Part 18
နောက်တစ်နေ့ညတွင် Freenရဲ့မန်နေဂျာ တစ်ယောက် Freen အိမ်ရှေ့တွင် ကားရပ်လိုက်သည်
"Good Night Freen.....မနက်ဖြန် shooting မရှိဘူးဆိုတော့ အနားယူပြီး အားပြန်မွေးလိုက်အုံး....."
"ဟုတ် အစ်မ....သတိထားပြီး ကားမောင်းအုံးနော်....."
"Ok...."
Freen အိမ်ထဲသို့ ဝင်သောအခါ တစ်အိမ်လုံး မဲမှောင်နေတာကို တွေ့ရသည်......
မီးဖွင့်ပြီး အရင်ဆုံး သွားမိတာက Beckyရဲ့ အခန်းဆီသို့......
တံခါးဖွင့်လိုက်သောအခါ အခန်းထဲတွင် ဘယ်သူမှ မရှိဘဲ မှောင်မည်းနေ၏
"Humm သူ ပြန်မရောက်သေးဘူးလား "
Freen မီးခလုတ်ဖွင့်ပြီး အခန်းထဲသို့ ဝင်လိုက်သည်
"အင်းလေ နည်းနည်းစောပါသေးတယ်.... "
Freenပြောပြီး ကုတင်ပေါ်သို့ လှဲအိပ်လိုက်သည်.....ထို့နောက် Becky ကိုယ်သင်းရနံ့လေးကို ရှူရှိုက်လိုက်သည်
"ငါ သူ့ကို စိတ်မဆိုးတော့တာကို........."
Freen နဖူးပေါ် လက်တင်ပြီး မနေ့က သူ Beckyကို ပြောခဲ့တာတွေ ပြန်စဉ်းစားရင်း
"Humm......တကယ်တော့ သူ့အိပ်ခန်းထဲဝင်လာပြီး ရေလိုက်ငါးလိုက် လာရောတာလည်း ငါဘဲ.....သူ စိတ်ထပြီး sexလုပ်မယ်ဆိုတော့ အတင်းတားတာလည်း ငါဘဲ....ဒါပေမယ့် ငါ သူ့ကို အော်လိုက်တာနဲ့ အရင်ကနဲ့ မတူဘဲ လက်လျော့သွားတာလည်း.....ဟွန့် သူ့ကိုအော်ပြီး တားမိတာနဲ့ ငါ့ကို ပစ်ထားစရာလား....."
Freenတစ်ယောက် အတွေးပေါင်းစုံရင်း အိပ်ပျော်လာသည်......
နေ၏အလင်းရောင်ကြောင့် Freen နိုးလာလေသည်
"ဟင် မနက်တောင် ရောက်နေပြီ Beckyလည်း ပြန်မရောက်သေးဘူး...... "
ထိုစဉ် Becky တစ်ယောက် တံခါးဖွင့်ပြီး အခန်းထဲကို ဝင်လာလေသည်....
သူ့ကုတင်ပေါ်တွင် အိပ်နေသော Freenကို မြင်တော့ အံ့သြသွားလေသည်
"အစ်မကဘယ်လိုလုပ် ညီမရဲ့ အခန်းထဲရောက်နေတာလည်း "
သို့သော် Beckyချက်ချင်း မျက်နှာက မာကြောသွားပြီး
"ညီမ ကြောင့် အစ်မအိပ်နေတာ အနှောင့်အယှက် ဖြစ်ပြီး လ့န်နိုးသွားတယ်ဆိုလည်း sorryပါ..ညီမ ထွက်သွားပေးပါမယ်......"
Becky ပြောပြီး အခန်းထဲက ထွက်သွားသည်
"Becky Armstrong!!!!"
Freen အော်သံကြောင့် Becky အခန်းထဲသို့ ပြန်ဝင်လာတယ်
ပုံမှန်ဆို သူ့ကို ဘယ်လောက် နာအောင် ပြောပြော ဆူဆူ Becky နောက်တစ်နေ့ရောက်ရင် ဘာမှမဖြစ်သလို မေ့သွားပေမယ့် အခုကိစ္စကျမှ ဘယ်လိုဖြစ်သွားမှန်း Freen နားမလည်ပေ.....
"Becky ငါ ဒီနေ့ အားတယ်လို့ ပြောထားတယ်လေ....."
" အေးလေ ဒါကြောင့် ညီမ ထွက်သွားပေးမယ်လို့ "
"ဘာ ...ဘယ်လိုပြောလိုက်တယ်.....နင်က ငါ့ကို မမြင်ချင်တော့လို့ ထွက်သွားမယ်ဆိုတဲ့ သဘောလား"
Beckyမျက်မှောင်ကြုတ်လိုက်ပြီး
"အစ်မ ဘာဖြစ်ချင်ပြန်ပြီလည်း...."
