Part 9
#zawgyi
"Jen နင္ ဘယ္လိုလုပ္လိုက္တာလည္းကြာ CEOကို အားနာစရာႀကီး "
"ဘာကို အားနာရမွာလည္း Roseanne နင္နဲ႕သူက ဘာေတြလည္း "
"CEO လို႔ ငါေျပာေနတယ္ေလဟာ နင့္ကိုလည္း ဖုန္းဆက္သားဘဲ မကိုင္ဘဲနဲ႕ ငါပို႔တဲ့ messageေတြေရာ မဖတ္ဘူးလား အဲ့မွာ ငါကအကုန္ရွင္းျပထား ေျပာျပထားတယ္ေလ "
"အဟက္ CEOကလည္း နင့္လို အခုမွစာခ်ဴပ္ခ်ဳပ္တဲ့ trainee မိန္းကေလးကိုလည္း အိမ္တိုင္ရာေရာက္ လိုက္ပို႔ေပးတာဘဲလား မိုက္လိုက္တာ သူ႕ Entertainment က လူေတြကို ေတာ္ေတာ္ဂ႐ုစိုက္တယ္ေနာ္.... "
"နင္ေျပာတဲ့စကားႀကီးက ဘယ္လိုႀကီးလည္း "
"နင္နားလည္ခ်င္သလို နားလည္လို႔ရတယ္ Roseanne "
"ဘာ နင္ နင္ထပ္ၿပီး ငါ့ကို စြပ္စြဲေနတာဘဲ "
"ငါေျပာတဲ့စကားထဲ စြပ္စြဲတာ ဘာပါလည္း နင္ကသာ မွန္ေနလို႔နာ ...."
ျဖန္း
Jennieရဲ႕ စကားေတြက တျဖည္းျဖည္း လြန္လာလို႔ Roseanne သည္းမခံနိုင္ေတာ့ဘဲ Jennie ကို ရိုက္ခ်လိဳက္မိသည္
"ေတာ္လိုက္ေတာ့ နင္ထက္မလြန္လာနဲ႕ ... ငါတို႔ ဒီေလာက္နဲ႕ ရပ္လိုက္သင့္ၿပီ Jennie. ...နင္လည္း ငါ့ကိုမယုံသလို ငါလည္း နင့္သံသယေတြၾကား ေနထိုင္ေနရတာ လုံးဝအဆင္မေျပေတာ့ဘူး.....ငါ ငါေလ ဟို studioမွာရွိေနရင္ နင္သဝန္တိုေနရမွာ နင္မယုံမၾကည္ျဖစ္မွာဆိုးလို႔ ဒီ Entertainment က အဆင္ေျပမလားဆိုၿပီး Joinလိုက္ေတာ့လည္း နင္က CEOနဲ႕ထပ္ စြပ္စြဲျပန္တယ္ ငါ ဘာလုပ္ရမလည္းေျပာပါအုံး Jennie. ...ငါ ဘာမွမလုပ္ဘဲ သံသယဝင္ခံစြပ္စြဲခံရတာေလာက္ စိတ္ပင္ပန္းတာမရွိဘူး နင္လည္း ငါ့ကိုမယုံၾကည္ ငါလည္း အဆင္မေျပ ႏွစ္ေယာက္လုံးၾကာလာေလေလ ပင္ပန္းလာေလေလဘဲ ျဖစ္လိမ့္မယ္ ဒါေၾကာင့္မို႔ ငါတို႔ လမ္းခြဲရေအာင္.... "
"Roseanne ငါ.... "
ခါတိုင္းဆို သူမဘက္က ဘယ္ေလာက္ျပႆနာရွာရွာ အေလ်ာ့ေပးခဲ့တဲ့ Roseanne တစ္ေယာက္ ယခုေတာ့ အရင္ဆုံး လမ္းခြဲစကားစေျပာေသာေၾကာင့္ Jennie ေတာ္ေတာ္လန့္သြားတယ္
"ဘာမွဆက္မေျပာပါနဲ႕ေတာ့ ငါမၾကားခ်င္ေတာ့ဘူး ထပ္ၿပီး ငါ့ကို မဆက္သြယ္ပါနဲ႕ေတာ့ ငါလည္းမဆက္သြယ္ေတာ့ဘူးမို႔လို႔ ဒီေလာက္နဲ႕ဘဲ ျပန္လိုက္ပါေတာ့ ေအာ္ ၿပီးေတာ့ လည္ပင္းက အနီေရာင္အကြက္ေလး ဖုံးၿပီးမွ အျပင္ထြက္ေနာ္ သူမ်ားေျပာစရာျဖစ္ေနမယ္ Jennie ေနာက္ထပ္မေတြ႕ရဖို႔ ေမွ်ာ္လင့္ပါတယ္ "
