Truyen3h.Co

What's wrong with My Exes

Part 10

KimFany059

#Unicode

Roseanne မှာ တိုက်ခန်းပြောင်းနေရမှာမို့လို့ သိမ်းဆည်းစရာရှိတဲ့ အဝတ်အစားတွေကို သိမ်းဆည်းနေသည်

Knock knock

တံခါးခေါက်သံကြားလို့ Roseanne သွားကြည့်တော့ ကောင်မလေးတစ်ယောက် တိုက်ခန်းရှေ့ ရပ်နေတာကို တွေ့ရသည်

Roseanne တံခါးဖွင့်ပေးလိုက်တော့ ကောင်မလေးမှာ သူမကိုယ်သူမ မိတ်ဆက်လိုက်သည်

"Hey တွေ့ရတာဝမ်းသာပါတယ် ငါက ရှေ့လျှောက် နင့်ရဲ့ မန်နေဂျာဖြစ်လာမယ့် Hyeriပါ...."

"Nae တွေ့ရတာဝမ်းသာပါတယ် Unnie Chawကို ဂရုစိုက်ပေး ပါအုံးနော် "

Roseanneမှာ Hyeriကို ဦးညွှတ်ပြီး ပြန်နှုတ်ဆက်လိုက်သည်

"အထုပ်အပိုးတွေ ပြင်နေတာလား "

"ဟုတ်တယ် Unnie. ..."

"တကယ်ဆို အဝတ်အစားတွေတောင်သယ်စရာမလိုဘူး CEOက ဟိုမှာ အပြည့်အစုံ ထည့်ပေးထားတာမို့ Roseanneက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လိုက်လာရုံဘဲ "

"ရှင်..."

Hyeriရဲ့ စကားကြောင့် Roseanne အံ့သြသွားတယ်

"အဝတ်အစားတွေယူလာချင်လည်းယူလာပါ ရပါတယ်...."

"ဟုတ် ဒါဆို ယူလာလိုက်မယ်နော် "

"Ok.... ထည့်စရာရှိတာတွေ သေချာစစ်ပြီး ထွက်လာခဲ့နော် ငါ ရှေ့မှာစောင့်နေမယ် "

"Nae Unnie "

Hyeriထွက်သွားတော့ Roseanne အဝတ်အစား အိတ်ကိုသေချာပိတ်ပြီး တိုက်ခန်းထဲကထွက်လာသည်

တိုက်ခန်းတံခါးကိုသေချာပိတ်ပြီးနောက် ခဏလောက် တိတ်ဆိတ်သွားသည်

သူမကို အမြဲ တိုက်ခန်းရှေ့ထိ လိုက်ပို့ပေးတဲ့ Jennieကို Roseanne သတိရနေမိသည်

"ဟင့်အင်း.....သတိရလို့မဖြစ်ဘူး....Roseanne နင် တတ်နိုင်သမျှ မေ့နိုင်အောင်ကြိုးစားစမ်းပါ "

Roseanne ခေါင်းကိုခါယမ်းလိုက်ပြီး အိတ်ကိုသယ်ကာ Hyeriဆီ ထွက်လာခဲ့သည်

"ဝါး အိမ်ကြီးကအကျယ်ကြီးဘဲ Chawတို့ တိုက်ခန်းမှာနေရမှာ မဟုတ်ဘဲ အိမ်မှာ နေရမှာလား "

Roseanne ကားပေါ်ကဆင်းပြီး သူမရှေ့က ခြံကျယ်ကြီးကို ကြည့်ကာ တအံ့တသြဖြစ်နေသည်

"Unnie လိပ်စာများမှားတာလား "

"မမှားပါဘူးရှင် CEOပေးတဲ့ လိပ်စာပါဘဲ မှန်မမှန်သိရအောင် သော့ဖွင့်ကြည့်ရအောင်လေ "

