Part 19
#Unicode
5 stars စားသောက်ဆိုင်တစ်ခုတွင်.....နေ့လည်နေ့ခင်းဖြစ်၍ ဧည့်သည်များရှင်းနေ၏......
Freen တစ်ယောက် သူ့ဆုံးဖြတ်ချက် မှန်မမှန်ပြန်စဉ်းစားနေသည်
စားပွဲခုံပေါ်က အေးစက်စပြုနေသော coffeeလေးကို ကြည့်ရင်း သက်ပြင်းလည်းချနေမိသည်
"Freen kha နောက်ကျသွားတာ တောင်းပန်ပါတယ်ဗျာ.... "
Freenလည်း ထိုင်နေရာမှ အမြန်ထပြီး
"Ah မဟုတ်တာ ရပါတယ် အချိန်ပေးပြီး လာပေးတာကိုတောင် ကျေးဇူးတင်ရမှာပါ......ကျွန်မ ဒါရိုက်တာကြီးနဲ့ တိုင်ပင်စရာလေးရှိလို့ပါ "
"Freen နဲ့ ငါ့ကြားမှာ ဒီလိုမျိူး အားနာစရာတွေ မလိုပါဘူး...."
Namမှာ လုံး၀ ယောင်္ကျားလေးရှုံးအောင် suti ဝတ်စုံနဲ့ ထိုင်ပြီး Freenပြောသမျှကို ပြုံးပြီးနားထောင်နေ၏
"အားနာလို့ပါ ကျွန်မမှာလည်း ဒီလိုကိစ္စတွေ ပွင့်ပွင့်လင်းလင်းတိုင်ပင်ရဲ ပြောဆိုရဲတဲ့သူဆိုလို့ ဒါရိုက်တာကြီးဘဲရှိပါတယ်...."
ထိုစားသောက်ဆိုင်တွင် Namနဲ့ Freen
တို့ ရယ်ရယ်မောမော ပြောဆိုနေတာကို မြင်သွားတဲ့သူကား တစ်ခြားသူမဟုတ် Beckyရဲ့ မန်မေဂျာပင် ဖြစ်သည်
"Freen နဲ့ P'Namတို့ နှစ်ယောက်တည်း စကားပြောနေတာလား"
" အင်း....သူတို့နေ့လည်စာ စားနေတာ ငါတွေ့ခဲ့တယ် အလုပ်ကိစ္စ အရေးကြီးနေတာနဲ့ မနှုတ်ဆက်ခဲ့လိုက်ရဘူး....."
"အယ် အစ်မက ဒီနေ့ ဒါရိုက်တာကြီးနဲ့ တွေ့မယ်ဆိုတာ ညီမကိုလည်း ပြောမပြထားဘူး.....ဒီနေ့တစ်နေ့လုံး Photoshoot ရှိတယ်လို့ဘဲ သူပြောထားတာ....."
" သူတို့နှစ်ယောက် မတော်တဆတွေ့ပြီး နေ့လည်စာစားကြတာ နေမှာပေါ့ .......Nam ဇာတ်ညွှန်းအသစ်တွေလုပ်နေတယ်လို့ ငါ ကြားမိတယ် "
Becky ဘာစကားမှပြန်မပြောဘဲ အတွေးထဲတွင် နစ်မြောနေ၏
"ညီမ အဲ့ဆိုင်ကို သွားကြည့်အုံးမယ်...."
"နေအုံးလေ ဒီမှာ မိတ်ကပ်လိမ်းနေတာမပြီးသေးဘူးကို.... "
Beckyမှာ သူ့မန်နေဂျာစကားကို လျစ်လျူရှုပြီး ကြော်ငြာရိုက်ကွင်းမှ စားသောက်ဆိုင်သို့ အမြန်သွားလေသည်.....သို့သော် Freenတို့ကို မတွေ့ရပေ.....
Beckyy စိတ်ထဲတွင် နေ့လည်က သူ့မန်နေဂျာပြောသည့်စကားကို ခဏခဏကြားယောင်ပြီး စိတ်ထဲ ဘဝင်မကျဖြစ်နေ၏
"Becky Armstrong စိတ်လျော့စမ်း ဘာမဟုတ်တာလေးကို😐"
Becky စိတ်လောပြီး ဘဝင်မကျဖြစ်နေတဲ့ သူ့ကိုယ်သူ သတိပေးလိုက်သည်
"နှစ်ယောက်တည်း နေ့လည်စာစားတာလေးကို စိတ်ပူစရာမရှိပါဘူး ငါဆိုလည်း ငါ့သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် တွေ့ချင်မိမှာဘဲ ငါဟာလေ အစ်မFreenကို စတွေ့ကတည်းက အထင်လွဲမယ်ဆိုတာချည်းဘဲ အိမ်ရောက်မှ သူ့ကို အေးအေးဆေးဆေး သေသေချာချာမေးရမယ် စိတ်အေးအေးထား...."
