Truyen3h.Co

What is love

Part 20

KimFany059


​"အစ်မရေ  အိမ်ပြောင်းရတော့မယ်ဆိုတဲ့ ခံစားချက်က တစ်မျိုးကြီးနော်......ဒီအိမ်ကြီးထဲမှာ ညီမတို့ရဲ့ ဇာတ်လမ်းတွေ အများကြီး ရှိခဲ့တယ်နော်.....အစ်မကို ပထမဆုံးအကြိမ် အလိုတူအတိုင်း သိမ်းပိုက်ခွင့်ရခဲ့တဲ့ အစ်မရဲ့ အခန်းလေး.....ညီမကို စိတ်ကောက်တိုင်း အစ်မ သွားထိုင်တတ်တဲ့ ဝရန်တာလေး......"

Becky အိမ် အသစ်ပြောင်းရတော့မှာမို့ ပစ္စည်းတွေ သိမ်းရင်း Freen ကိုပြောနေသည်

"နင်က အိမ်အသစ်ရောက်ရင်လည်း ငါ့ကို စိတ်ဆိုးအောင် ခဏခဏလုပ်အုံးမှာ မဟုတ်လား....."

Freen စကားကြောင့် Becky  နှုတ်ခမ်းဆူလိုက်ပြီး

" ​အစ်မရေ  အိမ်နီးနားချင်းတွေနဲ့ ရန်မဖြစ်ချင်ဘူးနော် အစ်မ စိတ်ဆိုးပြီဆို အသံက dolphinလို စူးရှပြဲလန်နေတာဘဲ "

"ငါ့ကို အဲ့လို အာပြဲအောင်လုပ်တာ ဘယ်သူတုံး...."

Freenbeckyတို့ အိမ်အသစ်ကို ရောက်ပြီး ပစ္စည်းတွေ ရွေ့နေတုံး လူခေါ်ခေါင်းလောင်းသံကြား၍ Freen သွားဖွင့်ကြည့်တော့

"ဒါရိုက်တာကြီး ..... "

"Freen... Becky အိမ်အသစ်ပြောင်းနိုင်တဲ့အတွက် congratulations.. ......"

"ဒါရိုက်တာကြီး ဘယ်လို မျက်စိလည်လာတာလည်း "

" နင်တို့ အိမ်ပြောင်းတာ ကူပေးဖို့လေ Mindကိုလည်း ခေါ်လာတယ် "

"holla.. ..."

"ကဲ သန့်ရှင်းရေး စရအောင်ဟေ့ ငါ ဟိုဘယ်ဘက်အခန်းကို စသန့်ရှင်းပေးမယ်နော်....."

Nam တစ်ယောက် ပြောပြောဆိုဆိုနဲ့ ကြက်မွေးကောက်ကိုင်ကာ အခန်းထဲသို့ ဝင်သွားလေသည်

Mindလည်း ချက်ချင်းပင် သူ့အမနောက် ပြေးလိုက်သွားလေ၏

"မသိရင် ငါတို့က ကိုက်စားမယ့်အတိုင်းဘဲ...."

Mindကို ကြည့်ပြီး Freen တို့ တိုးတိုးလေး ရေရွတ်လိုက်သည်

After 5 hours....

"ကဲ အခုမှဘဲ အိမ်က ရှင်းသွားတော့တယ်......"

"ဒါရိုက်တာကြီး ခဏနားရအောင် "

Becky  ဆိုဖာပေါ်တွင် ပစ်လှဲကာ ပြောလိုက်သည်

"Mind ah အစ်မကို လိုက်ကူပေးမလား....သူတို့အတွက် ကော်ဖီသွားဖျော်ပေးမလို့....."

Mindတစ်ယောက်  ခေါင်းညိတ်ပြီး Freen ခေါ်ရာသို့ လိုက်သွားလေသည်

*ဖြန်း*

"Ah...."

Namတစ်ယောက် Beckyရဲ့ တင်ပါးကို လက်နဲ့ဖြန်းခနဲ ရိုက်လိုက်သည်

"Becky.. .....Freen တစ်ယောက် နင်နဲ့တွဲပြီးမှ တော်တော်လေး ပြောင်းလဲသွားတာ ကြည့်ပါအုံး.. ...အချေရုပ်က တစ်ချိန်လုံးပြုံးရယ်နေတာ....."

Nam စကားကြောင့် Becky  တစ်ယောက် Eyesmile လေးပေါ်အောင် ပြုံးလိုက်သည်

ထို့နောက် Namတို့ ပြန်သွားကြတော့ Freen ရေချိူးခန်းထဲသို့ ဝင်ပြီး စိမ်ပြေနပြေ ရေချိူးနေ၏

Becky တစ်ယောက် ရေချိူးခန်း တံခါးဖွင့်သံကြားတာနဲ့ Tvကို ချက်ချင်းပိတ်ကာ ထရပ်လိုက်ပြီး

"အယ် အစ်မ ရေချိူးပြီးပြီဆိုတော့ ညီမ သွားချိူးလိုက်အုံးမယ်..."

"Omm နင့်အတွက် ရေပူဖွင့်ထားတယ် "...