Hyeri သူမ အိတ်ထဲက သော့ကိုယူပြီး ခတ်ထားတဲ့ ခြံတံခါးကိုဖွင့်လိုက်သည်

ဂျောက်

"ဟော ဖွင့်လို့ရတယ် ဒါဆို ဒီအိမ်ဆိုတာ သေချာပြီ လာ Roseanne ဝင်နှင့် ငါက အိတ်တွေချလိုက်အုံးမယ်"

Hyeri ကားနောက်ခန်းထဲက သူမအိတ်တွေကို ချနေစဥ် Roseanneမှာ ခြံတံခါးဖွင့်ပြီး ဝင်သွားသည်

အိမ်ထဲကိုမရောက်ခင် ခြံထဲက ပန်းရနံ့တွေနဲ့ နှင်းဆီပန်းတွေက Roseanneကို ဆွဲဆောင်နေသည်

"ဝါး ပန်းခင်းလေးတွေက လှလိုက်တာ....ဒန်းလေးပါရှိတော့ အေးအေးဆေးဆေးအနားယူ သီချင်းရေးရင် သိပ်မိုက်မှာဘဲ "

Roseanne တစ်ယောက် ပန်းခင်းတွေကို တဝကြည့်ပြီးနောက် အိမ်ထဲသို့ဝင်သွားသည်

"ကျယ်တဲ့အခန်းက Roseanne ယူလိုက် ငါက သိပ်မကျယ်တဲ့အခန်းယူလိုက်မယ် "

"ဟင် ဘာဖြစ်လို့လည်း "

"Roseanneက Idol ဖြစ်လာမယ့်သူလေ ပရိတ်သတ်တွေပေးတဲ့ လက်ဆောင်လေးတွေလည်းသိမ်းထားရအုံးမှာပေါ့....ပြီးတော့ ဟယ် ဒီအခန်းမှာ တူရိယာပစ္စည်းတွေ အစုံရှိတာဘဲ ကွက်တိဘဲ Roseanneဘဲ နေလိုက်ပါ "

Hyeriပြောရင်း Roseanneနေရမယ့် အခန်းတံခါးကိုဖွင့်ကြည့်တော့ pianoတို့ ဂစ်တာတို့ကို တွေ့ရပြီး Roseanne ကို ထိုအခန်းပေးလိုက်သည်

Roseanne အခန်းထဲ အဝတ်အစားတွေကို ဘီဒိုထဲ သေချာထည့်ပြီး ကုတင်ပေါ်တွင် ပစ်လှဲလိုက်သည်

"အားလုံးအဆင်ပြေသွားမှာပါ "

Roseanne သူမကိုယ်သူမ အားပေးလိုက်သည်

Jennie အရက်တွေမူးအောင်သောက်ရင်း အိပ်ပျော်သွားသည်

အိပ်ရာကနိုးလာတော့ အရင်ဆုံး သတိရမိတာက Roseanne. ...

Jennie အဝတ်အစားလဲပြီး Roaeanneရဲ့ တိုက်ခန်းဘက် ထွက်လာသည်

"ဟင် ဘာလို့ သူ့တိုက်ခန်းက သော့ခတ်ထားတာလည်း "

သော့ခတ်ထားတဲ့ တိုက်ခန်းကို ကြည့်ပြီး Jennie တောက်ခေါက်လိုက်မိသည်

"Roseanneက ဘယ်ကိုထွက်ပြေးသွားတာလည်း..... "

Jennie ကားပေါ်တက်ပြီး ကားစီယာတိုင်ကို တဘုန်းဘုန်းထုရင်း အော်ဟစ်လိုက်သည်

Tingtong

Bell တီးသံကြောင့် Hyeri အခန်းထဲ စာဖတ်နေရာက ထကြည့်တော့ Jisooကို တွေ့ရသည်

"CEO. .."

Hyeriမှာ ပြာပြာယာယာနဲ့တံခါးဖွင့်ပေးပြီး အခန်းထဲက Roseanneကို သွားခေါ်လေသည်

"Roseanne. ...CEO ရောက်နေတယ် "

Roseanne မှာ Hyeri အသံကြောင့် အခန်းထဲကနေ ထွက်လာခဲ့သည်

"Annyeonghasayo CEO. .."

