Truyen3h.Co

What's wrong with My Exes

Part 11

KimFany059

#Zawgyi..

Debut နားနီးေနၿပီဆိုေတာ့ စိတ္လႈပ္ရွားေနၿပီလား "

Roseanne companyရဲ႕ Gymတြင္ ေလ့က်င့္ခန္းလုပ္ေနတုံး Jisoo ေရာက္လာသည္

"ဟုတ္ Annyeonghasayo CEO Gym လာေဆာ့တာလား "

"မဟုတ္ဘူး မင္းကို လာၾကည့္တာ "

Jisooရဲ႕ စကားေၾကာင့္ Roseanne ဘာေျပာရမွန္းမသိ ျဖစ္သြားသည္

"ေရာ့ ေရဘူး ေမာေနမွာေပါ့ ေသာက္လိုက္အုံး "

Jisoo ေရဘူးကို ေဖာက္ေပးၿပီး Roseanneကို ေပးလိုက္သည္

"ေက်းဇူးတင္ပါတယ္CEO "

"ေဟး လူေတြမရွိတဲ့အခ်ိန္ ငါ့ကို နာမည္ေခၚလို႔ရတယ္လို႔ မေျပာဖူးဘူးလား "

"ဟို Entertainment မွာမို႔လို႔ "

"ဒီမွာ မင္းကလြဲ ဘယ္သူမွမရွိပါဘူး Jisooလို႔ဘဲ တစ္ခါေလာက္ေခၚၾကည့္....ျမန္ျမန္ေလး ငါ သြားစရာရွိေသးတယ္ "

"ဟုတ္ Jisoo "

"လိမ္မာတယ္ ဒါဆို ငါ ကိစၥရွိေသးလို႔ သြားၿပီေနာ္"

Roseanneရဲ႕ ေခါင္းေလးကို ပြတ္ၿပီး Jisoo ေျပာကာထြက္သြားသည္

"Nae ေကာင္းေကာင္းသြားပါ CEO Jisoo shii "

Jisoo Gym အခန္းကေန ၿပဳံးၿပီးထြက္လာခဲ့သည္

အျပင္မသြားခင္ သူမ ပန္းေလးကို တစ္ခ်က္ဝင္ၾကည့္သြားရမယ္ဆိုတဲ့ အေတြးနဲ႕ Gymဘက္ကို Jisoo ေရာက္လာခဲ့ျခင္း ျဖစ္သည္

"ယုံၾကည္မယ္ေနာ္ Han အေကာင္းဆုံး debut Song ျဖစ္ေအာင္ ေရးေပးပါ"

"စိတ္ခ်ပါ CEOကလည္း က်ေနာ္အေကာင္းဆုံး ျဖစ္ေအာင္ေရးေပးပါမယ္ "

"Ok ႀကိဳးစားေပးအုံး Bro "

Roseanne အတြက္ သီခ်င္းအေကာင္းဆုံးရဖို႔ သူ႕ entertainment က သီခ်င္းေရးဆရာဆီ Jisoo ေသခ်ာသြားမွာေနျခင္း ျဖစ္သည္

"သတင္းေထာက္ေတြေရာ ဖိတ္ထားၿပီးၿပီလား "

"ဟုတ္ ဖိတ္ထားၿပီးပါၿပီ CEO "

"Outfitကိုလည္း အလွဆုံးဆင္ေပးဖို႔ Stylelistကို ေျပာထားေပး makeupကိုလည္း သိပ္မထူဖို႔ "

"ဟုတ္ CEO "

"မွာထားတာေတြ တစ္ခုမွမလြဲေစနဲ႕ေနာ္ "

"ဟုတ္ကဲ့ "

"ဒါဆို သြားလို႔ရၿပီ "

Jisoo သူ႕အတြင္းေရးမႉးကို မွာစရာရွိတာေတြ အေသးစိတ္မွာေနသည္

အတြင္းေရးမႉးထြက္သြားေတာ့ Jisoo ေရပုလင္းကို ေဖာက္ေသာက္လိုက္သည္

"ဟူး ဘာလို႔ ငါက အရမ္းစိတ္လႈပ္ရွားေနတာလည္း မသိရင္ ငါက debutမယ့္သူက်ေနတာဘဲ "
"နာမည္ႀကီး KJ Entertainment မွ မိန္းကေလး solo artistကို debutလုပ္ဖို႔ စီစဥ္ထားပါတယ္ ထပ္ၿပီး ဘယ္လိုအႏုပညာရွင္ေကာင္းတစ္ေယာက္ကို ေမြးထုတ္ေပးမလည္းဆိုတာ ရင္ခုန္စြာနဲ႕ ေစာင့္ၾကည့္ရေအာင္ဗ်ာ "

