Part 3
Unicode
ကြီးမားလှသော Nam Companyတွင် "What is Love " ရုပ်ရှင်နဲ့ ပတ်သက်ပြီး သတင်းစာမိတ်ဆက်ပွဲလုပ်နေ၏
"ဒီနေ့ကစပြီး What is love ရုပ်ရှင်ဇာတ်ကားကို စတင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်.......ကျွန်မတို့ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး စိတ်ဝင်တစားနဲ့ ကြွရောက်လာကြတဲ့ ဂျာနယ်လစ်များနဲ့ ပရိတ်သတ်တို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်....."
Namမှာ ပထမဆုံး lesbian ကားအတွက် ရုပ်ရှင်မရိုက်ခင်ကတည်းက လူမှုကွန်ယက်တွင် နာမည်ရှိလာပြီး ပရိတ်သတ်တွေ အများကြီးရထားလို့ အရမ်းကျေနပ် ပျော်ရွှင်နေ၏
"ကဲ အခု ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ ဒီဇာတ်လမ်းအတွက် ရွေးချယ်ထားတဲ့ မင်းသမီးနှစ်ယောက်ကို မိတ်ဆက်ပေးပါရစေ လက်ခုပ်တီးကာ ကြိုဆိုပေးကြပါအုံး....."
လက်ခုပ်သံတွေကြားမှာ စင်ပေါ်ကို တက်လာသူတွေကား Freen Sarochaနဲ့ Becky Armstrong ပင် ဖြစ်သည်.....
"မင်္ဂလာပါ.. ......Freen Sarocha ပါ အခုက ကျွန်မရဲ့ ပထမဆုံး စရိုက်ရတဲ့ ရုပ်ရှင်ဇာတ်လမ်းဖြစ်လို့ အားပေးကြပါအုံးနော် ကျွန်မ အကောင်းဆုံး ဖြစ်အောင် ကြိုးစားထားပါတယ်...."
"Hello....Becky Armstrongပါ.....အရှေ့က ညီမရဲ့ မမပြောသွားသလိုပါဘဲ ပထမဆုံးစရိုက်တဲ့ ဇာတ်လမ်းလေးဖြစ်လို့ အကောင်းဆုံး ကြိုးစားထားပါတယ် အမှားပါလည်းခွင့်လွှတ်ပေးကြပါနော်......Freenbeckyကို ချစ်ပေးကြပါအုံးလို့....."
"Wow...မမတဲ့...."
"Freenbecky Freenbecky ..."
"ဂျင်းလေးတော့ စကျွေးပြီဟေ့.... "
Beckyရဲ့ စကားကြောင့် စင်အောက်က ပရိတ်သတ်တွေမှာ တစ်ယောက်တစ်ပေါက်စီ ထအော်ကြသည်....
Beckyကတော့ အပိုတွေ ပြောပြန်ပြီ
~~~~~~~~~~ ~~~~~~~~~ ~~~~~~~
Freen တစ်ယောက် မိတ်ဆက်ပွဲက အပြန် အသိ အမတစ်ယောက်ဆိုင်သို့ ဝင်ကာ ဝိုင်သောက်နေ၏
"ယနေ့အတွက် အထူးသတင်းအနေဖြင့် Nam ရုပ်ရှင်ထုတ်လုပ်ရေးမှ 'What is love' အမည်နဲ့ လိင်တူချစ်ဇာတ်လမ်းကို ရိုက်ကူးရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်းသိရပါတယ်....ယခုအချိန်မှာတော့ ပြည်သူအများစုဟာ လိင်တူ အချစ်ကို လက်မခံသေးတဲ့အတွက် ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဆိုးရွားတဲ့ cmtတွေနဲ့ တိုက်ခိုက်နေကြောင်း သိရပါတယ်ရှင်....."
Freen တစ်ယောက် သတင်းကို လျစ်လျူ ရှုပြီး ဝိုင်ကို မော့လိုက်သည်
"Freenရယ် သတင်းတွေကို ခေါင်းထဲမထည့်ပါနဲ့ ဒီဇာတ်ကားအောင်မြင်ရင် နင် နောက်ဆို ကားရိုက်တွေ လက်ခံရပြီး မင်းသမီးတောင် ဖြစ်အုံးမှာ.....ကံကောင်းရင် အကယ်ဒမီတောင် ချင်ချင်းရနိုင်တယ်....."
ဆိုင်ပိုင်ရှင် Lisaမှာ သူ့သူငယ်ချင်းကို အားပေးလိုက်သည်
"အဲ့လောက်ထိလည်း မဟုတ်သေးပါဘူး "
"Modelလောကမှာ Freenရဲ့ ပွဲတွေလည်း မိုက်ပါတယ်.....သရုပ်ဆောင်တော့ ဘယ်လိုနေမလည်းမသိ...."
