ့ဒီမှာ အကြောင်းအရာ အားလုံး ရှင်းပြမှာမို့ မနက်ဖြန် အဲ့နေရာကို ဆက်ဆက်လာပါ..
....နော် အခုအခုတော့သတင်းထောက်ထောက်တွေမသိခင်ပြန်နှင့်တော့မယ်. "

Becky ပြောပြီး Hoondie ဝတ်ကာ အခန်းထဲက ထွက်သွားလိုက်သည်

Tomorrow.. ....

Freenတစ်ယောက် အိမ်ထဲတွင် အရှေ့နဲ့ အနောက် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း Beckyရဲ့fansign ဆီ သွားရင် ကောင်းမလား မကောင်းဘူးလားဆိုပြီး စဉ်းစားနေ၏

အမည်မသိဖုန်း Freenဆီ ဝင်လာတော့ အစကမကိုင်ဘူးလုပ်ပေမယ့် ခဏခဏ ခေါ်နေတဲ့အတွက် ကိုင်လိုက်သည်

"Hello...."

"Freen Sarochaလား မသိဘူး ကျွန်တော် Richie Armstrong ပါ...."

At fansign

"Beckyဗျာ့ အခု ဘယ်လိုခံစားနေရပါသလည်း......"

"ဟူး.....အရင်ကလို သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေလို့ မရတော့တာ အမှန်ဘဲ.....တကယ်ပါ လူကြားထဲ ကိုယ့်သူငယ်ချင်း အရင်းအချာ ကောင်လေးတွေနဲ့တောင် ရင်းရင်းနှီးနှီး မနေရဲတော့ဘူး....."

Becky ပါးစပ်ထဲက လေကို မှုတ်ထုတ်ပြီး ပြောလိုက်သည်

" Freenကရော အခုကိစ္စနဲ့ ပတ်သက်ပြီး ဘာပြောသေးလည်း "

"အစ်မက ကျွန်မကို ခွင့်မလွှတ်သေးဘူး စိတ်ဆိုးနေဟန်တူပါတယ်....ကျွန်မ ရှင်းပြတာကို နားမထောင်ဘူးလေ....."

Becky မျက်နှာလေးညိုးသွားတော့ Fanတွေ အားလုံး စိတ်မကောင်းဖြစ်လို့ ဝိုင်းပြီး သနားနေကြသည်

Becky မှာFansign ကို တစ်ချက်ဝှေ့ကြည့်တော့ Freen ရဲ့ အရိပ်အယောင်ကို လုံးဝမတွေ့ပေ....

"Ah ကျွန်တော်တို့ Bella company ကနေ Beckyအတွက် Suprise လေး တခုစီစဉ်ထားတယ်ဗျာ့ .....အဲ့တာကတော့ Beckyရဲ့ အဖေရေးထားတဲ့ စာလေးတစ်စောင်ပါဗျာ့.....အဲ့စာလေး ဒီကိုရောက်နေတယ် ဖတ်ကြည့်ရအောင်ဗျာ....."

အစီအစဉ်တင်ဆက်သူရဲ့ စကားကြောင့် Becky အံ့သြသွားတယ်

"Daddy ဆီက ! တကယ်ကြီး....."

"Becky ah ငါ့သမီးလေး အဆင်ရော ပြေရဲ့လား......ငါ့သမီးကို အခုရက်ပိုင်း Tvမှာ သိပ်မတွေ့ရသလိုဘဲ.......ငါ့သမီးဟာလေ ကိုယ်လုပ်ချင်တာလုပ်ဖို့ဆို မိသားစုကိုလည်း မကြည့် ပတ်ဝန်းကျင်ကိုလည်း နည်းနည်းလေးတောင် ဂရုမစိုက်ဘဲ လိုချင်တာကို ရအောင်ယူတတ်သူဆိုတာ Daddy သိပြီးသား.....သမီး စီးပွားရေး ဝါသနာမပါဘူး မော်ဒယ်လုပ်ချင်တယ်ဆိုပြီး အိမ်နဲ့အတိုက်အခံလုပ်ပြီး ထွက်သွားတယ်......နောက် ရုပ်ရှင် မင်းသမီး ဖြစ်လာတယ်.....Daddy သမီးကို ဂုဏ်ယူမလို့ ရှိသေး Gayပါဆိုပြီး Freen နဲ့ အတူနေတယ်.....Daddyကို အံ့သြသွားအောင် သမီး အမြဲတမ်း လုပ်တယ်နော် Daddyကို ဒီထက့် အံ့သြစေတာက ဆောင်းပါး ပြဿနာ.....ကောင်လေးတွေနဲ့ သတင်းထွက်တုံးကတောင် သမီးရအောင် ရှင်းခဲ့ပြီး အခုသတင်းကျမှ Daddyတို့ဆီ ဘာလုပ်ရမှန်း မသိလို့ဆိုပြီး ဖုန်းဆက်လာတာကို တကယ်အံ့သြမိတယ်......အိမ်နဲ့ အဆက်အသွယ် မလုပ်ဘဲ ပျော်ပျော်နေတတ်တဲ့ ငါ့ကလေးက ဘာမဟုတ်တဲ့ ဆောင်းပါးသတင်းကြောင့် ကယောင်ခြောက်ခြားဖြစ်နေတာကို Daddyတွေ့ရတော့ စိတ်မကောင်းဖြစ်မိတယ် ကလေးရေ အားတင်းထားပါ ကလေးဘက်မှာ Daddyအပြင် ပရိတ်သတ်တွေ ရှိပါတယ်..."

