Part 3
#unicode
Jennie တစ်ယောက် အပြင်ကနေ အိမ်ကို ပြန်လာပြီး ဘီယာဘူးကိုဖောက်ကာ ဆိုဖာပေါ်တွင် ထိုင်သောက်လိုက်သည်
"ဟူး ဘီယာအေးအေးလေးက ရင်ကို အေးသွားတာဘဲ ...."
Jennie ဘီယာသောက်ပြီး ဖုန်းကိုထုတ်ကာ အင်တာနက် ဖွင့်လိုက်တော့ ဝင်လာတဲ့ Noti လေးကြောင့် ပြုံးလိုက်မိသည်
Roseanne update her Instagram story
Jennie မှာ Roseanne ရဲ့ Instagram storyထဲ ဝင်ကြည့်တော့ သူမချက်ပေးထားတဲ့ ဟင်းရည်ပုံလေးရယ် ဟင်းရည်သောက်နေတဲ့ ပုံလေးတွေ တင်ပေးထားတာတွေ့တော့ Jennieမှာ ပါးဖောင်းဖောင်းလေး မို့တက်သွားတဲ့အထိ ရယ်လိုက်သည်
"Aigoo ချစ်စရာကောင်းလိုက်တာ "
Jennie ရေရွတ်ရင်း Roseanneရဲ့ ပုံလေးတွေကို Saveလိုက်မိသည်
ထို့နောက် Roseanneရဲ့ Instagram storyကို Jennie reply လုပ်လိုက်သည်
"စားကောင်းရဲ့လား Roseanne "
Roseanne ကော်ဖီတစ်ခွက်ကိုင်ပြီး ခဲတံကို နားပေါ်တင်ကာ ပြတင်းပေါက်ကို ငေးကြည့်ရင်း သီချင်းရေးဖို့ စဥ်းစားနေစဥ် noti အသစ်ဝင်လာလို့ ကြည့်လိုက်တော့ Jennieဆီက ဖြစ်နေသည်
Roseanneလည်း ဖုန်းကို ယူပြီး Jennieရဲ့ စာကို reply ပြန်လုပ်လိုက်သည်
"ဟုတ် တော်တော်လေး စားကောင်းပါတယ် Jennie ....ကျေးဇူးတင်ပါတယ် အမူးလည်း ပြေသွားပြီရယ် "
"စားကောင်းတယ်ဆိုလို့ ကျေနပ်ပါတယ် "
"Nae ...."
Emojiလေးတွေပါ ထည့်ပြီး စာပြန်နေတဲ့ Roseanne ပို့တဲ့စာလေးတွေ ဖတ်ပြီး Jennie တစ်ယောက် တော်တော်လေး အသည်းယားနေသည်
"Step by step ပေါ့ ချစ်သူရေ မကြာခင် မင်းကို သိမ်းပိုက်ရယူတော့မှာမို့ အသင့်ပြင်ထားပါ "
Jennie ပြောပြီး သူမဖုန်း wallpaper က Roseanneရဲ့ ပုံလေးကို နမ်းလိုက်သည်
Roseanne ဂစ်တာလေးတီးပြီး ရေးထားတဲ့ သီချင်းကို ဆိုညည်းကြည့်ရင်း Jennie အကြောင်း တွေးမိသွားသည်
"ဓာတ်ပုံထဲကထက် အပြင်မှာ ပိုချစ်ဖို့ကောင်းတာဘဲ ...."
Roseanne တစ်ယောက် သူ့အောက်အမြဲ commentမန့်ပြီး အားပေးစကားပြောလေ့ရှိတဲ့ Jennie ရဲ့ Account ထဲ ဝင်ပြီး စပ်စုကြည့်ဖူးတယ်လေ
"ပြီးတော့ ဒီလူကောင်သေးသေးလေးက လိုင်းပေါ်မှာရော အပြင်မှာရော အန္တရာယ်တွေကြားက ငါ့ကို ကာကွယ်ပေးနိုင်သားဘဲ...."