"အင်း ဒီဘက်က ဖြတ်သွားရင်း အဆင်ပြေလား ဝင်လာကြည့်တာ "

"ပြေပါတယ် CEO "

Roseanneမှာ Jisooကို ပြုံးပြပြီး ပြောတော့ Jisoo အသည်းပုံနှုတ်ခမ်းလေးပေါ်အောင် ရယ်လိုက်သည်

"ပြေရင်ပြီးတာပါဘဲ ဒါက လမ်းကြုံလို့ဝယ်လာတာ Hyeriနဲ့ ကင်စားပေါ့ မီးဖိုခန်းထဲ အကင်စက်ရှိတယ် "

Jisooမှာ အမဲသားအိတ်ကို Roseanne အား ပေးလိုက်သည်

"CEOလည်း တူတူ ညစာဝင်စားလိုက်ပါလား... "

"ဟင်..."

"ဒီနေ့ အိမ်ပြောင်းတဲ့အထိမ်းအမှတ်အနေနဲ့ပေါ့ ပြီးတော့ ညီမအတွက် ဒီလိုအိမ်ကြီးအပြင် အမဲသားပါဝယ်ပေးလို့ CEOကို ကိုယ်တိုင်ချက်ကျွေးချင်ပါတယ် ခဏထိုင်စောင့်နေပါ နော် "

"ကူပေးမယ်လေ "

"ရတယ် Unnie. ..ညီမ တစ်ယောက်တည်းလုပ်နိုင်ပါတယ် "

Jisooမှာ မီးဖိုခန်းထဲ အစားအသောက်တွေ ပြင်ဆင်နေတဲ့ Roseanneကို ကြည့်ရင်း သဘောကျနေမိသည်

Hyeriသာ မရှိရင် Roseanneနဲ့သူမဟာ ညားခါစလင်မယားတွေလို ဖြစ်နေမှာလေ......

"မကြာခင် Debut တော့မယ့် ကောင်မလေးအတွက် Cheer. ..."

"Cheer. ..."

Roseanneတို့ ဝိုင်ခွက်ချင်းတိုက်ပြီး ပြောလိုက်ကြသည်

"ညီမကို အခွင့်အရေးပေးလို့ ကျေးဇူးတင်ပါတယ်... "

"ဟင့်အင်း မတင်ပါနဲ့...ကျေးဇူးတင်မစောနဲ့အုံး ..."

"ရှင်..."

Roseanneမှာ Jisooရဲ့ စကားကိုနားမလည်ဘဲ ဖြစ်သွားသည်

"နောက်မှပြောမယ်လေနော် ခုတော့ အေးဆေးစားရအောင် "

Jisooပြောပြီး အသားကိုလှီးကာ Roseanneထဲ ထည့်ပေးလိုက်သည်....

Hyeri ကတော့ Jisooကို ကြည့်ပြီး သဘောပေါက်မိလို့ တိတ်ဆိတ်နေသည်

Long time no seeပါ တကယ်ဆိုမနက်က တင်ပေးမလို့ကို ကျနော့်  Birthday မို့လို့ရော wifiမကောင်းလို့ မတင်လိုက်နိုင်ဘူး ...အားလုံးဘဲ မိုးရာသီမို့ တုပ်ကွေးရော ကိုဗစ်ရော ဂရုစိုက်ကြပါဗျာ့

#Tbc

#Zawgyi

Roseanne မွာ တိုက္ခန္းေျပာင္းေနရမွာမို႔လို႔ သိမ္းဆည္းစရာရွိတဲ့ အဝတ္အစားေတြကို သိမ္းဆည္းေနသည္

Knock knock

တံခါးေခါက္သံၾကားလို႔ Roseanne သြားၾကည့္ေတာ့ ေကာင္မေလးတစ္ေယာက္ တိုက္ခန္းေရွ႕ ရပ္ေနတာကို ေတြ႕ရသည္

Roseanne တံခါးဖြင့္ေပးလိုက္ေတာ့ ေကာင္မေလးမွာ သူမကိုယ္သူမ မိတ္ဆက္လိုက္သည္

"Hey ေတြ႕ရတာဝမ္းသာပါတယ္ ငါက ေရွ႕ေလွ်ာက္ နင့္ရဲ႕ မန္ေနဂ်ာျဖစ္လာမယ့္ Hyeriပါ...."