Becky အိမ်ပြန်ရောက်တော့ ကားပေါ်က ဆင်းချိန် Freen အိမ်ထဲမှ ယောင်္ကျားတစ်ယောက် ထွက်လာသည်ကိုတွေ့လိုက်ရသည်
Freenမှာ အိမ်ပေါက်ဝကနေ ထိုယောင်္ကျားကို ပြုံးရွှင်စွာ စကားပြောပြီး နှုတ်ဆက်နေတာကိုBeckyတွေ့ပြီး မျက်နှာကြီး စူပုပ်လာသည်
Freen လည်း အိမ်ထဲဝင်သွားရော Beckyက အိမ်ဘက်ကို လျှောက်လာသည် .....ထိုယောင်္ကျားလေးမှာ Beckyကို တွေ့တော့ မလုံမလဲဖြစ်ပြီး ကားပေါ်သို့ပြေးတက်သွားလေသည်
Beckyမှာ ယောင်္ကျားလေးရဲ့ ထိုလုပ်ရပ်ကြောင့် ဒေါသဖြစ်ပြီး အိမ်ထဲ ဝင်လာ၏
Becky အခန်းတံခါးကို ဆောင့်ဖွင့်တော့ Freen သူ့လက်ထဲက စာအိတ်လေးကို ကုတင်အောက်ထဲ အမြန် ထိုးထည့်လိုက်သည်
"Becky ah ကြော်ငြာရိုက်ဖို့ ရှိတယ်ဆို အစောကြီး ပြန်လာတာလား....."
"အစ်မလည်း အစောကြီး ပြန်ရောက်နေတယ်နော်......"
Becky အေးစက်တဲ့အသံဖြင့် ပြန်ပြောလိုက်သည်
"နေ့လည်ကတည်းက Shootingပြီးတာလေ... "
"ဒါရိုက်တာကြီးနဲ့ အစ်မ နေ့လည်စာအတူစားတဲ့အကြောင်း ညီမ ကြားပြီးပြီ "
Beckyရဲ့ စကားကြောင့် Freen လန့်သွားသည်
"Aww လမ်းမှာ မတော်တဆတွေ့တာလေ အဲ့တာ သူကနေ့လည်စာ လိုက်ကျွေးမယ်ပြောလို့ "
Freenလည်း ဘာမှမဖြစ်သလို ပြန်ဖြေလိုက်သည်
"အစ်မ ခုန အိမ်ထဲက ထွက်လာတာ ဘယ်သူလည်း "
Freenရဲ့ ပခုံးကို Becky ဆုပ်ကိုင်လိုက်သည်
"အစ်မကို ညီမ သတိပေးဖူးတယ်နော် ညီမ ကို သစ္စာဖောက်လို့ကတော့ ညီမ ဘာလုပ်မိမယ်မသိဘူး "
"Becky yah စိတ်ထင်ရာ လျှောက်မပြောစမ်းနဲ့ "
"ညီမက အထင်မှားနေတာလား ညီမကို မြင်တော့ ခုနကောင်က ချက်ချင်းကို မျက်စိမျက်နှာပျက်ပြီး ထွက်ပြေးသွားတာ...."
"Becky နင့်စကားတွေက ငါ့ကို စော်ကားနေသလိုဘဲ....."
"ဒါဆို ဖြေရှင်းချက်ပေးလေ......"
Freen ကုတင်အောက်က စာအိတ်ကို ယူပြီး Becky အား ပေးလိုက်သည်....
"ဘာကြီးလည်း....."
Beckyစာအိတ်ကို ဖွင့်ကြည့်တော့ အိမ်အရောင်းအဝယ်စာချုပ်တစ်ခုကို တွေ့လိုက်ရသည်
"အစ်မ အိမ်အသစ်ဝယ်မလို့လား "
"နင်နဲ့ မဆိုင်ဘူး ဒီနေ့ ဒါရိုက်တာကြီးနဲ့တွေ့တာက အိမ်ဝယ်ဖို့ ငွေလိုလို့ သူဆီက ငွေခဏချေးထားတာ.....ခုနလူက အိမ်ပွဲစားရှင်းပြီလား.... "
"ညီမနဲ့ ဘာလို့ မတိုင်ပင်တာလည်း..... "
"နင်မို့လို့ ငါ့ကို စွပ်စွဲရက်တယ် Becky.. .."
Freenမှာ ပြောရင်း ဝမ်းနည်းလာလို့ မျက်ရည်တွေကျလာသည်
Beckyလည်း Freen မျက်ရည်တွေ သုတ်ပေးပြီး
"အစ်မ ရယ် ညီမလည်း ဒီလိုကိစ္စတွေ တာဝန်မျှယူပေးချင်တာပေါ့ အစကတည်းက ပွင့်ပွင့်လင်းလင်းပြောရင် ခုလိုဖြစ်စရာတောင်မရှိဘူး "
"အဲ့အိမ်စရိတ်က တော်တော်များတယ်.....တစ်လတစ်လ ဖြည်းဖြည်းချင်း နည်းနည်းချင်းစီပြန်ထည့်ရမှာ....."
"Humm...."
"ငါပြောတာက အဲ့အိမ်မှာ ငါနဲ့အတူနေချင်ရင် နှစ်သုံးဆယ်လေးဆယ်လောက်ထိ နေရမှာလို့ အဲ့လောက်မှ အကြွေးကြေမှာ......"
"အစ်မရာ ...."
Freenကို Becky ဆွဲဖက်လိုက်သည်
"အဲ့အချိန်ဆို ငါလည်း ပါးရည်တွေတွန့်ပြီး အသက်ကြီးလာပြီနော်.....အသက်ကြီးလာပြီဆိုတော့ အရင်ကလို စိတ်မရှည်တော့ဘူး ငါနဲ့နေနိုင်....."
Freen စကားမဆုံးသေး သူ့နှုတ်ခမ်းပေါ်သို့ Becky နှုတ်ခမ်း တစ်စုံကျရောက်လာသည်
#tbc
#zawgyi
#Unicode
"Freen နဲ့ ငါ့ကြားမှာ ဒီလိုမျိုး အားနာစရာတွေ မလိုပါဘူး...."
"ဘာကြီးလည်း....."
"Humm...."
"အစ်မရာ ...."
#tbc
Bạn đang đọc truyện trên: Truyen3h.Co