Jennieအကြောင်း တွေးရင်း သီချင်းစာသားတစ်ချို့ ideaရလာလို့ စာရွက်ထဲ Roseanne ချရေးလိုက်သည်
"Cheer "
Jennieနဲ့ သူမရဲ့ ငယ်သူငယ်ချင်း သူငယ်ချင်းတွေဖြစ်တဲ့ Minoနဲ့ Jinwoo တို့ barတွင် အရက်ခွက်ချင်း တိုက်လိုက်ကြသည်
"ပြောပါအုံး မင်းရဲ့ idolနဲ့အကြောင်းလေး "
Mino မှာ သီဟိုစေ့လေး ယူစားရင်း Jennie ကို မျက်ခုံးပင့်ပြပြီး မေးတော့ Jennie လက်ထဲက အရက်ကို ပြီးအောင် သောက်လိုက်သည်
"အား! တစ်နေ့က အပြင်သွားတုံး မထင်မှတ်ဘဲ သူနဲ့တွေ့တာ ကြည့်ရတာ သူစိတ်ညစ်နေပုံရတယ် ဘီယာသောက်ပြီး ငေးနေတာ အဲ့ချိန် အမူးသမားတွေက သူ့ကို နှောင့်ယှက်တော့ ငါ ဝင်ကယ်လိုက်တာ "
Jennie နှာခေါင်လေးရှုံ့ကာ လျှာထုတ်ပြောင်ရင်း Minoကို ပြောလိုက်သည်
"Haha ဒါဆို မင်းက လူစွမ်းကောင်း စူပါမန်းဝင်လုပ်လိုက်တာပေါ့...."
"ဒါပေါ့ အဲ့မှာ သူနဲ့ စကားပြောခွင့်ရပြီး သူ့အိမ်ပါ သိခွင့်ရတာ ပြီးတော့ သူက ငါ့ကိုမှတ်မိတယ်တဲ့ ဟဟ "
"ကဲ ဒါဆို မင်း အချိန်အကြာကြီး စောင့်စားနေရတဲ့ ဇာတ်လမ်းလေး စဖို့ လှုပ်ရှားလိုက်တော့ "
"Ok Buddy ....နောက်နေ့ စလှုပ်ရှားမယ် ငါ့အတွက် Cheer "
"Cheer "
Jennie တို့ အရက် ခွက်ချင်းမြောက်ပြီး တိုက်ကာ တစ်ကျိုက်တည်းသောက်ပစ်လိုက်ကြသည်
Jennieတို့ barမှာ သောက်စားနေကြတုံး ဘေးနားက ဝိုင်းတစ်ဝိုင်းက အဖွဲ့က Roseanne အကြောင်းပြောသံကြားလို့ Jennie နားစွင့်ကာ နားထောင်လိုက်သည်
"ရှူး Jinwoo ဟိုဘက်ဝိုင်းက Roseanneနာမည် ပြောသံကြားလို့ ဘာပြောလည်းနားထောင်ကြည့်မလို့ တိုးတိုး "
Jinwooလည်း ခေါင်းညိတ်ပြီး အိုကေ sign လုပ်ပြလိုက်သည်
"Roseanneဆိုတဲ့ ကောင်မလေး အခုတစ်လော နာမည်ကြီးလာတယ်နော် Min Ah. .."
"ရုပ်လေးချောလို့ပါ Hyun Sooရယ် အသံကဖြင့် ဘာအသံမှန်းမသိဘူး မိတ်ကပ်တွေလိမ်း ရုပ်လေးဗန်းပြပြီး လုပ်စားနေတာ "
"အဟက် တစ်ချို့ကောင်မတွေများ ဗန်းပြဖို့ ချောတဲ့အခွက်လေးတောင် မရှိရှာဘူး "
Jennie အော်ပြောလိုက်တဲ့ စကားကြောင့် တစ်ဖက်က Min Ahဆိုတဲ့ ကောင်မလေးမှာ တောက်ခေါက်ပြီး ထရပ်လိုက်သည်
"ဒီမှာ နင် ဘယ်သူ့ကိုပြောတာလည်း "
"နင့်ကို ပြောတာလေ ဒီနားမှာ ကောင်မဆိုလို့ နင်နဲ့ငါဘဲ ရှိတာ မဟုတ်ဘူးလား "
"ဘာပြောတယ်...."
