Truyen3h.Co

What is love

Part 21

KimFany059


"ဘယ်သူ့ကိုမှ မပြောရသေးဘူးပေါ့......အယ် အစ်မရဲ့ မိသားစုကိုတောင် မပြောပြရသေးဘူးလား.... "

Freen တစ်ယောက် Becky မေးတာ ပြန်မဖြေဘဲ တစ်ဖက်သို့ လှည့်သွားသည်

"Ah ဟုတ်သားဘဲ အစ်မ အိမ်က ညီမတို့ကို သဘောမတူဘူးဆိုမှ အစ်မက ညီမနဲ့ အတူတူ နေဖို့ အိမ်ဝယ်လိုက်တဲ့အကြောင်း ပြောလို့ ဘယ်အဆင်ပြေမှာလည်း.... "

Freenကား ဘာမှပြန်မဖြေဘဲ စောင်ခေါင်းမြီးခြုံကာနေနေ၏....

Beckyမှာ ကြည့်ရင်း စောင်ထဲက သူ့ချစ်သူကို အူယားလာသည်

ထို့ကြောင့် စောင်ကို ဆွဲလှန်ကာ စောင်အောက်ထဲသို့ သူပါ ဝင်လိုက်သည်

"ဟာ ဘာလုပ်တာတုံး ဝက်ပေါက်ရဲ့... "

Freen မေးတာကို ပြန်မဖြေဘဲ Freenရဲ့ ပါးလေးကို မြတ်နိုးစွာနဲ့ နမ်းလိုက်သည်.....

"အူ....မွ.....😚😚😚 "

Becky နမ်းလို့ ဝသွားတော့ Freenက ပြုံးပြီး
"အယ် ငါ့ကို အိမ်နဲ့ အဆင်မပြေလို့ဆိုပြီး နှစ်သိမ့်နေတာလား "

"အစ်မရယ် အဲ့လိုမဟုတ်ပါဘူး ....အစ်မကို တကယ် လေးစားလို့ပါ....အိမ်က ဒီလောက် ကန့်ကွက်တာတောင် အိမ်နဲ့ အဆက်အသွယ်ဖြတ်ပြီး မော်ဒယ်လုပ်တာ မလွယ်ဘူးဆိုတာ....."

Beckyပြောရင်း Freen ပေါ်တက်ခွလိုက်သည်

"မော်ဒယ်ကောင်မလေးနှစ်ယောက် သူတို့ဖြစ်ချင်တဲ့ အိမ်မက်ကို ဖြစ်အောင် အကောင်အထည် ဖော်ပြီး အသက်ထက်ဆုံး ပျော်ပျော်ရွှင်ရွှင်နေသွားကြသည်ပေါ့နော် အစ်မ...."

"အေးပါကွာ မနိုင်ဘူး..."

Becky လည်ပင်းလေးကို ဆွဲကပ်ပြီး Freen တိုးတိုးလေး ပြောလိုက်သည့် စကားကား

"ငါ့ဘဝမှာ နင်ရှိရင် ပြီးပြည့်စုံပြီမို့ ကျန်တာ ဘာမှမလိုတော့ပါဘူး Becky ah..."

ထိုင်းနိုင်ငံ၏ ဆေးရုံတစ်ခုတွင်
"ဒီမှာရှင့် သတိမလစ်ပါနဲ့အုံး ...ဆရာဝန်ကြီးလာတော့မှာပါ "

"Sarocha ...."
ထိုအသံကို ကြားသော်လည်း အမျိုးသားတစ်ဦးမှာ မကြားချင်ယောင်ဆောင်ပြီး ပြတင်းပေါက်အပြင်ကို ငေးကြည့်နေ၏

"Sarochaလေးနဲ့ တွေ့ချင်တာလား ဖုန်းဆက်ပေးမယ်နော် သခင်မကြီး အားတင်းထားပါနော် ခု Sarochaက လမ်းမှာတဲ့ လာနေပြီတဲ့....."
အိမ်အကူအဒေါ်ကြီးမှာ ငိုသံနဲ့ အားပေးနေသည်။

ဆေးရုံအခန်းအပြင်မှာတော့ လင်မယားနှစ်ယောက် ရန်ဖြစ်နေကြ၏

"မြန်မြန်လုပ်စမ်းပါ မင်းညီမကို ဖုန်းဆက်လိုက်တော့လေ ဟိုမှာ ယောက္ခမကြီးက သူ့ကို ဘယ်လောက်တွေ့ချင်နေတာလည်းဆိုတာ မြင်တယ်မလား....သူ့နာမည်ဘဲတနေတာ.....မင်းညီမကိုလည်း စိတ်ဆိုးမနေနဲ့တော့ ခွင့်လွှတ်လိုက်ပါကွာ.....လူနာကို စိတ်ချမ်းသာအောင်ထားပေးကြပါလား...."

မိန်းမဖြစ်သူမှာ သူ့ယောင်္ကျား၏ နားပူနားဆာ လုပ်တာမခံနိုင်သောကြောင့် ဖုန်းထုတ်ပြီး သူ့ညီမရဲ့ အိမ်ဖုန်းနံပါတ်ကို ခေါ်လိုက်သည်

"အားနာပါတယ်ရှင် လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ တပ်ဆင်ထားခြင်းမရှိပါရှင်.... "

ထိုအမျိူးသမီးမှာ မမျှော်လင့်ထားသောစကားကြောင့် အံ့အားသင့်နေစဉ် Tvမှ သတင်းတစ်ခုကို ကြားလိုက်ရသည်.....

"အခုချိန်မှ စပြီး အနုပညာရပ်ဝန်းသတင်းများကို တင်ဆက်ပေးပါတော့မယ်ရှင် အခုရက်ပိုင်း ပြည်သူတွေရဲ့ အချစ်တော်နှစ်ယောက်ဖြစ်တဲ့ Freen Sarocha နဲ့ Becky Armstrong တို့ဟာ အိမ်တစ်လုံးဝယ်ယူပြီး အတူတူပြောင်းရွေ့နေထိုင်ကြပြီဟု သတင်းရရှိပါတယ်ရှင် ပရိတ်သတ်အများစုဟာတော့ Freenတို့နှစ်ယောက် တိတ်တိတ်ပုန်း လက်ထပ်ပြီးလောက်ပြီဟု ခန့်မှန်းနေကြပါတယ်ရှင်....."

"တောက်....မိုက်ရိုင်းလိုက်တာ....."
တောက်ခေါက်သံနဲ့အတူ ဟန်ဖုန်းလေးဟာ နံရံကို ထိမှန်ပြီး တစစီကွဲကြေသွားလေသည်

#tbc

#zawgyi









"အူ....မွ.....😚😚😚 "





"အေးပါကွာ မနိုင်ဘူး..."




"Sarocha ...."






ထိုအမျိုးသမီးမှာ မမျှော်လင့်ထားသောစကားကြောင့် အံ့အားသင့်နေစဉ် Tvမှ သတင်းတစ်ခုကို ကြားလိုက်ရသည်.....



#tbc

Bạn đang đọc truyện trên: Truyen3h.Co