Jennieကို ေျပာၿပီး Roseanne သူမ တိုက္ခန္းထဲဝင္ကာ တံခါးကိုေလာ့ခ်ပစ္လိုက္ၿပီး ထိုင္ငိုခ်လိဳက္သည္
သူမကေတာ့ Jennie ဘက္ေတြးေပးေနခဲ့ရတာ မေန႕ကတစ္ခ်ိန္လုံး စာေတြပို႔ေနခဲ့ေပမယ့္ Jennieကေတာ့ တစ္ျခားတစ္ေယာက္နဲ႕အတူရွိေနတယ္တဲ့လား
Jennieရဲ႕ လည္ပင္းက အနီကြက္ကို ျမင္ခါစက Roseanne ငိုခ်ခ်င္လိုက္ေပမယ့္လည္း ငိုခ်င္စိတ္ကို ထိန္းထားရသည္
ယခုေတာ့ တံခါးကိုမွီရင္း Roseanne တစ္ေယာက္ အေသငိုေလသည္
သူမ ခ်စ္ရတဲ့သူက သူမကို မယုံၾကည္တဲ့အျပင္ ေနာက္တစ္ေယာက္နဲ႕ပါ ေဖာက္ျပန္ေနတာ ေတြ႕ရေတာ့ အသက္ရႈရပ္မတတ္ခံစားရသည္
Jisoo ကားေမာင္းေနရင္း မီးပြိုင့္မိေနစဥ္ Roseanneရဲ႕အေၾကာင္းေတြးေနမိသည္
"ကားေပၚကေန Roseanneကို ဆြဲခ်သြားတဲ့ တစ္ေယာက္က Roseanneရဲ႕ ခ်စ္သူ ျဖစ္ရမယ္....ဘာျဖစ္ေနေန အခု Roseanneက ငါ့လက္ေအာက္ထဲေရာက္လာေတာ့မွာဘဲ ...စိတ္ပူစရာမရွိပါဘူး....တျဖည္းျဖည္းခ်င္း သူ႕ကို သိမ္းသြင္းရမယ္ "
Jisoo ေရ႐ြတ္ၿပီး ၿပဳံးလိုက္သည္
"ျပန္လာၿပီလား Honey "
အိမ္ထဲဝင္လာတဲ့ Jennieကို Chaehee ဖက္လိုက္ေတာ့ Jennie က်စ္ခနဲအသံထြက္လာၿပီး Chaeheeကို တြန္းထုတ္လိုက္သည္
"နင္ ျပန္ေတာ့ Chaehee "
"Jennie. .."
"နင္ ျပန္ေတာ့လို႔ ငါေျပာေနတယ္ေလ ေသာက္နားကန္းေနတာလား ထြက္သြား "
Chaeheeကို အိမ္ထဲကေန ဆြဲထုတ္ၿပီး Jennie တံခါးကို ေဆာင့္ပိတ္လိုက္သည္
အိမ္ထဲက ပန္းအိုးေတြ ပစၥည္းေတြကို လႊင့္ပစ္ၿပီး Jennie ေအာ္ဟစ္ေနမိသည္
သူမရဲ႕ သဝန္တိုစိတ္နဲ႕ အတၱေတြေၾကာင့္ Roseanne နဲ႕ သူမကို ေဝးေစခဲ့သည္
ေနာက္တစ္ပတ္က် Jisoo ေပးတဲ့အေဆာင္မွာ ေနရမွာမို႔ Roseanne တစ္ေယာက္ သိမ္းဆည္းစရာရွိတဲ့ ပစၥည္းေတြကို သိမ္းဆည္းေနသည္
Message ေတြဝင္လာေပမယ့္ Roseanne ဝင္မဖတ္ျဖစ္ Jennie ပို႔တဲ့စာေတြမွန္းသိလို႔ Roseanne တမင္ပစ္ထားျခင္း ျဖစ္သည္
Jennieနဲ႕ ျပတ္ၿပီး ႏွစ္ရက္ေျမာက္မွာ Jennie တစ္ေယာက္ Roseanneကို လာေတာင္းပန္သည္
Roseanneက ထြက္မေတြ႕ဘဲ ေရွာင္ေနခဲ့သည္
ယခုလည္း စာေတြဆက္တိုက္ပို႔ေနတာကို Roseanne မဖတ္မိေအာင္ ေနၿပီး အေဆာင္ေျပာင္းဖို႔အတြက္ အာ႐ုံစိုက္ေနသည္
ဝုန္း!