"ခုန ငါပြောတာ မကြားလိုက်ဘူးလား Roseanne လို ရုပ်လေးဗန်းပြစားဖို့တောင် နင့်မှာ အခွင့်အရေးမရှိဘူး မဟုတ်လား ကြည့်ပါအုံး မျက်နှာမှာ မိတ်ကပ်တွေဖို့ထားတာတောင် လူရုပ်မထွက်ဘူး "
"ဘာ Barကို လာတာ မိတ်ကပ်မလိမ်းလို့ ငါက မျက်နှာပြောင်နဲ့ လာရမှာလား "
"Roseanne ကလည်း သီချင်း mvရိုက်တာ မိတ်ကပ်မလိမ်းဘဲ မျက်နှာပြောင်နဲ့ ရိုက်ရမှာလား "
"ဘာလည်း မှန်တာပြောလို့ နင်က Roseanne ဆိုတဲ့ ကောင်မဘက်က နာတာလား "
Min Ahမှာ Roseanneကို ကောင်မလို့ ခေါ်လို့ Jennie စိတ်တိုပြီး Jinwooလက်ထဲက အရက်ခွက်ကို ယူကာ Min Ahရဲ့ မျက်နှာကို အရက်နဲ့ပက်လိုက်သည်
"ဖလူး နင် နင်ဘာလုပ်တာလည်း "
"မိတ်ကပ်တွေ အရမ်းထူလွန်းတော့ မလှတဲ့ မျက်နှာကြီး ပျက်စီးသွားမှာဆိုးလို့ အရက်နဲ့ ဖျက်ပေးတာ....မိတ်ကပ်မပါတော့ ရုပ်ကပိုရင့်တယ်နော် Roseanne နဲ့ ယှဥ်ရင် သူ့အဘွားလို့တောင် ထင်ခံရမှာ ......."
"ဘာ နင် နင် "
"လာပါ Min Ahရာ ရန်မဖြစ်ပါနဲ့တော့ လူတွေကြည့်နေကြတယ် ရှက်စရာကြီး....ဟိုဘက်က အမကိုလည်း သူ့အစား တောင်းပန်ပါတယ် "
Min Ahနဲ့အတူပါလာတဲ့ Hyun Sooဆိုတဲ့ ကောင်လေးမှာ ရန်ပွဲထပ်ကြီးလာမှာဆိုးလို့ Min Ahကို Barထဲကနေ ဆွဲခေါ်ထုတ်သွားသည်
"Bravo လက်ရဲဇက်ရဲ Jennie Kimဘဲဟေး "
Jennieကို ကြည့်ပြီး Mino တစ်ယောက် ရယ်ကာ လက်ခုပ်တီးလိုက်သည်
"Jennie Kimကတော့ ဇိုးဘဲ "
Jinwoo တစ်ခွက်မော့ပြီး Jennieကို ပြောလိုက်သည်
Jennieကတော့ Jinwooတို့ကို ပခုံးတွန့်ပြပြီး ထိုင်ခုံတွင်ပြန်ထိုင်ကာ အရက်ဆက်သောက်လိုက်သည်
#tbc
#zawgyi
Jennie တစ္ေယာက္ အျပင္ကေန အိမ္ကို ျပန္လာၿပီး ဘီယာဘူးကိုေဖာက္ကာ ဆိုဖာေပၚတြင္ ထိုင္ေသာက္လိုက္သည္
"ဟူး ဘီယာေအးေအးေလးက ရင္ကို ေအးသြားတာဘဲ ...."