Roseanne Entertainment က ျပန္လာတဲ့လမ္းတြင္ မီးပြိုင့္မိေနလို႔ ကားရပ္ထားစဥ္ တစ္ဖက္ အေဆာက္အဦးက adsကို ၾကည့္ၿပီး စိတ္လႈပ္ရွားေနမိသည္

ေနာက္ႏွစ္ပတ္ဆို debut လုပ္ရေတာ့မယ္လို႔ Jisooက သူမကို ေျပာထားတယ္ေလ

Online အဆိုေတာ္ကေန လူသိရွင္ၾကား debutရေတာ့မွာမို႔ Roseanne ေတာ္ေတာ္ေလး စိတ္လႈပ္ရွားရင္ခုန္ေနမိသည္

အေဆာက္အဦးက Adsကို ၾကည့္ရင္း သူမေဘးနားရပ္လာတဲ့ ကားတစ္စီးေၾကာင့္ Roseanne ႐ုတ္တရက္ ေခါင္းငုံ႕ခ်လိဳက္သည္

Roseanne ေဘးက မန္ေနဂ်ာ Hyeriမွာ Roseanneရဲ႕ အျပဳအမူေၾကာင့္ ထူးဆန္းေနသည္

"Roseanne ဘာျဖစ္တာလည္း "

"ဟို... အာ ညီမ လက္စြပ္ေလး ျပဳတ္က်သြားလို႔ ငုံ႕ေကာက္တာပါ "

Hyeri မသိေအာင္ Roseanne သူမ လက္က လက္စြပ္ကို ခြၽတ္လိုက္သည္

"ဒီမွာ ဟီးဟီး "

Roseanne လက္စြပ္ကို Hyeri ျပၿပီး ေကာက္စြပ္လိုက္သည္

တကယ္ေတာ့ Roseanne သူမတို႔ကားေဘး လာရပ္တဲ့ ကားထဲ Jennieကို ျမင္လို႔ အျမန္ပုန္းလိုက္ျခင္း ျဖစ္သည္

ေနာက္မွ ကားမွန္က အထဲကိုမျမင္ရမွန္း Roseanne သတိရၿပီး တစ္ဖက္က Jennieကို Roseanne ေငးၾကည့္ေနမိသည္

သူမ အခုလို debutေတာ့မယ္ဆိုတာ Jennie သိရင္ ေပ်ာ္ေနမလား....သူမ အခုလိုေနရာေရာက္လာခဲ့တာကလည္း Jennie ေက်းဇူးပါသည္

စိတ္ဓာတ္က်ေနတဲ့အခ်ိန္ အတိုက္အခိုက္ခံေနရခ်ိန္မွာ Jennieက ေရွ႕က ကာကြယ္အားေပးခဲ့လို႔ Roseanne ေရွ႕ဆက္ေလွ်ာက္နိုင္ခဲ့ျခင္း ျဖစ္သည္

"သူ႕ကိုၾကည့္ရတာ ပိန္သြားတာဘဲ....ထမင္းပုံမွန္လည္းမစားဘူးလားမသိဘူး ပါးေဖာင္းေဖာင္းေလးကို မရွိေတာ့ဘူး "

Jennieကို ၾကည့္ရင္း Roseanne စိတ္ထဲကေနေျပာေနမိသည္

တစ္ဖက္က Jennieကလည္း Roseanne ကားေပၚက ၾကည့္ေနတာကို သတိမထားမိ

ဖုန္းထဲက Roseanne ဆိုထားတဲ့ cover songေလးကို အာ႐ုံစိုက္နားေထာင္ေနသည္

မီးပြိုင့္မီးစိမ္းတဲ့အခါမွာေတာ့ ႏွစ္ေယာက္စလုံးဟာ ဆန့္က်င့္ဘက္သို႔ ေက်ာခိုင္းေမာင္းထြက္သြားၾကသည္။