ေသာက္လိုက္စ ဆိုဂ်ဴပုလင္း ကုန္သြားတဲ့အခါမွာေတာ့ Jennie သူမေရွ႕က စားပြဲခုံကို တြန္းလွန္ပစ္လိုက္သည္
သံသယစိတ္ေတြ တစ္ကိုယ္ေကာင္းဆန္ၿပီး သံလ်က္ကိုေရထင္ကာ တစ္ျခားသူနဲ႕ေပ်ာ္ေမြ႕ခဲ့တဲ့ အမွားေတြေၾကာင့္ သူမခ်စ္ရတဲ့ မိန္းကေလးက သူမကို ထားသြားခဲ့ၿပီး ထြက္ေတာင္မေတြ႕ေတာ့ေပ....
သက္ျပင္းေတြ အႀကိမ္ႀကိမ္ခ်မိၿပီး Roseanneကို ဘယ္လိုေတာင္းပန္ရမလည္းဆိုတာ Jennie ေတြးေနမိသည္
"အားကိုးပါတယ္ Hyeri. ...Roseanneကို ေသခ်ာ ဂ႐ုစိုက္ေပးပါ ၿပီးေတာ့ မ်က္စိေအာက္က အေပ်ာက္မခံဘဲ သူ႕တစ္ေန႕တာအားလုံး တို႔ကိုအစီအရင္ခံေပးပါ "
"ဟုတ္ကဲ့ CEO ေျပာသလို ျဖစ္ေစရပါမယ္ "
"ေကာင္းၿပီ ဒါဆို ႀကိဳးစားေပးပါအုံး "
"ဟုတ္ကဲ့ CEO "
႐ုံးခန္းထဲက ထြက္သြားတဲ့ Roseanneရဲ႕ မန္ေနဂ်ာျဖစ္လာမယ့္ Hyeriကို ၾကည့္ရင္း Jisoo စိတ္ထဲေက်နပ္ေနမိသည္
"ပန္းေလးကို လွလွပပေလးပြင့္လန္းလာေအာင္ အစြမ္းကုန္ပ်ိဳးေထာင္ေပးမယ့္ ဥယ်ာဥ္မႈးေလးအျဖစ္ တို႔ ႀကိဳးစားပါမယ္....... "
Laptopထဲက Roseanneပုံေလးကို ၾကည့္ၿပီး Jisoo ေျပာလိုက္သည္
#tbc
#Unicode
"Jen နင် ဘယ်လိုလုပ်လိုက်တာလည်းကွာ CEOကို အားနာစရာကြီး "
"ဘာကို အားနာရမှာလည်း Roseanne နင်နဲ့သူက ဘာတွေလည်း "
"CEO လို့ ငါပြောနေတယ်လေဟာ နင့်ကိုလည်း ဖုန်းဆက်သားဘဲ မကိုင်ဘဲနဲ့ ငါပို့တဲ့ messageတွေရော မဖတ်ဘူးလား အဲ့မှာ ငါကအကုန်ရှင်းပြထား ပြောပြထားတယ်လေ "
"အဟက် CEOကလည်း နင့်လို အခုမှစာချူပ်ချုပ်တဲ့ trainee မိန်းကလေးကိုလည်း အိမ်တိုင်ရာရောက် လိုက်ပို့ပေးတာဘဲလား မိုက်လိုက်တာ သူ့ Entertainment က လူတွေကို တော်တော်ဂရုစိုက်တယ်နော်.... "
"နင်ပြောတဲ့စကားကြီးက ဘယ်လိုကြီးလည်း "
"နင်နားလည်ချင်သလို နားလည်လို့ရတယ် Roseanne "
"ဘာ နင် နင်ထပ်ပြီး ငါ့ကို စွပ်စွဲနေတာဘဲ "
"ငါပြောတဲ့စကားထဲ စွပ်စွဲတာ ဘာပါလည်း နင်ကသာ မှန်နေလို့နာ ...."