Jennie ဘီယာေသာက္ၿပီး ဖုန္းကိုထုတ္ကာ အင္တာနက္ ဖြင့္လိုက္ေတာ့ ဝင္လာတဲ့ Noti ေလးေၾကာင့္ ၿပဳံးလိုက္မိသည္
Roseanne update her Instagram story
Jennie မွာ Roseanne ရဲ႕ Instagram storyထဲ ဝင္ၾကည့္ေတာ့ သူမခ်က္ေပးထားတဲ့ ဟင္းရည္ပုံေလးရယ္ ဟင္းရည္ေသာက္ေနတဲ့ ပုံေလးေတြ တင္ေပးထားတာေတြ႕ေတာ့ Jennieမွာ ပါးေဖာင္းေဖာင္းေလး မို႔တက္သြားတဲ့အထိ ရယ္လိုက္သည္
"Aigoo ခ်စ္စရာေကာင္းလိုက္တာ "
Jennie ေရ႐ြတ္ရင္း Roseanneရဲ႕ ပုံေလးေတြကို Saveလိုက္မိသည္
ထို႔ေနာက္ Roseanneရဲ႕ Instagram storyကို Jennie reply လုပ္လိုက္သည္
"စားေကာင္းရဲ႕လား Roseanne "
Roseanne ေကာ္ဖီတစ္ခြက္ကိုင္ၿပီး ခဲတံကို နားေပၚတင္ကာ ျပတင္းေပါက္ကို ေငးၾကည့္ရင္း သီခ်င္းေရးဖို႔ စဥ္းစားေနစဥ္ noti အသစ္ဝင္လာလို႔ ၾကည့္လိုက္ေတာ့ Jennieဆီက ျဖစ္ေနသည္
Roseanneလည္း ဖုန္းကို ယူၿပီး Jennieရဲ႕ စာကို reply ျပန္လုပ္လိုက္သည္
"ဟုတ္ ေတာ္ေတာ္ေလး စားေကာင္းပါတယ္ Jennie ....ေက်းဇူးတင္ပါတယ္ အမူးလည္း ေျပသြားၿပီရယ္ "
"စားေကာင္းတယ္ဆိုလို႔ ေက်နပ္ပါတယ္ "
"Nae ...."
Emojiေလးေတြပါ ထည့္ၿပီး စာျပန္ေနတဲ့ Roseanne ပို႔တဲ့စာေလးေတြ ဖတ္ၿပီး Jennie တစ္ေယာက္ ေတာ္ေတာ္ေလး အသည္းယားေနသည္
"Step by step ေပါ့ ခ်စ္သူေရ မၾကာခင္ မင္းကို သိမ္းပိုက္ရယူေတာ့မွာမို႔ အသင့္ျပင္ထားပါ "
Jennie ေျပာၿပီး သူမဖုန္း wallpaper က Roseanneရဲ႕ ပုံေလးကို နမ္းလိုက္သည္
Roseanne ဂစ္တာေလးတီးၿပီး ေရးထားတဲ့ သီခ်င္းကို ဆိုညည္းၾကည့္ရင္း Jennie အေၾကာင္း ေတြးမိသြားသည္
"ဓာတ္ပုံထဲကထက္ အျပင္မွာ ပိုခ်စ္ဖို႔ေကာင္းတာဘဲ ...."
Roseanne တစ္ေယာက္ သူ႕ေအာက္အၿမဲ commentမန့္ၿပီး အားေပးစကားေျပာေလ့ရွိတဲ့ Jennie ရဲ႕ Account ထဲ ဝင္ၿပီး စပ္စုၾကည့္ဖူးတယ္ေလ
"ၿပီးေတာ့ ဒီလူေကာင္ေသးေသးေလးက လိုင္းေပၚမွာေရာ အျပင္မွာေရာ အႏၱရာယ္ေတြၾကားက ငါ့ကို ကာကြယ္ေပးနိုင္သားဘဲ...."