Roseanne အိမ္ကို ျပန္ေရာက္ေတာ့ ေရခ်ိဳးညစာစားၿပီး ကုတင္ေပၚတြင္ လွဲအိပ္ေနသည္

Jennieကို ညေနက ေတြ႕လိုက္ရလို႔ Roseanne ရင္ထဲမွာ ဝမ္းနည္းေနသလို ငိုခ်င္သလိုလိုနဲ႕ ခံစားခ်က္ေတြက ေရာေထြးေနသည္

Roseanne အိပ္ရာက ခ်က္ခ်င္းထၿပီး ဂစ္တာကို ေကာက္ကိုင္လိုက္သည္

I thought that you'd remember,
but it seems that you forgot
Its hard for me to blame you
when you were already lost

Roseanne သူမ ေခါင္းထဲေပၚလာတဲ့ စာသားတစ္ခ်ိဳ႕ကို စာအုပ္ထဲတြင္ ဂစ္တာႏုတ္ေတြနဲ႕အတူ ခ်ေရးလိုက္သည္

"Roseanne မနက္ျဖန္ debut photoshoot ရွိတယ္ေနာ္ မ်က္ကြင္းမညိုေအာင္ ေစာေစာအိပ္အုံး "

"Nae Unnie "

Roseanneမွာ မနက္ျဖန္ ေစာေစာထဖို႔အတြက္ စာအုပ္ကို ပိတ္လိုက္ၿပီး ေရလက္ေဆးကာ အိပ္လိုက္သည္

"Roseanne သတင္း ဘာၾကားရလည္း "

Jennieမွာ Roseanne သြားေနၾက စတူဒီယိုဆီသြားေမးေသာ္လည္း သြားေစာင့္ေသာ္လည္း Roseanneနဲ႕ ပတ္သက္တဲ့ သတင္းအစအနေလးေတာင္မရေပ

"သူ႕ကို ဆက္သြယ္လို႔မရဘူး ၿပီးေတာ့ Social media ေတြပါ အကုန္ဖ်က္ထားတယ္ "

"က်စ္...."

Jennie စုပ္သတ္ၿပီး စတူဒီယိုထဲက ထြက္လာသည္

"ဘယ္ဆီကို ေရာက္ေနလည္း Roseanne. ...."

Jennie တစ္ဖက္က ကားလမ္းမကို ျဖတ္ကူးရင္း ေအာ္ဟစ္လိုက္သည္

"မင္းလိုက္ရွာေနတဲ့ Roseanneက ငါ့ဆီမွာ...."

Jisoo ကားစီယာတိုင္ကို တင္းတင္းကိုင္ထားရင္း Jennie ကို ၾကည့္ၿပီး ေျပာလိုက္တာကို Jennie ကေတာ့ မသိေပ။

#Tbc

#unicode

"Debut နားနီးနေပြီဆိုတော့ စိတ်လှုပ်ရှားနေပြီလား "

Roseanne companyရဲ့ Gymတွင် လေ့ကျင့်ခန်းလုပ်နေတုံး Jisoo ရောက်လာသည်

"ဟုတ် Annyeonghasayo CEO Gym လာဆော့တာလား "

"မဟုတ်ဘူး မင်းကို လာကြည့်တာ "

Jisooရဲ့ စကားကြောင့် Roseanne ဘာပြောရမှန်းမသိ ဖြစ်သွားသည်

"ရော့ ရေဘူး မောနေမှာပေါ့ သောက်လိုက်အုံး "

Jisoo ရေဘူးကို ဖောက်ပေးပြီး Roseanneကို ပေးလိုက်သည်

"ကျေးဇူးတင်ပါတယ်CEO "

"ဟေး လူတွေမရှိတဲ့အချိန် ငါ့ကို နာမည်ခေါ်လို့ရတယ်လို့ မပြောဖူးဘူးလား "

"ဟို Entertainment မှာမို့လို့ "

"ဒီမှာ မင်းကလွဲ ဘယ်သူမှမရှိပါဘူး Jisooလို့ဘဲ တစ်ခါလောက်ခေါ်ကြည့်....မြန်မြန်လေး ငါ သွားစရာရှိသေးတယ် "

"ဟုတ် Jisoo "

"လိမ်မာတယ် ဒါဆို ငါ ကိစ္စရှိသေးလို့ သွားပြီနော်"

Roseanneရဲ့ ခေါင်းလေးကို ပွတ်ပြီး Jisoo ပြောကာထွက်သွားသည်

"Nae ကောင်းကောင်းသွားပါ CEO Jisoo shii "