"နင် ဘာဖြစ်နေတာလည်း ဘာလို့ ငါ့ကို အခုလိုလာလုပ်နေတာလည်း ငါ မနေ့က နင့်ကို တားတယ်ဆိုတာက ငါ့အလုပ်ကို ထိခိုက်မှာဆိုးလို့လေ.....ဒီနေ့ ငါအလုပ်အားလို့ အိမ်မှာ နင်နဲ့အတူရှိနေပြီကို ဘာမဟုတ်တဲ့ အသေးအဖွဲ့ကိစ္စလေးနဲ့ ငါ့ကို စိတ်ကောက်နေတာလား "
"အစ်မဘဲ ညီမ ကို sex မလုပ်ဘဲ နားချင်တယ်လို့ပြောတာလေ .....ဒီနေ့ အနားယူမယ်မလား"
"ဟင် ငါ ဘယ်တုံးက ပြောလို့လည်း "
" ဟင်.....ဒါ ဒါဆို....."
"....."
"Hehe...."
Becky သဘောကျပြီး ရယ်လိုက်သည်
"ဘာရယ်တာတုံး..."
"အစ်မ ပြောတာကို ညီမက တစ်မျိူးထင်သွားတာ......သိတဲ့အတိုင်းဘဲ အစ်မ က ဆွဲဆောင်မှု အရမ်းရှိလွန်းလို့ ညီမ မှာ အစ်မကို မြင်တိုင်း စိတ်ထိန်းမရဘူးရယ် ......အဲ့တော့အစ်မကို တမျိူးထင်သွားမိတာ တောင်းပန်ပါတယ်နော်......ညီမကြောင့် အစ်မ အခုလို စိတ်ညစ်သွားမယ်လို့ မတွေးမိလိုက်ဘူး.... "
Becky ကုတင်ဘေးနား ဆောင့်ကြောင့်ထိုင်လိုက်ပြီး Freenရဲ့ လက်ကို ကိုင်လိုက်သည်
"ညီမ အထင်လွဲမိတာ တောင်းပန်ပါတယ်နော်....ညီမကို ခွင့်လွှတ်မယ် မဟုတ်လား "
Freenရဲ့ ပေါင်ပေါ် Beckyမေးလေးတင်ပြီး
"အစ်မကိုလေ ညီမ အရမ်းချစ်တယ် သိလား "
Eyesmile လေးပေါ်အောင် ပြုံးပြီး ပြောလိုက်တဲ့ Becky ကို ကြည့်ပြီး Freen အူယားလာတယ်
"အစ်မနောက်ကို လိုက်ခဲ့ Becky "
"Where?"
Beckyမေးတာကို မဖြေဘဲ Freenတစ်ယောက် Beckyလက်ကို တင်းတင်းဆုပ်ကိုင်ပြီး သူ့အခန်းဘက်ကို သွားလိုက်သည်
Beckyမှာ ပထမဆုံးအကြိမ် Freen အိပ်ခန်းကို မြင်လိုက်ရသောကြောင့် အံ့သြနေ၏
Freen သူ့ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး အခန်းရှေ့ အံ့သြပြီး ကျန်ခဲ့တဲ့ Beckyကို လှမ်းခေါ်လိုက်သည်
"ဘာလုပ်နေတာလည်း ဝင်ခဲ့လေ "
" အစ်မ အခန်းထဲကို ဝင်ခွင့်ပေးပြီပေါ့ ညီမ ဝင်လာမယ်နော် "
"Becky နင်နဲ့ငါ့ကို ခြားထားတဲ့ တံခါးကို ငါဖွင့်ပေးပြီမို့ ငါ့ဆီ မကြောက်ဘဲ ရဲရဲဝင့်ဝင့် အနားတိုးလာပါ......"
Beckyလည်း ပျော်ပြီး အခန်းထဲသို့ ဝင်လာလေသည်
"Becky ah အခုက စပြီး ငါ့အခန်းထဲကို နင်ဝင်ချင်သလိုဝင် ထွက်ချင်သလို ထွက်ခွင့်ရပြီနော်"
"တကယ်နော် အစ်မ....အစ်မစကားနဲ့အစ်မ နော် ပြီးမှ နောင်တမရကြေး.... "
Becky စပ်ဖြီးဖြီးနဲ့ပြောပြီး freen ကုတင်ပေါ်သို့ ပြေးတက်လိုက်သည်
#tbc
#zawgyi
"Ok...."
"Becky Armstrong!!!!"
" ဟင်.....ဒါ ဒါဆို....."
"....."
"Hehe...."
"ဘာရယ်တာတုံး..."
"အစ်မ ပြောတာကို ညီမက တစ်မျိုးထင်သွားတာ......သိတဲ့အတိုင်းဘဲ အစ်မ က ဆွဲဆောင်မှု အရမ်းရှိလွန်းလို့ ညီမ မှာ အစ်မကို မြင်တိုင်း စိတ်ထိန်းမရဘူးရယ် ......အဲ့တော့အစ်မကို တမျိုးထင်သွားမိတာ တောင်းပန်ပါတယ်နော်......ညီမကြောင့် အစ်မ အခုလို စိတ်ညစ်သွားမယ်လို့ မတွေးမိလိုက်ဘူး.... "
"Where?"
#tbc
Bạn đang đọc truyện trên: Truyen3h.Co