"Nae ေတြ႕ရတာဝမ္းသာပါတယ္ Unnie Chawကို ဂ႐ုစိုက္ေပး ပါအုံးေနာ္ "

Roseanneမွာ Hyeriကို ဦးၫႊတ္ၿပီး ျပန္ႏႈတ္ဆက္လိုက္သည္

"အထုပ္အပိုးေတြ ျပင္ေနတာလား "

"ဟုတ္တယ္ Unnie. ..."

"တကယ္ဆို အဝတ္အစားေတြေတာင္သယ္စရာမလိုဘူး CEOက ဟိုမွာ အျပည့္အစုံ ထည့္ေပးထားတာမို႔ Roseanneက အဝတ္တစ္ထည္ ကိုယ္တစ္ခုနဲ႕ လိုက္လာ႐ုံဘဲ "

"ရွင္..."

Hyeriရဲ႕ စကားေၾကာင့္ Roseanne အံ့ၾသသြားတယ္

"အဝတ္အစားေတြယူလာခ်င္လည္းယူလာပါ ရပါတယ္...."

"ဟုတ္ ဒါဆို ယူလာလိုက္မယ္ေနာ္ "

"Ok.... ထည့္စရာရွိတာေတြ ေသခ်ာစစ္ၿပီး ထြက္လာခဲ့ေနာ္ ငါ ေရွ႕မွာေစာင့္ေနမယ္ "

"Nae Unnie "

Hyeriထြက္သြားေတာ့ Roseanne အဝတ္အစား အိတ္ကိုေသခ်ာပိတ္ၿပီး တိုက္ခန္းထဲကထြက္လာသည္

တိုက္ခန္းတံခါးကိုေသခ်ာပိတ္ၿပီးေနာက္ ခဏေလာက္ တိတ္ဆိတ္သြားသည္

သူမကို အၿမဲ တိုက္ခန္းေရွ႕ထိ လိုက္ပို႔ေပးတဲ့ Jennieကို Roseanne သတိရေနမိသည္

"ဟင့္အင္း.....သတိရလို႔မျဖစ္ဘူး....Roseanne နင္ တတ္နိုင္သမွ် ေမ့နိုင္ေအာင္ႀကိဳးစားစမ္းပါ "

Roseanne ေခါင္းကိုခါယမ္းလိုက္ၿပီး အိတ္ကိုသယ္ကာ Hyeriဆီ ထြက္လာခဲ့သည္

"ဝါး အိမ္ႀကီးကအက်ယ္ႀကီးဘဲ Chawတို႔ တိုက္ခန္းမွာေနရမွာ မဟုတ္ဘဲ အိမ္မွာ ေနရမွာလား "

Roseanne ကားေပၚကဆင္းၿပီး သူမေရွ႕က ၿခံက်ယ္ႀကီးကို ၾကည့္ကာ တအံ့တၾသျဖစ္ေနသည္

"Unnie လိပ္စာမ်ားမွားတာလား "

"မမွားပါဘူးရွင္ CEOေပးတဲ့ လိပ္စာပါဘဲ မွန္မမွန္သိရေအာင္ ေသာ့ဖြင့္ၾကည့္ရေအာင္ေလ "

Hyeri သူမ အိတ္ထဲက ေသာ့ကိုယူၿပီး ခတ္ထားတဲ့ ၿခံတံခါးကိုဖြင့္လိုက္သည္

ေဂ်ာက္

"ေဟာ ဖြင့္လို႔ရတယ္ ဒါဆို ဒီအိမ္ဆိုတာ ေသခ်ာၿပီ လာ Roseanne ဝင္ႏွင့္ ငါက အိတ္ေတြခ်လိဳက္အုံးမယ္"