အစီအစဉ် တင်ဆက်သူ စာဖတ်ပြီးသောအခါ ပရိတ်သတ်တွေ လက်ခုပ်သံနဲ့အတူ

"Becky fighting we're always with you"ဆိုတော့ အော်သံအားပေးသံများကို ကြားရလေသည်

Beckyမှာ ဝမ်းသာလို့ မျက်ရည်တွေဝဲနေ၏

ထိုစဉ် Fansignထဲကို ခြေတလှမ်းချင်း ဝင်လာသူကား Freen

"Becky အဖေအပြင် ခင်ဗျား ဘေးနားမှာ Jessica လည်း ရှိနေမှာနဲ့ တူတယ်.. ..."
အစီအစဉ် တင်ဆက်သူမှာ ရယ်ရယ်မောမော ပြောလိုက်သည်

"အစ်မ...."

Beckyမှာ ချက်ချင်း ထိုင်နေရာမှ ထပြီး Freen ဆီသို့ ပြေးသွားလေသည်

"အစ်မ လာတယ်.... "

"နင့်အကိုကလည်း ဖုန်းဆက်ပြီး တောင်းပန်သလို ငါ့ကို ကြည့်မရတဲ့ နင့်အဖေကတောင် ဒီလိုလုပ်တယ်ဆိုမှတော့ ငါက ဘယ်လိုလုပ်ရမလဲ အသည်းဆက်မာလို့ မရဘူးလေ လာရတော့မှာပေါ့.........ကဲပြော ငါ့ကို ပြောစရာရှိတယ်ဆို....."

ပွဲတခုလုံးက လူတွေမှာ အပ်ကျသံတောင် မကြားရအောင် တိတ်ဆိတ်သွားပြီး Freenbeckyကို ကြည့်ကာ ရင်တမမနဲ့ စောင့်နေကျသည်

"အစ်မကို ငိုအောင် စိတ်ညစ်အောင် လုပ်မိလို့ တောင်းပန်ပါတယ် "
Beckyမှာ Freenကို ဖက်ပြီး ငိုလေသည်

Freenလည်း Becky ကျောပြင်လေးကို ပုတ်ပေးပြီး
"အရူးမလေး နင့်အမှားလည်း မဟုတ်ဘဲ ဘာလို့ ငိုနေတာလည်း "

ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုနေသော Becky ကို ကြည့်ပြီး သူ ဘယ်လောက်ခံစားနေရကြောင်း Freen နားလည်သွားလေသည်

ဤသို့ဖြင့် Freenbeckyမှာ ပြန်အဆင်ပြေသွားသည့်အပြင် Fanတွေပါ တိုးလာသလို မဟုတ်မမှန် သတင်းဆောင်းပါးရေးတဲ့သူဟာလည်း ဂျာနယ်တိုက်မှ အလုပ်ဖြုတ်ခြင်း ခံရလေသည်

#tbc

Zawgyi

Becky တစ္ေယာက္ မနက္မိုးလင္းခါနီးတြင္ သတင္းေထာက္ေတြ မေတြ႕ခင္ ဟိုတယ္က ျပန္ရန္ ျပင္ဆင္ေလသည္

"အစ္မ....ညီမေလ ဒီ ဘာအေရးမပါတဲ့ သတင္းတစ္ခုအတြက္နဲ႕ အလုပ္ရႈပ္မခံခ်င္ဘူး......ဒါေပမယ့္ မနက္ျဖန္က်ရင္ fansign တစ္ခုရွိတယ္.....အဲ့ဒီမွာ အေၾကာင္းအရာ အားလုံး ရွင္းျပမွာမို႔ မနက္ျဖန္ အဲ့ေနရာကို ဆက္ဆက္လာပါ..
....ေနာ္ အခုအခုေတာ့သတင္းေထာက္ေထာက္ေတြမသိခင္ျပန္ႏွင့္ေတာ့မယ္. "

Becky ေျပာၿပီး Hoondie ဝတ္ကာ အခန္းထဲက ထြက္သြားလိုက္သည္

Tomorrow.. ....