ဖြန်း
Jennieရဲ့ စကားတွေက တဖြည်းဖြည်း လွန်လာလို့ Roseanne သည်းမခံနိုင်တော့ဘဲ Jennie ကို ရိုက်ချလိုက်မိသည်
"တော်လိုက်တော့ နင်ထက်မလွန်လာနဲ့ ... ငါတို့ ဒီလောက်နဲ့ ရပ်လိုက်သင့်ပြီ Jennie. ...နင်လည်း ငါ့ကိုမယုံသလို ငါလည်း နင့်သံသယတွေကြား နေထိုင်နေရတာ လုံးဝအဆင်မပြေတော့ဘူး.....ငါ ငါလေ ဟို studioမှာရှိနေရင် နင်သဝန်တိုနေရမှာ နင်မယုံမကြည်ဖြစ်မှာဆိုးလို့ ဒီ Entertainment က အဆင်ပြေမလားဆိုပြီး Joinလိုက်တော့လည်း နင်က CEOနဲ့ထပ် စွပ်စွဲပြန်တယ် ငါ ဘာလုပ်ရမလည်းပြောပါအုံး Jennie. ...ငါ ဘာမှမလုပ်ဘဲ သံသယဝင်ခံစွပ်စွဲခံရတာလောက် စိတ်ပင်ပန်းတာမရှိဘူး နင်လည်း ငါ့ကိုမယုံကြည် ငါလည်း အဆင်မပြေ နှစ်ယောက်လုံးကြာလာလေလေ ပင်ပန်းလာလေလေဘဲ ဖြစ်လိမ့်မယ် ဒါကြောင့်မို့ ငါတို့ လမ်းခွဲရအောင်.... "
"Roseanne ငါ.... "
ခါတိုင်းဆို သူမဘက်က ဘယ်လောက်ပြဿနာရှာရှာ အလျော့ပေးခဲ့တဲ့ Roseanne တစ်ယောက် ယခုတော့ အရင်ဆုံး လမ်းခွဲစကားစပြောသောကြောင့် Jennie တော်တော်လန့်သွားတယ်
"ဘာမှဆက်မပြောပါနဲ့တော့ ငါမကြားချင်တော့ဘူး ထပ်ပြီး ငါ့ကို မဆက်သွယ်ပါနဲ့တော့ ငါလည်းမဆက်သွယ်တော့ဘူးမို့လို့ ဒီလောက်နဲ့ဘဲ ပြန်လိုက်ပါတော့ အော် ပြီးတော့ လည်ပင်းက အနီရောင်အကွက်လေး ဖုံးပြီးမှ အပြင်ထွက်နော် သူများပြောစရာဖြစ်နေမယ် Jennie နောက်ထပ်မတွေ့ရဖို့ မျှော်လင့်ပါတယ် "
Jennieကို ပြောပြီး Roseanne သူမ တိုက်ခန်းထဲဝင်ကာ တံခါးကိုလော့ချပစ်လိုက်ပြီး ထိုင်ငိုချလိုက်သည်
သူမကတော့ Jennie ဘက်တွေးပေးနေခဲ့ရတာ မနေ့ကတစ်ချိန်လုံး စာတွေပို့နေခဲ့ပေမယ့် Jennieကတော့ တစ်ခြားတစ်ယောက်နဲ့အတူရှိနေတယ်တဲ့လား
Jennieရဲ့ လည်ပင်းက အနီကွက်ကို မြင်ခါစက Roseanne ငိုချချင်လိုက်ပေမယ့်လည်း ငိုချင်စိတ်ကို ထိန်းထားရသည်
ယခုတော့ တံခါးကိုမှီရင်း Roseanne တစ်ယောက် အသေငိုလေသည်
သူမ ချစ်ရတဲ့သူက သူမကို မယုံကြည်တဲ့အပြင် နောက်တစ်ယောက်နဲ့ပါ ဖောက်ပြန်နေတာ တွေ့ရတော့ အသက်ရှုရပ်မတတ်ခံစားရသည်
Jisoo ကားမောင်းနေရင်း မီးပွိုင့်မိနေစဥ် Roseanneရဲ့အကြောင်းတွေးနေမိသည်
"ကားပေါ်ကနေ Roseanneကို ဆွဲချသွားတဲ့ တစ်ယောက်က Roseanneရဲ့ ချစ်သူ ဖြစ်ရမယ်....ဘာဖြစ်နေနေ အခု Roseanneက ငါ့လက်အောက်ထဲရောက်လာတော့မှာဘဲ ...စိတ်ပူစရာမရှိပါဘူး....တဖြည်းဖြည်းချင်း သူ့ကို သိမ်းသွင်းရမယ် "
Jisoo ရေရွတ်ပြီး ပြုံးလိုက်သည်
"ပြန်လာပြီလား Honey "
အိမ်ထဲဝင်လာတဲ့ Jennieကို Chaehee ဖက်လိုက်တော့ Jennie ကျစ်ခနဲအသံထွက်လာပြီး Chaeheeကို တွန်းထုတ်လိုက်သည်
"နင် ပြန်တော့ Chaehee "
"Jennie. .."