Jennieအေၾကာင္း ေတြးရင္း သီခ်င္းစာသားတစ္ခ်ိဳ႕ ideaရလာလို႔ စာ႐ြက္ထဲ Roseanne ခ်ေရးလိုက္သည္
"Cheer "
Jennieနဲ႕ သူမရဲ႕ ငယ္သူငယ္ခ်င္း သူငယ္ခ်င္းေတြျဖစ္တဲ့ Minoနဲ႕ Jinwoo တို႔ barတြင္ အရက္ခြက္ခ်င္း တိုက္လိုက္ၾကသည္
"ေျပာပါအုံး မင္းရဲ႕ idolနဲ႕အေၾကာင္းေလး "
Mino မွာ သီဟိုေစ့ေလး ယူစားရင္း Jennie ကို မ်က္ခုံးပင့္ျပၿပီး ေမးေတာ့ Jennie လက္ထဲက အရက္ကို ၿပီးေအာင္ ေသာက္လိုက္သည္
"အား! တစ္ေန႕က အျပင္သြားတုံး မထင္မွတ္ဘဲ သူနဲ႕ေတြ႕တာ ၾကည့္ရတာ သူစိတ္ညစ္ေနပုံရတယ္ ဘီယာေသာက္ၿပီး ေငးေနတာ အဲ့ခ်ိန္ အမူးသမားေတြက သူ႕ကို ႏွောင့္ယွက္ေတာ့ ငါ ဝင္ကယ္လိုက္တာ "
Jennie ႏွာေခါင္ေလးရႈံ႕ကာ လွ်ာထုတ္ေျပာင္ရင္း Minoကို ေျပာလိုက္သည္
"Haha ဒါဆို မင္းက လူစြမ္းေကာင္း စူပါမန္းဝင္လုပ္လိုက္တာေပါ့...."
"ဒါေပါ့ အဲ့မွာ သူနဲ႕ စကားေျပာခြင့္ရၿပီး သူ႕အိမ္ပါ သိခြင့္ရတာ ၿပီးေတာ့ သူက ငါ့ကိုမွတ္မိတယ္တဲ့ ဟဟ "
"ကဲ ဒါဆို မင္း အခ်ိန္အၾကာႀကီး ေစာင့္စားေနရတဲ့ ဇာတ္လမ္းေလး စဖို႔ လႈပ္ရွားလိုက္ေတာ့ "
"Ok Buddy ....ေနာက္ေန႕ စလႈပ္ရွားမယ္ ငါ့အတြက္ Cheer "
"Cheer "
Jennie တို႔ အရက္ ခြက္ခ်င္းေျမာက္ၿပီး တိုက္ကာ တစ္က်ိဳက္တည္းေသာက္ပစ္လိုက္ၾကသည္
Jennieတို႔ barမွာ ေသာက္စားေနၾကတုံး ေဘးနားက ဝိုင္းတစ္ဝိုင္းက အဖြဲ႕က Roseanne အေၾကာင္းေျပာသံၾကားလို႔ Jennie နားစြင့္ကာ နားေထာင္လိုက္သည္
"ရႉး Jinwoo ဟိုဘက္ဝိုင္းက Roseanneနာမည္ ေျပာသံၾကားလို႔ ဘာေျပာလည္းနားေထာင္ၾကည့္မလို႔ တိုးတိုး "
Jinwooလည္း ေခါင္းညိတ္ၿပီး အိုေက sign လုပ္ျပလိုက္သည္
"Roseanneဆိုတဲ့ ေကာင္မေလး အခုတစ္ေလာ နာမည္ႀကီးလာတယ္ေနာ္ Min Ah. .."