Freenတစ္ေယာက္ အိမ္ထဲတြင္ အေရွ႕နဲ႕ အေနာက္ ေခါက္တုံ႕ေခါက္ျပန္ ေလွ်ာက္ရင္း Beckyရဲ႕fansign ဆီ သြားရင္ ေကာင္းမလား မေကာင္းဘူးလားဆိုၿပီး စဥ္းစားေန၏

အမည္မသိဖုန္း Freenဆီ ဝင္လာေတာ့ အစကမကိုင္ဘူးလုပ္ေပမယ့္ ခဏခဏ ေခၚေနတဲ့အတြက္ ကိုင္လိုက္သည္

"Hello...."

"Freen Sarochaလား မသိဘူး ကြၽန္ေတာ္ Richie Armstrong ပါ...."

At fansign

"Beckyဗ်ာ့ အခု ဘယ္လိုခံစားေနရပါသလည္း......"

"ဟူး.....အရင္ကလို သူငယ္ခ်င္းေတြနဲ႕ ေပ်ာ္ေပ်ာ္ပါးပါးေနလို႔ မရေတာ့တာ အမွန္ဘဲ.....တကယ္ပါ လူၾကားထဲ ကိုယ့္သူငယ္ခ်င္း အရင္းအခ်ာ ေကာင္ေလးေတြနဲ႕ေတာင္ ရင္းရင္းႏွီးႏွီး မေနရဲေတာ့ဘူး....."

Becky ပါးစပ္ထဲက ေလကို မႈတ္ထုတ္ၿပီး ေျပာလိုက္သည္

" Freenကေရာ အခုကိစၥနဲ႕ ပတ္သက္ၿပီး ဘာေျပာေသးလည္း "

"အစ္မက ကြၽန္မကို ခြင့္မလႊတ္ေသးဘူး စိတ္ဆိုးေနဟန္တူပါတယ္....ကြၽန္မ ရွင္းျပတာကို နားမေထာင္ဘူးေလ....."

Becky မ်က္ႏွာေလးညိုးသြားေတာ့ Fanေတြ အားလုံး စိတ္မေကာင္းျဖစ္လို႔ ဝိုင္းၿပီး သနားေနၾကသည္

Becky မွာFansign ကို တစ္ခ်က္ေဝွ႕ၾကည့္ေတာ့ Freen ရဲ႕ အရိပ္အေယာင္ကို လုံးဝမေတြ႕ေပ....

"Ah ကြၽန္ေတာ္တို႔ Bella company ကေန Beckyအတြက္ Suprise ေလး တခုစီစဥ္ထားတယ္ဗ်ာ့ .....အဲ့တာကေတာ့ Beckyရဲ႕ အေဖေရးထားတဲ့ စာေလးတစ္ေစာင္ပါဗ်ာ့.....အဲ့စာေလး ဒီကိုေရာက္ေနတယ္ ဖတ္ၾကည့္ရေအာင္ဗ်ာ....."

အစီအစဥ္တင္ဆက္သူရဲ႕ စကားေၾကာင့္ Becky အံ့ၾသသြားတယ္

"Daddy ဆီက ! တကယ္ႀကီး....."