Jisoo Gym အခန်းကနေ ပြုံးပြီးထွက်လာခဲ့သည်

အပြင်မသွားခင် သူမ ပန်းလေးကို တစ်ချက်ဝင်ကြည့်သွားရမယ်ဆိုတဲ့ အတွေးနဲ့ Gymဘက်ကို Jisoo ရောက်လာခဲ့ခြင်း ဖြစ်သည်

"ယုံကြည်မယ်နော် Han အကောင်းဆုံး debut Song ဖြစ်အောင် ရေးပေးပါ"

"စိတ်ချပါ CEOကလည်း ကျနော်အကောင်းဆုံး ဖြစ်အောင်ရေးပေးပါမယ် "

"Ok ကြိုးစားပေးအုံး Bro "

Roseanne အတွက် သီချင်းအကောင်းဆုံးရဖို့ သူ့ entertainment က သီချင်းရေးဆရာဆီ Jisoo သေချာသွားမှာနေခြင်း ဖြစ်သည်

"သတင်းထောက်တွေရော ဖိတ်ထားပြီးပြီလား "

"ဟုတ် ဖိတ်ထားပြီးပါပြီ CEO "

"Outfitကိုလည်း အလှဆုံးဆင်ပေးဖို့ Stylelistကို ပြောထားပေး makeupကိုလည်း သိပ်မထူဖို့ "

"ဟုတ် CEO "

"မှာထားတာတွေ တစ်ခုမှမလွဲစေနဲ့နော် "

"ဟုတ်ကဲ့ "

"ဒါဆို သွားလို့ရပြီ "

Jisoo သူ့အတွင်းရေးမှူးကို မှာစရာရှိတာတွေ အသေးစိတ်မှာနေသည်

အတွင်းရေးမှူးထွက်သွားတော့ Jisoo ရေပုလင်းကို ဖောက်သောက်လိုက်သည်

"ဟူး ဘာလို့ ငါက အရမ်းစိတ်လှုပ်ရှားနေတာလည်း မသိရင် ငါက debutမယ့်သူကျနေတာဘဲ "
"နာမည်ကြီး KJ Entertainment မှ မိန်းကလေး solo artistကို debutလုပ်ဖို့ စီစဥ်ထားပါတယ် ထပ်ပြီး ဘယ်လိုအနုပညာရှင်ကောင်းတစ်ယောက်ကို မွေးထုတ်ပေးမလည်းဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရအောင်ဗျာ "

Roseanne Entertainment က ပြန်လာတဲ့လမ်းတွင် မီးပွိုင့်မိနေလို့ ကားရပ်ထားစဥ် တစ်ဖက် အဆောက်အဦးက adsကို ကြည့်ပြီး စိတ်လှုပ်ရှားနေမိသည်

နောက်နှစ်ပတ်ဆို debut လုပ်ရတော့မယ်လို့ Jisooက သူမကို ပြောထားတယ်လေ

Online အဆိုတော်ကနေ လူသိရှင်ကြား debutရတော့မှာမို့ Roseanne တော်တော်လေး စိတ်လှုပ်ရှားရင်ခုန်နေမိသည်

အဆောက်အဦးက Adsကို ကြည့်ရင်း သူမဘေးနားရပ်လာတဲ့ ကားတစ်စီးကြောင့် Roseanne ရုတ်တရက် ခေါင်းငုံ့ချလိုက်သည်

Roseanne ဘေးက မန်နေဂျာ Hyeriမှာ Roseanneရဲ့ အပြုအမူကြောင့် ထူးဆန်းနေသည်

"Roseanne ဘာဖြစ်တာလည်း "

"ဟို... အာ ညီမ လက်စွပ်လေး ပြုတ်ကျသွားလို့ ငုံ့ကောက်တာပါ "

Hyeri မသိအောင် Roseanne သူမ လက်က လက်စွပ်ကို ချွတ်လိုက်သည်

"ဒီမှာ ဟီးဟီး "

Roseanne လက်စွပ်ကို Hyeri ပြပြီး ကောက်စွပ်လိုက်သည်

တကယ်တော့ Roseanne သူမတို့ကားဘေး လာရပ်တဲ့ ကားထဲ Jennieကို မြင်လို့ အမြန်ပုန်းလိုက်ခြင်း ဖြစ်သည်