"႐ုပ္ေလးေခ်ာလို႔ပါ Hyun Sooရယ္ အသံကျဖင့္ ဘာအသံမွန္းမသိဘူး မိတ္ကပ္ေတြလိမ္း ႐ုပ္ေလးဗန္းျပၿပီး လုပ္စားေနတာ "
"အဟက္ တစ္ခ်ိဳ႕ေကာင္မေတြမ်ား ဗန္းျပဖို႔ ေခ်ာတဲ့အခြက္ေလးေတာင္ မရွိရွာဘူး "
Jennie ေအာ္ေျပာလိုက္တဲ့ စကားေၾကာင့္ တစ္ဖက္က Min Ahဆိုတဲ့ ေကာင္မေလးမွာ ေတာက္ေခါက္ၿပီး ထရပ္လိုက္သည္
"ဒီမွာ နင္ ဘယ္သူ႕ကိုေျပာတာလည္း "
"နင့္ကို ေျပာတာေလ ဒီနားမွာ ေကာင္မဆိုလို႔ နင္နဲ႕ငါဘဲ ရွိတာ မဟုတ္ဘူးလား "
"ဘာေျပာတယ္...."
"ခုန ငါေျပာတာ မၾကားလိုက္ဘူးလား Roseanne လို ႐ုပ္ေလးဗန္းျပစားဖို႔ေတာင္ နင့္မွာ အခြင့္အေရးမရွိဘူး မဟုတ္လား ၾကည့္ပါအုံး မ်က္ႏွာမွာ မိတ္ကပ္ေတြဖို႔ထားတာေတာင္ လူ႐ုပ္မထြက္ဘူး "
"ဘာ Barကို လာတာ မိတ္ကပ္မလိမ္းလို႔ ငါက မ်က္ႏွာေျပာင္နဲ႕ လာရမွာလား "
"Roseanne ကလည္း သီခ်င္း mvရိုက္တာ မိတ္ကပ္မလိမ္းဘဲ မ်က္ႏွာေျပာင္နဲ႕ ရိုက္ရမွာလား "
"ဘာလည္း မွန္တာေျပာလို႔ နင္က Roseanne ဆိုတဲ့ ေကာင္မဘက္က နာတာလား "
Min Ahမွာ Roseanneကို ေကာင္မလို႔ ေခၚလို႔ Jennie စိတ္တိုၿပီး Jinwooလက္ထဲက အရက္ခြက္ကို ယူကာ Min Ahရဲ႕ မ်က္ႏွာကို အရက္နဲ႕ပက္လိုက္သည္
"ဖလူး နင္ နင္ဘာလုပ္တာလည္း "
"မိတ္ကပ္ေတြ အရမ္းထူလြန္းေတာ့ မလွတဲ့ မ်က္ႏွာႀကီး ပ်က္စီးသြားမွာဆိုးလို႔ အရက္နဲ႕ ဖ်က္ေပးတာ....မိတ္ကပ္မပါေတာ့ ႐ုပ္ကပိုရင့္တယ္ေနာ္ Roseanne နဲ႕ ယွဥ္ရင္ သူ႕အဘြားလို႔ေတာင္ ထင္ခံရမွာ ......."
"ဘာ နင္ နင္ "
"လာပါ Min Ahရာ ရန္မျဖစ္ပါနဲ႕ေတာ့ လူေတြၾကည့္ေနၾကတယ္ ရွက္စရာႀကီး....ဟိုဘက္က အမကိုလည္း သူ႕အစား ေတာင္းပန္ပါတယ္ "
Min Ahနဲ႕အတူပါလာတဲ့ Hyun Sooဆိုတဲ့ ေကာင္ေလးမွာ ရန္ပြဲထပ္ႀကီးလာမွာဆိုးလို႔ Min Ahကို Barထဲကေန ဆြဲေခၚထုတ္သြားသည္
"Bravo လက္ရဲဇက္ရဲ Jennie Kimဘဲေဟး "
Jennieကို ၾကည့္ၿပီး Mino တစ္ေယာက္ ရယ္ကာ လက္ခုပ္တီးလိုက္သည္
"Jennie Kimကေတာ့ ဇိုးဘဲ "
Jinwoo တစ္ခြက္ေမာ့ၿပီး Jennieကို ေျပာလိုက္သည္
Jennieကေတာ့ Jinwooတို႔ကို ပခုံးတြန့္ျပၿပီး ထိုင္ခုံတြင္ျပန္ထိုင္ကာ အရက္ဆက္ေသာက္လိုက္သည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co