"Becky ah ငါ့သမီးေလး အဆင္ေရာ ေျပရဲ႕လား......ငါ့သမီးကို အခုရက္ပိုင္း Tvမွာ သိပ္မေတြ႕ရသလိုဘဲ.......ငါ့သမီးဟာေလ ကိုယ္လုပ္ခ်င္တာလုပ္ဖို႔ဆို မိသားစုကိုလည္း မၾကည့္ ပတ္ဝန္းက်င္ကိုလည္း နည္းနည္းေလးေတာင္ ဂ႐ုမစိုက္ဘဲ လိုခ်င္တာကို ရေအာင္ယူတတ္သူဆိုတာ Daddy သိၿပီးသား.....သမီး စီးပြားေရး ဝါသနာမပါဘူး ေမာ္ဒယ္လုပ္ခ်င္တယ္ဆိုၿပီး အိမ္နဲ႕အတိုက္အခံလုပ္ၿပီး ထြက္သြားတယ္......ေနာက္ ႐ုပ္ရွင္ မင္းသမီး ျဖစ္လာတယ္.....Daddy သမီးကို ဂုဏ္ယူမလို႔ ရွိေသး Gayပါဆိုၿပီး Freen နဲ႕ အတူေနတယ္.....Daddyကို အံ့ၾသသြားေအာင္ သမီး အၿမဲတမ္း လုပ္တယ္ေနာ္ Daddyကို ဒီထက့္ အံ့ၾသေစတာက ေဆာင္းပါး ျပႆနာ.....ေကာင္ေလးေတြနဲ႕ သတင္းထြက္တုံးကေတာင္ သမီးရေအာင္ ရွင္းခဲ့ၿပီး အခုသတင္းက်မွ Daddyတို႔ဆီ ဘာလုပ္ရမွန္း မသိလို႔ဆိုၿပီး ဖုန္းဆက္လာတာကို တကယ္အံ့ၾသမိတယ္......အိမ္နဲ႕ အဆက္အသြယ္ မလုပ္ဘဲ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ ငါ့ကေလးက ဘာမဟုတ္တဲ့ ေဆာင္းပါးသတင္းေၾကာင့္ ကေယာင္ေျခာက္ျခားျဖစ္ေနတာကို Daddyေတြ႕ရေတာ့ စိတ္မေကာင္းျဖစ္မိတယ္ ကေလးေရ အားတင္းထားပါ ကေလးဘက္မွာ Daddyအျပင္ ပရိတ္သတ္ေတြ ရွိပါတယ္..."

အစီအစဥ္ တင္ဆက္သူ စာဖတ္ၿပီးေသာအခါ ပရိတ္သတ္ေတြ လက္ခုပ္သံနဲ႕အတူ

"Becky fighting we're always with you"ဆိုေတာ့ ေအာ္သံအားေပးသံမ်ားကို ၾကားရေလသည္

Beckyမွာ ဝမ္းသာလို႔ မ်က္ရည္ေတြဝဲေန၏

ထိုစဥ္ Fansignထဲကို ေျခတလွမ္းခ်င္း ဝင္လာသူကား Freen

"Becky အေဖအျပင္ ခင္ဗ်ား ေဘးနားမွာ Jessica လည္း ရွိေနမွာနဲ႕ တူတယ္.. ..."
အစီအစဥ္ တင္ဆက္သူမွာ ရယ္ရယ္ေမာေမာ ေျပာလိုက္သည္

"အစ္မ...."

Beckyမွာ ခ်က္ခ်င္း ထိုင္ေနရာမွ ထၿပီး Freen ဆီသို႔ ေျပးသြားေလသည္

"အစ္မ လာတယ္.... "

"နင့္အကိုကလည္း ဖုန္းဆက္ၿပီး ေတာင္းပန္သလို ငါ့ကို ၾကည့္မရတဲ့ နင့္အေဖကေတာင္ ဒီလိုလုပ္တယ္ဆိုမွေတာ့ ငါက ဘယ္လိုလုပ္ရမလဲ အသည္းဆက္မာလို႔ မရဘူးေလ လာရေတာ့မွာေပါ့.........ကဲေျပာ ငါ့ကို ေျပာစရာရွိတယ္ဆို....."

ပြဲတခုလုံးက လူေတြမွာ အပ္က်သံေတာင္ မၾကားရေအာင္ တိတ္ဆိတ္သြားၿပီး Freenbeckyကို ၾကည့္ကာ ရင္တမမနဲ႕ ေစာင့္ေနက်သည္

"အစ္မကို ငိုေအာင္ စိတ္ညစ္ေအာင္ လုပ္မိလို႔ ေတာင္းပန္ပါတယ္ "
Beckyမွာ Freenကို ဖက္ၿပီး ငိုေလသည္

Freenလည္း Becky ေက်ာျပင္ေလးကို ပုတ္ေပးၿပီး
"အ႐ူးမေလး နင့္အမွားလည္း မဟုတ္ဘဲ ဘာလို႔ ငိုေနတာလည္း "

ကေလးတစ္ေယာက္လို ရွိုက္ႀကီးတငင္ငိုေနေသာ Becky ကို ၾကည့္ၿပီး သူ ဘယ္ေလာက္ခံစားေနရေၾကာင္း Freen နားလည္သြားေလသည္

ဤသို႔ျဖင့္ Freenbeckyမွာ ျပန္အဆင္ေျပသြားသည့္အျပင္ Fanေတြပါ တိုးလာသလို မဟုတ္မမွန္ သတင္းေဆာင္းပါးေရးတဲ့သူဟာလည္း ဂ်ာနယ္တိုက္မွ အလုပ္ျဖဳတ္ျခင္း ခံရေလသည္

Bạn đang đọc truyện trên: Truyen3h.Co