"နင် ပြန်တော့လို့ ငါပြောနေတယ်လေ သောက်နားကန်းနေတာလား ထွက်သွား "
Chaeheeကို အိမ်ထဲကနေ ဆွဲထုတ်ပြီး Jennie တံခါးကို ဆောင့်ပိတ်လိုက်သည်
အိမ်ထဲက ပန်းအိုးတွေ ပစ္စည်းတွေကို လွှင့်ပစ်ပြီး Jennie အော်ဟစ်နေမိသည်
သူမရဲ့ သဝန်တိုစိတ်နဲ့ အတ္တတွေကြောင့် Roseanne နဲ့ သူမကို ဝေးစေခဲ့သည်
နောက်တစ်ပတ်ကျ Jisoo ပေးတဲ့အဆောင်မှာ နေရမှာမို့ Roseanne တစ်ယောက် သိမ်းဆည်းစရာရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းနေသည်
Message တွေဝင်လာပေမယ့် Roseanne ဝင်မဖတ်ဖြစ် Jennie ပို့တဲ့စာတွေမှန်းသိလို့ Roseanne တမင်ပစ်ထားခြင်း ဖြစ်သည်
Jennieနဲ့ ပြတ်ပြီး နှစ်ရက်မြောက်မှာ Jennie တစ်ယောက် Roseanneကို လာတောင်းပန်သည်
Roseanneက ထွက်မတွေ့ဘဲ ရှောင်နေခဲ့သည်
ယခုလည်း စာတွေဆက်တိုက်ပို့နေတာကို Roseanne မဖတ်မိအောင် နေပြီး အဆောင်ပြောင်းဖို့အတွက် အာရုံစိုက်နေသည်
ဝုန်း!
သောက်လိုက်စ ဆိုဂျူပုလင်း ကုန်သွားတဲ့အခါမှာတော့ Jennie သူမရှေ့က စားပွဲခုံကို တွန်းလှန်ပစ်လိုက်သည်
သံသယစိတ်တွေ တစ်ကိုယ်ကောင်းဆန်ပြီး သံလျက်ကိုရေထင်ကာ တစ်ခြားသူနဲ့ပျော်မွေ့ခဲ့တဲ့ အမှားတွေကြောင့် သူမချစ်ရတဲ့ မိန်းကလေးက သူမကို ထားသွားခဲ့ပြီး ထွက်တောင်မတွေ့တော့ပေ....
သက်ပြင်းတွေ အကြိမ်ကြိမ်ချမိပြီး Roseanneကို ဘယ်လိုတောင်းပန်ရမလည်းဆိုတာ Jennie တွေးနေမိသည်
"အားကိုးပါတယ် Hyeri. ...Roseanneကို သေချာ ဂရုစိုက်ပေးပါ ပြီးတော့ မျက်စိအောက်က အပျောက်မခံဘဲ သူ့တစ်နေ့တာအားလုံး တို့ကိုအစီအရင်ခံပေးပါ "
"ဟုတ်ကဲ့ CEO ပြောသလို ဖြစ်စေရပါမယ် "
"ကောင်းပြီ ဒါဆို ကြိုးစားပေးပါအုံး "
"ဟုတ်ကဲ့ CEO "
ရုံးခန်းထဲက ထွက်သွားတဲ့ Roseanneရဲ့ မန်နေဂျာဖြစ်လာမယ့် Hyeriကို ကြည့်ရင်း Jisoo စိတ်ထဲကျေနပ်နေမိသည်
"ပန်းလေးကို လှလှပပလေးပွင့်လန်းလာအောင် အစွမ်းကုန်ပျိုးထောင်ပေးမယ့် ဥယျာဥ်မှုးလေးအဖြစ် တို့ ကြိုးစားပါမယ်....... "
Laptopထဲက Roseanneပုံလေးကို ကြည့်ပြီး Jisoo ပြောလိုက်သည်
#tbc
Bạn đang đọc truyện trên: Truyen3h.Co