ဝရန်တာတွင် Bath Robeလေးဝတ်ထားကာ Freen ခါးကို ဖက်ထားပြီး ပခုံးပေါ်မေးတင်ကာ မြို့ပြအလှကို Beckyတစ်ယောက် ခံစားကြည့်နေ၏

"အစ်မကို လက်ဆောင်ပေးစရာရှိသေးတယ်...."

"ဟင် ဘာလည်း "

"အစ်မ လက်ခဏပေး "

Freen လက်သူကြွယ်ပေါ်ရောက်လာတာက ရွှေလက်စွပ် တစ်ကွင်းပင်

"Becky ah...."

" ဒီ အိမ်ဝယ်တာ တော်တော်ငွေကုန်သွားပေမယ့် ညီမ ကြော်ငြာတွေလက်ခံထားတဲ့ ပိုက်ဆံနဲ့ ဒီလက်စွပ်လေး ရအောင် ဝယ်ထားတာ "

"ဒီလက်စွပ်ဝယ်မှာကို ဘာလို့ ငါ့ကိုမပြောတာလည်း "

"Keke ကလဲ့စားချေတာလေ......အစ်မလည်း ဒီအိမ်ဝယ်တုံးက တိုင်ပင်လို့လား "

"မဆိုင်တာတွေ ပြောပြန်ပြီ "

"ဆိုင်တယ်လေ အစ်မက အိမ်ဝယ်တယ် ညီမက လက်စွပ်ဝယ်တယ် ညီမတို့ လက်ထပ်ပြီးသွားသလို မခံစားရဘူးလား...."

"လက်ထပ်တယ်...."

Becky  တစ်ယောက် အူကြောင်ကြောင် ဖြစ်နေတဲ့ Freenကို ဂျိုင်းကနေ ပွေ့ချီကာ

"ဒီနေ့က မင်္ဂလာဦးညဆိုတော့ ဟီးဟီး "

"ဟာ ဝက်ရူး ဘာတွေလျှောက်ပြောနေတာတုံး ပြန်ချပေး "

"Ah...."

"ဟဲ့ ချပေးပါဆို နင်ခါးတွေ နာကုန်မှာပေါ့... "

Freen တစ်ယောက် ရုန်းရင်း နှစ်ယောက်သား မြေပြင်ပေါ်သို့ ဘုန်းခနဲလဲကျသွားလေသည်

Beckyမှာ ခါးလေးကို ပွတ်ပြီး ထကာ

"အစ်မရယ် ဘာလို့ ရုန်းတာလည်း Romantic ဆန်အောင်လုပ်မလို့ကို...."

"လခွမ်း ကံကောင်းလို့ ဒီမှာ ခေါင်းကွဲမသေတယ်....."

Freen တစ်ယောက် ခြေဆောင့်ပြီး ဧည့်ခန်းထဲသို့ ဝင်လာကာ ဆိုဖာပေါ်သို့ ထိုင်ချလိုက်သည်

"ဟာ အစ်မ..."

"အယ် ငါ့ဖင်အောက်က မာမာကြီးက ဘာတုံးဟ...."

"No...."

"Ah Tv remote ဘဲ ...."

Freen တစ်ယောက် Tv remote ယူပြီး လှမ်းဖွင့်လိုက်သည်

"Ah...Umm...."

Tv screenပေါ်တွင် ပေါ်လာသည်ကား မိန်းကလေးနှစ်ယောက် ချစ်ရည်လူးနေသော ဇာတ်လမ်း ပင်ဖြစ်သည်

"Becky တော်တော်ယွနေတာ ဟုတ်လား "

Freen မျက်နှာကြီးမှာ ခရမ်းချဉ်သီးလို နီရဲနေ၏

"အဟိ အဲ့လိုမဟုတ်ပါဘူး Mindက ဒီကားကောင်းတယ်ပေးသွားလို့...."

Beckyတစ်ယောက် သွားလေးစိကာ ရယ်ပြနေ

"Becky Armstrong .. ..."

အိမ်အသစ်တွင် ပြောင်းလာတာ တစ်ရက်မပြည့်သေး Freen၏ လင်းပိုင်အသံမှာ ဟိန်းခနဲထွက်ပေါ်လာ၏

#tbc

#zawgyi








"ဒါရိုက်တာကြီး ..... "




"holla.. ..."






After 5 hours....






*ဖြန်း*

"Ah...."




ထို့နောက် Namတို့ ပြန်သွားကြတော့ Freen ရေချိုးခန်းထဲသို့ ဝင်ပြီး စိမ်ပြေနပြေ ရေချိုးနေ၏

Becky တစ်ယောက် ရေချိုးခန်း တံခါးဖွင့်သံကြားတာနဲ့ Tvကို ချက်ချင်းပိတ်ကာ ထရပ်လိုက်ပြီး

"အယ် အစ်မ ရေချိုးပြီးပြီဆိုတော့ ညီမ သွားချိုးလိုက်အုံးမယ်..."




"ဟင် ဘာလည်း "

"အစ်မ လက်ခဏပေး "


"Becky ah...."






"လက်ထပ်တယ်...."




"Ah...."







"ဟာ အစ်မ..."


"No...."

"Ah Tv remote ဘဲ ...."


"Ah...Umm...."






"Becky Armstrong .. ..."


#tbc

Bạn đang đọc truyện trên: Truyen3h.Co