တစ်ဖက်ဝိုင်းက အသံကြောင့် Freen ဝိုင်သောက်တာ ရပ်ပြီး မသိမသာ နားထောင်လိုက်သည်
"အေးပါကွာ သူ့အကြောင်း ခဏထား ဟို Eyesmile လေးနဲ့ Becky အကြောင်း ပြောပါအုံးဟ ငါ သူ့ကို သဘောကျလို့ ဒီမှာကြည့် လမ်းသွားရင်း သတင်းစာဆိုင်မှာ သူ့ပုံနဲ့ magazine တွေ့လို့ ဝယ်လာတာ Eyesmile လေးနဲ့ ဘယ်လိုတောင်ချစ်ဖို့ကောင်းလည်းကွာ....."
"ဟာ.....မင်း ငါ့ကို အဲ့ magazine လေး ပေးပါ့လား.....ဂါဝန်အနီလေးနဲ့ ဘယ်လိုတောင်မိုက်နေတာလား....."
"Beckyက အခုတလော အရမ်းနာမည်ကြီးလာနေတာ Freen မြှုပ်တော့မှာ သေချာတယ်..."
နောက်ဆုံး စကားကြောင့် Freen ဒေါသထွက်သွားတယ်....ဝိုင်ခွက်ကို ဘုန်းခနဲ တင်လိုက်ပြီး ပိုက်ဆံရှင်းကာ တစ်ဖက်ဝိုင်းက ကောင်လေးတွေကို မျက်စောင်းမသိမသာထိုးပြီး ဆိုင်ထဲက ထွက်လာလိုက်သည်
ဘယ်လိုကောင်တွေလဲမသိ ကျက်သရေတုံးတာ
...
Freen အိမ်ပြန်ရောက်တော့ ကားပေါ်ကဆင်းလာတဲ့အချိန်
"အစ်မ....."
Becky အသံကြောင့် Freen အသံကြားရာကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်
"အစ်မက ဒီရပ်ကွက်မှာနေတာလား သိတောင်မသိဘူး....."
"နင်က ဘာလာလုပ်တာလည်း ငါ့နောက် လိုက်ချောင်းနေတာလား.... "
"ဟယ် ကြံကြီးစည်ရာတွေပြောပြီး ဘာလို့ အစ်မနောက် လိုက်ချောင်းရမှာလည်း သူငယ်ချင်းတစ်ယောက်က ဒီရပ်ကွက်မှာနေလို့ အလည်လာတာပါနော်...."
"အဲ့တာဆိုလည်း ပြန်တော့....."
"ပြန်မှာပါ ဘယ်သူမှလည်း အိမ်ထဲလိုက်ဝင်မနေဘူး တွေ့လို့ လူမှုရေးအရ လာနှုတ်ဆက်တာကို ဘုကလန့်မကြီး....ဟွန့်.. "
Becky နှာခေါင်းရှုံကာ သူ့ကို ဘုဆတ်ဆတ်ပြောနေတဲ့ Freenကို ရန်လုပ်လိုက်သည်
"Becky Armstrong !! "
Becky သူ့ကားရှိရာကို ပြန်အလှည့် ဖုန်းကိုင်ထားတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ပြီး တစ်ခုခုကို တွေးမိသွားတယ်
အမြန်ဘဲ သူ့ကိုကျောပေးသွားတဲ့ Freenနောက်သို့ ကပ်သွားပြီး
"အစ်မ...."
Freenလည်း သူ့နာမည်ခေါ်လို့ အနောက်လှည့်လိုက်ရော Becky နဲ့ နှုတ်ခမ်းချင်းထိမိသွားသည်....
"ညီမတို့ ဇာတ်လမ်း ratingတက်ဖို့ ဘယ်လိုဂျင်းထည့်ရမလည်းဆိုတာ ပြမယ်......"
Freen ရဲ့ လည်တိုင်လေးကို ဖက်ပြီး Becky နမ်းလိုက်လေသည်
ထိုစဉ် ကင်မရာမီး အလင်းရောင်ကြောင့် Freen လန့်ပြီး မျက်လုံးပြူးသွားလေသည်....အလင်းရောင်လာရာကို ကြည့်တော့ ဖုန်းဖြင့် သူတို့ကို ဓာတ်ပုံ ရိုက်နေတဲ့ ကျောင်းသူကောင်မလေးကို တွေ့လိုက်ရလေသည်.....
ဤသို့နဲ့ Becky Armstrong ကောင်းမှုဖြင့် နောက်တစ်နေ့တွင် သူတို့နမ်းနေတဲ့ပုံ အကြောင်းက သတင်းတိုင်းမှာ ပါလာလေသည်
#tbc
#zawgyi
Unicode
"Wow...မမတဲ့...."
~~~~~~~~~~ ~~~~~~~~~ ~~~~~~~
...
"အစ်မ....."
"Becky Armstrong !! "
"အစ်မ...."
#tbc
Bạn đang đọc truyện trên: Truyen3h.Co