Truyen3h.Co

What is love

Part 17

KimFany059

Becky  အခန်းထဲရှိ ကုတင်ပေါ်တွင်

"Wait Becky ah"

Freen တစ်ယောက် အသက်လုရှူ နေရရင်း Beckyကို တားလိုက်သည်

Beckyမှာ Freen စကားကို လုံးဝနားမထောင်ပေ.....Freenလည်ပင်းကို အနမ်းတွေ ဆက်တိုက်ပေးနေရင်း

"ဘာလို့လဲ....အစ်မနဲ့ ဒီနေ့တစ်နေကုန်ခွဲနေရတာလေ အခုမှတွေ့ရတာကို ညီမကို မလွမ်းဘူးလား..... .."

" Becky  ah....'

Freenမှာ အသာရုန်းနေသည်ကြားမှ Becky၏ ခပ်ပြင်းပြင်း အနမ်းတွေနဲ့အတူ အင်္ကျီ​ကြယ်သီးကို ဆွဲဖြုတ်ဖို့ ကြိုးစားလာတဲ့ Beckyရဲ့ လက်ကို အမြန် ပုတ်ထုတ်လိုက်ရသည်

"Becky ငါနင့်ကို ခဏစောင့်ပါအုံးလို့ ပြောနေတယ်လေ..... "

Beckyမှာ လန့်ပြီး ကုတင်ပေါ်က ပြုတ်ကျသွားလေ၏

"Ah အစ်မ နာတယ်ဟ ဘယ်လိုဖြစ်နေတာလည်း...."

Becky ကုန်းရုန်းထကာ အော်လိုက်သည်

"ဘာ နင်ကဘဲ ငါ့ကို ပြန်အော်နေသေး.....ငါတို့ ညတိုင်း အတူအိပ်နေတာ ဘယ်လောက်ရှိနေပြီလည်း ဖြေစမ်း....."

Becky ခေါင်းလေးစောင်းပြီး မျက်နှာကြက်ကို ကြည့်ကာ စဉ်းစားရင်း
"တစ်ပတ်လောက်ဘဲ ရှိအုံးမယ်ကို...."

Freenမေးတာကို ပြန်ဖြေလိုက်သည်

"တစ်ပတ်ကြီး တစ်ပတ်ဆက်တိုက်ကြီးလေ.....ငါ့မှာ ရှုတင်ကိုလည်း အာရုံစိုက်ရသေးတယ်ဟဲ့ ငါ့အချိန်ဇယားက အပြည့်ဘဲ နင်ကလည်း အလုပ်ကပြန်လာတာမလား ပင်ပန်းလာတော့ အိပ်သင့်ပြီ "

"ဟင် ဘာလို့လည်း ညီမကတော့ အစ်မကို ပြုစုပေးဖို့ တက်ကြွနေရတာနဲ့ ပင်ပန်းရကောင်းမှန်းတောင် မသိဘူး "
Becky စပ်ဖြီးဖြီးပြောလိုက်သည်...

ထို့နောက် Freen မေးစေ့လေးကို ဆွဲကိုင်ပြီး နမ်းဟန်ပြင်လိုက်စဉ် Freen  မှာ ကြောက်လန့်တကြား Beckyကို တွန်းထုတ်လိုက်သည်

"Becky နင့်ကို ခဏစောင့်အုံးလို့ ငါ ပြောနေတယ်လေ....."

"Wae Wae. ဘာလို့လဲ ဘာလို့လဲ..."

" ရပ်စမ်းပါဆို နင် ငါ့ခန္ဓာကိုယ်ကို နည်းနည်းလောက်တောင် မငဲ့ညှာပေးနိုင်ဘူးလား.....နင့်အတွက် အပန်းဖြေတာဆိုပေမယ့် အောက်ကနေရတဲ့ ငါ့အတွက် သေလောက်အောင် နာတယ်ဟဲ့ မနက်မနက် နိုးလာရင် တော်ရုံနဲ့ မထနိုင်ဘူး.....စားလည်း sex အိပ်လည်း...ဒါဘဲ အချိန်တိုင်းအဲ့တာဘဲ တွေးရအောင် နင်ကအထန်လား.... ငါက ခဏစောင့်ခိုင်းရင် စောင့်ပေါ့ ဒါတောင် နားမလည်ပေးနိုင်ဘူးဆို နောက်နေ့ နင့်ဆီမလာတော့ဘူး...."

Freen ပြောသမျှကို Becky မျက်မှောင်ကြုတ်ကာ နားထောင်ပြီးနောက်

"ဟုတ်ပြီ ညီမ နားလည်ပြီ ok ကောင်းပြီ အစ်မ "

Beckyရဲ့ မျက်နှာကိုကြည့်ပြီး Freen စိတ်ထဲ တစ်မျိုးဖြစ်သွားသည်

"ညီမ တစ်ယောက်တည်း စိတ်ပါနေတာဆိုတော့ ထားပါတော့ အစ်မ ကိုလည်း စိတ်ပါမယ် ထင်ခဲ့တာ ညီမရဲ့အမှားပါ.....ဆင်း ကုတင်ပေါ်ကနေ..ညီမကုတင်ပေါ်က အခုဆင်း သွားးး..."

Freenကို ကုတင်ပေါ်က တွန်းချပြီး Becky ကုတင်ပေါ်တက်ကာ စောင်ခေါင်းမြီးခြုံလိုက်သည်

"Becky ah Becky.. ..."

Freenက ချော့ပြီး ခေါ်နေသော်လည်း Becky  စောင်ကိုခေါင်းမြီးခြုံကာ အော်လိုက်သည်

"Get out....."

"Ah Becky...ငါ သန်ဘက်ခါကျ အားတယ်သိလား....."

Freenပြောသော်လည်း စောင်ပုံထဲက Beckမှာ အသံလည်းမထွက် ဘာမှကိုမလုပ်ဘဲ ငြိမ်နေ၏

Freenလည်း သက်ပြင်းချပြီး သူ့အခန်းသူ ပြန်လာလိုက်သည်

Freen အခန်းထဲတွင် အခန်းတံခါးကို ကျောမှီကာ သူ့လုပ်ရပ်များကို ပြန်စဉ်းစားကြည့်နေသည်

"ငါပြောတာ လွန်သွားသလား.....အာညီး မလွန်ပါဘူး တကယ်လွန်နေတာက သူ......ဘယ်နှယ့် သူမို့လို့ လုပ်လည်းလုပ်နိုင်လွန်းတယ် ခံရတဲ့ငါ့မှာ သေတော့မယ်.....ဒါပေမယ့် ငါကလည်း မဟုတ်တာ သူ့အခန်းထဲ သွားသွားနေတာကိုး....."

Freenမှာ ပြန်တွေးရင်း Beckyအပေါ် အားနာနေ၏

#tbc

Zawgyi


"Wait Becky ah"




" Becky  ah....'




















"Becky ah Becky.. ..."


"Get out....."







Bạn đang đọc truyện trên: Truyen3h.Co