နောက်မှ ကားမှန်က အထဲကိုမမြင်ရမှန်း Roseanne သတိရပြီး တစ်ဖက်က Jennieကို Roseanne ငေးကြည့်နေမိသည်

သူမ အခုလို debutတော့မယ်ဆိုတာ Jennie သိရင် ပျော်နေမလား....သူမ အခုလိုနေရာရောက်လာခဲ့တာကလည်း Jennie ကျေးဇူးပါသည်

စိတ်ဓာတ်ကျနေတဲ့အချိန် အတိုက်အခိုက်ခံနေရချိန်မှာ Jennieက ရှေ့က ကာကွယ်အားပေးခဲ့လို့ Roseanne ရှေ့ဆက်လျှောက်နိုင်ခဲ့ခြင်း ဖြစ်သည်

"သူ့ကိုကြည့်ရတာ ပိန်သွားတာဘဲ....ထမင်းပုံမှန်လည်းမစားဘူးလားမသိဘူး ပါးဖောင်းဖောင်းလေးကို မရှိတော့ဘူး "

Jennieကို ကြည့်ရင်း Roseanne စိတ်ထဲကနေပြောနေမိသည်

တစ်ဖက်က Jennieကလည်း Roseanne ကားပေါ်က ကြည့်နေတာကို သတိမထားမိ

ဖုန်းထဲက Roseanne ဆိုထားတဲ့ cover songလေးကို အာရုံစိုက်နားထောင်နေသည်

မီးပွိုင့်မီးစိမ်းတဲ့အခါမှာတော့ နှစ်ယောက်စလုံးဟာ ဆန့်ကျင့်ဘက်သို့ ကျောခိုင်းမောင်းထွက်သွားကြသည်။

Roseanne အိမ်ကို ပြန်ရောက်တော့ ရေချိုးညစာစားပြီး ကုတင်ပေါ်တွင် လှဲအိပ်နေသည်

Jennieကို ညနေက တွေ့လိုက်ရလို့ Roseanne ရင်ထဲမှာ ဝမ်းနည်းနေသလို ငိုချင်သလိုလိုနဲ့ ခံစားချက်တွေက ရောထွေးနေသည်

Roseanne အိပ်ရာက ချက်ချင်းထပြီး ဂစ်တာကို ကောက်ကိုင်လိုက်သည်

I thought that you'd remember,
but it seems that you forgot
Its hard for me to blame you
when you were already lost

Roseanne သူမ ခေါင်းထဲပေါ်လာတဲ့ စာသားတစ်ချို့ကို စာအုပ်ထဲတွင် ဂစ်တာနုတ်တွေနဲ့အတူ ချရေးလိုက်သည်

"Roseanne မနက်ဖြန် debut photoshoot ရှိတယ်နော် မျက်ကွင်းမညိုအောင် စောစောအိပ်အုံး "

"Nae Unnie "

Roseanneမှာ မနက်ဖြန် စောစောထဖို့အတွက် စာအုပ်ကို ပိတ်လိုက်ပြီး ရေလက်ဆေးကာ အိပ်လိုက်သည်

"Roseanne သတင်း ဘာကြားရလည်း "

Jennieမှာ Roseanne သွားနေကြ စတူဒီယိုဆီသွားမေးသော်လည်း သွားစောင့်သော်လည်း Roseanneနဲ့ ပတ်သက်တဲ့ သတင်းအစအနလေးတောင်မရပေ

"သူ့ကို ဆက်သွယ်လို့မရဘူး ပြီးတော့ Social media တွေပါ အကုန်ဖျက်ထားတယ် "

"ကျစ်...."

Jennie စုပ်သတ်ပြီး စတူဒီယိုထဲက ထွက်လာသည်

"ဘယ်ဆီကို ရောက်နေလည်း Roseanne. ...."

Jennie တစ်ဖက်​က ကားလမ်းမကို ဖြတ်ကူးရင်း အော်ဟစ်လိုက်သည်

"မင်းလိုက်ရှာနေတဲ့ Roseanneက ငါ့ဆီမှာ...."

Jisoo ကားစီယာတိုင်ကို တင်းတင်းကိုင်ထားရင်း Jennie ကို ကြည့်ပြီး ပြောလိုက်တာကို Jennie ကတော့ မသိပေ။

#Tbc

Bạn đang đọc truyện trên: Truyen3h.Co