Hyeri ကားေနာက္ခန္းထဲက သူမအိတ္ေတြကို ခ်ေနစဥ္ Roseanneမွာ ၿခံတံခါးဖြင့္ၿပီး ဝင္သြားသည္

အိမ္ထဲကိုမေရာက္ခင္ ၿခံထဲက ပန္းရနံ႕ေတြနဲ႕ ႏွင္းဆီပန္းေတြက Roseanneကို ဆြဲေဆာင္ေနသည္

"ဝါး ပန္းခင္းေလးေတြက လွလိုက္တာ....ဒန္းေလးပါရွိေတာ့ ေအးေအးေဆးေဆးအနားယူ သီခ်င္းေရးရင္ သိပ္မိုက္မွာဘဲ "

Roseanne တစ္ေယာက္ ပန္းခင္းေတြကို တဝၾကည့္ၿပီးေနာက္ အိမ္ထဲသို႔ဝင္သြားသည္

"က်ယ္တဲ့အခန္းက Roseanne ယူလိုက္ ငါက သိပ္မက်ယ္တဲ့အခန္းယူလိုက္မယ္ "

"ဟင္ ဘာျဖစ္လို႔လည္း "

"Roseanneက Idol ျဖစ္လာမယ့္သူေလ ပရိတ္သတ္ေတြေပးတဲ့ လက္ေဆာင္ေလးေတြလည္းသိမ္းထားရအုံးမွာေပါ့....ၿပီးေတာ့ ဟယ္ ဒီအခန္းမွာ တူရိယာပစၥည္းေတြ အစုံရွိတာဘဲ ကြက္တိဘဲ Roseanneဘဲ ေနလိုက္ပါ "

Hyeriေျပာရင္း Roseanneေနရမယ့္ အခန္းတံခါးကိုဖြင့္ၾကည့္ေတာ့ pianoတို႔ ဂစ္တာတို႔ကို ေတြ႕ရၿပီး Roseanne ကို ထိုအခန္းေပးလိုက္သည္

Roseanne အခန္းထဲ အဝတ္အစားေတြကို ဘီဒိုထဲ ေသခ်ာထည့္ၿပီး ကုတင္ေပၚတြင္ ပစ္လွဲလိုက္သည္

"အားလုံးအဆင္ေျပသြားမွာပါ "

Roseanne သူမကိုယ္သူမ အားေပးလိုက္သည္

Jennie အရက္ေတြမူးေအာင္ေသာက္ရင္း အိပ္ေပ်ာ္သြားသည္

အိပ္ရာကနိုးလာေတာ့ အရင္ဆုံး သတိရမိတာက Roseanne. ...

Jennie အဝတ္အစားလဲၿပီး Roaeanneရဲ႕ တိုက္ခန္းဘက္ ထြက္လာသည္

"ဟင္ ဘာလို႔ သူ႕တိုက္ခန္းက ေသာ့ခတ္ထားတာလည္း "

ေသာ့ခတ္ထားတဲ့ တိုက္ခန္းကို ၾကည့္ၿပီး Jennie ေတာက္ေခါက္လိုက္မိသည္

"Roseanneက ဘယ္ကိုထြက္ေျပးသြားတာလည္း..... "

Jennie ကားေပၚတက္ၿပီး ကားစီယာတိုင္ကို တဘုန္းဘုန္းထုရင္း ေအာ္ဟစ္လိုက္သည္

Tingtong

Bell တီးသံေၾကာင့္ Hyeri အခန္းထဲ စာဖတ္ေနရာက ထၾကည့္ေတာ့ Jisooကို ေတြ႕ရသည္

"CEO. .."

Hyeriမွာ ျပာျပာယာယာနဲ႕တံခါးဖြင့္ေပးၿပီး အခန္းထဲက Roseanneကို သြားေခၚေလသည္

"Roseanne. ...CEO ေရာက္ေနတယ္ "

Roseanne မွာ Hyeri အသံေၾကာင့္ အခန္းထဲကေန ထြက္လာခဲ့သည္

"Annyeonghasayo CEO. .."

"အင္း ဒီဘက္က ျဖတ္သြားရင္း အဆင္ေျပလား ဝင္လာၾကည့္တာ "

"ေျပပါတယ္ CEO "

Roseanneမွာ Jisooကို ၿပဳံးျပၿပီး ေျပာေတာ့ Jisoo အသည္းပုံႏႈတ္ခမ္းေလးေပၚေအာင္ ရယ္လိုက္သည္

"ေျပရင္ၿပီးတာပါဘဲ ဒါက လမ္းႀကဳံလို႔ဝယ္လာတာ Hyeriနဲ႕ ကင္စားေပါ့ မီးဖိုခန္းထဲ အကင္စက္ရွိတယ္ "

Jisooမွာ အမဲသားအိတ္ကို Roseanne အား ေပးလိုက္သည္

"CEOလည္း တူတူ ညစာဝင္စားလိုက္ပါလား... "

"ဟင္..."

"ဒီေန႕ အိမ္ေျပာင္းတဲ့အထိမ္းအမွတ္အေနနဲ႕ေပါ့ ၿပီးေတာ့ ညီမအတြက္ ဒီလိုအိမ္ႀကီးအျပင္ အမဲသားပါဝယ္ေပးလို႔ CEOကို ကိုယ္တိုင္ခ်က္ေကြၽးခ်င္ပါတယ္ ခဏထိုင္ေစာင့္ေနပါ ေနာ္ "

"ကူေပးမယ္ေလ "

"ရတယ္ Unnie. ..ညီမ တစ္ေယာက္တည္းလုပ္နိုင္ပါတယ္ "

Jisooမွာ မီးဖိုခန္းထဲ အစားအေသာက္ေတြ ျပင္ဆင္ေနတဲ့ Roseanneကို ၾကည့္ရင္း သေဘာက်ေနမိသည္

Hyeriသာ မရွိရင္ Roseanneနဲ႕သူမဟာ ညားခါစလင္မယားေတြလို ျဖစ္ေနမွာေလ......

"မၾကာခင္ Debut ေတာ့မယ့္ ေကာင္မေလးအတြက္ Cheer. ..."

"Cheer. ..."

Roseanneတို႔ ဝိုင္ခြက္ခ်င္းတိုက္ၿပီး ေျပာလိုက္ၾကသည္

"ညီမကို အခြင့္အေရးေပးလို႔ ေက်းဇူးတင္ပါတယ္... "

"ဟင့္အင္း မတင္ပါနဲ႕...ေက်းဇူးတင္မေစာနဲ႕အုံး ..."

"ရွင္..."

Roseanneမွာ Jisooရဲ႕ စကားကိုနားမလည္ဘဲ ျဖစ္သြားသည္

"ေနာက္မွေျပာမယ္ေလေနာ္ ခုေတာ့ ေအးေဆးစားရေအာင္ "

Jisooေျပာၿပီး အသားကိုလွီးကာ Roseanneထဲ ထည့္ေပးလိုက္သည္....

Hyeri ကေတာ့ Jisooကို ၾကည့္ၿပီး သေဘာေပါက္မိလို႔ တိတ္ဆိတ္ေနသည္

Long time no seeပါ တကယ္ဆိုမနက္က တင္ေပးမလို႔ကို က်ေနာ့္  Birthday မို႔လို႔ေရာ wifiမေကာင္းလို႔ မတင္လိုက္နိုင္ဘူး ...အားလုံးဘဲ မိုးရာသီမို႔ တုပ္ေကြးေရာ ကိုဗစ္ေရာ ဂ႐ုစိုက္ၾကပါဗ်ာ့

#Tbc

Bạn đang đọc truyện trên: Truyen3h.Co